Ribbery

ဖေလာရင့္စ္ျမိဳ႕မွာ ကစားသြားခဲ႔တဲ႕ စီးရီးေအ ပြဲစဥ္မွာ အိမ္ရွင္ ဖီအိုရင္တီးနား အသင္းနဲ႔ လက္ရွိခ်န္ပီယံ ဂ်ဴဗီ တို႔ ဂိုးမရွိသေရ က်ခဲ႔ပါတယ္။ဒီပြဲမွာဖီအိုရင္တီးနား အသင္းက ဂိုးေပါက္ ျခိမ္းေျခာက္မွဳ အမ်ားအျပားနဲ႔ ဖိအားေပးသြားႏိုင္ခဲ႔ ျပီး ဆက္ဇီနီ ရဲ႕ လက္စြမ္းေတြေျကာင့္ ဂ်ဴဗီတုုိ႔သက္သာရာရခဲ႔တာျဖစ္ပါတယ္။

ေႏြရာသီ မွာ ဘိုင္ယန္ ျမဴးနစ္ အသင္းကေန ထြက္ခြာလာခဲ႔ျပီး ဖီအိုရင္တီးနား အသင္းအတြက္ အခုပြဲမွာ ပထမဆံုး ပြဲထြက္ ပါဝင္လာခဲ႔တဲ႔ ဝါရင့္ေတာင္ပံကစားသမားျကီးရစ္ဘာရီက လည္း ေျခစြမ္းျပသသြားခဲ႔ပါတယ္။အသင္းပိုင္ရွင္ ျဖစ္တဲ႔ ကြန္မစ္ဆို ကေတာ့ ဒီျပင္သစ္သားျကီးဟာဂ်ဴဗီတိုက္စစ္မွဴး ေရာ္နယ္ဒိုထက္ပိုေကာင္းခဲ႔တယ္ လို႔ေတာင္ ညႊန္းဆိုသြားခဲ႔ပါတယ္။

Fiorentina’s French forward Franck Ribery (R) tackles Juventus’ Portuguese forward Cristiano Ronaldo during the Italian Serie A football match Fiorentina vs Juventus on September 14, 2019 at the Artemio-Franchi stadium in Florence. (Photo by Vincenzo PINTO / AFP)

Sky Italia နဲ႔ အင္တာဗ်ဴးမွာ ကြန္မစ္ဆိုက – ” ပြဲေကာင္းတပြဲျဖစ္ခဲ႔တဲ႔ အတြက္ လည္း က်ြန္ေတာ္ ေက်နပ္ေပ်ာ္ရႊင္မိပါတယ္။အသက္ ၃၆ႏွစ္အရြယ္ရွိေနျပီျဖစ္တဲ႔ ရစ္ဘာရီရဲ႕ ေျခစြမ္းကိုခင္ဗ်ားတို႔ ျမင္လိုက္ျကရလားမသိပါဘူး။သူဟာ အံ့မခန္းေျခစမ္းနဲ႔ ကစားသြားခဲ႔တာျဖစ္ျပီးေရာ္နယ္ဒိုထက္ေတာင္ပိုေကာင္းခဲ႔ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ဖီအိုရင္တီးနား အသင္းဟာ ေႏြရာသီေစ်းကြက္အတြက္ မွာ ရစ္ဘာရီကို အလြတ္ေခၚယူမွဳအပါအဝင္ ကစားသမားသစ္ေတြအတြက္ ေပါင္သန္း အနည္းငယ္ေလာက္သာသံုးစြဲထားခဲ႔တာျဖစ္ပါတယ္။ဒါေျကာင့္ လည္း ေပါင္သန္းေပါင္းမ်ားစြာအသံုးျပဳထားတဲ႔ ဂ်ဴဗီ အသင္းထက္မိမိတို႔က ပိုေကာင္းတယ္လို႕ကြန္မစ္ဆိုက ထိုးႏွက္သြားခဲ႔ပါေသးတယ္

Ronaldo
Juventus’ Portuguese forward Cristiano Ronaldo pours water on his neck to refresh himself during the Italian Serie A football match Fiorentina vs Juventus on September 14, 2019 at the Artemio-Franchi stadium in Florence. (Photo by Vincenzo PINTO / AFP)

ဒီအေျကာင္းနဲ႕ ပတ္သက္ျပီး ကြန္မစ္ဆိုက –
” ဂ်ဴဗီအသင္းဟာ ကစားသမားေခၚယူမွဳ ေတြအေပၚမွာ ေပါင္သန္းေပါင္းမ်ားစြာသံုးစြဲထားခဲ႕ေပမယ့္ က်ြန္ေတာ္တို႔ကေတာ့ ေပါင္သန္း ၅၀ ေလာက္ေတာင္ အႏိုင္ႏိုင္ အသံုးျပဳထားခဲ႔ရတာျဖစ္ပါတယ္။ဒီေန႔ ပြဲမွာက်ြန္ေတာ္တို႔အသင္းအေရးနိမ့္မယ္လို႕ အားလံုးက ယူဆခဲ႔ျကေပမယ့္ သူတို႔ထက္ေတာင္ပိုေကာင္းေအာင္ကစားႏိုင္ခဲ႔ပါတယ္ ” လု႔ိေျပာသြားခဲ႔ပါတယ္။

စီးရီးေအ ရဲ႕ အသင္းေကာင္းတသင္းျဖစ္တဲ႔ ဖီအိုရင္တီးနား တို႔ဟာ အခုရာသီအစမွာေတာ့ရုန္းကန္ေနခဲ႔ရတာျဖစ္ျပီးနာပိုလီ၊ ဂ်ီႏိုအာ အစရွိတဲ႔ အသင္းေတြကို အေရးနိမ့္ထားခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ အခုပြဲရလဒ္ေျကာင့္ သူတို႔ အသင္းရဲ႕ Top 4 ေမ်ွာ္လင့္ခ်က္အတြက္ တြန္းအားျဖစ္ေစလိမ့္မယ္လို႔ ကြန္မစ္ဆိုက ယံုျကည္ေနပါတယ္။

ကြန္မစ္ဆိုက ဆက္လက္ျပီး – ” ခင္ဗ်ားတို႕သာ အခ်ိန္ေပးမယ္ဆိုရင္ က်ြန္ေတာ္ ဒီအသင္းနဲ႔ အတူ ေအာင္ျမင္မွဳ တခုခုရယူသြားခ်င္မိပါတယ္။လြန္ခဲ႔တဲ႔ ႏွစ္လေလာက္ကို ျပန္ျကည့္မယ္ဆိုရင္ က်ြန္ေတာ္တို႔ဟာ တရာသီစာလက္မွတ္ေတြကို စံခ်ိန္တင္ေရာင္းခ်ႏိုင္ခဲ႔ပါတယ္။

ဘယ္တုန္းက မွ မရွိထားဘူးတဲ႔ အသင္းမ်ိဳးကိုလည္း တည္ေဆာက္ထားႏိုင္ခဲ႔ျပီျဖစ္ပါတယ္။တခ်ိန္ခ်ိန္မွာေတာ့က်ြန္ေတာ္တို႔ အသင္းအႏိုင္ရတာကိုခင္ဗ်ားတို႔ ျမင္ရပါလိမ့္မယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

ဒီပြဲရလဒ္ေျကာင့္ ဂ်ဴဗီ အသင္းဟာ ထိပ္ဆံုးက အင္တာအသင္းနဲ႔ ၂မွတ္ကြာဟသြားခဲ႔ရပါတယ္။သူတို႔ဟာျကားရက္အတြင္းမွာ ေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ေအတီကိုအသင္းကို မက္ဒရစ္ေျမမွာပြဲက်ပ္သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

SM

Unicode

“အသက် ၃၆နှစ်အရွယ်ရစ်ဘာရီက ရော်နယ်ဒိုထက်တောင်ပိုကောင်းပါသေးတယ် ” #ကွန်မစ်ဆို
===============================

ဖလောရင့်စ်မြို့မှာ ကစားသွားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အိမ်ရှင် ဖီအိုရင်တီးနား အသင်းနဲ့ လက်ရှိချန်ပီယံ ဂျူဗီ တို့ ဂိုးမရှိသရေ ကျခဲ့ပါတယ်။ဒီပွဲမှာဖီအိုရင်တီးနား အသင်းက ဂိုးပေါက် ခြိမ်းခြောက်မှု အများအပြားနဲ့ ဖိအားပေးသွားနိုင်ခဲ့ ပြီး ဆက်ဇီနီ ရဲ့ လက်စွမ်းတွေကြောင့် ဂျူဗီတုုိ့သက်သာရာရခဲ့တာဖြစ်ပါတယ်။

နွေရာသီ မှာ ဘိုင်ယန် မြူးနစ် အသင်းကနေ ထွက်ခွာလာခဲ့ပြီး ဖီအိုရင်တီးနား အသင်းအတွက် အခုပွဲမှာ ပထမဆုံး ပွဲထွက် ပါဝင်လာခဲ့တဲ့ ဝါရင့်တောင်ပံကစားသမားကြီးရစ်ဘာရီက လည်း ခြေစွမ်းပြသသွားခဲ့ပါတယ်။အသင်းပိုင်ရှင် ဖြစ်တဲ့ ကွန်မစ်ဆို ကတော့ ဒီပြင်သစ်သားကြီးဟာဂျူဗီတိုက်စစ်မှူး ရော်နယ်ဒိုထက်ပိုကောင်းခဲ့တယ် လို့တောင် ညွှန်းဆိုသွားခဲ့ပါတယ်။

Sky Italia နဲ့ အင်တာဗျူးမှာ ကွန်မစ်ဆိုက – ” ပွဲကောင်းတပွဲဖြစ်ခဲ့တဲ့ အတွက် လည်း ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။အသက် ၃၆နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရစ်ဘာရီရဲ့ ခြေစွမ်းကိုခင်ဗျားတို့ မြင်လိုက်ကြရလားမသိပါဘူး။သူဟာ အံ့မခန်းခြေစမ်းနဲ့ ကစားသွားခဲ့တာဖြစ်ပြီးရော်နယ်ဒိုထက်တောင်ပိုကောင်းခဲ့ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဖီအိုရင်တီးနား အသင်းဟာ နွေရာသီစျေးကွက်အတွက် မှာ ရစ်ဘာရီကို အလွတ်ခေါ်ယူမှုအပါအဝင် ကစားသမားသစ်တွေအတွက် ပေါင်သန်း အနည်းငယ်လောက်သာသုံးစွဲထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လည်း ပေါင်သန်းပေါင်းများစွာအသုံးပြုထားတဲ့ ဂျူဗီ အသင်းထက်မိမိတို့က ပိုကောင်းတယ်လို့ကွန်မစ်ဆိုက ထိုးနှက်သွားခဲ့ပါသေးတယ်

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကွန်မစ်ဆိုက –
” ဂျူဗီအသင်းဟာ ကစားသမားခေါ်ယူမှု တွေအပေါ်မှာ ပေါင်သန်းပေါင်းများစွာသုံးစွဲထားခဲ့ပေမယ့် ကျွန်တော်တို့ကတော့ ပေါင်သန်း ၅၀ လောက်တောင် အနိုင်နိုင် အသုံးပြုထားခဲ့ရတာဖြစ်ပါတယ်။ဒီနေ့ ပွဲမှာကျွန်တော်တို့အသင်းအရေးနိမ့်မယ်လို့ အားလုံးက ယူဆခဲ့ကြပေမယ့် သူတို့ထက်တောင်ပိုကောင်းအောင်ကစားနိုင်ခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

စီးရီးအေ ရဲ့ အသင်းကောင်းတသင်းဖြစ်တဲ့ ဖီအိုရင်တီးနား တို့ဟာ အခုရာသီအစမှာတော့ရုန်းကန်နေခဲ့ရတာဖြစ်ပြီးနာပိုလီ၊ ဂျီနိုအာ အစရှိတဲ့ အသင်းတွေကို အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အခုပွဲရလဒ်ကြောင့် သူတို့ အသင်းရဲ့ Top 4 မျှော်လင့်ချက်အတွက် တွန်းအားဖြစ်စေလိမ့်မယ်လို့ ကွန်မစ်ဆိုက ယုံကြည်နေပါတယ်။

ကွန်မစ်ဆိုက ဆက်လက်ပြီး – ” ခင်ဗျားတို့သာ အချိန်ပေးမယ်ဆိုရင် ကျွန်တော် ဒီအသင်းနဲ့ အတူ အောင်မြင်မှု တခုခုရယူသွားချင်မိပါတယ်။လွန်ခဲ့တဲ့ နှစ်လလောက်ကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ တရာသီစာလက်မှတ်တွေကို စံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။

ဘယ်တုန်းက မှ မရှိထားဘူးတဲ့ အသင်းမျိုးကိုလည်း တည်ဆောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။တချိန်ချိန်မှာတော့ကျွန်တော်တို့ အသင်းအနိုင်ရတာကိုခင်ဗျားတို့ မြင်ရပါလိမ့်မယ် ” လို့ပြောသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဂျူဗီ အသင်းဟာ ထိပ်ဆုံးက အင်တာအသင်းနဲ့ ၂မှတ်ကွာဟသွားခဲ့ရပါတယ်။သူတို့ဟာကြားရက်အတွင်းမှာ တော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်အေတီကိုအသင်းကို မက်ဒရစ်မြေမှာပွဲကျပ်သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SM