Pep

ပက္ဂြာဒီယုိလာ က မေန႕ညက ေနာ့၀ွစ္ အသင္းကို မန္ခ်က္စတာစီးတီး အသင္း ရွံဳးနိမ့္ သြားခဲ့ျခင္းဟာ ပရီးမီးယားလိဂ္ Title race မွာ လီဗာပူး ကို လက္ဦးခြင့္ ေပးလိုက္ရျပီ ဆုိတဲ့ ေျပာဆုိ မွဳေတြကို ပယ္ခ် သြားခဲ့ ပါတယ္။ မန္ခ်က္စတာစီးတီး အသင္းဟာ ေတာ့တင္ဟမ္ ကို အီတီဟတ္ မွာ သေရ က်ခဲ့တာေၾကာင့္ ဒီရာသီ ရမွတ္ ၂ မွတ္ ဆံုးရွံဳး ထားခဲ့ျပီး ျဖစ္ကာ မေန႕ညက Carrow Road မွာ ပရီးမီးယားလိဂ္ တန္းတက္ ေနာ့၀ွစ္ အသင္းကို အ့ံဖြယ္ ၃ – ၂ နဲ႕ ရွံဳးနိမ့္ သြားခဲ့ တာေၾကာင့္ ေနာက္ထပ္ ရမွတ္ ၃ မွတ္ ထပ္မံ ဆံုးရွံဳးကာ ဒီရာသီ ရာႏွဳန္းျပည့္ ႏုိင္ပြဲ ရရွိေနတဲ့ ျပိဳင္ဘက္ လီဗာပူး အသင္း နဲ႕ ငါးမွတ္ ကြာဟ သြားခဲ့ ပါတယ္။

ေနာ့၀ွစ္ကို အေ၀းကြင္းမွာ ရွံဳးကာ လီဗာပူး နဲ႕ ေစာေစာစီးစီး ငါးမွတ္ ျပတ္ေန ေပမယ့္လည္း စီးတီး နည္းျပ ကေတာ့ ပရီးမီးယားလိဂ္ ရာသီဟာ အရမ္းကို ေစာေန ေသးတယ္လို႕ ဆုိလိုက္ ပါတယ္။

ပက္က “ကၽြန္ေတာ္တုိ႕ဟာ အခုမွ စက္တင္ဘာလ မွာပဲ ရွိပါေသးတယ္။ အုိေက? လီဗာပူးကို ဂုဏ္ျပဳ ပါတယ္။ ခင္ဗ်ားတုိ႕ဟာ ခ်န္ပီယံပါ…စက္တင္ဘာလပဲ ရွိေန ပါေသးတယ္။ ကိုယ့္အေနနဲ႕ ဘာလုပ္ သြားရမလဲ? ကၽြန္ေတာ္တုိ႕ ျပန္လည္ ရုန္းထြက္ ရပါမယ္။ ေလ့က်င့္မွဳေတြ လုပ္ျပီး ျပန္လာ ရမွာပါ။ ကၽြန္ေတာ္တုိ႕ ရမွတ္ ၅ မွတ္ ဆံုးရွံဳး ထားပါတယ္။ ေတာ့တင္ဟမ္ နဲ႕ ပြဲမွာ ကၽြန္ေတာ္တုိ႕ အရမ္း ေကာင္းေအာင္ ကစား ႏုိင္ခဲ့ ၾကပါတယ္။ ဒီေန႕မွာေတာ့ အေရးၾကီးတဲ့ အပိုင္း ေတြမွာ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ဘာလုပ္ ရမလဲ ဆုိတာ အတိအက် သိေန ရပါမယ္။” လို႕ ဆုိသြား ပါတယ္။

ျပိဳင္ဘက္ ေနာ့၀ွစ္ အသင္းရဲ႕ စြမ္းေဆာင္ရည္ နဲ႕ ပက္သက္ျပီး ပက္က “ေနာ့၀ွစ္ကို ဂုဏ္ျပဳ ပါတယ္။ သူတုိ႕ ရခဲ့တဲ့ ပထမဂိုးဟာ set-piece ကေန ရခဲ့တာပါ။ ဒုတိယဂုိး ကေတာ့ တန္ျပန္ တုိက္စစ္ကေနပါ။ ဒါ့ေၾကာင့္ သူတုိ႕ကို ဂုဏ္ျပဳ ပါတယ္။ ဒီလိုမ်ိဳးပဲ ျဖစ္ရမွာပါ။ ကၽြန္ေတ္ာတုိ႕ ဒီပြဲကေန ေလ့လာသင္ယူျပီး ေရွ႕ဆက္ သြားမွာပါ။ ကၽြန္ေတာ္တုိ႕ရဲ႕ ေဘာလံုး ေပးပို႕မွဳေတြ ဒီေလာက္ မဆုိး ခဲ့ပါဘူး။ ကၽြန္ေတာ္တုိ႕ အခြင့္အေရးေတြ ဖန္တီး ႏုိင္ခဲ့ေပမယ့္လည္း ဒီေန႕မွာ သူတုိ႕ထက္ ဂုိးေတြ ပိုမသြင္း ႏုိင္ခဲ့ ပါဘူး။

သူတုိ႕ဟာ တကယ္ေကာင္းတဲ့ အသင္း ျဖစ္ျပီး ကစားသမား ေကာင္းေတြ ၊ အရည္အေသြၚ ေကာင္းေတြ ရွိေနပါတယ္။ ကၽြန္ေတ္ာတုိ႕ ဒါကို ျပီးခဲ့တဲ့ ႏွစ္ ခ်န္ပီယံရွစ္ ျပိဳင္ပြဲမွာ ကတည္းက ေတြ႕ထား ျပီးသားပါ။ သူတုိ႕ ဒီေန႕မွာ အခြင့္အေရး ေတြကို ပိုင္ႏုိင္စြာ အသံုးခ် သြားခဲ့ ပါတယ္။ ကၽြန္ေတာ္တုိ႕ ဂုိးဧရိယာထဲမွာ ပံုမွန္ ကစား ေနၾက ပံုစံအတုိင္း အင္တုိက္အားတုိက္ မရွိ ခဲ့ပါဘူး။ ေဘာလံုးမွာ အမွားေတြကုိ အျမဲတမ္းေတာ့ ေရွာင္လႊဲလို႕ မရ ပါဘူး။ ကၽြန္ေတာ္တုိ႕ ဒီေန႕ ဂုိးေပါက္ကို ဘယ္ႏွစ္ၾကိမ္ ကန္သြင္း ရလဲ ဒါမွမဟုတ္ သူတုိ႕ ဘယ္ႏွစ္ၾကိမ္ ကန္သြင္း ရလဲ ဆုိတာ မသိပါဘူး။ ဒါေပမယ့္ ေဘာလံုးမွာ ဂုိးေတြ နဲ႕ ပင္နယ္တီ ဧ၇ိယာ ထဲမွာ လုပ္ေဆာင္မမွဳ ေတြ ကသာ အဓိက ျဖစ္ပါတယ္။” လို႕ ေျပာသြား ပါတယ္။

ဒါ့အျပင္ ပက္ဂြာဒီယုိလာ ဟာ ေနာ့၀ွစ္ နဲ႕ ပြဲမွာ ခံစစ္ ကစားပံု ဆုိးရြား ခဲ့ၾကတဲ့ ဂၽြန္စတုန္း နဲ႕ ေအာ္တာမန္ဒီ တုိ႕ရဲ႕ ဗဟုိ ခံစစ္ အတြဲနဲ႕ ပက္သက္ျပီး ဘာမွ စိုးရိမ္မွဳ မရွိဘူးလို႕ ဆုိလိုက္ပါတယ္။ အဆိုပါ ကစားသမား ၂ ဦးစလံုးဟာ ေနာ့၀ွစ္ ရဲ႕ သြင္းဂုိးေတြမွာ အမွားေတြ က်ဴးလြန္ ခဲ့ၾကတာ ျဖစ္ျပီး ေ၀ဖန္မွဳေတြနဲ႕ ရင္ဆုိင္ ေနရ ပါတယ္။

ပက္က “သူတုိ႕ဟာ အၾကိမ္ ေတာ္ေတာ္မ်ားမ်ား တြဲဖက္ ကစား ခဲ့ဖူး ပါတယ္။ သူတုိ႕ဟာ ကၽြန္ေတာ္တုိ႕ အခု အသံုးျပဳ ႏုိင္တဲ့ ဗဟုိ ေနာက္ခံလူ ေတြပါ။ ဒီလို အေျခအေန ျဖစ္ပါတယ္။ ပြဲေကာင္း တစ္ပြဲ ျဖစ္ခဲ့ပါတယ္။ သူတုိ႕ဟာ ကၽြန္ေတာ္တုိ႕ရဲ႕ ဂိုးေရွ႕ကို ၃ ၄ ၾကိမ္ပဲ ေရာက္လာ ခဲ့တာပါ။ တစ္ခ်ိန္တည္း မွာပဲ ကၽြန္ေတာ္တုိ႕ ဘာလုပ္ ႏုိင္သလဲ ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ ကၽြန္ေတာ္ ကိုယ့္ ကစားသမား ေတြကို ခ်စ္ပါတယ္။ သူတုိ႕နဲ႕ အတူ ရွိေနတာ ဂုဏ္ယူ စရာပါ။

လူေတြ အေနနဲ႕ ကၽြန္ေတာ္တုိ႕ တစ္ခ်ိန္လံုး အမွတ္ ၁၀၀ ရမယ္လုိ႕ ေမွ်ာ္လင့္ မေနသင့္ ပါဘူး။ ကၽြန္ေတာ္တုိ႕ အခု ျပန္လည္ အားျဖည့္ သြားမွာ ျဖစ္ျပီး ျပန္လာ ခဲ့ပါမယ္။ ပံုမွန္ အားျဖင့္ ကၽြန္ေတာ္ဟာ သူတုိ႕ အခြင့္အေရး ဘယ္ေလာက္ ဖန္တီး ခဲ့သလဲ ဆုိတာကို ၾကည့္ေလ့ ရွိပါတယ္။ သူတုိ႕ ဒီေန႕ပြဲမွာ ဂိုးသြင္း ႏုိင္ဖို႕ အတြက္ အခြင့္အေရး အမ်ားၾကီး ဖန္တီး ခဲ့တယ္လို႕ ကၽြန္ေတ္ာ မခံစား မိခဲ့ပါဘူး ။ ဒါမ်ိဳးဟာ ရံဖန္ရံခါ ျဖစ္တက္ပါတယ္။” လို႕ ဆုိလိုက္ပါတယ္။

SM

Unicode

‘Congratulations Liverpool, you are the champion’ လို့ ခနဲ့တဲ့တဲ့ ပြောသွားခဲ့တဲ့ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ

ပက်ဂွာဒီယိုလာ က မနေ့ညက နော့ဝှစ် အသင်းကို မန်ချက်စတာစီးတီး အသင်း ရှုံးနိမ့် သွားခဲ့ခြင်းဟာ ပရီးမီးယားလိဂ် Title race မှာ လီဗာပူး ကို လက်ဦးခွင့် ပေးလိုက်ရပြီ ဆိုတဲ့ ပြောဆို မှုတွေကို ပယ်ချ သွားခဲ့ ပါတယ်။ မန်ချက်စတာစီးတီး အသင်းဟာ တော့တင်ဟမ် ကို အီတီဟတ် မှာ သရေ ကျခဲ့တာကြောင့် ဒီရာသီ ရမှတ် ၂ မှတ် ဆုံးရှံုး ထားခဲ့ပြီး ဖြစ်ကာ မနေ့ညက Carrow Road မှာ ပရီးမီးယားလိဂ် တန်းတက် နော့ဝှစ် အသင်းကို အ့ံဖွယ် ၃ – ၂ နဲ့ ရှံုးနိမ့် သွားခဲ့ တာကြောင့် နောက်ထပ် ရမှတ် ၃ မှတ် ထပ်မံ ဆုံးရှံုးကာ ဒီရာသီ ရာနှုန်းပြည့် နိုင်ပွဲ ရရှိနေတဲ့ ပြိုင်ဘက် လီဗာပူး အသင်း နဲ့ ငါးမှတ် ကွာဟ သွားခဲ့ ပါတယ်။

နော့ဝှစ်ကို အဝေးကွင်းမှာ ရှံုးကာ လီဗာပူး နဲ့ စောစောစီးစီး ငါးမှတ် ပြတ်နေ ပေမယ့်လည်း စီးတီး နည်းပြ ကတော့ ပရီးမီးယားလိဂ် ရာသီဟာ အရမ်းကို စောနေ သေးတယ်လို့ ဆိုလိုက် ပါတယ်။

ပက်က “ကျွန်တော်တို့ဟာ အခုမှ စက်တင်ဘာလ မှာပဲ ရှိပါသေးတယ်။ အိုကေ? လီဗာပူးကို ဂုဏ်ပြု ပါတယ်။ ခင်ဗျားတို့ဟာ ချန်ပီယံပါ…စက်တင်ဘာလပဲ ရှိနေ ပါသေးတယ်။ ကိုယ့်အနေနဲ့ ဘာလုပ် သွားရမလဲ? ကျွန်တော်တို့ ပြန်လည် ရုန်းထွက် ရပါမယ်။ လေ့ကျင့်မှုတွေ လုပ်ပြီး ပြန်လာ ရမှာပါ။ ကျွန်တော်တို့ ရမှတ် ၅ မှတ် ဆုံးရှံုး ထားပါတယ်။ တော့တင်ဟမ် နဲ့ ပွဲမှာ ကျွန်တော်တို့ အရမ်း ကောင်းအောင် ကစား နိုင်ခဲ့ ကြပါတယ်။ ဒီနေ့မှာတော့ အရေးကြီးတဲ့ အပိုင်း တွေမှာ ကျွန်တော်တို့ အနေနဲ့ ဘာလုပ် ရမလဲ ဆိုတာ အတိအကျ သိနေ ရပါမယ်။” လို့ ဆိုသွား ပါတယ်။

ပြိုင်ဘက် နော့ဝှစ် အသင်းရဲ့ စွမ်းဆောင်ရည် နဲ့ ပက်သက်ပြီး ပက်က “နော့ဝှစ်ကို ဂုဏ်ပြု ပါတယ်။ သူတို့ ရခဲ့တဲ့ ပထမဂိုးဟာ set-piece ကနေ ရခဲ့တာပါ။ ဒုတိယဂိုး ကတော့ တန်ပြန် တိုက်စစ်ကနေပါ။ ဒါ့ကြောင့် သူတို့ကို ဂုဏ်ပြု ပါတယ်။ ဒီလိုမျိုးပဲ ဖြစ်ရမှာပါ။ ကျွန်တေ်ာတို့ ဒီပွဲကနေ လေ့လာသင်ယူပြီး ရှေ့ဆက် သွားမှာပါ။ ကျွန်တော်တို့ရဲ့ ဘောလုံး ပေးပို့မှုတွေ ဒီလောက် မဆိုး ခဲ့ပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ပေမယ့်လည်း ဒီနေ့မှာ သူတို့ထက် ဂိုးတွေ ပိုမသွင်း နိုင်ခဲ့ ပါဘူး။

သူတို့ဟာ တကယ်ကောင်းတဲ့ အသင်း ဖြစ်ပြီး ကစားသမား ကောင်းတွေ ၊ အရည်အသွေါ် ကောင်းတွေ ရှိနေပါတယ်။ ကျွန်တေ်ာတို့ ဒါကို ပြီးခဲ့တဲ့ နှစ် ချန်ပီယံရှစ် ပြိုင်ပွဲမှာ ကတည်းက တွေ့ထား ပြီးသားပါ။ သူတို့ ဒီနေ့မှာ အခွင့်အရေး တွေကို ပိုင်နိုင်စွာ အသုံးချ သွားခဲ့ ပါတယ်။ ကျွန်တော်တို့ ဂိုးဧရိယာထဲမှာ ပုံမှန် ကစား နေကြ ပုံစံအတိုင်း အင်တိုက်အားတိုက် မရှိ ခဲ့ပါဘူး။ ဘောလုံးမှာ အမှားတွေကို အမြဲတမ်းတော့ ရှောင်လွှဲလို့ မရ ပါဘူး။ ကျွန်တော်တို့ ဒီနေ့ ဂိုးပေါက်ကို ဘယ်နှစ်ကြိမ် ကန်သွင်း ရလဲ ဒါမှမဟုတ် သူတို့ ဘယ်နှစ်ကြိမ် ကန်သွင်း ရလဲ ဆိုတာ မသိပါဘူး။ ဒါပေမယ့် ဘောလုံးမှာ ဂိုးတွေ နဲ့ ပင်နယ်တီ ဧရိယာ ထဲမှာ လုပ်ဆောင်မမှု တွေ ကသာ အဓိက ဖြစ်ပါတယ်။” လို့ ပြောသွား ပါတယ်။

ဒါ့အပြင် ပက်ဂွာဒီယိုလာ ဟာ နော့ဝှစ် နဲ့ ပွဲမှာ ခံစစ် ကစားပုံ ဆိုးရွား ခဲ့ကြတဲ့ ဂျွန်စတုန်း နဲ့ အော်တာမန်ဒီ တို့ရဲ့ ဗဟို ခံစစ် အတွဲနဲ့ ပက်သက်ပြီး ဘာမှ စိုးရိမ်မှု မရှိဘူးလို့ ဆိုလိုက်ပါတယ်။ အဆိုပါ ကစားသမား ၂ ဦးစလုံးဟာ နော့ဝှစ် ရဲ့ သွင်းဂိုးတွေမှာ အမှားတွေ ကျူးလွန် ခဲ့ကြတာ ဖြစ်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရ ပါတယ်။

ပက်က “သူတို့ဟာ အကြိမ် တော်တော်များများ တွဲဖက် ကစား ခဲ့ဖူး ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ အခု အသုံးပြု နိုင်တဲ့ ဗဟို နောက်ခံလူ တွေပါ။ ဒီလို အခြေအနေ ဖြစ်ပါတယ်။ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဂိုးရှေ့ကို ၃ ၄ ကြိမ်ပဲ ရောက်လာ ခဲ့တာပါ။ တစ်ချိန်တည်း မှာပဲ ကျွန်တော်တို့ ဘာလုပ် နိုင်သလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ကိုယ့် ကစားသမား တွေကို ချစ်ပါတယ်။ သူတို့နဲ့ အတူ ရှိနေတာ ဂုဏ်ယူ စရာပါ။

လူတွေ အနေနဲ့ ကျွန်တော်တို့ တစ်ချိန်လုံး အမှတ် ၁၀၀ ရမယ်လို့ မျှော်လင့် မနေသင့် ပါဘူး။ ကျွန်တော်တို့ အခု ပြန်လည် အားဖြည့် သွားမှာ ဖြစ်ပြီး ပြန်လာ ခဲ့ပါမယ်။ ပုံမှန် အားဖြင့် ကျွန်တော်ဟာ သူတို့ အခွင့်အရေး ဘယ်လောက် ဖန်တီး ခဲ့သလဲ ဆိုတာကို ကြည့်လေ့ ရှိပါတယ်။ သူတို့ ဒီနေ့ပွဲမှာ ဂိုးသွင်း နိုင်ဖို့ အတွက် အခွင့်အရေး အများကြီး ဖန်တီး ခဲ့တယ်လို့ ကျွန်တေ်ာ မခံစား မိခဲ့ပါဘူး ။ ဒါမျိုးဟာ ရံဖန်ရံခါ ဖြစ်တက်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM