ထိုင္း ႏိုင္ငံ မွာ က်င္းပမယ့္ ၂၀၂၀ အာရွ ယူ၂၃ ခ်န္ပီယံ ရွစ္ ျပိဳင္ ပြဲရဲ႔ အုပ္စု အဆင့္ ပြဲစဥ္ ေတြ ကို ယေန႔ မွာ စတင္ကစားသြား ခဲ႔ျပီး ျမန္မာ အသင္းက အေရွ႔တီ ေမာ အသင္းကို ၇-၀ ဂိုးနဲ႔ အႏိုင္ ရခဲ႔ပါတယ္။ေျခစစ္ပြဲအဆင့္ ပြဲစဥ္ေတြကို အုပ္စု၁၁ ခုအထိ ခြဲေဝ ထားခဲ႔တာ ျဖစ္ျပီးျမန္မာ အသင္းကေတာ့ ဂ်ပန္၊ မကာအို ၊ အေရွ႕တီေမာ အသင္းေတြနဲ႕ အတူ အုပ္စု အိုင္ ( I ) မွာက်ေရာက္ေနခဲ႔တာ ျဖစ္ပါတယ္။

ျမန္မာအသင္း ဟာ အိမ္ရွင္အျဖစ္ လက္ခံ က်င္းပေနတာျဖစ္ျပီး အခုလို ဂိုးျပတ္ႏိုင္ပြဲေျကာင့္ အုပ္စုတြင္း အဓိက ျပိဳင္ဘက္ ျဖစ္လာမယ့္ ဂ်ပန္ အသင္း ရဲ႕ ေနာက္က ေနဖိအားေပးသြား ႏိုင္ခဲ႔တာလည္းျဖစ္ပါတယ္။ေနာက္တဆင့္ အတြက္ အႏိုင္ရဖို႔ လုိအပ္ေနတဲ႔ ျမန္မာ အသင္းဟာ အေတာင္းဆံုး လို႔ ဆိုရမယ့္ပြဲထြက္စာရင္းကို အသံုးျပဳ သြားခဲ႔တာျဖစ္ျပီး လိုအပ္တဲ႔ ဂိုးေတြကို လည္း ေစာေစာစီးစီးပဲ ရ ရွိခဲ႔တာျဖစ္ပါတယ္။

ျမန္မာ အသင္းရဲ႕ တိုက္စစ္ ကစားသမား ေတြ ျဖစ္တဲ႔ ဝင္းႏိုင္ထြန္း ၊ျမတ္ေကာင္းခန္႔ တို႔ဟာ ပြဲအစကတည္းက တီေမာ အသင္းရဲ႕ ခံစစ္ပိုင္းကို အတြဲအဖက္ မိမိနဲ႔ ဒုကၡ ေပး သြားႏိုင္ခဲ႔ ျပီး ဂိုးသြင္းေသခ်ာခဲ႔ပါက အခုထက္ ပိုျပီးေတာင္ ဂိုးျပတ္ႏိုင္ခဲ႕တာျဖစ္ပါတယ္။ုုျမန္မာ အသင္း ပြဲအစ ၄ မိနစ္ နဲ႔၅ မိနစ္ မွာပဲ ဂိုးေတြ ဆက္တိုက္ရခဲ႔တာ ျဖစ္ျပီး ပြဲခ်ိန္ ၂၃ မိနစ္ နဲ႔ ပြဲခ်ိန္ ၄၅ မိနစ္ မွာ ၂ဂိုးထပ္ရခဲ႔ လို႔ပထမပိုငိး အျပီး မွာ ၄-၀ ဂိုးနဲ႔ အႏိုင္ ရရွိေနခဲ႔ပါတယ္။

ပထမပိုင္း မွာ ျမတ္ေကာင္းခန့္သြင္းယူခဲ႔တဲ႕ ဂိုးဟာ ေထာင့္ကန္ေဘာကေန တိုက္ရိုက္ကန္သြင္းခဲ႔တာလည္းျဖစ္ပါတယ္။ဒုတိယပိုင္းမွာ လည္း ျမန္မာ အသင္း ဟာ ကစားအားမခ်ပဲ ဂိုးေတြ ထပ္ ရဖို႔ ျကိုးစားလာ ခဲ႔ျပီး ပြဲခ်ိန္၅၃ မိနစ္ မွာ ပဥၥမ ဂိုးရ ရွိခဲ႔ပါတယ္။

ပြဲခ်ိိန္ ၆၃ မိနစ္ နဲ႔ ပြဲခ်ိန္ ၆၅ မိနစ္ ေတြမွာ လည္း ၂ဂိုးဆက တိုက္သြင္းယူ သြားခဲ႔ လို႔ အခုလို ဂိုးျပတ္အႏိုင္ရခဲ႔တာ ျဖစ္ပါတယ္။အဲ႔ဒီေနာက္ မွာ ျမန္မာ တို႔ အခြင့္အေရး ေတြ ထပ္မံရခဲ႔ေပမယ့္ အသံုး မခ်ႏိုင္ ခဲ႔လို႕ အုပ္စုပထမ ပြဲစဥ္က ဂ်ပန္ အသင္းရဲ႕ သြင္းဂိုးကိုလိုက္မီႏိုင္ျခင္း ေတာ့ မရွိခဲ႔တာ ျဖစ္ပါတယ္။

အုပ္စုတြင္း အေစာပိုင္း ပြဲစဥ္မွာ ဂ်ပန္ အသင္းက မကာအို အသင္းကို ၈ဂိုးျပတ္ ေခ်မွဳန္းထားခဲ႔တာျဖစ္ပါတယ္။ျမန္မာ အသင္းဟာ လာမယ့္ မတ္လ ၂၄ရက္ေန့မွာ မကာအို အသင္းနဲ႔ ဆက္လက္ ကစားသြားရမွာျဖစ္ျပီး မတ္လ ၂၆ ရက္ ေန႔မွာေတာ့ ဂ်ပန္ အသင္းနဲ႔ ပြဲက်ပ္ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

ျပိဳင္ပြဲရဲ႕ ေနာက္ဆံုး အဆင့္ကို အုပ္စု ၁၁ ခုရဲ႕ထိပ္ဆံုး အသင္း ၁၁ သင္း နဲ႕ အေကာင္းဆံုး ဒုတိယ ၅သင္း သာ တက္ေရာက္ႏိုင္မွာ ျဖစ္လို႔ျမန္မာ အသင္း ဟာ ပြဲစဥ္တိုင္းကိုဖိဖိစီးစီး ကစားသြားျပီး ဂိုးေတြ ရသေလာက္ သြင္းယူႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

#SM

Unicode

ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ခြေစစ်ပွဲအောင်မြင်ဖို့ အခြေအနေ ကောင်းနေတဲ့( FT : မြန်မာ ရ-၀ တီမော)
================================

ထိုင်း နိုင်ငံ မှာ ကျင်းပမယ့် ၂၀၂၀ အာရှ ယူ၂၃ ချန်ပီယံ ရှစ် ပြိုင် ပွဲရဲ့ အုပ်စု အဆင့် ပွဲစဉ် တွေ ကို ယနေ့ မှာ စတင်ကစားသွား ခဲ့ပြီး မြန်မာ အသင်းက အရှေ့တီ မော အသင်းကို ရ-၀ ဂိုးနဲ့ အနိုင် ရခဲ့ပါတယ်။ခြေစစ်ပွဲအဆင့် ပွဲစဉ်တွေကို အုပ်စု၁၁ ခုအထိ ခွဲဝေ ထားခဲ့တာ ဖြစ်ပြီးမြန်မာ အသင်းကတော့ ဂျပန်၊ မကာအို ၊ အရှေ့တီမော အသင်းတွေနဲ့ အတူ အုပ်စု အိုင် ( I ) မှာကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်း ဟာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတာဖြစ်ပြီး အခုလို ဂိုးပြတ်နိုင်ပွဲကြောင့် အုပ်စုတွင်း အဓိက ပြိုင်ဘက် ဖြစ်လာမယ့် ဂျပန် အသင်း ရဲ့ နောက်က နေဖိအားပေးသွား နိုင်ခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့် အတွက် အနိုင်ရဖို့ လိုအပ်နေတဲ့ မြန်မာ အသင်းဟာ အတောင်းဆုံး လို့ ဆိုရမယ့်ပွဲထွက်စာရင်းကို အသုံးပြု သွားခဲ့တာဖြစ်ပြီး လိုအပ်တဲ့ ဂိုးတွေကို လည်း စောစောစီးစီးပဲ ရ ရှိခဲ့တာဖြစ်ပါတယ်။

မြန်မာ အသင်းရဲ့ တိုက်စစ် ကစားသမား တွေ ဖြစ်တဲ့ ဝင်းနိုင်ထွန်း ၊မြတ်ကောင်းခန့် တို့ဟာ ပွဲအစကတည်းက တီမော အသင်းရဲ့ ခံစစ်ပိုင်းကို အတွဲအဖက် မိမိနဲ့ ဒုက္ခ ပေး သွားနိုင်ခဲ့ ပြီး ဂိုးသွင်းသေချာခဲ့ပါက အခုထက် ပိုပြီးတောင် ဂိုးပြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ုုမြန်မာ အသင်း ပွဲအစ ၄ မိနစ် နဲ့၅ မိနစ် မှာပဲ ဂိုးတွေ ဆက်တိုက်ရခဲ့တာ ဖြစ်ပြီး ပွဲချိန် ၂၃ မိနစ် နဲ့ ပွဲချိန် ၄၅ မိနစ် မှာ ၂ဂိုးထပ်ရခဲ့ လို့ပထမပိုငိး အပြီး မှာ ၄-၀ ဂိုးနဲ့ အနိုင် ရရှိနေခဲ့ပါတယ်။

ပထမပိုင်း မှာ မြတ်ကောင်းခန့်သွင်းယူခဲ့တဲ့ ဂိုးဟာ ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းမှာ လည်း မြန်မာ အသင်း ဟာ ကစားအားမချပဲ ဂိုးတွေ ထပ် ရဖို့ ကြိုးစားလာ ခဲ့ပြီး ပွဲချိန်၅၃ မိနစ် မှာ ပဥ္စမ ဂိုးရ ရှိခဲ့ပါတယ်။

ပွဲချိိန် ၆၃ မိနစ် နဲ့ ပွဲချိန် ၆၅ မိနစ် တွေမှာ လည်း ၂ဂိုးဆက တိုက်သွင်းယူ သွားခဲ့ လို့ အခုလို ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီနောက် မှာ မြန်မာ တို့ အခွင့်အရေး တွေ ထပ်မံရခဲ့ပေမယ့် အသုံး မချနိုင် ခဲ့လို့ အုပ်စုပထမ ပွဲစဉ်က ဂျပန် အသင်းရဲ့ သွင်းဂိုးကိုလိုက်မီနိုင်ခြင်း တော့ မရှိခဲ့တာ ဖြစ်ပါတယ်။

အုပ်စုတွင်း အစောပိုင်း ပွဲစဉ်မှာ ဂျပန် အသင်းက မကာအို အသင်းကို ၈ဂိုးပြတ် ချေမှုန်းထားခဲ့တာဖြစ်ပါတယ်။မြန်မာ အသင်းဟာ လာမယ့် မတ်လ ၂၄ရက်နေ့မှာ မကာအို အသင်းနဲ့ ဆက်လက် ကစားသွားရမှာဖြစ်ပြီး မတ်လ ၂၆ ရက် နေ့မှာတော့ ဂျပန် အသင်းနဲ့ ပွဲကျပ် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်ကို အုပ်စု ၁၁ ခုရဲ့ထိပ်ဆုံး အသင်း ၁၁ သင်း နဲ့ အကောင်းဆုံး ဒုတိယ ၅သင်း သာ တက်ရောက်နိုင်မှာ ဖြစ်လို့မြန်မာ အသင်း ဟာ ပွဲစဉ်တိုင်းကိုဖိဖိစီးစီး ကစားသွားပြီး ဂိုးတွေ ရသလောက် သွင်းယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

#SM