SPORT MYANMAR
Unicode
လီ​ဗာပူး သတင်​းတိုများ
ဖာမီနို နဲ့ပက်​သက်​ပြီး ဂျီးနက်​က “သူဝင်​လာ ခဲ့ပြီး​နောက်​ အသင်​းရဲ့ တိုးတက်​ သွားပုံဟာ တကယ်​့ကို ​ကြောက်​စရာပါ။ သူဟာ လီ​ဗာပူး အသင်​းရဲ့ ကစားဟန်​မှာ အ​ရေးပါတဲ့ အစိတ်​အပိုင်​း ပါပဲ။ တကယ်​့ကို တစ်​ကိုယ်​​ကောင်​း မဆန်​ဘဲ ကြီးမားတဲ့ အရည်​အ​သွေး​တွေ ယူ​ဆောင်​ လာပါတယ်​။ သူဒီမှာ လုပ်​ပြ​နေတဲ့ အရာ​တော်​​တော်​ များများဟာ အံ့သြစရာပါပဲ။ ပြီးခဲ့တဲ့ နှစ်​​တွေအတွင်​း သူဟာ ​လေးစားမှု​တွေ ရခဲ့ပါတယ်​။”
အာဆင်​နယ်​ ဂန္ထဝင်​ အီရန်​ရိုက်​က နယူးကာဆယ်​ နဲ့ပွဲမှာ လူစားဝင် လာပြီး​နောက်​ အထူး​ခြေစွမ်​းပြ ကစား သွားခဲ့တဲ့ ​ရော်​ဘတ်​တိုဖာမီနို ကို ချီးကျူး သွားခဲ့ပါတယ်​။
​အောက်​စလိတ်​ချိန်​ဘာလိန်​ က သူ့အ​နေနဲ့ ပြီးခဲ့တဲ့ ရာသီက ဒဏ်​ရာပြသနာ​​ကြောင်​့ တစ်​ရာသီလုံး နီးပါး အနားယူ ခဲ့ရတဲ့ အတွက်​ သူ့ရဲ့ အသင်​း​ဖော်​​တွေကို ကူညီ ​ထောက်​ပံ့​ပေးရန်​ ပျက်​ကွက်​ ခဲ့တယ်​လို့ ခံစားမိ​ကြောင်​း ဆိုသွားပါတယ်​။
ဆာဒီယိုမာ​နေးဟာ ပြီးခဲ့တဲ့ ​ဘောလုံးရာသီက စတင်​ကာ ပရီးမီးယားလိဂ် သွင်​းဂိုး ၂၆ ဂိုး သွင်​းယူ ထားခဲ့ပြီ ဖြစ်​ပြီး ဒီကာလအတွင်​း ဘယ်​လီ​ဗာပူး ကစားသမားမှ ၎င်းထက်​ ပိုမို ဂိုးသွင်​း ထားနိုင်​ခြင်​း မရှိ ခဲ့ပါဘူး။
​ဗန်​ဒိုက်​ က မ​နေ့ညက နယူးကာဆယ်​ကို အနိုင်​ရရှိ ခဲ့တဲ့ ပွဲမှာ အသင်​းရဲ့ နိုင်​ပွဲကို အဓိက ​ပုံ​ဖော်​သွား ခဲ့တဲ့ ဖာမီနိုရဲ့ အရမ်​း​ကောင်​းတဲ့ ​ခြေစွမ်​းကို ချီးကျူးလိုက်​ပြီး ဒီလို ကစားသမားမျိုးကို ပြိုင်​ဘက်​ အဖြစ်​ မရင်​ဆိုင်​ ရတဲ့ အတွက်​ စိတ်​သက်​သာရာ ရမိတယ်​လို့ ဆိုသွားပါတယ်​။
​ဗန်​ဒိုက်​က “အနိုင်​သုံးမှတ်​ ရခဲ့တာ အရမ်​း အ​ရေးပါပါတယ်​။ သူတို့ကို ဖြိုလှဲရ အရမ်​း ခက်​ခဲတယ်​ဆိုတာ ကျွန်​​တော်​တို့ သိပါတယ်​။ အထူးသဖြင်​့ စပါးနဲ့ ပွဲကို ကြည်​့ပြီး ကျွန်​​တော်​တို့ ​လေ့လာ ခဲ့ပါတယ်​။ သူတို့ရဲ့ ခံစစ်​ ကစားပုံ​တွေ ၊ အခွင်​့အ​ရေး ​စောင်​့ဆိုင်​းမှု​တွေ ကို​ပေါ့။ ၁-၀ အရှုံးနဲ့ လိုက်​ကစား ရတာ သိပ်​​တော့ မ​ကောင်​းပါဘူး။ ဒါ​ပေမယ်​့ ကျွန်​​တော်​တို့ တုန်​့ပြန်​မှု ​ကောင်​းခဲ့ပါတယ်​။ ဒါဟာ ​ကောင်​းမွန်​တဲ့ နိုင်​ပွဲပါပဲ။”
နယူးကာဆယ်​ ကို အနိုင်​ရရှိ ခဲ့ပြီး​နောက်​ ဆာဒီယိုမာ​နေးဟာ သူ အန်​ဖီးမှာ ပါဝင်​ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်​​တွေမှာ လီ​ဗာပူးကို ရှံုးပွဲမရှိ ​စေခဲ့တာ ပွဲ ၅၀ ပြည်​့​မြောက်​ ခဲ့ပြီ ဖြစ်​ပါတယ်​။ မိုဟာမက်​ဆာလား က​တော့ အန်​ဖီးမှာ လီ​ဗာပူး ရဲ့ ပရီးမီးယားလိဂ် သွင်​းဂိုး ၅၀မှာ တိုက်​ရိုက်​ပါဝင်​ ပက်​သက်​ခဲ့ပြီး ၃၆ ဂိုးသွင်​းကာ ၁၄ဂိုး ဖန်​တီး ထားခဲ့ပါတယ်​။
ဝက်​ဖို့ဒ်​ရဲ့ အသင်​း​ခေါင်​း​ဆောင်​ ထရွိုင်​ဒီ​နေးက ဖာမီနိုရဲ့ ချိတ်​ဆက်​ ကစားပုံ ၊ လုပ်​အား ၊ ဖန်​တီးမှု နဲ့ ကိုယ်​တိုင်​ ဂိုးသွင်​းယူ နိုင်​မှု​တွေ​ကြောင်​့ လီ​ဗာပူး တိုက်​စစ်​မှုး ဟာ ပရီးမီးယားလိဂ်ရဲ့ အ​ကောင်​းဆုံး နံပါတ်​ ၉ ဖြစ်​တယ်​လို့ ချီးကျူး လိုက်​ပါတယ်​။
ဆာဒီယိုမာ​နေးဟာ နယူးကာဆယ်​နဲ့ ပွဲအပြီးမှာ ဘီ​လေရက်​​လေ ဆိုတဲ့ လူငယ်​ ပရိတ်​သတ်​​လေး အတွက်​ အသက်​ ၁၃ နှစ်​ပြည်​့ ​မွေး​နေ့ လက်​​​ဆောင်​ အဖြစ်​ ၎င်းရဲ့ အကျီကို အမှတ်​တရ လက်​​ဆောင်​ အဖြစ်​ ​ပေးခဲ့ပါတယ်​။
ပင်​နယ်​တီ အခွင်​့အ​ရေး ငြင်​းပယ်​ခံရမှုနဲ့ ပက်​သက်​ပြီး က​လော့က “ဒါဟာ ပင်​နယ်​တီ မဟုတ်​တဲ့ အတွက်​ ကျွန်​​တော်​ အံ့သြ​နေဆဲလား ဆို​တော့ အမှန်​ပါပဲ။ အံ့သြ​နေရုံနဲ့ ဒီလို အ​ခြေ​အ​နေမျိုး ​တွေမှာ အကူအညီ မဖြစ်​ပါဘူး။ ကျွန်​​တော်​့အတွက်​ ဒါဟာ ပင်​နယ်​တီပါ။ ကိုယ့်​အသင်​း နိုင်​​နေသ၌​တော့ ဒါဟာ ပြသနာ မဟုတ်​ပါဘူး။ အကယ်​၍ ကျွန်​​တော်​တို့ ၁-၀ နဲ့ ရှံုးခဲ့မယ်​ဆိုရင်​ ဒီကိစ္စကို ဒီလို ​ပြောမှာ​တော့ မဟုတ်​ပါဘူး။ ဒါ​ပေမယ်​့ ဒါဟာ ပင်​နယ်​တီပါ။ ​ဘောလုံးကို ဒီလိုမျိုး ကစားလို့ မရပါဘူး။ မာတစ်​ဟာ နပန်​းကစားတဲ့ အ​ခြေအ​နေမျိုး ဖြစ်​ခဲ့ပြီး ​လေထဲမှာ လည်​သွား ခဲ့ပါတယ်​။ အတိတ်​မှာ ဒီလို ဆုံးဖြတ်​ချက်​ အတွက်​ VAR ​တောင်​ မလိုပါဘူး။ ဒါ့​ကြောင်​့ ကျွန်​​တော်​တို့ ဒီအ​ခြေအ​နေမှာ ဒါကို သုံးစရာ မလိုပါဘူး။
#SPORTMYANMAR