ပရီးမီးယားလိဂ္ စတင္ လာတာ ပြဲစဥ္ ၅ ပြဲ သာ ရွိေသး ေပမယ့္္ မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ရဲ႕ ပင္နယ္တီ ရရွိမႈ အေၾကာင္း ကေတာ့ ထည့္သြင္း ေျပာဆို ၾကတဲ့ အထိ ျဖစ္လာ ခဲ့ပါၿပီ ။ ယူႏုိက္တက္ ကလည္း ပြဲစဥ္ ၅ ပြဲ မွာ ၄ ပြဲ အထိ ပင္နယ္တီ ရရွိ ခဲ့ ပါတယ္ ။ အဲ့ အထဲ က ၂ ဂုိး ကိုေတာ့ မားကပ္ ရက္ဖိုဒ့္ က ၀င္ေအာင္ ကန္သြင္း ခဲ့ၿပီး ေပါ့ဘာ နဲ႔ ရက္ဖိုဒ့္ တို႔ တစ္ႀကိမ္စီ လြဲခ့ဲ ၾကပါတယ္ ။

ယမန္ေန႔ ညက ကစား ခဲ့တဲ့ လက္စတာ နဲ႔ ပြဲ မွာ မားကပ္ ရက္ဖိုဒ့္ ဟာ ဒီရာသီ သူ႔ရဲ႕ ဒုတိယ ေျမာက္ ပင္နယ္တီ ဂုိး ကို သြင္းယူ ၿပီး ယူႏုိက္တက္ ကို အႏုိင္ ၃ မွတ္ ရရွိ ေစခဲ့ ပါတယ္ ။ တကယ္လို႔ သာ ပဲေလ့စ္ ကို ၂ – ၁ နဲ႔ အေရးနိမ့္ ခဲ့တဲ့ ပြဲမွာ သာ ပင္နယ္္တီ မလြဲခဲ့ ဘူး ဆုိရင္ ရက္ဖိုဒ့္ အတြက္ ဒါဟာ တတိယ ေျမာက္ ပင္နယ္တီ ဂုိး ျဖစ္လာ မွာပါ ။

ယူႏုိက္တက္ ဟာ ေဆာက္သမ္တန္္ နဲ႔ သေရ က်ခဲ့တဲ့ ပြဲက လြဲရင္ က်န္ ၄ ပြဲ စလံုး မွာ တစ္ပြဲ ကို ပင္နယ္တီ တစ္လံုး စီ ရခဲ့ ပါတယ္ ။ ခ်ဲလ္ဆီး နဲ႔ ပြဲ မွာ မားကပ္ ရက္ဖိုဒ့္ က ပင္နယ္တီ ကို ၀င္ေအာင္ ကန္သြင္း ခဲ့ၿပီး ၀ုဗ္ ၊ ပဲေလ့စ္ တုိ႔နဲ႔ ပြဲေတြ မွာေတာ့ ေပါ့ဘာ နဲ႔ ရက္ဖုိဒ့္ တုိ႔ လြဲခဲ့ၾက ပါတယ္ ။ ယမန္ေန႔ ညက ပင္နယ္တီ ကေတာ့ ဂုိးေပါက္ကို ရွာေတြ႕ သြားခဲ့ ျပန္ပါတယ္ ။

ဒါဟာ အျခား ၿပဳိင္ဘက္ အသင္းေတြ ထက္မ်ားျပား တဲ့ ပမာဏ ျဖစ္ခဲ့ ၿပီး လာမယ့္ ပြဲစဥ္ေတြ မွာ ပင္နယ္တီ ရႏိုင္ မလား ဆုိတဲ့ ေလာင္းေၾကးေတြ ဖြင့္တဲ့ အထိ ျဖစ္လာခဲ့ ပါတယ္ ။ ယူႏုိက္တက္ နည္းျပ အိုလီ ဂန္နာ ဆိုးရွား ကေတာ့ သူတို႔ ဟာ ပင္နယ္တီေတြ ကို ထုိက္ထိုက္ တန္တန္ ရရွိ ခဲ့တာ ျဖစ္ၿပီး ဘာေၾကာင့္ ဒီလိုမ်ဳိး ခဏခဏ ပင္နယ္တီ ရရွိ ေနသလဲ ဆုိတာကိုလည္း ေျပာျပ သြားခဲ့ ပါတယ္ ။

“ဒါဟာ ကြ်န္ေတာ္တို႔ မွာ ရွိ ေနတဲ့ ကစား သမား ေတြ ေၾကာင့္ လုိ႔ပဲ ထင္ပါတယ္ ။ အသင္း မွာ ျမန္ၿပီး အရည္ အေသြး ေကာင္းတဲ့ ကစား သမားေတြ မ်ားျပား ပါတယ္ ။ ဒါေၾကာင့္ ၿပဳိင္ဘက္ ေတြ ဟန္႔တားတဲ့ အခါ မွာ ျပစ္ဒဏ္ ေတြ ျဖစ္ႏုိင္ ၿပီး ပင္နယ္တီ ေတြ ရလာ ခဲ့တာ ပါပဲ”

“အခု က VAR စနစ္ လည္း ရွိေန ပါတယ္ ။ ဒါေၾကာင့္ ကိုယ္ ေမွ်ာ္လင့္ ထားတာ ထက္ ပိုၿပီး ပင္နယ္တီ ေတြ ကို ျမင္ေတြ႕ ရမွာပါ” လို႔ ဆုိးရွား က အသင္း က ပင္နယ္တီေတြ ရရွိ ေနမႈ အေပၚ သူ႔ရဲ႕ အျမင္ ကို ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

ယူႏုိက္တက္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာ ဟာ ယမန္ႏွစ္ ရာသီ က ၁၆ ဂိုး သြင္းယူ ခဲ့ၿပီး အဆိုပါ အထဲ က ၈ ဂုိး ဟာ ပင္နယ္တီေတြ ျဖစ္ခဲ့ ပါတယ္ ။ ေပါ့ဘာ ဟာ ၿပီးခဲ့တဲ့ ရာသီ တုန္းက အဲဗာတန္ ၊ ဘန္ေလ ၊ ေဆာက္သမ္တန္ နဲ႔ ပြဲေတြ မွာ ပင္နယ္တီ မ၀င္ ခဲ့ သလို ယခု ႏွစ္ မွာလည္း ပထမဆံုး ကန္သြင္းတဲ့ ပင္နယ္တီ ကို ဂုိး အျဖစ္ မေျပာင္းလဲ ႏုိင္ခဲ့ ပါဘူး ။

မႏွစ္ က ယူႏုိက္တက္ ဟာ ပင္နယ္တီ ၁၂ လံုး ရခဲ့ၿပီး ဒီရာသီ မွာေတာ့ ပြဲစဥ္ ၅ ပြဲ အေရာက္မွာ ပင္ ၄ လံုး ရရွိ ထားခဲ့ ၿပီျဖစ္ ပါတယ္ ။ အသင္းရဲ႕ ပင္နယ္တီ ရရွိမႈ ႏႈန္း ဟာ ယခု ႏွစ္ အတြင္း သိသိ သာသာ တိုးတက္ လာခဲ့ ၿပီး ၂၀၁၇ – ၂၀၁၈ ရာသီ တုန္းက ယူႏုိက္တက္ ဟာ ပင္နယ္တီ ၃ လံုး သာ ရရွိ ခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

ဘာကြောင့် မန်ချက်စတာ ယူနိုက်တက် တို့ ပင်နယ်တီတွေ ဒီလောက် ရနေတာလဲ

=========================================

ပရီးမီးယားလိဂ် စတင် လာတာ ပွဲစဉ် ၅ ပွဲ သာ ရှိသေး ပေမယ့်် မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ ပင်နယ်တီ ရရှိမှု အကြောင်း ကတော့ ထည့်သွင်း ပြောဆို ကြတဲ့ အထိ ဖြစ်လာ ခဲ့ပါပြီ ။ ယူနိုက်တက် ကလည်း ပွဲစဉ် ၅ ပွဲ မှာ ၄ ပွဲ အထိ ပင်နယ်တီ ရရှိ ခဲ့ ပါတယ် ။ အဲ့ အထဲ က ၂ ဂိုး ကိုတော့ မားကပ် ရက်ဖိုဒ့် က ၀င်အောင် ကန်သွင်း ခဲ့ပြီး ပေါ့ဘာ နဲ့ ရက်ဖိုဒ့် တို့ တစ်ကြိမ်စီ လွဲခဲ့ ကြပါတယ် ။

ယမန်နေ့ ညက ကစား ခဲ့တဲ့ လက်စတာ နဲ့ ပွဲ မှာ မားကပ် ရက်ဖိုဒ့် ဟာ ဒီရာသီ သူ့ရဲ့ ဒုတိယ မြောက် ပင်နယ်တီ ဂိုး ကို သွင်းယူ ပြီး ယူနိုက်တက် ကို အနိုင် ၃ မှတ် ရရှိ စေခဲ့ ပါတယ် ။ တကယ်လို့ သာ ပဲလေ့စ် ကို ၂ – ၁ နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲမှာ သာ ပင်နယ််တီ မလွဲခဲ့ ဘူး ဆိုရင် ရက်ဖိုဒ့် အတွက် ဒါဟာ တတိယ မြောက် ပင်နယ်တီ ဂိုး ဖြစ်လာ မှာပါ ။

ယူနိုက်တက် ဟာ ဆောက်သမ်တန်် နဲ့ သရေ ကျခဲ့တဲ့ ပွဲက လွဲရင် ကျန် ၄ ပွဲ စလုံး မှာ တစ်ပွဲ ကို ပင်နယ်တီ တစ်လုံး စီ ရခဲ့ ပါတယ် ။ ချဲလ်ဆီး နဲ့ ပွဲ မှာ မားကပ် ရက်ဖိုဒ့် က ပင်နယ်တီ ကို ၀င်အောင် ကန်သွင်း ခဲ့ပြီး ၀ုဗ် ၊ ပဲလေ့စ် တို့နဲ့ ပွဲတွေ မှာတော့ ပေါ့ဘာ နဲ့ ရက်ဖိုဒ့် တို့ လွဲခဲ့ကြ ပါတယ် ။ ယမန်နေ့ ညက ပင်နယ်တီ ကတော့ ဂိုးပေါက်ကို ရှာတွေ့ သွားခဲ့ ပြန်ပါတယ် ။

ဒါဟာ အခြား ပြိုင်ဘက် အသင်းတွေ ထက်များပြား တဲ့ ပမာဏ ဖြစ်ခဲ့ ပြီး လာမယ့် ပွဲစဉ်တွေ မှာ ပင်နယ်တီ ရနိုင် မလား ဆိုတဲ့ လောင်းကြေးတွေ ဖွင့်တဲ့ အထိ ဖြစ်လာခဲ့ ပါတယ် ။ ယူနိုက်တက် နည်းပြ အိုလီ ဂန်နာ ဆိုးရှား ကတော့ သူတို့ ဟာ ပင်နယ်တီတွေ ကို ထိုက်ထိုက် တန်တန် ရရှိ ခဲ့တာ ဖြစ်ပြီး ဘာကြောင့် ဒီလိုမျိုး ခဏခဏ ပင်နယ်တီ ရရှိ နေသလဲ ဆိုတာကိုလည်း ပြောပြ သွားခဲ့ ပါတယ် ။

“ဒါဟာ ကျွန်တော်တို့ မှာ ရှိ နေတဲ့ ကစား သမား တွေ ကြောင့် လို့ပဲ ထင်ပါတယ် ။ အသင်း မှာ မြန်ပြီး အရည် အသွေး ကောင်းတဲ့ ကစား သမားတွေ များပြား ပါတယ် ။ ဒါကြောင့် ပြိုင်ဘက် တွေ ဟန့်တားတဲ့ အခါ မှာ ပြစ်ဒဏ် တွေ ဖြစ်နိုင် ပြီး ပင်နယ်တီ တွေ ရလာ ခဲ့တာ ပါပဲ”

“အခု က VAR စနစ် လည်း ရှိနေ ပါတယ် ။ ဒါကြောင့် ကိုယ် မျှော်လင့် ထားတာ ထက် ပိုပြီး ပင်နယ်တီ တွေ ကို မြင်တွေ့ ရမှာပါ” လို့ ဆိုးရှား က အသင်း က ပင်နယ်တီတွေ ရရှိ နေမှု အပေါ် သူ့ရဲ့ အမြင် ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ ယမန်နှစ် ရာသီ က ၁၆ ဂိုး သွင်းယူ ခဲ့ပြီး အဆိုပါ အထဲ က ၈ ဂိုး ဟာ ပင်နယ်တီတွေ ဖြစ်ခဲ့ ပါတယ် ။ ပေါ့ဘာ ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက အဲဗာတန် ၊ ဘန်လေ ၊ ဆောက်သမ်တန် နဲ့ ပွဲတွေ မှာ ပင်နယ်တီ မဝင် ခဲ့ သလို ယခု နှစ် မှာလည်း ပထမဆုံး ကန်သွင်းတဲ့ ပင်နယ်တီ ကို ဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့ ပါဘူး ။

မနှစ် က ယူနိုက်တက် ဟာ ပင်နယ်တီ ၁၂ လုံး ရခဲ့ပြီး ဒီရာသီ မှာတော့ ပွဲစဉ် ၅ ပွဲ အရောက်မှာ ပင် ၄ လုံး ရရှိ ထားခဲ့ ပြီဖြစ် ပါတယ် ။ အသင်းရဲ့ ပင်နယ်တီ ရရှိမှု နှုန်း ဟာ ယခု နှစ် အတွင်း သိသိ သာသာ တိုးတက် လာခဲ့ ပြီး ၂၀၁၇ – ၂၀၁၈ ရာသီ တုန်းက ယူနိုက်တက် ဟာ ပင်နယ်တီ ၃ လုံး သာ ရရှိ ခဲ့ ပါတယ် ။

SPORTS MYANMAR