ဆြစ္ဇာလန္ ကြင္းလယ္လူ ရွာကာ ဟာ ယခုလအစတုန္းက ေတာ့တင္ဟမ္ အသင္းနဲ႔ ပြဲမွာ ဂိုးဧရိယာအတြင္း မလိုအပ္ဘဲ ဆြန္ေဟာင္မင္ ကို ကစားပုံ ၾကမ္းတမ္း ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ့ေဝဖန္မွုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္ ။ နည္းၿပ အမ္မရီ ကေတာ့ အမွားေတြကို ျပင္ဆင္ၿပီး အေကာင္းဆုံး ျပန္လည္ႀကိဳးစားဖို႔ ရွာကာ ကို တိုက္တြန္း အားေပး စကား ေျပာၾကား လိုက္ပါတယ္ ။

Opta ရဲ့ အခ်က္ အလက္မွတ္တမ္းေတြ အရ ၂၀၁၆-၁၇ ရာသီကေန စတင္ၿပီး ပရီးမီးယားလိဂ္မွာ ဂိုးေပးရတဲ့ အမွား အမ်ားဆုံး က်ဴးလြန္ထားခဲ့တဲ့ ကစားသမား ( ဂိုးသမားမပါ ) အျဖစ္က ရွာကာ က ရပ္တည္ေနတာလည္း ျဖစ္ပါတယ္။

အာဆင္နယ္ အသင္း ပရိသတ္ေတြဟာ ေတာ့တင္ဟမ္ အသင္းနဲ႔ ပြဲအၿပီးမွာ ရွာကာ ရဲ့ အမွားေတြ အေပၚ သည္းမခံ နိုင္ေတာ့ဘဲ အသင္းေခါင္းေဆာင္ လက္ပတ္ေကာ၊ပုံမွန္ ပြဲထြက္ခြင့္နဲ႔ေကာ မထိုက္တန္ေၾကာင္း အျပင္းအထန္ ေဝဖန္ခဲ့ၾကပါတယ္။

အာဆင္နယ္ နည္းၿပ အမ္မရီ ကေတာ့ သူ႔အေနနဲ႔ ရွာကာ ကို အမွားေတြကေန သင္ခန္းစာ ယူၿပီး အေကာင္းဆုံး ပုံစံေတြ ျပသဖို႔ တိုက္တြန္း ေျပာၾကား ထားတယ္လို႔ ဆိုပါတယ္ ။ ရွာကာ ဟာ နိုင္ငံတကာပြဲေတြမွာ ဒဏ္ရာ အနည္းငယ္ ရခဲ့ေပမယ့္ ႀကံ့ခိုင္မွု ျပန္လည္ ျပည့္ဝ ေနၿပီ ျဖစ္ကာ ယေန႔ညမွာ ကစားမယ့္ ဝက္ဖိုဒ့္ အသင္းနဲ႔ ပြဲမွာ ပါဝင္ ကစားဖို႔ အသင့္ ျဖစ္ေနၿပီလို႔ သိရပါတယ္ ။

အမ္မရီ က အင္တာဗ်ဴး တစ္ခုမွာ ” ဒီမနက္ေလးတင္ ရွာကာ နဲ႔ စကားေျပာျဖစ္ ခဲ့ပါတယ္ ။ ကိုယ္လုပ္တဲ့ အမွားေတြကို လက္ခံၿပီး အမွန္ ျဖစ္ေအာင္ ျပန္လည္ ျပဳျပင္ဖို႔ နဲ႔ အရင္ကထက္ ပိုမို တိုးတက္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသဖို႔ ေျပာျဖစ္ခဲ့ပါတယ္ ။ ”

” ေလ့က်င့္ေရး အစီအစဥ္တိုင္း ၊ ပြဲတိုင္းမွာ ကစားသမားေတြရဲ့ အမွားေတြနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ အျမဲ ေဆြးေႏြးေလ့ ရွိပါတယ္။ ကိုယ္လုပ္လိုက္တဲ့ အမွားရဲ့ ေနာက္ဆက္တြဲက ေပးဆပ္မွု ႀကီးမားသြားတဲ့ အခါ လူေျပာစရာ ျဖစ္သြားတတ္ပါတယ္။”

” ၿပိဳင္ဘက္ က က်ေနာ္တို႔ကို ဦးေဆာင္ဂိုး သြင္းထားၿပီး က်ေနာ္တို႔ဘက္က ေခ်ပဂိုး ျပန္မသြင္းနိုင္ေသးတဲ့ အခ်ိန္မွာ အမွားမလုပ္မိဖို႔က သိပ္အေရးႀကီးပါတယ္။ဒါေပမယ့္ က်ေနာ္ကေတာ့ ေကာင္းတဲ့ အရာေတြအေပၚပဲ အာ႐ုံစိုက္ပါတယ္၊ရွာကာ က အသင္းအတြက္ အေရးပါတဲ့ အဓိက ကစားသမား တစ္ဦးပါ ။ ”

” သူက က်ေနာ္တို႔ ေဘာလုံး ကိုင္ထားနိုင္တဲ့ အခ်ိန္မွာေကာ မကိုင္ထားနိုင္တဲ့ အေျခအေနမွာေကာ အသင္းရဲ့ ကြင္းလယ္ကို ထိန္းေက်ာင္း ေပးထားတာပါ။ကစားသမားတိုင္း နဲ႔ ရွာကာ့ဆီမွာလည္း အားနည္းခ်က္ ဆိုတာ ရွိတာပါပဲ၊ဒါေပမယ့္ က်ေနာ္တို႔ အေနနဲ႔ သူပြဲအမ်ားစုမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ေကာင္းေတြ အေၾကာင္း ေျပာတာ ပိုေကာင္းပါမယ္။” လို႔ ဆိုပါတယ္။

SPORTS MYANMAR

Unicode

အမှားတွေ မကြာခဏ ကျူးလွန်လေ့ရှိတဲ့ ကွင်းလယ်လူ ရှာကာ ကို သတိပေးစကား ဆိုလိုက်တဲ့ အမ်မရီ
==================================

ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ ဟာ ယခုလအစတုန်းက တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ဂိုးဧရိယာအတွင်း မလိုအပ်ဘဲ ဆွန်ဟောင်မင် ကို ကစားပုံ ကြမ်းတမ်း ခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ နည်းပြ အမ်မရီ ကတော့ အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံး ပြန်လည်ကြိုးစားဖို့ ရှာကာ ကို တိုက်တွန်း အားပေး စကား ပြောကြား လိုက်ပါတယ် ။

Opta ရဲ့ အချက် အလက်မှတ်တမ်းတွေ အရ ၂၀၁၆-၁၇ ရာသီကနေ စတင်ပြီး ပရီးမီးယားလိဂ်မှာ ဂိုးပေးရတဲ့ အမှား အများဆုံး ကျူးလွန်ထားခဲ့တဲ့ ကစားသမား ( ဂိုးသမားမပါ ) အဖြစ်က ရှာကာ က ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

အာဆင်နယ် အသင်း ပရိသတ်တွေဟာ တော့တင်ဟမ် အသင်းနဲ့ ပွဲအပြီးမှာ ရှာကာ ရဲ့ အမှားတွေ အပေါ် သည်းမခံ နိုင်တော့ဘဲ အသင်းခေါင်းဆောင် လက်ပတ်ကော၊ပုံမှန် ပွဲထွက်ခွင့်နဲ့ကော မထိုက်တန်ကြောင်း အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

အာဆင်နယ် နည်းပြ အမ်မရီ ကတော့ သူ့အနေနဲ့ ရှာကာ ကို အမှားတွေကနေ သင်ခန်းစာ ယူပြီး အကောင်းဆုံး ပုံစံတွေ ပြသဖို့ တိုက်တွန်း ပြောကြား ထားတယ်လို့ ဆိုပါတယ် ။ ရှာကာ ဟာ နိုင်ငံတကာပွဲတွေမှာ ဒဏ်ရာ အနည်းငယ် ရခဲ့ပေမယ့် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ နေပြီ ဖြစ်ကာ ယနေ့ညမှာ ကစားမယ့် ဝက်ဖိုဒ့် အသင်းနဲ့ ပွဲမှာ ပါဝင် ကစားဖို့ အသင့် ဖြစ်နေပြီလို့ သိရပါတယ် ။

အမ်မရီ က အင်တာဗျူး တစ်ခုမှာ ” ဒီမနက်လေးတင် ရှာကာ နဲ့ စကားပြောဖြစ် ခဲ့ပါတယ် ။ ကိုယ်လုပ်တဲ့ အမှားတွေကို လက်ခံပြီး အမှန် ဖြစ်အောင် ပြန်လည် ပြုပြင်ဖို့ နဲ့ အရင်ကထက် ပိုမို တိုးတက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသဖို့ ပြောဖြစ်ခဲ့ပါတယ် ။ ”

” လေ့ကျင့်ရေး အစီအစဉ်တိုင်း ၊ ပွဲတိုင်းမှာ ကစားသမားတွေရဲ့ အမှားတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြဲ ဆွေးနွေးလေ့ ရှိပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အမှားရဲ့ နောက်ဆက်တွဲက ပေးဆပ်မှု ကြီးမားသွားတဲ့ အခါ လူပြောစရာ ဖြစ်သွားတတ်ပါတယ်။”

” ပြိုင်ဘက် က ကျနော်တို့ကို ဦးဆောင်ဂိုး သွင်းထားပြီး ကျနော်တို့ဘက်က ချေပဂိုး ပြန်မသွင်းနိုင်သေးတဲ့ အချိန်မှာ အမှားမလုပ်မိဖို့က သိပ်အရေးကြီးပါတယ်။ဒါပေမယ့် ကျနော်ကတော့ ကောင်းတဲ့ အရာတွေအပေါ်ပဲ အာရုံစိုက်ပါတယ်၊ရှာကာ က အသင်းအတွက် အရေးပါတဲ့ အဓိက ကစားသမား တစ်ဦးပါ ။ ”

” သူက ကျနော်တို့ ဘောလုံး ကိုင်ထားနိုင်တဲ့ အချိန်မှာကော မကိုင်ထားနိုင်တဲ့ အခြေအနေမှာကော အသင်းရဲ့ ကွင်းလယ်ကို ထိန်းကျောင်း ပေးထားတာပါ။ကစားသမားတိုင်း နဲ့ ရှာကာ့ဆီမှာလည်း အားနည်းချက် ဆိုတာ ရှိတာပါပဲ၊ဒါပေမယ့် ကျနော်တို့ အနေနဲ့ သူပွဲအများစုမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေ အကြောင်း ပြောတာ ပိုကောင်းပါမယ်။” လို့ ဆိုပါတယ်။

SPORTS MYANMAR