အဲဗာတန္ ၊ မန္ခ်က္စတာ ယူႏုိက္တက္ ၊ DC ယူႏုိက္တက္ နဲ႕ အဂၤလန္ အသင္းတုိ႕မွာ ေကာင္းမြန္တဲ့ ကစားသမား ဘ၀ ကုိ ပုို္္င္ဆုိင္ ႏုိင္ခဲ့တဲ့ ၀ိန္းရြန္းနီ က သူ႕ရဲ႕ ပေရာ္ဖက္ရွင္နယ္ ဘ၀မွာ ေနာင္တ ရစရာ တစ္ခုရွိတယ္လို႕ ဖြင့္ခဲ့ပါတယ္။ ဂြတ္ဒီဆင္ပက္ မွာ အသက္ ၁၆ ႏွစ္ အရြယ္ ကစားသမား အျဖစ္ ေတာက္ပ လာခဲ့ရာကေန ရြန္းနီဟာ ထိပ္တန္း ကစားသမား အျဖစ္ လွ်င္ျမန္စြာ တုိးတက္ လာခဲ့သူ ျဖစ္ပါတယ္။

လက္ရွိမွာ အသက္ ၃၃ ႏွစ္ ရွိေနျပီ ျဖစ္တဲ့ ရြန္းနီ ဟာ ပရီးမီးယားလိဂ္ ျပိဳင္ပြဲမွာ ၁၆ ႏွစ္တာ ျဖတ္သန္း ခဲ့ျပီးေနာက္ အေမရိကန္ ေမဂ်ာလိဂ္ ကလပ္ အယ္လ္ေအ ဂလက္စီ အသင္းကို ေျပာင္းေရြ႕ ခဲ့ျပီး ေမဂ်ာလိဂ္မွာ ဆက္လက္ ေျခစြမ္းျပသလ်က္ ရွိေနပါတယ္။

ရြန္းနီဟာ ယူႏုိက္တက္ နဲ႕ အဂၤလန္ တုိ႕ရဲ႕ သမိုင္းတစ္ေလွ်ာက္ သြင္းဂိုး အမ်ားဆံုး ကစားသမား ျဖစ္တာေၾကာင့္ သမုိင္းမွတ္တမ္း စာအုပ္မွာ ေနရာ တစ္ေနရာေတာ့ ရရွိေနျပီ ျဖစ္ပါတယ္။ အဂၤလန္ အသင္းေခါင္းေဆာင္ေဟာင္းဟာ ကစားသမား ဘ၀ မွာ အဲဗာတန္ အသင္းမွာ ႏွစ္ၾကိမ္ ကစား ထားခဲ့ေပမယ့္ အဆိုပါ ႏွစ္ၾကိမ္ထဲကမွာ တစ္ၾကိမ္ဟာ ရြန္းနီကုိ အၾကီးမားဆံုး ေနာင္တ ရေစ ခဲ့ပါတယ္။

ရြန္းနီဟာ အုိးထရပ္ဖို႕ဒ္မွာ ေနရာေပ်ာက္ဆံုး ခဲ့ျပီးေနာက္ ပံုမွန္ ကစားခြင့္ အတြက္ ၂၀၁၇ မွာ ငယ္ဘ၀ ကလပ္ အဲဗာတန္ အသင္းကို ျပန္လည္ ေျပာင္းေရြ႕ ခဲ့ျပီး ယူႏုိက္တက္ တုိက္စစ္မွုးေဟာင္း က သူဟာ အဲဗာတန္ အသင္းမွာ တုိက္စစ္မွဳး တစ္ဦး အေနနဲ႕သာ ေနရာတစ္ေနရာ အတြက္ တစ္ကုိယ္ေကာင္း ဆန္ဆန္ တုိက္ပြဲ၀င္ ခဲ့သင့္တယ္လို႕ ၀န္ခံ သြားခဲ့ ပါတယ္။

အဂၤလန္မွာ ကစားသမား ဘ၀ ရဲ႕ အမွတ္ရဆံုး အေၾကာင္းအရာေတြကို talkSPORT သုိ႕ ရြန္းနီက ေျပာၾကား သြားခဲ့ရာမွာ “ကၽြန္ေတာ္ ဟာ ေဘာလံုး ကစား ရတာနဲ႕ ပြဲအတြင္းမွာ မ်ားမ်ား ပါ၀င္ ပက္သက္ရတာကို အရမ္း ႏွစ္သက္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတ္ာဟာ အနည္းငယ္ ပိုျပီး တစ္ကုိယ္ေကာင္း ဆန္ခဲ့မယ္ ဆုိရင္ .. ကၽြန္ေတာ့္ ကစားသမား ဘ၀ တစ္ေလွ်ာက္လံုး နံပါတ္ ၉ အျဖစ္ ကစား ခဲ့မယ္ ဆုိရင္.. ကၽြန္ေတာ့္ရဲ႕ အခ်က္အလက္ မွတ္တမ္းေတြဟာ ဒီထက္ အနည္းငယ္ ပိုျပီး ေကာင္းေန မွာပါ။

ကၽြန္ေတာ့္ ရဲ႕ တစ္ခုတည္းေသာ ေနာင္တ ရစရာ ကေတာ့ အဲဗာတန္ မွာ ကစား ခဲ့တဲ့ ေနာက္ဆံုးႏွစ္ ျဖစ္ပါတယ္။ ကၽြန္ေတ္ာဟာ ယူႏုိက္တက္ မွာ အဲဗာတန္ကို ျပန္ေျပာင္း လာခါစက အေထာင္ တုိက္စစ္မွဳး အျဖစ္ ကစား ၇ပါတယ္။ အဲဒီေနာက္ ကၽြန္ေတ္ာ့ရဲ႕ အသင္းဟာ ေကာင္းေကာင္း ေျခစြမ္း မျပ ႏုိင္ခဲ့ ပါဘူး။

အဲဒီမွာ ကၽြန္ေတာ့္ရဲ႕ အမွား စတာ ပါပဲ။ ကၽြန္ေတ္ာ ဟာ မန္ေနဂ်ာ နဲ႕ စကား သြားေျပာ ျဖစ္ခဲ့ျပီး အကယ္၍ ကၽြန္ေတာ္သာ ကြင္းလယ္ ေနရာ မွာ ကစားျပီး အသင္းကို ကစားကြက္ ထိန္းခ်ဳပ္ ႏုိင္ဖို႕ အတြက္ ၾကိဳးစား ကူညီ ၾကည့္မယ္ ဆုိရင္ ပိုေကာင္း မယ္လို႕ ႏွစ္ဦးစလံုး ခံစား မိခဲ့ ၾကပါတယ္။

အဲဒီ အခ်ိန္မွာ ကၽြန္ေတာ့္ အေနနဲ႕ သူ႕ဆီကို ျပန္လွည့္ျပီး ကၽြန္ေတ္ာ အေထာင္တုိက္စစ္မွဳး အျဖစ္ ကစားျပီး သြင္းဂိုးေတြပဲ ရယူ ေပးမယ္လို႕ ေျပာခဲ့ သင့္ပါတယ္။ ကၽြန္ေတ္ာဟာ ဒါကို ပထမ ရာသီ၀က္ မွာ လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ကြင္းလယ္လူ အျဖစ္ ကစားတဲ့ အခါ ကၽြန္ေတာ္ သိပ္အမ်ားၾကီး မလုပ္ ႏုိင္ခဲ့ ပါဘူး။” လို႕ ဆုိသြား ပါတယ္။

ရြန္းနီ ဟာ ၂၀၁၇-၁၈ ေဘာလံုး ရာသီမွာ အဲဗာတန္ အတြက္ ပြဲ ၄၀ ကစားကာ ၁၁ ဂိုး သြင္းေပး ခဲ့ပါတယ္။ ဒါေပမယ့္လည္း ရြန္းနီဟာ နည္းျပ ဆမ္အလာဒိုက္ ရဲ႕ လက္ေအာက္မွာ ေနရာ ေပ်ာက္ဆံုးမွဳ ျဖစ္ခဲ့ ျပန္တာေၾကာင့္ အေမရိကန္မွာ စိန္ေခၚမွဳ အသစ္ေတြ ရွာေဖြ သြားရန္ အတြက္ ဆံုးျဖတ္ ခဲ့ျပီး ဒီစီယူႏုိက္တက္ကို ေျပာင္းေရြ႕ ခဲ့တာ ျဖစ္ပါတယ္။

SM

Unicode

ကစားသမား ဘဝရဲ့ အကြီးမားဆုံးနောင်တ တစ်ခုကို ပြောပြလိုက်တဲ့ ယူနိုက်တက်နဲ့ အဲဗာတန် တိုက်စစ်မှုးဟောင်း ရွန်းနီ

အဲဗာတန် ၊ မန်ချက်စတာ ယူနိုက်တက် ၊ DC ယူနိုက်တက် နဲ့ အင်္ဂလန် အသင်းတို့မှာ ကောင်းမွန်တဲ့ ကစားသမား ဘဝ ကို ပိုု််င်ဆိုင် နိုင်ခဲ့တဲ့ ၀ိန်းရွန်းနီ က သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝမှာ နောင်တ ရစရာ တစ်ခုရှိတယ်လို့ ဖွင့်ခဲ့ပါတယ်။ ဂွတ်ဒီဆင်ပက် မှာ အသက် ၁၆ နှစ် အရွယ် ကစားသမား အဖြစ် တောက်ပ လာခဲ့ရာကနေ ရွန်းနီဟာ ထိပ်တန်း ကစားသမား အဖြစ် လျှင်မြန်စွာ တိုးတက် လာခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၃ နှစ် ရှိနေပြီ ဖြစ်တဲ့ ရွန်းနီ ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၆ နှစ်တာ ဖြတ်သန်း ခဲ့ပြီးနောက် အမေရိကန် မေဂျာလိဂ် ကလပ် အယ်လ်အေ ဂလက်စီ အသင်းကို ပြောင်းရွေ့ ခဲ့ပြီး မေဂျာလိဂ်မှာ ဆက်လက် ခြေစွမ်းပြသလျက် ရှိနေပါတယ်။

ရွန်းနီဟာ ယူနိုက်တက် နဲ့ အင်္ဂလန် တို့ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်တာကြောင့် သမိုင်းမှတ်တမ်း စာအုပ်မှာ နေရာ တစ်နေရာတော့ ရရှိနေပြီ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းဟာ ကစားသမား ဘဝ မှာ အဲဗာတန် အသင်းမှာ နှစ်ကြိမ် ကစား ထားခဲ့ပေမယ့် အဆိုပါ နှစ်ကြိမ်ထဲကမှာ တစ်ကြိမ်ဟာ ရွန်းနီကို အကြီးမားဆုံး နောင်တ ရစေ ခဲ့ပါတယ်။

ရွန်းနီဟာ အိုးထရပ်ဖို့ဒ်မှာ နေရာပျောက်ဆုံး ခဲ့ပြီးနောက် ပုံမှန် ကစားခွင့် အတွက် ၂၀၁၇ မှာ ငယ်ဘဝ ကလပ် အဲဗာတန် အသင်းကို ပြန်လည် ပြောင်းရွေ့ ခဲ့ပြီး ယူနိုက်တက် တိုက်စစ်မှုးဟောင်း က သူဟာ အဲဗာတန် အသင်းမှာ တိုက်စစ်မှုး တစ်ဦး အနေနဲ့သာ နေရာတစ်နေရာ အတွက် တစ်ကိုယ်ကောင်း ဆန်ဆန် တိုက်ပွဲဝင် ခဲ့သင့်တယ်လို့ ၀န်ခံ သွားခဲ့ ပါတယ်။

အင်္ဂလန်မှာ ကစားသမား ဘဝ ရဲ့ အမှတ်ရဆုံး အကြောင်းအရာတွေကို talkSPORT သို့ ရွန်းနီက ပြောကြား သွားခဲ့ရာမှာ “ကျွန်တော် ဟာ ဘောလုံး ကစား ရတာနဲ့ ပွဲအတွင်းမှာ များများ ပါ၀င် ပက်သက်ရတာကို အရမ်း နှစ်သက်ပါတယ်။ ဒါပေမယ့် ကျွန်တေ်ာဟာ အနည်းငယ် ပိုပြီး တစ်ကိုယ်ကောင်း ဆန်ခဲ့မယ် ဆိုရင် .. ကျွန်တော့် ကစားသမား ဘဝ တစ်လျှောက်လုံး နံပါတ် ၉ အဖြစ် ကစား ခဲ့မယ် ဆိုရင်.. ကျွန်တော့်ရဲ့ အချက်အလက် မှတ်တမ်းတွေဟာ ဒီထက် အနည်းငယ် ပိုပြီး ကောင်းနေ မှာပါ။

ကျွန်တော့် ရဲ့ တစ်ခုတည်းသော နောင်တ ရစရာ ကတော့ အဲဗာတန် မှာ ကစား ခဲ့တဲ့ နောက်ဆုံးနှစ် ဖြစ်ပါတယ်။ ကျွန်တေ်ာဟာ ယူနိုက်တက် မှာ အဲဗာတန်ကို ပြန်ပြောင်း လာခါစက အထောင် တိုက်စစ်မှုး အဖြစ် ကစား ရပါတယ်။ အဲဒီနောက် ကျွန်တေ်ာ့ရဲ့ အသင်းဟာ ကောင်းကောင်း ခြေစွမ်း မပြ နိုင်ခဲ့ ပါဘူး။

အဲဒီမှာ ကျွန်တော့်ရဲ့ အမှား စတာ ပါပဲ။ ကျွန်တေ်ာ ဟာ မန်နေဂျာ နဲ့ စကား သွားပြော ဖြစ်ခဲ့ပြီး အကယ်၍ ကျွန်တော်သာ ကွင်းလယ် နေရာ မှာ ကစားပြီး အသင်းကို ကစားကွက် ထိန်းချုပ် နိုင်ဖို့ အတွက် ကြိုးစား ကူညီ ကြည့်မယ် ဆိုရင် ပိုကောင်း မယ်လို့ နှစ်ဦးစလုံး ခံစား မိခဲ့ ကြပါတယ်။

အဲဒီ အချိန်မှာ ကျွန်တော့် အနေနဲ့ သူ့ဆီကို ပြန်လှည့်ပြီး ကျွန်တေ်ာ အထောင်တိုက်စစ်မှုး အဖြစ် ကစားပြီး သွင်းဂိုးတွေပဲ ရယူ ပေးမယ်လို့ ပြောခဲ့ သင့်ပါတယ်။ ကျွန်တေ်ာဟာ ဒါကို ပထမ ရာသီဝက် မှာ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကွင်းလယ်လူ အဖြစ် ကစားတဲ့ အခါ ကျွန်တော် သိပ်အများကြီး မလုပ် နိုင်ခဲ့ ပါဘူး။” လို့ ဆိုသွား ပါတယ်။

ရွန်းနီ ဟာ ၂၀၁၇-၁၈ ဘောလုံး ရာသီမှာ အဲဗာတန် အတွက် ပွဲ ၄၀ ကစားကာ ၁၁ ဂိုး သွင်းပေး ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွန်းနီဟာ နည်းပြ ဆမ်အလာဒိုက် ရဲ့ လက်အောက်မှာ နေရာ ပျောက်ဆုံးမှု ဖြစ်ခဲ့ ပြန်တာကြောင့် အမေရိကန်မှာ စိန်ခေါ်မှု အသစ်တွေ ရှာဖွေ သွားရန် အတွက် ဆုံးဖြတ် ခဲ့ပြီး ဒီစီယူနိုက်တက်ကို ပြောင်းရွေ့ ခဲ့တာ ဖြစ်ပါတယ်။

SM