နယူးကာဆယ္ နဲ့ ဝက္စ္ဟမ္း အသင္း တုိ့ရဲ့ ကစားသမား ေဟာင္း တစ္ဦး ျဖစ္တဲ့ ကီဗင္ နုိလန္ က လက္ရွိ ယူနုိက္တက္ ကြင္းလယ္လူ ေပါလ္ ေပါ့ဂ္ဘာ ရဲ့ အဓိက ျပသနာ က အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ အေကာင္းဆံုး ကြင္းလယ္ ကစားသမား ေတြနဲ့ အတူ တြဲဖက္ ကစား ရျခင္း မရွိတာ ပဲ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဟုတ္ပါတယ္ ၊ သူဟာ အျခား ကမ႓ာ့ အဆင့္ ကြင္းလယ္လူ တစ္ဦး ျဖစ္တဲ့ ကန္တီ နဲ့ နုိင္ငံ့ အသင္း မွာ အတူ တြဲ ကစား ခဲ့ ရတယ္ ေလ ။ သူ အခု ေမ်ွာ္လင့္ ေနတာ လည္း အဲ့ဒီလို မ်ိဳး ပါပဲ ။ အခု ထိလည္း သူရဲ့ ျပသနာ တစ္ခု က ကမ႓ာ့ အဆင့္ အသင္းေဖာ္ ေတြနဲ႔ ကစား လို ေနတာ ပါပဲ ”

” သူဟာ ကမ႓ာ့ အေကာင္းဆံုး ကြင္းလယ္ ကစားသမား ေတြနဲ့ အတူ ကစား ခြင့္ ရရွိ မေနဘူး ဆုိတဲ့ ယံုၾကည္ခ်က္ တစ္ခု ျဖစ္ေပၚ ေနတယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ ဒါ့ေၾကာင့္ လည္း သူ အလုပ္ ကို အေကာင္းဆံုး မလုပ္နုိင္ ေသးတာ ပါ ” လို့ ကီဗင္ နုိလန္ က သံုးသပ္ သြားခဲ့ လိုက္ ပါတယ္ ။

ေပါ့ဂ္ဘာ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက နည္းျပ ဆုိးလ္ရွား လက္ေအာက္ မွာ ကြင္းလယ္ သံုးေယာက္တန္း ကစား သမား အျဖစ္ ဘယ္ဖက္ အျခမ္း မွာ ထြက္ ကစား ခဲ့ ရတာ မ်ားခဲ့ ပါတယ္ ။ အဲ့ဒီ အခ်ိန္ တုန္းကေတာ့ သူဟာ အသင္း ရဲ့ တုိက္စစ္ ပိုင္းကို စိတ္ၾကိဳက္ လိုက္ပါ ကစား ခြင့္ ပိုင္ဆုိင္ ထားခဲ့ ပါတယ္ ။

ဒါေပမယ့္ ဒီ ရာသီ မွာေတာ့ ဆုိးလ္ရွား ဟာ 4 – 2 – 3 – 1 ဆုိတဲ့ ကစား ကြက္ ကိုသာ အထူး အသံုးျပဳ ထားခဲ့ ျပီး ေပါ့ဂ္ဘာ ကေတာ့ ကြင္းလယ္ ခံစစ္ 2 ေယာက္ တန္း ေနရာ မွာသာ အထူး ပါဝင္ ကစား ေပး ခဲ့ရ တဲ့ အတြက္ ျပိဳင္ဖက္ အသင္း ရဲ့ ဂိုး ဧရိယာ ထဲကို ျပီး ခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ေလာက္ မလိုက္ပါ နုိင္ခဲ့ ပါဘူး ။

ဖန္တီးမွဳ အားေကာင္း ျပီး တုိက္စစ္ လိုက္ပါ ကစား ရတာ ကို ႏွစ္သက္ လွတဲ့ ေပါ့ဂ္ဘာ ကို ဒီ ရာသီ အတြင္း ကြင္းလယ္ ခံစစ္ ေနရာ မွာ ထား ကစား ေစခဲ့တဲ့ အတြက္ ဆုိးလ္ရွား ဟာ ပရိသတ္ အခ်ိဳ့ နဲ့ သတင္း သံုးသပ္သူ အခ်ိဳ့ ရဲ့ ေဝဖန္ မွဳ ေတြကို ခံခဲ့ ရပါ ေသးတယ္ ။

ဒါေပမယ့္ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္း ရဲ့ ကြင္းလယ္ ဖန္တီးရွင္ ကစားသမား ေဟာင္း ျဖစ္တဲ့ ဂ်ာမိန္း ဂ်ီးနပ္စ္ က အခု လို ကစား ရတဲ့ အတြက္ ေပါ့ဂ္ဘာ ဟာ စိတ္ပ်က္ ေနမယ္ လို့ မထင္ ေၾကာင္း ၊ ကမ႓ာ့ ဖလား ျပိဳင္ပြဲ တုန္းက သူဟာ ျပင္သစ္ လက္ေရြးစင္ အသင္း အတြက္ ကြင္းလယ္ ခံစစ္ ေနရာ မွာ ေျခစြမ္းျပ ကစား ေပးနုိင္ ခဲ့သူ ျဖစ္ေၾကာင္း ဥပမား ေပး ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ေပါ့ဂ္ဘာ ဆုိတာ သူ ေပ်ာ္ရႊင္ ေနမယ္ ဆုိရင္ ခင္ဗ်ား ထားခ်င္ တဲ့ ေနရာ ထားျပီး ကစား ေစလို႔ ရတဲ့ ကစားသမား မ်ိဳးပါ ။ ရုရွား မွာ တုန္းက သူ ဒက္စ္ခ်မ့္ အတြက္ ကြင္းလယ္ ခံစစ္ ေနရာ မွာ ကစား ေပးခဲ့ တာကို က်ြန္ေတာ္ တုိ့ ျမင္ေတြ့ ခဲ့ၾက ရ ပါတယ္ ”

” သူဟာ ကန္တီ နဲ႔ အတူ တြဲ ကစား ခဲ့ တုန္းက ခံစစ္ ပိုင္းကို မက္တြီဒီ ထက္ေတာင္ ပိုျပီး ထဲထဲဝင္ဝင္ ပါဝင္ ကစား ေပး နုိင္ခဲ့ ပါ ေသးတယ္ ။ သူဟာ အဲ့ဒီလို ေပ်ာ္ေပ်ာ္ ရႊင္ရႊင္ ကစား ေပးရင္း နဲ့ပဲ ျပင္သစ္ လက္ေရြးစင္ အသင္း နဲ့ အတူ ကမ႓ာ့ ဖလား ကို ကိုင္ေျမွာက္ ဆြတ္ခူး ထားနုိင္ ခဲ့ ေသးတယ္ ေလ ” လို့ ဂ်ာမိန္း ဂ်ီးနပ္စ္ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ပေါ့ဂ်ဘာရဲ့ ပြသနာက ဘာလဲ ၊ သူဟာ ဘယ်နေရာမှာ ကစားနိုင်သလဲဆိုတာ ပြောကြား သွားကြတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်း နှစ်ဦး

=================

နယူးကာဆယ် နဲ့ ဝက်စ်ဟမ်း အသင်း တို့ရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ကီဗင် နိုလန် က လက်ရှိ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ရဲ့ အဓိက ပြသနာ က အိုးလ် ထရပ်ဖို့ဒ် မှာ အကောင်းဆုံး ကွင်းလယ် ကစားသမား တွေနဲ့ အတူ တွဲဖက် ကစား ရခြင်း မရှိတာ ပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဟုတ်ပါတယ် ၊ သူဟာ အခြား ကမ႓ာ့ အဆင့် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ကန်တီ နဲ့ နိုင်ငံ့ အသင်း မှာ အတူ တွဲ ကစား ခဲ့ ရတယ် လေ ။ သူ အခု မျှော်လင့် နေတာ လည်း အဲ့ဒီလို မျိုး ပါပဲ ။ အခု ထိလည်း သူရဲ့ ပြသနာ တစ်ခု က ကမ႓ာ့ အဆင့် အသင်းဖော် တွေနဲ့ ကစား လို နေတာ ပါပဲ ”

” သူဟာ ကမ႓ာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တွေနဲ့ အတူ ကစား ခွင့် ရရှိ မနေဘူး ဆိုတဲ့ ယုံကြည်ချက် တစ်ခု ဖြစ်ပေါ် နေတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒါ့ကြောင့် လည်း သူ အလုပ် ကို အကောင်းဆုံး မလုပ်နိုင် သေးတာ ပါ ” လို့ ကီဗင် နိုလန် က သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက နည်းပြ ဆိုးလ်ရှား လက်အောက် မှာ ကွင်းလယ် သုံးယောက်တန်း ကစား သမား အဖြစ် ဘယ်ဖက် အခြမ်း မှာ ထွက် ကစား ခဲ့ ရတာ များခဲ့ ပါတယ် ။ အဲ့ဒီ အချိန် တုန်းကတော့ သူဟာ အသင်း ရဲ့ တိုက်စစ် ပိုင်းကို စိတ်ကြိုက် လိုက်ပါ ကစား ခွင့် ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဒါပေမယ့် ဒီ ရာသီ မှာတော့ ဆိုးလ်ရှား ဟာ 4 – 2 – 3 – 1 ဆိုတဲ့ ကစား ကွက် ကိုသာ အထူး အသုံးပြု ထားခဲ့ ပြီး ပေါ့ဂ်ဘာ ကတော့ ကွင်းလယ် ခံစစ် 2 ယောက် တန်း နေရာ မှာသာ အထူး ပါဝင် ကစား ပေး ခဲ့ရ တဲ့ အတွက် ပြိုင်ဖက် အသင်း ရဲ့ ဂိုး ဧရိယာ ထဲကို ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လောက် မလိုက်ပါ နိုင်ခဲ့ ပါဘူး ။

ဖန်တီးမှု အားကောင်း ပြီး တိုက်စစ် လိုက်ပါ ကစား ရတာ ကို နှစ်သက် လှတဲ့ ပေါ့ဂ်ဘာ ကို ဒီ ရာသီ အတွင်း ကွင်းလယ် ခံစစ် နေရာ မှာ ထား ကစား စေခဲ့တဲ့ အတွက် ဆိုးလ်ရှား ဟာ ပရိသတ် အချို့ နဲ့ သတင်း သုံးသပ်သူ အချို့ ရဲ့ ဝေဖန် မှု တွေကို ခံခဲ့ ရပါ သေးတယ် ။

ဒါပေမယ့် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် ကစားသမား ဟောင်း ဖြစ်တဲ့ ဂျာမိန်း ဂျီးနပ်စ် က အခု လို ကစား ရတဲ့ အတွက် ပေါ့ဂ်ဘာ ဟာ စိတ်ပျက် နေမယ် လို့ မထင် ကြောင်း ၊ ကမ႓ာ့ ဖလား ပြိုင်ပွဲ တုန်းက သူဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကွင်းလယ် ခံစစ် နေရာ မှာ ခြေစွမ်းပြ ကစား ပေးနိုင် ခဲ့သူ ဖြစ်ကြောင်း ဥပမား ပေး ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပေါ့ဂ်ဘာ ဆိုတာ သူ ပျော်ရွှင် နေမယ် ဆိုရင် ခင်ဗျား ထားချင် တဲ့ နေရာ ထားပြီး ကစား စေလို့ ရတဲ့ ကစားသမား မျိုးပါ ။ ရုရှား မှာ တုန်းက သူ ဒက်စ်ချမ့် အတွက် ကွင်းလယ် ခံစစ် နေရာ မှာ ကစား ပေးခဲ့ တာကို ကျွန်တော် တို့ မြင်တွေ့ ခဲ့ကြ ရ ပါတယ် ”

” သူဟာ ကန်တီ နဲ့ အတူ တွဲ ကစား ခဲ့ တုန်းက ခံစစ် ပိုင်းကို မက်တွီဒီ ထက်တောင် ပိုပြီး ထဲထဲဝင်ဝင် ပါဝင် ကစား ပေး နိုင်ခဲ့ ပါ သေးတယ် ။ သူဟာ အဲ့ဒီလို ပျော်ပျော် ရွှင်ရွှင် ကစား ပေးရင်း နဲ့ပဲ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ အတူ ကမ႓ာ့ ဖလား ကို ကိုင်မြှောက် ဆွတ်ခူး ထားနိုင် ခဲ့ သေးတယ် လေ ” လို့ ဂျာမိန်း ဂျီးနပ်စ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar