ဂန္းနား ေနာက္ခံလူေဟာင္း မာတင္ကီယြန္ က ၂၀၀၃-၂၀၀၄ ခုႏွစ္တုန္းက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရွုံးပြဲ မရွိ သိမ္းပိုက္ နိုင္ခဲ့တဲ့ အာဆင္နယ္ အသင္းဟာ လိဂ္ၿပိဳင္ပြဲ သမိုင္းတစ္ေလၽွာက္ အေကာင္းဆုံး အသင္း အစုအဖြဲ႕ ျဖစ္ေၾကာင္း ေျပာၾကား လိုက္ပါတယ္။

 

အာဆင္နယ္ အသင္းဟာ ၂၀၀၃-၂၀၀၄ ခုႏွစ္တုန္းက တစ္ရာသီလုံး ရွုံးပြဲမရွိ စံခ်ိန္နဲ႔ ဗိုလ္စြဲခဲ့တာ ျဖစ္ၿပီး ၃၈ ပြဲကစားရာမွာ ၂၆ ပြဲနိုင္ ၊ ၁၂ ပြဲသေရ နဲ႔ ရွုံးပြဲ လုံးဝ မရွိခဲ့တာလည္း ျဖစ္ပါတယ္ ။ အာဆင္နယ္ အသင္းဟာ ရာသီကုန္ဖို႔ ေလးပြဲအလိုမွာကတည္းက ခ်န္ပီယံဆု ကို သိမ္းပိုက္ နိုင္ခဲ့တာလည္း ျဖစ္ပါတယ္ ။

ပရီးမီးယားလိဂ္ သမိုင္းတစ္ေလၽွာက္ အေကာင္းဆုံး အသင္းဟာ ဘယ္အသင္းလဲဆိုတာဟာ ေဘာလုံးပရိသတ္ေတြ အၾကား အျမဲလိုလို ျငင္းခုန္ေလ့ရွိတဲ့ အေၾကာင္းအရာ တစ္ရပ္လည္း ျဖစ္ပါတယ္ ။ မာတင္ကီယြန္ ကေတာ့ ၂၀၀၃-၂၀၀၄ ခုႏွစ္တုန္းက အာဆင္နယ္ အသင္း အစုအဖြဲ႕ဟာ အခုေခတ္မွာဆိုရင္လည္း ခ်န္ပီယံဆုကို သိမ္းပိုက္နိုင္မွာ ျဖစ္ေၾကာင္း ဆိုပါတယ္။

မာတင္ကီယြန္ က ” အဲ့အခ်ိန္(၂၀၀၃-၂၀၀၄) ခုႏွစ္တုန္းက အာဆင္နယ္ အသင္းက ဘယ္ေခတ္မွာမဆို ခ်န္ပီယံဆု ရယူ နိုင္တဲ့ အသင္းပါ။လူငယ္ ကစားသမားေတြက စီနီယာ ကစားသမားေတြ ျဖစ္လာၾကတာပါ။ တကယ့္ကို စုဖြဲ႕မွု အားေကာင္းတဲ့ ကမၻာ့အဆင့္ ကစားသမားေတြနဲ႔ တည္ေဆာက္ခဲ့တဲ့ အသင္းတစ္သင္းပါ။”

” သီယာရီ အြန္နရီ ဆို ေဘာလုံးကန္ ဖိနပ္ ဝတ္ထားတဲ့ တာတို အေျပးသမားလိုပါပဲ ။ ဘားကမ့္ ရဲ့ ေဘာလုံး အျမင္ကလည္း မယုံၾကည္နိုင္ေလာက္ေအာင္ကို ေကာင္းမြန္တာပါ ၊ သူ ကစားတာကို ၾကည့္ရတာ ဘဲေလး အကကို ၾကည့္ေန ရသလိုပါပဲဗ်ာ။”

” ဘယ္ေတာင္ပံ တိုက္စစ္မွာေတာ့ ေရာဘတ္ ပီရက္စ္ နဲ႔ ညာေတာင္ပံမွာေတာ့ ယြန္းဘတ္ ေပါ့ဗ်ာ၊သူ(ယြန္းဘတ္)ကေတာ့ အား​ေပး ခ်ီးက်ဴးမွုကိုေတာ့ သိပ္မရခဲ့တဲ့ ကစားသမားပါ။ကြင္းလယ္မွာဆိုလည္း ကမၻာ့ဖလား ခ်န္ပီယံဆုရွင္ ႏွစ္ဦး ျဖစ္တဲ့ ဂီလ္ဘာတို ေဆးလ္ဗား နဲ႔ ဗီအဲရာ တို႔ ရွိေနပါတယ္။”

” ေနာက္တန္းမွာဆိုလည္း တကယ့္ကို ထိပ္တန္း ေနာက္ခံလူ တစ္ဦး ျဖစ္တဲ့ ဆိုးလ္ကမ္းဘဲလ္ ရွိေနပါတယ္ ။ အဲ့တုန္းက အာဆင္နယ္ အသင္းေလာက္ နီးနီးေကာင္းတဲ့ အသင္းဆိုလို႔ ၁၉၉၉ ခုႏွစ္တုန္းက ဖလားသုံးလုံးရတဲ့ မန္ယူနိုက္တက္ပဲ ရွိပါတယ္။ဘယ္အသင္းပိုေကာင္းသလဲဆိုတာ အဆုံးအျဖတ္ပြဲ ကစားရလိမ့္မယ္လို႔ ထင္ပါတယ္။” လို႔ ဆိုပါတယ္။

၂၀၀၃-၂၀၀၄ ခုႏွစ္ အာဆင္နယ္ အသင္း လူစာရင္း
**********************************************

ဂိုး – ေလမန္း၊စတူးဝပ္ေတလာ၊ရာမီရွာဘန္း။
ေနာက္တန္း- အက္ရွ္ေလကိုးလ္၊မာတင္ကီယြန္၊ဆိုင္ဂန္၊ဆိုးကမ္းဘဲလ္၊ကိုလိုတိုေရး၊ေလာ္ရန္၊ကလစ္ခ်ီ။
အလယ္တန္း-ဗီအဲရာ၊ပီရက္စ္၊ယြန္းဘတ္၊ေရးပါလာ၊အီဒူး၊ဂီလ္ဘာတိုေဆးလ္ဗား။
ေရွ႕တန္း- အြန္နရီ၊ကႏူး၊ဝီးေတာ့၊ဘားကမ့္၊ေရးယက္စ္၊အလီယာဒီေယး။

SPORTS MYANMAR

Unicode

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ခဲ့တာဟာ ဘယ်အသင်းလဲဆိုတာ ပြောပြလိုက်တဲ့ မာတင်ကီယွန်
==================================

ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် က ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရှုံးပွဲ မရှိ သိမ်းပိုက် နိုင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ လိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်း အစုအဖွဲ့ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်နဲ့ ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး ၃၈ ပွဲကစားရာမှာ ၂၆ ပွဲနိုင် ၊ ၁၂ ပွဲသရေ နဲ့ ရှုံးပွဲ လုံးဝ မရှိခဲ့တာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရာသီကုန်ဖို့ လေးပွဲအလိုမှာကတည်းက ချန်ပီယံဆု ကို သိမ်းပိုက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းဟာ ဘယ်အသင်းလဲဆိုတာဟာ ဘောလုံးပရိသတ်တွေ အကြား အမြဲလိုလို ငြင်းခုန်လေ့ရှိတဲ့ အကြောင်းအရာ တစ်ရပ်လည်း ဖြစ်ပါတယ် ။ မာတင်ကီယွန် ကတော့ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက အာဆင်နယ် အသင်း အစုအဖွဲ့ဟာ အခုခေတ်မှာဆိုရင်လည်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။

မာတင်ကီယွန် က ” အဲ့အချိန်(၂၀၀၃-၂၀၀၄) ခုနှစ်တုန်းက အာဆင်နယ် အသင်းက ဘယ်ခေတ်မှာမဆို ချန်ပီယံဆု ရယူ နိုင်တဲ့ အသင်းပါ။လူငယ် ကစားသမားတွေက စီနီယာ ကစားသမားတွေ ဖြစ်လာကြတာပါ။ တကယ့်ကို စုဖွဲ့မှု အားကောင်းတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တည်ဆောက်ခဲ့တဲ့ အသင်းတစ်သင်းပါ။”

” သီယာရီ အွန်နရီ ဆို ဘောလုံးကန် ဖိနပ် ဝတ်ထားတဲ့ တာတို အပြေးသမားလိုပါပဲ ။ ဘားကမ့် ရဲ့ ဘောလုံး အမြင်ကလည်း မယုံကြည်နိုင်လောက်အောင်ကို ကောင်းမွန်တာပါ ၊ သူ ကစားတာကို ကြည့်ရတာ ဘဲလေး အကကို ကြည့်နေ ရသလိုပါပဲဗျာ။”

” ဘယ်တောင်ပံ တိုက်စစ်မှာတော့ ရောဘတ် ပီရက်စ် နဲ့ ညာတောင်ပံမှာတော့ ယွန်းဘတ် ပေါ့ဗျာ၊သူ(ယွန်းဘတ်)ကတော့ အား​ပေး ချီးကျူးမှုကိုတော့ သိပ်မရခဲ့တဲ့ ကစားသမားပါ။ကွင်းလယ်မှာဆိုလည်း ကမ္ဘာ့ဖလား ချန်ပီယံဆုရှင် နှစ်ဦး ဖြစ်တဲ့ ဂီလ်ဘာတို ဆေးလ်ဗား နဲ့ ဗီအဲရာ တို့ ရှိနေပါတယ်။”

” နောက်တန်းမှာဆိုလည်း တကယ့်ကို ထိပ်တန်း နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဆိုးလ်ကမ်းဘဲလ် ရှိနေပါတယ် ။ အဲ့တုန်းက အာဆင်နယ် အသင်းလောက် နီးနီးကောင်းတဲ့ အသင်းဆိုလို့ ၁၉၉၉ ခုနှစ်တုန်းက ဖလားသုံးလုံးရတဲ့ မန်ယူနိုက်တက်ပဲ ရှိပါတယ်။ဘယ်အသင်းပိုကောင်းသလဲဆိုတာ အဆုံးအဖြတ်ပွဲ ကစားရလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုပါတယ်။

၂၀၀၃-၂၀၀၄ ခုနှစ် အာဆင်နယ် အသင်း လူစာရင်း
**********************************************

ဂိုး – လေမန်း၊စတူးဝပ်တေလာ၊ရာမီရှာဘန်း။
နောက်တန်း- အက်ရှ်လေကိုးလ်၊မာတင်ကီယွန်၊ဆိုင်ဂန်၊ဆိုးကမ်းဘဲလ်၊ကိုလိုတိုရေး၊လော်ရန်၊ကလစ်ချီ။
အလယ်တန်း-ဗီအဲရာ၊ပီရက်စ်၊ယွန်းဘတ်၊ရေးပါလာ၊အီဒူး၊ဂီလ်ဘာတိုဆေးလ်ဗား။
ရှေ့တန်း- အွန်နရီ၊ကနူး၊ဝီးတော့၊ဘားကမ့်၊ရေးယက်စ်၊အလီယာဒီယေး။

SPORTS MYANMAR