ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ မေန႕ည က ကစား သြားခဲ့တဲ့ ဝုလ္ဗ္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ ေျခစြမ္းျပ ဟက္ထရစ္ သြင္းခဲ့ကာ ၄င္းရဲ႕ အသင္း ကလည္း ၂ – ၅ ဆိုတဲ့ ရလဒ္ နဲ႕ ျပိဳင္ဖက္ ကို အျပတ္အသက္ အႏိုင္ရကာ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ ႏိုင္ပြဲ ကို ရွာေဖြ သြားႏိုင္ ခဲ့ပါတယ္ ။

ေအဘရာဟမ္ ဟာ ႏိုင္ငံ ပဲြစဥ္ ေတြ မတိုင္မီ ကစား ခဲ့တဲ့ တန္းတက္ ေနာဝွစ္ခ်္ ၊ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္း ေတြနဲ႕ ပြဲစဥ္ ေတြမွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၄ဂိုး အထိ ရေအာင္ စြမ္းေဆာင္ ႏိုင္ခဲသလို ၊ အခု အခါမွာေတာ့ ဝုလ္ဗ္ လို ပရီးမီးယားလိဂ္ ထိပ္တန္း အသင္း ေတြကို အျမဲ ဒုကၡေပးေလ့ ရွိတဲ့ အသင္း ကို သူ႕ အိမ္ကြင္း မွာ ဟက္ထရစ္ သြင္းႏိုင္ ခဲ့ပါတယ္ ။

ပြဲအျပီး ခ်ယ္လ္ဆီး တီဗြီ နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ေအဘရာဟမ္ က ဝုလ္ဗ္ လို ခက္ခဲ တဲ့ အသင္း တသင္း ကို အခုလို သက္ေတာင့္သက္သာ နဲ႕ ဂိုးျပတ္ အႏိုင္ရလဒ္ နဲ႕ အတူ အႏိုင္ ရခဲ့တာ အရမ္္း အံ့ၾသစရာ ေကာင္းေၾကာင္း ၊ ခံစစ္ က ေပးဂိုး ၂ဂိုး ထပ္ျပီး ခြင့္ျပဳ ခဲ့ရတာက စိတ္ပ်က္စရာ ေကာင္းခဲ့ေပမယ့္ တသင္းလံုး တကယ္ ေကာင္းတဲ့ စြမ္းေဆာင္ရည္ ကို ထုတ္ျပ ႏိုင္ခဲ့ေၾကာင္း ဆိုခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ဒီေန႕ဟာ ကြ်န္ေတာ္ တို႕ အတြက္ အရမ္း အံ့ၾသစရာ ေကာင္းတဲ့ ေန႕တေန႕ ပါပဲ ။ ဝုလ္ဗ္ အသင္း ရဲ႕ အိမ္ကြင္း မွာ လာကစား ရတ့ဲ ပြဲစဥ္ ဟာ ဘယ္ေသာအခါ မွ လြယ္ကူေလ့ မရွိပါဘူး ။ ဒါေၾကာင့္မို႕ ဒီလို အႏိုင္ ၃မွတ္ ကို ယူေဆာင္ျပ ႏိုင္တာကိုက ေက်နပ္စရာ ျဖစ္ပါတယ္ ။ ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ တို႕ ကစားပံု ေကာင္းခဲ့တယ္ ၊ ဂိုးလည္း သြင္းႏိုင္ခဲ့တယ္ ၊ အႏိုင္ ၃မွတ္လည္း ယူျပ ႏိုင္ခဲ့ပါတယ္ ။ ”

” တကယ္တမ္း မွာ ကြ်န္ေတာ္ တို႕ဟာ ျပိဳင္ဖက္ ရဲ႕ ေပးဂိုး ၂ဂိုး ကို ခြင့္ျပဳ ခဲ့ရပါတယ္ ။ ဒါဟာ ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ တို႕ စိတ္ပ်က္ ခဲ့ရတဲ့ အရာ ျဖစ္ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ Clean Sheet နဲ႕ ႏိုင္ပြဲ တပြဲ ဟာ ကြ်န္ေတာ္ တို႕ အတြက္ ပိုေကာင္းတဲ့ ရလဒ္ ျဖစ္ေစလို႕ပါ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ကြ်န္ေတာ္ တို႕ဟာ ဒီေန႕ ပြဲမွာ အေပါင္း လကၡဏာ ေဆာင္တဲ့ အရာေတြကို ထုတ္ယူျပီး လာမယ့္ ပြဲစဥ္ ေတြ အထိ သယ္ေဆာင္ သြားႏိုင္ဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ေအဘရာဟမ္ က သူ႕ အေနနဲ႕ ဒီႏွစ္ ေဘာလံုး ရာသီ မွာ နည္းျပ ျဖစ္သူ ဖရန္႕ လမ္းပတ္ ရဲ႕ အျမဲတမ္း အားေပးစကား ေတြနဲ႕ တြန္းအားေပးမႈ ေတြေၾကာင့္ အခုလို သြင္းဂိုး ေတြကို ဆက္တိုက္ ရယူ ႏိုင္ခဲ့ေၾကာင္း နဲ႕ မေန႕က ပြဲရဲ႕ ပထမပိုင္း အျပီး မွာလည္း လမ္းပတ္ က သူ႕ကို စိတ္ရွည္ရွည္ နဲ႕ ဒုတိယပိုင္း ကို ပထမပိုင္း က ၾကိဳးစားမႈ အတိုင္း ဆက္ကစားဖို႕ အတြက္ တိုက္တြန္း ခဲ့ေၾကာင္း ေျပာၾကား ခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ကြ်န္ေတာ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မတိုင္မီ ကတည္းက အရမ္း ၾကိဳးစား ခဲ့ရတာပါ ။ ဒါေၾကာင့္မို႕ ဒီႏွစ္ ဟာ ကြ်န္ေတာ့ ရဲ႕ ႏွစ္ျဖစ္ဖို႕ ေမွ်ာ္လင့္ မိပါတယ္ ။ ဒါေပမယ့္ နည္းျပ ကို အထင္ၾကီး ေစဖို႕ အတြက္ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ ပံုမွန္ ၾကိဳးစား ရမွာက ကြ်န္ေတာ့ ရဲ႕ တာဝန္ပါ ။ ကြ်န္ေတာ္ ဟာ ေအာင္ျမင္မႈ နဲ႕ သြင္းဂိုး ေတြနဲ႕ ပတ္သက္လာရင္ အျမဲ ဆာေလာင္မႈ ရွိပါတယ္ ။ ”

” ပထမပိုင္း အျပီးမွာ ဖရန္႕ က ကြ်န္ေတာ့ ကို တည္တည္ျငိမ္ျငိမ္ ပဲ ဆက္ကစားျပီး ဟက္ထရစ္ ရေအာင္ ယူဖို႕ တိုက္တြန္း ခဲ့ပါတယ္ ။ ဒါေၾကာင့္မို႕ ကြ်န္္ေတာ္ ကိုယ့္ကိုယ္ကို အျပည့္အဝ ယံုၾကည္ ခဲ့ျပီး ပြဲကို အာရုံစိုက္ ဆက္ကစား ခဲ့ပါတယ္ ။ ကြ်န္ေတာ့ ဆီ ေရာက္လာတဲ့ အခြင့္အေရး မွန္သမွ် ကို ထိထိမိမိ အသံုးခ်သြားဖို႕ အသင့္ပါပဲ ။ ဒီေန႕ပြဲ မွာ ကြ်န္ေတာ့ ရဲ႕ လုပ္အားႏႈန္းေကာင္း ေၾကာင့္ အႏိုင္ ၃မွတ္ အျပင္ လိုအပ္တဲ့ သြင္းဂိုး ေတြ ရရွိ ခဲ့တာေတာ့ ကြ်န္ေတာ္ အေတာ္ေလး အားရ ေက်နပ္ မိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဝုလ်ဗ် နဲ့ ပွဲစဉ် မှာ ဟက်ထရစ် ရဖို့ လမ်းပတ် သူ့ကို ဘာတွေ အကြံပြုခဲ့လဲ ဆိုတာ ထုတ်ဖော် ပြောကြား လိုက်တဲ့ #အေဘရာဟမ်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဝုလ်ဗ် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ခြေစွမ်းပြ ဟက်ထရစ် သွင်းခဲ့ကာ ၄င်းရဲ့ အသင်း ကလည်း ၂ – ၅ ဆိုတဲ့ ရလဒ် နဲ့ ပြိုင်ဖက် ကို အပြတ်အသက် အနိုင်ရကာ ဒုတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲ ကို ရှာဖွေ သွားနိုင် ခဲ့ပါတယ် ။

အေဘရာဟမ် ဟာ နိုင်ငံ ပွဲစဉ် တွေ မတိုင်မီ ကစား ခဲ့တဲ့ တန်းတက် နောဝှစ်ချ် ၊ ရှက်ဖီးလ် ယူနိုက်တက် အသင်း တွေနဲ့ ပွဲစဉ် တွေမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၄ဂိုး အထိ ရအောင် စွမ်းဆောင် နိုင်ခဲသလို ၊ အခု အခါမှာတော့ ဝုလ်ဗ် လို ပရီးမီးယားလိဂ် ထိပ်တန်း အသင်း တွေကို အမြဲ ဒုက္ခပေးလေ့ ရှိတဲ့ အသင်း ကို သူ့ အိမ်ကွင်း မှာ ဟက်ထရစ် သွင်းနိုင် ခဲ့ပါတယ် ။

ပွဲအပြီး ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ အေဘရာဟမ် က ဝုလ်ဗ် လို ခက်ခဲ တဲ့ အသင်း တသင်း ကို အခုလို သက်တောင့်သက်သာ နဲ့ ဂိုးပြတ် အနိုင်ရလဒ် နဲ့ အတူ အနိုင် ရခဲ့တာ အရမ််း အံ့သြစရာ ကောင်းကြောင်း ၊ ခံစစ် က ပေးဂိုး ၂ဂိုး ထပ်ပြီး ခွင့်ပြု ခဲ့ရတာက စိတ်ပျက်စရာ ကောင်းခဲ့ပေမယ့် တသင်းလုံး တကယ် ကောင်းတဲ့ စွမ်းဆောင်ရည် ကို ထုတ်ပြ နိုင်ခဲ့ကြောင်း ဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ဒီနေ့ဟာ ကျွန်တော် တို့ အတွက် အရမ်း အံ့သြစရာ ကောင်းတဲ့ နေ့တနေ့ ပါပဲ ။ ဝုလ်ဗ် အသင်း ရဲ့ အိမ်ကွင်း မှာ လာကစား ရတဲ့ ပွဲစဉ် ဟာ ဘယ်သောအခါ မှ လွယ်ကူလေ့ မရှိပါဘူး ။ ဒါကြောင့်မို့ ဒီလို အနိုင် ၃မှတ် ကို ယူဆောင်ပြ နိုင်တာကိုက ကျေနပ်စရာ ဖြစ်ပါတယ် ။ ဒီနေ့ ပွဲမှာ ကျွန်တော် တို့ ကစားပုံ ကောင်းခဲ့တယ် ၊ ဂိုးလည်း သွင်းနိုင်ခဲ့တယ် ၊ အနိုင် ၃မှတ်လည်း ယူပြ နိုင်ခဲ့ပါတယ် ။ ”

” တကယ်တမ်း မှာ ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ ပေးဂိုး ၂ဂိုး ကို ခွင့်ပြု ခဲ့ရပါတယ် ။ ဒါဟာ ဒီနေ့ ပွဲမှာ ကျွန်တော် တို့ စိတ်ပျက် ခဲ့ရတဲ့ အရာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ Clean Sheet နဲ့ နိုင်ပွဲ တပွဲ ဟာ ကျွန်တော် တို့ အတွက် ပိုကောင်းတဲ့ ရလဒ် ဖြစ်စေလို့ပါ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် တို့ဟာ ဒီနေ့ ပွဲမှာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေကို ထုတ်ယူပြီး လာမယ့် ပွဲစဉ် တွေ အထိ သယ်ဆောင် သွားနိုင်ဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး အေဘရာဟမ် က သူ့ အနေနဲ့ ဒီနှစ် ဘောလုံး ရာသီ မှာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ အမြဲတမ်း အားပေးစကား တွေနဲ့ တွန်းအားပေးမှု တွေကြောင့် အခုလို သွင်းဂိုး တွေကို ဆက်တိုက် ရယူ နိုင်ခဲ့ကြောင်း နဲ့ မနေ့က ပွဲရဲ့ ပထမပိုင်း အပြီး မှာလည်း လမ်းပတ် က သူ့ကို စိတ်ရှည်ရှည် နဲ့ ဒုတိယပိုင်း ကို ပထမပိုင်း က ကြိုးစားမှု အတိုင်း ဆက်ကစားဖို့ အတွက် တိုက်တွန်း ခဲ့ကြောင်း ပြောကြား ခဲ့ပါတယ် ။

အေဘရာဟမ် က ” ကျွန်တော် ဟာ ဒီနှစ် ဘောလုံး ရာသီ မတိုင်မီ ကတည်းက အရမ်း ကြိုးစား ခဲ့ရတာပါ ။ ဒါကြောင့်မို့ ဒီနှစ် ဟာ ကျွန်တော့ ရဲ့ နှစ်ဖြစ်ဖို့ မျှော်လင့် မိပါတယ် ။ ဒါပေမယ့် နည်းပြ ကို အထင်ကြီး စေဖို့ အတွက် လေ့ကျင့်ရေး အစီအစဉ် တွေမှာ ပုံမှန် ကြိုးစား ရမှာက ကျွန်တော့ ရဲ့ တာဝန်ပါ ။ ကျွန်တော် ဟာ အောင်မြင်မှု နဲ့ သွင်းဂိုး တွေနဲ့ ပတ်သက်လာရင် အမြဲ ဆာလောင်မှု ရှိပါတယ် ။ ”

” ပထမပိုင်း အပြီးမှာ ဖရန့် က ကျွန်တော့ ကို တည်တည်ငြိမ်ငြိမ် ပဲ ဆက်ကစားပြီး ဟက်ထရစ် ရအောင် ယူဖို့ တိုက်တွန်း ခဲ့ပါတယ် ။ ဒါကြောင့်မို့ ကျွန််တော် ကိုယ့်ကိုယ်ကို အပြည့်အဝ ယုံကြည် ခဲ့ပြီး ပွဲကို အာရုံစိုက် ဆက်ကစား ခဲ့ပါတယ် ။ ကျွန်တော့ ဆီ ရောက်လာတဲ့ အခွင့်အရေး မှန်သမျှ ကို ထိထိမိမိ အသုံးချသွားဖို့ အသင့်ပါပဲ ။ ဒီနေ့ပွဲ မှာ ကျွန်တော့ ရဲ့ လုပ်အားနှုန်းကောင်း ကြောင့် အနိုင် ၃မှတ် အပြင် လိုအပ်တဲ့ သွင်းဂိုး တွေ ရရှိ ခဲ့တာတော့ ကျွန်တော် အတော်လေး အားရ ကျေနပ် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR