လီဗာပူး မန္ေနဂ်ာ ယာဂန္ကေလာ့ က စေကာ့တလန္ ပရိတ္သတ္ေတြ အေနနဲ႕ ၎တုိ႕ရဲ႕ အသင္းေခါင္းေဆာင္ အန္ဒီေရာဘတ္ဆန္ကို ဆက္လက္ ယံုၾကည္မွဳ ရွိရန္ ေတာင္းဆုိ သြားခဲ့ပါတယ္။ လီဗာပူး ဘယ္ေနာက္ခံလူရဲ႕ စေကာ့တလန္ အသင္းဟာ ျပီးခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲေတြမွာ ရုရွား ၊ ဘယ္ဂ်ီယံ အသင္းတုိ႕ကို ရွံဳးနိမ့္ ခဲ့ျပီး စေကာ့တစ္ခ်္ ပရိတ္သတ္ေတြက ႏုိင္ငံရဲ႕ အသင္းေခါင္းေဆာင္ ရာထူးကို လက္ခံ ရယူခဲ့ျပီး ေနာက္ပိုင္း ေရာဘတ္ဆန္ဟာ လီဗာပူးက ေျခစြမ္းလိုမ်ိဳး မျပသ ႏုိင္ခဲ့ဘူးလို႕ ေ၀ဖန္ ေနၾကပါတယ္။

ဒါေပမယ့္ အန္ဖီး နည္းျပက စေကာ့တလန္ ပရိတ္သတ္ေတြ အေနနဲ႕ သူ႕အသင္းေခါင္းေဆာင္ နဲ႕ မန္ေနဂ်ာ စတိကလပ္ရဲ႕ အသင္းကို တုိးတက္ဖို႕ အတြက္ အခ်ိန္ေပးဖို႕ လိုအပ္တယ္လို႕ ဆုိသြားပါတယ္။

ဂ်ာမန္ နည္းျပက “လူေတြ ေျပာေနၾကတာကို ကၽြန္ေတာ္ ေတြ႕ပါတယ္။ ‘အန္ဒရူးဟာ ငါတုိ႕အတြက္ လီဗာပူး အတြက္ လုပ္ေပးသလိုမ်ိဳး မလုပ္ေပးဘူး’ ဒါမ်ိဳးေတြပါ။ ခင္ဗ်ားတုိ႕ကို ကၽြန္ေတာ္ ကတိေပးႏုိင္ တာကေတာ့ အကယ္၍ သူဟာ ကၽြန္ေတာ္တုိ႕ အတြက္ ႏွလံုးသားၾကီးၾကီး နဲ႕ကစားေပးတယ္ ဆုိရင္ စေကာ့တလန္ အတြက္ ကစားေပးတဲ့ သူ႕ႏွလံုးသားက ၃ ဆ ပိုမို ၾကီးမားမွာပါ။ ကမာၻ႕အဆင့္ ကစားသမား တစ္ဦးကို ဘယ္လို ကိုင္တြယ္ သြားရမလဲ ဆုိတာကို စေကာ့တစ္ခ်္ လူထုထံ ေျပာဖို႕ဟာ ကၽြန္ေတာ့္ရဲ႕ အလုပ္ မဟုတ္ပါဘူး။ ဒါေပမယ့္ ႏုိင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ ဒီလို ျပသနာ ရွိပါတယ္။

အကယ္၍ ကစားသမားရဲ႕ စရိုက္လကၡဏာမွာ ျပသနာ ရွိေန ခ့ဲမယ္ ဆုိရင္ ကၽြန္ေတာ္ စကားေျပာသြား မွာပါ။ ဒါေပမယ့္ ဒီလိုမ်ိဳး မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ စေကာ့တလန္ ၊ မီဒီယာ ၊ လူေတြ အေနနဲ႕ အနည္းငယ္ စိတ္ေအး လက္ေအး ထားရမွာပါ။ လူတုိင္းလူတုိင္းဟာ ရုရွားကို အႏုိင္ရဖို႕ ေမွ်ာ္မွန္းထားခဲ့ ၾကတယ္လို႕ ကၽြန္ေတ္ာ ၾကားပါတယ္။ ကၽြန္ေတာ့္ ေခါင္းထဲ ေရာက္လာ ခဲ့တဲ့ ပထမဦးဆံုး ေမးခြန္းကေတာ့ ‘ဘာေၾကာင့္လဲ?’ ဆုိျပီးေတာ့ပါ။ သူတုိ႕မွာ စေကာ့တလန္ထက္ ေဘာလံုးသမား ငါးသန္းေလာက္ ပိုမ်ားပါတယ္။

ျပီးေတာ့ ဘယ္ဂ်ီယံ? ကမာၻၾကီးရဲ႕ ၉၅% ဟာ သူတုိ႕နဲ႕ ကစားရင္ ရွံဳးမွာပါ။ စေကာ့တလန္ဟာ အဘာဒင္း ၊ ဂလက္စကို နဲ႕ အီဒင္ဘက္ တုိ႕ထံက ကမာၻ႕အဆင့္ ကစားသမား အေယာက္ ၂၀ ရွိဖို႕ မလံုေလာက္ ေသးပါဘူး။ ဒါေပမယ့္ သူတို႕မွာ ၾကီးမားတဲ့ ႏွလံုးသား ၊ တုိက္ပြဲ၀င္ စိတ္ဓာတ္ ၊ ေကာင္းမြန္တဲ့ ခံစစ္ နဲ႕ ဂိုးသြင္း ႏုိင္စြမ္းေတြ အျမဲ ရွိပါတယ္။ လီဗာပူးမွာ ကၽြန္ေတာ္တို႕ အေနနဲ႕ အသင္းကို ေကာင္းေကာင္း ကစားႏုိင္မယ့္ အေျခအေန တစ္ခု ဖန္တီး ေပးရပါတယ္။ စေကာ့တလန္လည္း ဒီလိုမ်ိဳး လုပ္သြား ရပါမယ္။ ေမွ်ာ္လင့္ ထားမွဳေတြဟာ အရမ္းကို ျမင့္မားလြန္း ေနပါတယ္။ ေရာ္ဘုိေၾကာင့္ မႏုိင္တာ မဟုတ္ပါဘူး။ ဘယ္ေနာက္ခံလူ တစ္ဦး အေနနဲ႕ တစ္ဦးတည္း ပြဲကို အဆံုးအျဖတ္ ျဖစ္ေအာင္ ကစားလို႕ မရပါဘူး။ ဒါဟာ လံုး၀ မျဖစ္ႏုိင္ပါဘူး။

သူလုပ္စရာလည္း မလိုပါဘူး။ ဘာလို႕လဲ ဆုိေတာ့ အသင္းမွာ အျခား လူေကာင္းေတြ ရွိေနလို႕ပါ။ ဂၽြန္မက္ဂင္း..ဘယ္ေလာက္ ေကာင္းတဲ့ ကစားသမားလဲဗ်ာ။ စေနာ့ဂရပ္..အံ့ဖြယ္ ကစားသမားပါ။ စေကာ့မက္တုိမီေနး ဆုိရင္လည္း ၾကီးမားတဲ့ အလားအလာ ရွိေနသူပါ။ ဒါ့ေၾကာင့္ သူတုိ႕ကို ေပးကစားလိုက္ပါ။ မန္ေနဂ်ာကုိ ကစားဟန္တစ္ခု..စေကာ့တစ္ခ်္ ကစားဟန္ ဖန္္တီးဖို႕ အခ်ိန္ေပးလိုက္ပါ။ ဒါေပမယ့္ မန္ေနဂ်ာ အေပၚ ဖိအား မေပးဖို႕ေတာ့ လိုပါတယ္။ သူ႕အေနနဲ႕ ခ်က္ခ်င္းၾကီးေတာ့ အသင္းကို ေတာက္ပေအာင္ မလုပ္ႏုိင္ပါဘူး။

 

သူတုိ႕ကို ရွင္သန္ တုိးတက္ဖို႕ အတြက္ အခ်ိန္ ေပးရ ပါမယ္။ စေကာ့တလန္ ဟာ ကမာၻ႕ဖလား ျပိဳင္ပြဲမွာ ကစားခဲ့ျပီး ကတည္းက ႏွစ္ ၂၀ ေလာက္ ေစာင့္ေန ခဲ့ရတာပါ။ ဒါဟာ ကၽြန္ေတာ္ လီဗာပူးကို စေရာက္ လာခါစ အခ်ိန္တုန္း ကနဲ႕ လံုး၀ တူညီ ပါတယ္။ လူတုိင္းက ကၽြန္ေတာ္တုိ႕ ဆုဖလား ရယူ ေပးရမယ္လို႕ ေျပာၾက ပါတယ္။ အကယ္၍ လူေတြက ကၽြန္ေတ္ာတုိ႕ အေပၚ ယံုၾကည္မွဳ မထား ခဲ့ဘူး ဆုိရင္ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ဘာ အခြင့္အေရးမွ ရွိမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတုိ႕ဟာ ကၽြန္ေတာ္တုိ႕ကုိ ေထာက္ခံ အားေပး ခဲ့ျပီး ကၽြန္ေတာ္တုိ႕ တုိးတက္ဖို႕ အတြက္ အခ်ိန္ေပး ခဲ့ၾက ပါတယ္။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

လီဗာပူး မှာလို မကစားဘူးဆိုတဲ့ စကော့တလန် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်ပြောဆိုလိုက်တဲ့ ယာဂန်ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ က စကော့တလန် ပရိတ်သတ်တွေ အနေနဲ့ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင် အန်ဒီရောဘတ်ဆန်ကို ဆက်လက် ယုံကြည်မှု ရှိရန် တောင်းဆို သွားခဲ့ပါတယ်။ လီဗာပူး ဘယ်နောက်ခံလူရဲ့ စကော့တလန် အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာ ရုရှား ၊ ဘယ်ဂျီယံ အသင်းတို့ကို ရှုံးနိမ့် ခဲ့ပြီး စကော့တစ်ချ် ပရိတ်သတ်တွေက နိုင်ငံရဲ့ အသင်းခေါင်းဆောင် ရာထူးကို လက်ခံ ရယူခဲ့ပြီး နောက်ပိုင်း ရောဘတ်ဆန်ဟာ လီဗာပူးက ခြေစွမ်းလိုမျိုး မပြသ နိုင်ခဲ့ဘူးလို့ ဝေဖန် နေကြပါတယ်။

ဒါပေမယ့် အန်ဖီး နည်းပြက စကော့တလန် ပရိတ်သတ်တွေ အနေနဲ့ သူ့အသင်းခေါင်းဆောင် နဲ့ မန်နေဂျာ စတိကလပ်ရဲ့ အသင်းကို တိုးတက်ဖို့ အတွက် အချိန်ပေးဖို့ လိုအပ်တယ်လို့ ဆိုသွားပါတယ်။

ဂျာမန် နည်းပြက “လူတွေ ပြောနေကြတာကို ကျွန်တော် တွေ့ပါတယ်။ ‘အန်ဒရူးဟာ ငါတို့အတွက် လီဗာပူး အတွက် လုပ်ပေးသလိုမျိုး မလုပ်ပေးဘူး’ ဒါမျိုးတွေပါ။ ခင်ဗျားတို့ကို ကျွန်တော် ကတိပေးနိုင် တာကတော့ အကယ်၍ သူဟာ ကျွန်တော်တို့ အတွက် နှလုံးသားကြီးကြီး နဲ့ကစားပေးတယ် ဆိုရင် စကော့တလန် အတွက် ကစားပေးတဲ့ သူ့နှလုံးသားက ၃ ဆ ပိုမို ကြီးမားမှာပါ။ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးကို ဘယ်လို ကိုင်တွယ် သွားရမလဲ ဆိုတာကို စကော့တစ်ချ် လူထုထံ ပြောဖို့ဟာ ကျွန်တော့်ရဲ့ အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံ တော်တော်များများမှာ ဒီလို ပြသနာ ရှိပါတယ်။

အကယ်၍ ကစားသမားရဲ့ စရိုက်လက္ခဏာမှာ ပြသနာ ရှိနေ ခဲ့မယ် ဆိုရင် ကျွန်တော် စကားပြောသွား မှာပါ။ ဒါပေမယ့် ဒီလိုမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် စကော့တလန် ၊ မီဒီယာ ၊ လူတွေ အနေနဲ့ အနည်းငယ် စိတ်အေး လက်အေး ထားရမှာပါ။ လူတိုင်းလူတိုင်းဟာ ရုရှားကို အနိုင်ရဖို့ မျှော်မှန်းထားခဲ့ ကြတယ်လို့ ကျွန်တေ်ာ ကြားပါတယ်။ ကျွန်တော့် ခေါင်းထဲ ရောက်လာ ခဲ့တဲ့ ပထမဦးဆုံး မေးခွန်းကတော့ ‘ဘာကြောင့်လဲ?’ ဆိုပြီးတော့ပါ။ သူတို့မှာ စကော့တလန်ထက် ဘောလုံးသမား ငါးသန်းလောက် ပိုများပါတယ်။

ပြီးတော့ ဘယ်ဂျီယံ? ကမ္ဘာကြီးရဲ့ ၉၅% ဟာ သူတို့နဲ့ ကစားရင် ရှံုးမှာပါ။ စကော့တလန်ဟာ အဘာဒင်း ၊ ဂလက်စကို နဲ့ အီဒင်ဘက် တို့ထံက ကမ္ဘာ့အဆင့် ကစားသမား အယောက် ၂၀ ရှိဖို့ မလုံလောက် သေးပါဘူး။ ဒါပေမယ့် သူတို့မှာ ကြီးမားတဲ့ နှလုံးသား ၊ တိုက်ပွဲဝင် စိတ်ဓာတ် ၊ ကောင်းမွန်တဲ့ ခံစစ် နဲ့ ဂိုးသွင်း နိုင်စွမ်းတွေ အမြဲ ရှိပါတယ်။ လီဗာပူးမှာ ကျွန်တော်တို့ အနေနဲ့ အသင်းကို ကောင်းကောင်း ကစားနိုင်မယ့် အခြေအနေ တစ်ခု ဖန်တီး ပေးရပါတယ်။ စကော့တလန်လည်း ဒီလိုမျိုး လုပ်သွား ရပါမယ်။ မျှော်လင့် ထားမှုတွေဟာ အရမ်းကို မြင့်မားလွန်း နေပါတယ်။ ရော်ဘိုကြောင့် မနိုင်တာ မဟုတ်ပါဘူး။ ဘယ်နောက်ခံလူ တစ်ဦး အနေနဲ့ တစ်ဦးတည်း ပွဲကို အဆုံးအဖြတ် ဖြစ်အောင် ကစားလို့ မရပါဘူး။ ဒါဟာ လုံးဝ မဖြစ်နိုင်ပါဘူး။

သူလုပ်စရာလည်း မလိုပါဘူး။ ဘာလို့လဲ ဆိုတော့ အသင်းမှာ အခြား လူကောင်းတွေ ရှိနေလို့ပါ။ ဂျွန်မက်ဂင်း..ဘယ်လောက် ကောင်းတဲ့ ကစားသမားလဲဗျာ။ စနော့ဂရပ်..အံ့ဖွယ် ကစားသမားပါ။ စကော့မက်တိုမီနေး ဆိုရင်လည်း ကြီးမားတဲ့ အလားအလာ ရှိနေသူပါ။ ဒါ့ကြောင့် သူတို့ကို ပေးကစားလိုက်ပါ။ မန်နေဂျာကို ကစားဟန်တစ်ခု..စကော့တစ်ချ် ကစားဟန် ဖန််တီးဖို့ အချိန်ပေးလိုက်ပါ။ ဒါပေမယ့် မန်နေဂျာ အပေါ် ဖိအား မပေးဖို့တော့ လိုပါတယ်။ သူ့အနေနဲ့ ချက်ချင်းကြီးတော့ အသင်းကို တောက်ပအောင် မလုပ်နိုင်ပါဘူး။

သူတို့ကို ရှင်သန် တိုးတက်ဖို့ အတွက် အချိန် ပေးရ ပါမယ်။ စကော့တလန် ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားခဲ့ပြီး ကတည်းက နှစ် ၂၀ လောက် စောင့်နေ ခဲ့ရတာပါ။ ဒါဟာ ကျွန်တော် လီဗာပူးကို စရောက် လာခါစ အချိန်တုန်း ကနဲ့ လုံးဝ တူညီ ပါတယ်။ လူတိုင်းက ကျွန်တော်တို့ ဆုဖလား ရယူ ပေးရမယ်လို့ ပြောကြ ပါတယ်။ အကယ်၍ လူတွေက ကျွန်တေ်ာတို့ အပေါ် ယုံကြည်မှု မထား ခဲ့ဘူး ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘာ အခွင့်အရေးမှ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့ကို ထောက်ခံ အားပေး ခဲ့ပြီး ကျွန်တော်တို့ တိုးတက်ဖို့ အတွက် အချိန်ပေး ခဲ့ကြ ပါတယ်။” လို့ ဆိုသွား ပါတယ်။

SM