ေပၚလို မာဒိနီက လြန္ခဲ့တဲ့ ၂၀၀၅ ခုႏွစ္ ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ ေအစီမီလန္ အသင္း လီဗာပူး အသင္းကို ရွံဳးနိမ့္ခဲ့တဲ့ အေပၚ မယံုႏုိင္ေလာက္ေအာင္ ျဖစ္ေနဆဲလို႕ ဖြင့္ဟ သြားခဲ့ျပီး သူတုိ႕ဟာ မိနစ္ ၁၂၀ မွာ မိနစ္ ၁၁၀ ေလာက္ ျပိဳင္ဘက္ကို လႊမ္းမိုး ႏုိင္ခဲ့ရဲ႕သားနဲ႕ ရွံဳးခဲ့တာလို႕ ရင္နာစြာ ေျပာခဲ့ပါတယ္။

၂၀၀၅ ခုႏွစ္ အစၥတန္ဘူဖုိင္နယ္ ဟာ မီလန္ ပရိတ္သတ္ေတြ ရဲ႕ အိမ္မက္ဆိုး အျဖစ္ ရွိေနခဲ့ျပီး စီးရီးေအ ကလပ္ဟာ ပထမပုိင္းမွာ ၃ – ၀ နဲ႕ ႏုိင္ကာ ပြဲကို လႊမ္းမိုး ကစား ခဲ့ေပမယ့္လည္း ဒုတိယပိုင္း ၆ မိနစ္အတြင္း ၃ ဂိုးထိ ျပန္ေပး ခဲ့ရကာ ပင္နယ္တီ အဆံုးအျဖတ္ မွာေတာ့ လီဗာပူး ကုိ ရွံဳးနိမ့္ ခဲ့ျပီး အလြန္ အံ့ၾသစရာ ေကာင္းတဲ့ ဖိုင္နယ္ အျဖစ္ မွတ္တမ္း ၀င္ခဲ့ပါတယ္။

မာဒိနီ က “ကၽြန္ေတာ္ဟာ ကစားသမား ဘ၀မွာ ကမာၻ႕ဖလား ဖိုင္နယ္ နဲ႕ ဥေရာပခ်န္ပီယံရွစ္ ဖိုင္နယ္ မွာ ဆုိရင္ ေနာက္ဆံုး စကၠန္႕မွာ ရွံဳးနိမ့္ ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ့္ ကစားသမား ဘ၀မွာ ဒီလို ၾကီးမားတဲ့ စိတ္ပ်က္စရာေတြ ရွိခ့ဲ ပါတယ္။ ကစားသမား ဘ၀ မွာ ကၽြန္ေတာ္ဟာ နာက်င္စရာ ေကာင္းလွတဲ့ ခ်န္ပီယံလိ္ဂ္ ဖိုင္နယ္ ရွံဳးပြဲနဲ႕ ရင္ဆုိင္ ခဲ့ရပါတယ္။

ဒါေပမယ့္ အစၥတန္ဘူ ဖုိင္နယ္ ကေတာ့ အဆိုးဆံုး ပါပဲ။ ဘာလို႕လဲ ဆုိေတာ့ ဒါဟာ ကၽြန္ေတာ့္ရဲ႕ ေနာက္ဆံုး UCL Final လို႕ ေတြးမိ ခဲ့လို႕ပါ။ ကၽြန္ေတာ့္ရဲ႕ သြင္းဂိုး တစ္ဂိုး အပါအ၀င္ ဒီဖုိင္နယ္မွာသာ ႏုိင္ခဲ့ရင္ အေကာင္းဆံုး ျဖစ္လာ မွာပါ။ ဒါေပမယ့္ ေနာက္ထပ္ ၂ ႏွစ္ အၾကာမွ ကံၾကမၼာ က ကၽြန္ေတာ့္ကို ေနာက္ထပ္ UCL Final ကစားဖို႕ အခြင့္အေရး ေပးခဲ့ ပါတယ္။” လုိ႕ ဆုိသြား ပါတယ္။

ဒီဖုိင္နယ္မွာလည္း မီလန္ ဟာ လီဗာပူး အသင္းနဲ႕ ရင္ဆုိင္ ကစား ခဲ့ရေပမယ့္ တူညီတဲ့ အမွားကို ေရွာင္ရွား ႏုိင္ခဲ့ကာ ေအသင္မွာ ဗုိလ္စြဲႏုိင္ ခဲ့ပါတယ္။

မာဒိနီ က “လီဗာပူး နဲ႕ ပထမဖိုင္နယ္ ဟာ ခုခ်ိန္ထိ ကၽြန္ေတာ့္ကို ေတြးမိ ေနေစပါတယ္။ ကၽြန္ေတာ္တုိ႕ဟာ ၃ – ၀ နဲ႕ ဦးေဆာင္ ႏုိင္ခဲ့ပါတယ္။ ကၽြန္ေတာ္ဟာ ၄၀ စကၠန္႕မွာ ကတည္းက ဂိုးသြင္း ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႕ မိနစ္ ၁၂၀ မွာ မိနစ္ ၁၁၀ လႊမ္းမိုး ထားႏုိင္ ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ မႏုိင္ ခဲ့ပါဘူး။ ေဘာလံုးေလာကဟာ ဘယ္ေလာက္ ထူးဆန္းသလဲ ဆုိတာကို ဒါဟာ ကၽြန္ေတာ့္ကို အျမဲ အမွတ္ရ ေနေစ ပါတယ္။ ဒီဖုိင္နယ္ ကို ျပန္ၾကည့္ဖို႕ အတြက္ ကၽြန္ေတာ္ အခ်ိန္ တစ္ႏွစ္ေလာက္ ယူခဲ့ ရပါတယ္။ ျပန္ၾကည့္ေတာ့လည္း ကၽြန္ေတ္ာတုိ႕ဟာ အေကာင္းဆံုး ကစား ခဲ့တာကို ေတြ႕ခဲ့ ရပါတယ္။ ကၽြန္ေတ္ာတုိ႕ဟာ ဒီပြဲရဲ႕ ၉၀% ေလာက္ လီဗာပူးကို လႊမ္းမိုး ႏုိင္ခဲ့ပါတယ္။

ကၽြန္ေတာ္တုိ႕ဟာ ေနာက္ထပ္ ၂ ႏွစ္အၾကာ ဖုိင္နယ္ကို ထပ္ေရာက္ခဲ့ျပီး ဒါဟာ မီလန္ ရဲ႕ အင္အားကုိ ျပသ ခဲ့တာပါပဲ။ ကၽြန္ေတာ္တုိ႕ လီဗာပူးကုိ သာ ထပ္ျပီး ရွံဳးခဲ့မယ္ ဆုိရင္ ဒါကုိ ေက်ာ္ျဖတ္ဖို႕ တကယ့္ကို ခက္ခဲမွာ ျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီကုိ ဒီေနရာမွာ လံုး၀ ေလးစားမိပါတယ္။ သူဟာ ပူပန္မွဳ ကေန အသင္းကို အေ၀းေနရာကို ပို႕ေဆာင္ ေပးခဲ့ျပီး အေပါင္းလကၡဏာေဆာင္တဲ့ အရာေတြကိုသာ အသင္းကုိ အာရံုစိုက္ ေစခဲ့ ပါတယ္။

ဖုိင္နယ္ကို တက္ေရာက္ႏုိင္ဖို႕ အတြက္ ကၽြန္ေတ္ာတုိ႕ ခက္ခဲ ၾကမ္းတမ္းတဲ့ လမ္းကို ေလွ်ာက္ခဲ့ ရပါတယ္။ ဆီးေဒ့ါဟာ အဆံုးအျဖတ္ ေပးခဲ့ျပီး အင္ဇာဂီဟာ ခက္ခဲတဲ့ အေနအထား ကေန ဂုိးသြင္း ခဲ့ပါတယ္။ ပီယာလိုဟာ ဘယ္ေတာ့မွ တည္ျငိမ္မွဳ ပ်က္ယြင္းတဲ့ သူမဟုတ္ခဲ့ဘဲ ကၽြန္ေတာ္ ကိုယ္တုိင္ကလည္း ဇန္န၀ါရီလ မွာကတည္းက ငါတုိ႕ လုပ္ႏုိင္မယ္လို႕ အသင္းကို ေတာက္ေလွ်ာက္ အားေပး ခဲ့ပါတယ္။ တစ္ခါတစ္ရံမွာ ကိုယ့္ကုိကိုယ္လည္း ယံုၾကည္မွဳ တည္ေဆာက္ ရပါတယ္။

၂၀၀၇ ခုႏွစ္ ေအသင္ ဖိုင္နယ္ကို ကစား ခဲ့တာဟာ ကၽြန္ေတာ့္ အတြက္ စြန္႕စားမွဳပါပဲ။ ကၽြန္ေတာ့္ရဲ႕ ဒူးေခါင္းဟာ ေကာင္းမြန္တဲ့ အေနအထား မွာ ရွိမေနလို႕ပါ။ ဒါေပမယ့္ ဒါဟာ ခ်န္ပီယံလိဂ္ ဖလား ကိုင္ေျမွာက္ဖို႕ ကၽြန္ေတာ့္ရဲ႕ ေနာက္ဆံုး အခြင့္အေရး ဆုိတာ သိေနျပီး ဒီပြဲကို ကစားခြင့္ ရေအာင္ အစြမ္းကုန္ ၾကိဳးစား ခဲ့ပါတယ္။

တကယ္ေတာ့ ခ်န္ပီယံလိဂ္ ဖလား ေအာင္ပြဲကို ၂ ရက္ၾကာ ေအာင္ပြဲခံ ျပီးေနာက္ ကၽြန္ေတာ္ဟာ ခြဲစိတ္ကုသမွု ခံယူဖို႕ အတြက္ ဘယ္ဂ်ီယံကို သြားေရာက္ ခဲ့ရပါတယ္။ ေမ့ေဆး အရွိန္ ပ်ယ္ျပီး ျပန္ႏုိးလာခ်ိန္မွာ ကၽြန္ေတာ္ဟာ ခ်န္ပီယံဖလား ရခဲ့သလား ၊ ရွံဳးခဲ့ သလား ဆုိတာကို အျခားသူေတြကို ကေယာက္ကတမ္းနဲ႕ ေမးမိ ေနပါတယ္။ ဒါဟာ ကၽြန္ေတာ့္ရဲ႕ ကစားသမား ဘ၀ အဆံုးလို႕ ျမင္္မိ ပါတယ္။ အဲဒီေနာက္ ကၽြန္ေတာ္ဟာ ပိုမို ခက္ခဲတဲ့ ႏွစ္ေတြ ၾကံဳေတြ႕ ခဲ့ရျပီး အရင္လိုမ်ိဳး ဘယ္ေတာ့မွ မျဖစ္ေတာ့ ပါဘူး။” လုိ႕ ဆုိသြား ပါတယ္။

SM

Unicode

၂၀၀၅ ခုနှစ် UCL ဖိုင်နယ်မှာ လီဗာပူးကို ရှုံးနိမ့်ခဲ့မှုအပေါ် အခုထိ မယုံနိုင်လောက်အောင် ဖြစ်နေသေးတယ်လို့ ဆိုလိုက်တဲ့ မာဒိနီ

ပေါ်လို မာဒိနီက လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်မှာ အေစီမီလန် အသင်း လီဗာပူး အသင်းကို ရှံုးနိမ့်ခဲ့တဲ့ အပေါ် မယုံနိုင်လောက်အောင် ဖြစ်နေဆဲလို့ ဖွင့်ဟ သွားခဲ့ပြီး သူတို့ဟာ မိနစ် ၁၂၀ မှာ မိနစ် ၁၁၀ လောက် ပြိုင်ဘက်ကို လွှမ်းမိုး နိုင်ခဲ့ရဲ့သားနဲ့ ရှံုးခဲ့တာလို့ ရင်နာစွာ ပြောခဲ့ပါတယ်။

၂၀၀၅ ခုနှစ် အစ္စတန်ဘူဖိုင်နယ် ဟာ မီလန် ပရိတ်သတ်တွေ ရဲ့ အိမ်မက်ဆိုး အဖြစ် ရှိနေခဲ့ပြီး စီးရီးအေ ကလပ်ဟာ ပထမပိုင်းမှာ ၃ – ၀ နဲ့ နိုင်ကာ ပွဲကို လွှမ်းမိုး ကစား ခဲ့ပေမယ့်လည်း ဒုတိယပိုင်း ၆ မိနစ်အတွင်း ၃ ဂိုးထိ ပြန်ပေး ခဲ့ရကာ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ လီဗာပူး ကို ရှံုးနိမ့် ခဲ့ပြီး အလွန် အံ့သြစရာ ကောင်းတဲ့ ဖိုင်နယ် အဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။

မာဒိနီ က “ကျွန်တော်ဟာ ကစားသမား ဘဝမှာ ကမ္ဘာ့ဖလား ဖိုင်နယ် နဲ့ ဥရောပချန်ပီယံရှစ် ဖိုင်နယ် မှာ ဆိုရင် နောက်ဆုံး စက္ကန့်မှာ ရှံုးနိမ့် ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် ကစားသမား ဘဝမှာ ဒီလို ကြီးမားတဲ့ စိတ်ပျက်စရာတွေ ရှိခဲ့ ပါတယ်။ ကစားသမား ဘဝ မှာ ကျွန်တော်ဟာ နာကျင်စရာ ကောင်းလှတဲ့ ချန်ပီယံလိ်ဂ် ဖိုင်နယ် ရှံုးပွဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

ဒါပေမယ့် အစ္စတန်ဘူ ဖိုင်နယ် ကတော့ အဆိုးဆုံး ပါပဲ။ ဘာလို့လဲ ဆိုတော့ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံး UCL Final လို့ တွေးမိ ခဲ့လို့ပါ။ ကျွန်တော့်ရဲ့ သွင်းဂိုး တစ်ဂိုး အပါအဝင် ဒီဖိုင်နယ်မှာသာ နိုင်ခဲ့ရင် အကောင်းဆုံး ဖြစ်လာ မှာပါ။ ဒါပေမယ့် နောက်ထပ် ၂ နှစ် အကြာမှ ကံကြမ္မာ က ကျွန်တော့်ကို နောက်ထပ် UCL Final ကစားဖို့ အခွင့်အရေး ပေးခဲ့ ပါတယ်။” လို့ ဆိုသွား ပါတယ်။

ဒီဖိုင်နယ်မှာလည်း မီလန် ဟာ လီဗာပူး အသင်းနဲ့ ရင်ဆိုင် ကစား ခဲ့ရပေမယ့် တူညီတဲ့ အမှားကို ရှောင်ရှား နိုင်ခဲ့ကာ အေသင်မှာ ဗိုလ်စွဲနိုင် ခဲ့ပါတယ်။

မာဒိနီ က “လီဗာပူး နဲ့ ပထမဖိုင်နယ် ဟာ ခုချိန်ထိ ကျွန်တော့်ကို တွေးမိ နေစေပါတယ်။ ကျွန်တော်တို့ဟာ ၃ – ၀ နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ၄၀ စက္ကန့်မှာ ကတည်းက ဂိုးသွင်း ခဲ့ပါတယ်။ ကျွန်တော်တို့ မိနစ် ၁၂၀ မှာ မိနစ် ၁၁၀ လွှမ်းမိုး ထားနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မနိုင် ခဲ့ပါဘူး။ ဘောလုံးလောကဟာ ဘယ်လောက် ထူးဆန်းသလဲ ဆိုတာကို ဒါဟာ ကျွန်တော့်ကို အမြဲ အမှတ်ရ နေစေ ပါတယ်။ ဒီဖိုင်နယ် ကို ပြန်ကြည့်ဖို့ အတွက် ကျွန်တော် အချိန် တစ်နှစ်လောက် ယူခဲ့ ရပါတယ်။ ပြန်ကြည့်တော့လည်း ကျွန်တေ်ာတို့ဟာ အကောင်းဆုံး ကစား ခဲ့တာကို တွေ့ခဲ့ ရပါတယ်။ ကျွန်တေ်ာတို့ဟာ ဒီပွဲရဲ့ ၉၀% လောက် လီဗာပူးကို လွှမ်းမိုး နိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ဟာ နောက်ထပ် ၂ နှစ်အကြာ ဖိုင်နယ်ကို ထပ်ရောက်ခဲ့ပြီး ဒါဟာ မီလန် ရဲ့ အင်အားကို ပြသ ခဲ့တာပါပဲ။ ကျွန်တော်တို့ လီဗာပူးကို သာ ထပ်ပြီး ရှံုးခဲ့မယ် ဆိုရင် ဒါကို ကျော်ဖြတ်ဖို့ တကယ့်ကို ခက်ခဲမှာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီကို ဒီနေရာမှာ လုံးဝ လေးစားမိပါတယ်။ သူဟာ ပူပန်မှု ကနေ အသင်းကို အဝေးနေရာကို ပို့ဆောင် ပေးခဲ့ပြီး အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေကိုသာ အသင်းကို အာရုံစိုက် စေခဲ့ ပါတယ်။

ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အတွက် ကျွန်တေ်ာတို့ ခက်ခဲ ကြမ်းတမ်းတဲ့ လမ်းကို လျှောက်ခဲ့ ရပါတယ်။ ဆီးဒေ့ါဟာ အဆုံးအဖြတ် ပေးခဲ့ပြီး အင်ဇာဂီဟာ ခက်ခဲတဲ့ အနေအထား ကနေ ဂိုးသွင်း ခဲ့ပါတယ်။ ပီယာလိုဟာ ဘယ်တော့မှ တည်ငြိမ်မှု ပျက်ယွင်းတဲ့ သူမဟုတ်ခဲ့ဘဲ ကျွန်တော် ကိုယ်တိုင်ကလည်း ဇန်နဝါရီလ မှာကတည်းက ငါတို့ လုပ်နိုင်မယ်လို့ အသင်းကို တောက်လျှောက် အားပေး ခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု တည်ဆောက် ရပါတယ်။

၂၀၀၇ ခုနှစ် အေသင် ဖိုင်နယ်ကို ကစား ခဲ့တာဟာ ကျွန်တော့် အတွက် စွန့်စားမှုပါပဲ။ ကျွန်တော့်ရဲ့ ဒူးခေါင်းဟာ ကောင်းမွန်တဲ့ အနေအထား မှာ ရှိမနေလို့ပါ။ ဒါပေမယ့် ဒါဟာ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ဖို့ ကျွန်တော့်ရဲ့ နောက်ဆုံး အခွင့်အရေး ဆိုတာ သိနေပြီး ဒီပွဲကို ကစားခွင့် ရအောင် အစွမ်းကုန် ကြိုးစား ခဲ့ပါတယ်။

တကယ်တော့ ချန်ပီယံလိဂ် ဖလား အောင်ပွဲကို ၂ ရက်ကြာ အောင်ပွဲခံ ပြီးနောက် ကျွန်တော်ဟာ ခွဲစိတ်ကုသမှု ခံယူဖို့ အတွက် ဘယ်ဂျီယံကို သွားရောက် ခဲ့ရပါတယ်။ မေ့ဆေး အရှိန် ပျယ်ပြီး ပြန်နိုးလာချိန်မှာ ကျွန်တော်ဟာ ချန်ပီယံဖလား ရခဲ့သလား ၊ ရှံုးခဲ့ သလား ဆိုတာကို အခြားသူတွေကို ကယောက်ကတမ်းနဲ့ မေးမိ နေပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ကစားသမား ဘဝ အဆုံးလို့ မြင််မိ ပါတယ်။ အဲဒီနောက် ကျွန်တော်ဟာ ပိုမို ခက်ခဲတဲ့ နှစ်တွေ ကြံုတွေ့ ခဲ့ရပြီး အရင်လိုမျိုး ဘယ်တော့မှ မဖြစ်တော့ ပါဘူး။” လို့ ဆိုသွား ပါတယ်။

SM