မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္တဲ့ မာကာရီ က လက္ရွိ အသင္း ကို အင္အား ျဖည့္တင္း နုိင္ဖုိ႔ အတြက္ နည္းျပ ဆုိးလ္ရွား အေန နဲ့ ဇန္နဝါရီ အေျပာင္း အေရႊ့ မွာ ဆက္လက္ လွဳပ္ရွား သြားဖုိ႔ လိုအပ္ ေနေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အထူး သျဖင့္ အသင္း ရဲ့ အဓိက ကစားသမား ေတြ ျဖစ္ၾက တဲ့ အန္သိုနီ မာရွယ္ နဲ့ ေပါလ္ ေပါ့ဂ္ဘာ တုိ့ ဒဏ္ရာ ျပသနာ ကိုယ္စီ ၾကံဳေတြ့ ေန ၾကတဲ့ အခ်ိန္ ယူနုိက္တက္ ရဲ့ တိုက္စစ္ ကစား ဟန္ဟာ ေလ်ာ့တိ ေလ်ာ့ရဲ ျဖစ္ေန ခဲ့တဲ့ အေၾကာင္း ကို မာကာရီ က ေထာက္ျပ သြားခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ နည္းျပ ဆိုးလ္ရွား အေန နဲ့ ယခင္ တုန္းက လို နုိင္ပြဲ ေတြ ဆက္ နုိင္ဖုိ႔ အတြက္ အသင္း ရဲ့ လိုအပ္ တဲ့ ေနရာ ေတြကို အင္အား ျဖည့္တင္း သြားဖုိ႔ လိုအပ္ ေၾကာင္း ၊ ေနာက္ထပ္ ကစားသမား ေတြကို ဇန္နဝါရီ မွာ ေခၚယူ သင့္ေၾကာင္း ယူနုိက္တက္ မွာ 11 နွစ္ေလာက္ ကစား ခဲ့ ဖူးတဲ့ ဂႏၶဝင္ မာကာရီ က ေျပာၾကား ခဲ့လိုက္ တာပဲ ျဖစ္ ပါတယ္ ။

” ျပီးခဲ့တဲ့ အေျပာင္း အေရႊ့ အေၾကာင္း ေျပာၾကား ရမယ္ ဆုိရင္ ေနာက္ထပ္ ေခၚယူ ခဲ့ သင့္တဲ့ ကစားသမား ေတြ ရွိေန ခဲ့တယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ က်ြန္ေတာ္ တုိ့ဟာ လုိအပ္တဲ့ ကစားသမား အရည္ အတြက္ ကို မေခၚယူ နုိင္ခဲ့ ၾကဘူး လို့လည္း က်ြန္ေတာ္ ယူဆ မိ ပါတယ္ ”

” အကယ္လို့ လက္ရွိ အသင္း ရဲ့ အဓိက ကစားသမား တစ္ေယာက္ ဒါမွမဟုတ္ ႏွစ္ေယာက္ ေလာက္ ဒဏ္ရာ ရရွိ သြားမယ္ ဆုိတဲ့ အခ်ိန္ အသင္းရဲ့ အရံခံု ေပၚကို ၾကည့္လိုက္ ပါ ။ ဒါဟာ ခင္ဗ်ား အတြက္ ၾကီးမား တဲ့ ထုိးနွက္ခ်က္ တစ္ခု ျဖစ္လာ ေစနုိင္ ပါ လိမ့္မယ္ ”

” ရာသီ အရွည္ၾကီး တစ္ခု ကို ကစား ရတဲ့ အခ်ိန္ မ်ိဳးမွာ အသင္း ရဲ့ ကစားသမား အခ်ိဳ့ ပြဲပယ္ ခံ ရတာ မ်ိဳးလည္း ရွိလာ နုိင္ ပါတယ္ ။ ထုိ့အတူ ပြဲဆက္ ကစား ရတာေၾကာင့္ ဒဏ္ရာ ျပသနာ ၾကံဳေတြ့ ရမယ့္ ကစားသမား ေတြလည္း တစ္စ ထက္ တစ္စ ပိုမ်ား လာပါ လိမ့္မယ္ ”

” ဒါေတြ ကို ကိုင္တြယ္ ေျဖရွင္း နုိင္ဖုိ႔ ခက္ခဲ လာပါ လိမ့္မယ္ ။ ဒါ့ေၾကာင့္ လာမယ့္ အေျပာင္း အေရႊ့ မွာ ယူနုိက္တက္ တုိ႔ ေနာက္ထပ္ ကစားသမား သစ္ ေတြကို မျဖစ္ မေန ေခၚယူ ရ လိမ့္မယ္ ဆုိတာ သံသယ ျဖစ္ေန ဖုိ႔ မလုိအပ္ ပါဘူး ”

” က်ြန္ေတာ္ တုိ့ ရာသီ အရွည္ တစ္ခု အေၾကာင္း ကို ေတြးေတာ ထားရ ပါ လိမ့္မယ္ ။ အဲ့ဒီ အတြက္ ျဖစ္ နုိင္မယ္ ဆုိရင္ ေနာက္ထပ္ ကစားသမား သစ္ တစ္ေယာက္ ၊ ႏွစ္ေယာက္ ေလာက္ကို ထပ္မံ ေခၚယူ သြားဖုိ႔ လိုအပ္ ပါ လိမ့္မယ္ ” လို့ မာကာရီ က ယူနုိက္တက္ ရဲ့ လိုအပ္ခ်က္ ကို ေထာက္ျပ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

လက္ရွိ ယူနုိက္တက္ အသင္း ရဲ့ ပြဲထြက္ ကစားသမား အစု အဖြဲ့ ဟာ အေတာ္ အသင့္ ေတာင့္တင္း မွဳ ရွိေန ေပမယ့္ အရံခံု ေပၚမွာ ေတာ့ ေျခစြမ္း မမွန္တဲ့ ကစားသမား ၊ အေတြ့ အၾကံဳ နည္းပါး လွတဲ့ လူငယ္ ကစား သမား ေတြသာ မ်ားျပား ေနခဲ့ ပါတယ္ ။

ဒါ့ေၾကာင့္ ဆုိးလ္ရွား အေန နဲ့ ပြဲစဥ္ ေတြ မ်ားစြာ ကစား ရမယ့္ ရာသီ ရွည္ တစ္ခု အေၾကာင္း ၊ ျဖစ္လာ နုိင္ဖြယ္ ရွိ ေနတဲ့ ဒဏ္ရာ နဲ့ ပြဲပယ္ ျပသနာ ေတြကို ေထာက္ရွဳ ျပီး မာကာရီ ေျပာခဲ့ သလို မ်ိဳး ကစားသမား သစ္ေတြ ေခၚယူ ဖုိ႔ ဘုတ္ အဖြဲ့ဝင္ ေတြနဲ့ တုိင္ပင္ ေဆြးေႏြး ျခင္းက ယူနုိက္တက္ ကို ေကာင္းမြန္ တဲ့ လမ္းေၾကာင္း တစ္ခု အေပၚ ေရာက္ရွိ ေစနုိင္ ပါ လိမ့္မယ္ ။

#Sports_Myanmar

Unicode

ဒီရာသီ ယူနိုက်တက်မှာ ဖြစ်လာနိုင်မယ့် ပြသနာ အချို့ကို ကြိုတင် ဟောကိန်း ထုတ်သွားရင်း ဆိုးလ်ရှားကို သတိပေးလိုက်တဲ့ သရဲနီ ဂန္ဓဝင် #မာကာရီ

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်တဲ့ မာကာရီ က လက်ရှိ အသင်း ကို အင်အား ဖြည့်တင်း နိုင်ဖို့ အတွက် နည်းပြ ဆိုးလ်ရှား အနေ နဲ့ ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ဆက်လက် လှုပ်ရှား သွားဖို့ လိုအပ် နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အထူး သဖြင့် အသင်း ရဲ့ အဓိက ကစားသမား တွေ ဖြစ်ကြ တဲ့ အန်သိုနီ မာရှယ် နဲ့ ပေါလ် ပေါ့ဂ်ဘာ တို့ ဒဏ်ရာ ပြသနာ ကိုယ်စီ ကြုံတွေ့ နေ ကြတဲ့ အချိန် ယူနိုက်တက် ရဲ့ တိုက်စစ် ကစား ဟန်ဟာ လျော့တိ လျော့ရဲ ဖြစ်နေ ခဲ့တဲ့ အကြောင်း ကို မာကာရီ က ထောက်ပြ သွားခဲ့ ပါတယ် ။

ဒါ့ကြောင့် နည်းပြ ဆိုးလ်ရှား အနေ နဲ့ ယခင် တုန်းက လို နိုင်ပွဲ တွေ ဆက် နိုင်ဖို့ အတွက် အသင်း ရဲ့ လိုအပ် တဲ့ နေရာ တွေကို အင်အား ဖြည့်တင်း သွားဖို့ လိုအပ် ကြောင်း ၊ နောက်ထပ် ကစားသမား တွေကို ဇန်နဝါရီ မှာ ခေါ်ယူ သင့်ကြောင်း ယူနိုက်တက် မှာ 11 နှစ်လောက် ကစား ခဲ့ ဖူးတဲ့ ဂန္ဓဝင် မာကာရီ က ပြောကြား ခဲ့လိုက် တာပဲ ဖြစ် ပါတယ် ။

” ပြီးခဲ့တဲ့ အပြောင်း အရွှေ့ အကြောင်း ပြောကြား ရမယ် ဆိုရင် နောက်ထပ် ခေါ်ယူ ခဲ့ သင့်တဲ့ ကစားသမား တွေ ရှိနေ ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ကျွန်တော် တို့ဟာ လိုအပ်တဲ့ ကစားသမား အရည် အတွက် ကို မခေါ်ယူ နိုင်ခဲ့ ကြဘူး လို့လည်း ကျွန်တော် ယူဆ မိ ပါတယ် ”

” အကယ်လို့ လက်ရှိ အသင်း ရဲ့ အဓိက ကစားသမား တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် လောက် ဒဏ်ရာ ရရှိ သွားမယ် ဆိုတဲ့ အချိန် အသင်းရဲ့ အရံခုံ ပေါ်ကို ကြည့်လိုက် ပါ ။ ဒါဟာ ခင်ဗျား အတွက် ကြီးမား တဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်လာ စေနိုင် ပါ လိမ့်မယ် ”

” ရာသီ အရှည်ကြီး တစ်ခု ကို ကစား ရတဲ့ အချိန် မျိုးမှာ အသင်း ရဲ့ ကစားသမား အချို့ ပွဲပယ် ခံ ရတာ မျိုးလည်း ရှိလာ နိုင် ပါတယ် ။ ထို့အတူ ပွဲဆက် ကစား ရတာကြောင့် ဒဏ်ရာ ပြသနာ ကြံုတွေ့ ရမယ့် ကစားသမား တွေလည်း တစ်စ ထက် တစ်စ ပိုများ လာပါ လိမ့်မယ် ”

” ဒါတွေ ကို ကိုင်တွယ် ဖြေရှင်း နိုင်ဖို့ ခက်ခဲ လာပါ လိမ့်မယ် ။ ဒါ့ကြောင့် လာမယ့် အပြောင်း အရွှေ့ မှာ ယူနိုက်တက် တို့ နောက်ထပ် ကစားသမား သစ် တွေကို မဖြစ် မနေ ခေါ်ယူ ရ လိမ့်မယ် ဆိုတာ သံသယ ဖြစ်နေ ဖို့ မလိုအပ် ပါဘူး ”

” ကျွန်တော် တို့ ရာသီ အရှည် တစ်ခု အကြောင်း ကို တွေးတော ထားရ ပါ လိမ့်မယ် ။ အဲ့ဒီ အတွက် ဖြစ် နိုင်မယ် ဆိုရင် နောက်ထပ် ကစားသမား သစ် တစ်ယောက် ၊ နှစ်ယောက် လောက်ကို ထပ်မံ ခေါ်ယူ သွားဖို့ လိုအပ် ပါ လိမ့်မယ် ” လို့ မာကာရီ က ယူနိုက်တက် ရဲ့ လိုအပ်ချက် ကို ထောက်ပြ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ ယူနိုက်တက် အသင်း ရဲ့ ပွဲထွက် ကစားသမား အစု အဖွဲ့ ဟာ အတော် အသင့် တောင့်တင်း မှု ရှိနေ ပေမယ့် အရံခုံ ပေါ်မှာ တော့ ခြေစွမ်း မမှန်တဲ့ ကစားသမား ၊ အတွေ့ အကြံု နည်းပါး လှတဲ့ လူငယ် ကစား သမား တွေသာ များပြား နေခဲ့ ပါတယ် ။

ဒါ့ကြောင့် ဆိုးလ်ရှား အနေ နဲ့ ပွဲစဉ် တွေ များစွာ ကစား ရမယ့် ရာသီ ရှည် တစ်ခု အကြောင်း ၊ ဖြစ်လာ နိုင်ဖွယ် ရှိ နေတဲ့ ဒဏ်ရာ နဲ့ ပွဲပယ် ပြသနာ တွေကို ထောက်ရှု ပြီး မာကာရီ ပြောခဲ့ သလို မျိုး ကစားသမား သစ်တွေ ခေါ်ယူ ဖို့ ဘုတ် အဖွဲ့ဝင် တွေနဲ့ တိုင်ပင် ဆွေးနွေး ခြင်းက ယူနိုက်တက် ကို ကောင်းမွန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် ရောက်ရှိ စေနိုင် ပါ လိမ့်မယ် ။

#Sports_Myanmar