ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် မရှိနေတာကြောင့် အကယ်ဒမီ က ကစားသမား တွေကို အသုံးပြု နေရပြီး ထို လူငယ် ကစားသမား တွေထဲက တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် ၊ တိုမိုရီ တို့လို အရည်အသွေး ပြည့်တဲ့ ကစားသမား တွေရဲ့ ခြေစွမ်း ဟာလည်း နောက်ထပ် အဆင့် တဆင့် ကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။

အေဘရာဟမ် ဆိုရင် ဒီနှစ် လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ကို ဝင်အောင် မကန်သွင်း နိုင်ခဲ့လို့ ဖိအား တွေ အောက် ရောက်ခဲ့ရသလို ၊ ဆိုရှယ် မီဒီယာ စာမျက်နှာ တွေမှာလည်း လူမျိုးရေး ခွဲခြားမှု တွေကို ခံခဲ့ ရပါတယ် ။ သို့ပေမယ့် လည်း ဝေဖန်မှု တွေကို လျစ်လျူရှုပြီး တစိုက်မတ်မတ် ကြိုးစား လာတာကြောင့် အခု အခါမှာ မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွေရို နဲ့ အတူ သွင်းဂိုး ၇ဂိုးနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား စာရင်း ကို ဦးဆောင်လျက် ရှိနေပါတယ် ။

မနေ့ က ဝုလ်ဗ် နဲ့ ပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ အေဘရာဟမ် နဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ မှာ သတင်းထောက် တွေက ရာသီ အစောပိုင်း မှာ ဂိုးရဖို့ ရုန်းကန် နေခဲ့ရတဲ့ အေဘရာဟမ် ကို လမ်းပတ် အနေနဲ့ အရန်ခုံ ပို့ပစ်ဖို့ စိတ်ကူး ရှိခဲ့လား ဆိုတဲ့ မေးခွန်း အပေါ် လမ်းပတ် က အခုလို တုန့်ပြန် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် ဟာ သူ့ရဲ့ အရည်အချင်းကောင်း တွေကို ချန်ပီယံရှစ် ဘောလုံး ရာသီ ၂ခု မှာ စောင့်ကြည့်ရင်း သိရှိ ထားပြီးသားပါ ။ ကျွန်တော့ စိတ်ထဲမှာတော့ သူ ချယ်လ်ဆီး အတွက် ကစား ပေးဖို့ အချိန်တောင် စောပြီး ထိုက်တန်နေပြီ လို့ ယူဆ ထားခဲ့တာပါ ။ သူဟာ ဒီနှစ် ဘောလုံး ရာသီ အဖွင့်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဉ် မတိုင်မီ အထိ ရာသီကြို ပွဲစဉ် တွေမှာ ခြေစွမ်းပြ နိုင်ဖို့ အရမ်း ကြိုးစား ခဲ့ပါတယ် ။ ”

” ချယ်လ်ဆီး အသင်း မှာ ဘယ်နေရာပဲ ဖြစ်ဖြစ် ၊ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်မှု တွေ ဆိုတာ ရှိပါတယ် ။ အခုလို တမ်မီ ရဲ့ အကြောင်း ကို အသားပေး ပြောပြီး အိုလီ ( ဂျရူး ) နဲ့ မစ်ချီ ( ဘတ်ရှူဝါရီ ) တို့ရဲ့ စွမ်းဆောင်ရည် တွေကို မနှိမ့်ချ စေချင်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ အသင်း ဟာ သူတို့ ၂ယောက်လုံး ကို လိုအပ်လို့ပါ ။ ဒီနေ့ပွဲ မှာဆို မစ်ချီ ဟာ လူစားဝင် ကစားပြီး တကယ် ထက်မြက်တဲ့ ပုံစံ ကို ပြသ နိုင်ခဲ့ပါတယ် ။ ”

” အိုလီ ဆိုရင်လည်း ကျွန်တော် တို့ အတွက် အမြဲတမ်း အရေးကြီးတဲ့ အရာ တွေကို ယူဆောင် ပေးလေ့ ရှိပါတယ် ။ ဒါကြောင့်မို့ ပွဲထွက်ခွင့် တည်မြဲနိုင်ဖို့ ဆိုတာ တမ်မီ အပေါ် မှာပဲ မူတည် နေပါတယ် ။ ကျွန်တော့ ဖက်ကတော့ သူ့ အပေါ် မှာ ယုံကြည်မှု အပြည့် ရှိနေပါတယ် ။ ကျွန်တော် ဟာ သူ့ကို အခွင့်အရေး တွေ ပေးဖို့ ပြင်ဆင် ထားပြီးသားပါ ။ ဒါပေမယ့် အခုလို စွမ်းဆောင်ရည်ကောင်း တွေ တောက်လျှောက် ပြလာတဲ့ အခါ သူ့အပေါ် မှာ ပိုပြီး တင်းကြပ်တဲ့ အခွင့်အရေး တွေ ပေးသွားဖို့ ရှိပါတယ် ။ ”

” ပွဲကစားဖို့ အတွက် အားအင် တွေ ကုန်ခမ်း တဲ့ အချိန် ၊ သွင်းဂိုး တွေ ရယူဖို့ စိတ် ဆန္ဒ တွေ လျှော့ကျ သွားတဲ့ အချိန် ဟာ ကျွန်တော် သူ့ကို အရန်ခုံ ပို့ပစ် နိုင်တဲ့ အချိန် တွေပါ ။ ဒါပေမယ့် သူ ပွဲအတွင်း မှာ စိတ်ဓာတ် မကျပဲ ဆက်ကစား နိုင်ဖို့က အရေး ကြီးပါတယ် ။ အခု လောလောဆယ် မှာတော့ သူနဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ် အားရမိပါတယ် ။ သူဟာ သွင်းဂိုး တွေ အတွက် ၊ ပွဲထွက်ခွင့် တွေ အတွက် အမြဲတမ်း ဆာလောင်စိတ် ရှိနေပါတယ် ။ ”

” ဒါဟာ သူ နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အရာ တခု လို့ ဆိုရမှာပါ ။ ဒီလို စိတ်ဓာတ် ခံယူချက်မျိုး လူငယ် ကစားသမား အကုန်လုံး မှာ မတွေ့နိုင်ပါဘူး ။ ဒါကတော့ သူ့ရဲ့ မွေးရာပါ လက်ဆောင် ရတဲ့ အရာ လို့တောင် သတ်မှတ်လို့ ရနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR