* ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းကနေ အခု အချိန် အထိ ပရီးမီးယားလိဂ် မှာ ဘောလုံး ပေးပို့မှုပေါင်း ၃၄၄၇ အထိ ပြုလုပ် ထားခဲ့ကာ ဒါဟာ လက်ရှိ ချယ်လ်ဆီး အသင်းသား တွေ အားလုံး မှာ အများဆုံး ပမာဏ ဖြစ်နေပါတယ် ။ ဒါ့အပြင် အေဘရာဟမ် ရဲ့ တတိယမြောက်ဂိုး အတွက် ဖန်တီး ပေးနိုင်ခဲ့လို့ ဂျော်ဂျင်ဟို ဟာ ပထမဆုံး ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု တကြိမ် ကို ရရှိ ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် ဟာ လက်ရှိ မှာ အသင်း အတွက် ခြေစွမ်း ပြနေတဲ့ အေဘရာဟမ် ဟာ အင်္ဂလန် လက်ရွေးစင် ဖြစ်လာဖို့ အခွင့်အရေး တွေ ပိုများ လာကြောင်း ၊ အခု အချိန် မှာ အေဘရာဟမ် အတွက် နိုင်ဂျီးရီးယား လက်ရွေးစင် ကို ရွေးချယ် ပိုင်ခွင့် ရှိနေပေမယ့် ရွေးချယ်မှု က သူ့ အပေါ် မှာပဲ မူတည် နေကြောင်း ပြောကြား ခဲ့ပါတယ် ။

* ဝုလ်ဗ် အသင်း နည်းပြ နူနို ဆန်တို က ၄င်းတို့ဟာ မနေ့ည က ချယ်လ်ဆီး အသင်း နဲ့ ပွဲမှာ အမှား များစွာ ပြလုပ် ခဲ့တာကြောင့် ထိုက်ထိုက်တန်တန် အရေးနိမ့် ခဲ့တာ ဖြစ်ကြောင်း ၊ ချယ်လ်ဆီး အသင်း ဟာ တပွဲလုံး မှာ နည်းစနစ် ကျကျ ကစားပြီး ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ကြောင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

* ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ပထမပိုင်း အပြီး မှာ ဇူးမား နဲ့ လူစားလဲ ခံခဲ့ရတဲ့ ခံစစ်မှူး ရူဒီဂါ ဟာ ပေါင်ခြံ ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ကြောင်း ၊ သို့ပေမယ့် လည်း ဒဏ်ရာ က ထင်သလောက် မပြင်းထန် တာကြောင့် အင်္ဂါနေ့ည မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲမှာ ပါဝင်ဖို့ ရှိကြောင်း လည်း မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာ အတည်ပြု ပြောဆို ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ရဲ့ လူငယ် တောင်ပံ တိုက်စစ် ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ကို တပတ် လုပ်ခ ပေါင် တသိန်း နဲ့ ၅နှစ် စာချုပ် ချုပ်ဆို ဖို့ အပြီးသတ် လုနီးနီး ဖြစ်နေပြီ လို့ The Telegraph ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ အိုဒွိုင်း ဟာ ခြေကျင်းဝတ် အရွတ် ဒဏ်ရာကနေ ပြန်လည် သက်သာ လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ယူ ၂၃ အသင်း ရဲ့ ပွဲစဉ် မှာ ပြန်လည် ပါဝင် နိုင်ခဲ့ပါတယ် ။

* ဝုလ်ဗ် နဲ့ ပွဲမှာ ဟက်ထရစ် ရခဲ့တဲ့ ချယ်လ်ဆီး အသင်း တိုက်စစ်မှူး တမ်မီ အေဘရာဟမ် က အဖွင့်ဂိုး ရရှိ ခဲ့တဲ့ သူ့ရဲ့ အသင်းဖော် တိုမိုရီ ကို ဂိုးမသွင်းခင် တုန်းက အဝေး ကန်ချက် နဲ့ မကန်ပါစေနဲ့ လို့ စိတ်ထဲက ထင်မှတ် ခဲ့မိကြောင်း ၊ ဘယ်လိုပဲ ဖြစ်ဖြစ် လှပတဲ့ ကန်ချက် နဲ့ ပထမဆုံး ချယ်လ်ဆီး အသင်း အတွက် သွင်းဂိုး ကို ရရှိ ခဲ့လို့ ဂုဏ်ယူ မိကြောင်း ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နည်းပြဟောင်း ရုဒ်ဂူးလစ် က ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တွေ ခြေစွမ်း ပြနေတာဟာ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်မှု အပေါ် အပြည့်အဝ ပေးဆပ် နေကြခြင်း ဖြစ်ကြောင်း ၊ ဒီ လူငယ် အစုအဖွဲ့ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က အေဂျက်ဇ် အသင်း လို ဖြစ်လာဖို့ လည်း မျှော်လင့် မိကြောင်း သုံးသပ် ခဲ့ပါတယ် ။

* မနေ့က ပွဲစဉ်များ အပြီး ချယ်လ်ဆီး အငှား ကစားသမားများရဲ့ ခြေစွမ်းများ
ကော်နာ ဂေါ်လဂါ ( ချာလ်တန် ) ( ပွဲချိန်ပြည့် )
အစ်ဇီ ဘရောင်း ( လူတန်တောင်း ) ( ပွဲချိန်ပြည့် )
ရစ်ချတ် နာတေ ( ဘာတန် ) ( ပွဲချိန်ပြည့် )
ဂျော့ရှ် ဂရန့် ( ပလိုင်းမောက် ) ( ပွဲချိန်ပြည့် )
လုခ် မက်ကောမစ် ( ရှရူးဘူရီတောင်း ) ( ပါဝင်ခွင့်မရ )
ဒန်နီလို ပန်တစ် ( မို ဖီဟီဗာ ) ( ပါဝင်ခွင့်မရ )
အီသန် အမ်ပါဒူ ( လစ်ပ်ဇစ် ) ( ပါဝင်ခွင့်မရ )

SPORTS MYANMAR