မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် မှာ လက်စတာ စီးတီး အသင်း ကို ဧည့်ခံ ကစား ခဲ့ပြီး ပွဲချိန် 8 မိနစ် မှာ ရရှိ ခဲ့တဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ ရဲ့ တစ်လုံး တည်း သော ပင်နယ်တီ ဂိုးနဲ့ အနိုင် သုံးမှတ် ကို ရှာဖွေ သွားနိုင် ခဲ့ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် ရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ အက်ရှ်လေ ယန်းက အသင်း ဟာ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု ပေါ် သွား နေတယ် လို့ ယုံကြည် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ နီးစပ်မှု ရှိနေ ပြီလို့ ထင်ပါတယ် ။ ဆောက်သမ်တန် နဲ့ ပွဲစဉ် အပြီး လူတွေ စကား အများကြီး ပြောခဲ့ ကြပါတယ် ။ ဒါပေမယ့် ရိုးရိုးသားသား ပြောရမယ် ဆိုရင် သူတို့ တွေက အခွင့် အရေး 2 ကြိမ်ပဲ ရရှိ ခဲ့ ကြပြီး တစ်ကြိမ် ကို ဂိုး အဖြစ် ပြောင်းလဲ သွားနိုင် ခဲ့တာပါ ။ ဒါ့ကြောင့် ကျွန်တော် တို့ ဖက်က စွမ်းဆောင်ရည် ဆိုးရွား ခဲ့တယ် လို့ ကျွန်တော် မထင် ပါဘူး ”

” ကျွန်တော် တို့ အနေ နဲ့ အသင်း လိုက် စုဖွဲ့ မှု ပိုကောင်း လာဖို့ ပဲ လိုအပ် နေ ပါတယ် ။ ကျွန်တော် တို့ ဒီနေ့ ကစား ခဲ့ ကြတဲ့ ပွဲစဉ် က အနည်းငယ် ခြားနား တယ်လို့ ထင်မိ ပါတယ် ။ ကျွန်တော် တစ်ဂိုး သွင်းယူ ပြီး ခဲ့တဲ့ အချိန် နောက်ထပ် တစ်ဂိုး သာ သွင်းယူ နိုင်ခဲ့ ကြမယ် ဆိုရင် အဲ့တာ က ခြားနား သွားပါ လိမ့်မယ် ”

” ကျွန်တော် တို့ တွေဟာ အသင်း လိုက် အကောင်းဆုံး စုဖွဲ့ ကစား ပြီး ဂိုးတွေ မပေးလိုဘူး ဆိုတာ ကို ပြသ နိုင်ရ ပါ့မယ် ။ ကျွန်တော် တို့ ဒီနေ့ အဲ့တာ ကို လုပ်ဆောင် နိုင်ခဲ့ ကြ ပါတယ် ။ ခင်ဗျား ဟာ ခံစစ် ကစားသမား တစ်ဦး အနေ နဲ့ ကစား နေတယ် ဆိုရင် Clean Sheet ရယူ လိုနေ မှာ ပါပဲ ။ ကိုယ့် အသင်း က ကောင်လေး တွေ ကိုလည်း တိုက်စစ် လိုက်ပါ ကစား စေရင်း ဂိုးတွေ သွင်းယူ နိုင်ဖို့ မျှော်လင့် နေမှာ ပါပဲ ”

” ဘောလုံး လောက မှာတော့ တစ်ခါတလေ ကျတော့ ကျွန်တော် တို့ တွေဟာ ကစား ပုံ မကောင်းပဲ နိုင်ပွဲ ရရှိ တက် ကြပြီး တစ်ခါတလေ မှာတော့ ကစားပုံ ကောင်းမွန် ပေမယ့် ရှုံးနိမ့် တက်ကြ ပါတယ် ။ ဒါဟာ တစ်ချိန် မှာ မျှခြေ တစ်ခု ကို ရောက်ရှိ လာနိုင် မှာပါ ။ ကျွန်တော် တို့ ကတော့ ဒီ လမ်းကြောင်း အတိုင်း ဆက်သွား ရင်း မှန်ကန် တဲ့ အရာ တွေကို လုပ်ဆောင် နိုင်ဖို့ မျှော်လင့် နေကြ ပါတယ် ” လို့ ယန်းက ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် အသင်း ဟောင်းနဲ့ ရင်ဆိုင် ကစား ခဲ့တဲ့ ပွဲစဉ် မှာ ခြေစွမ်း ကောင်း ပြသရင်း အသင်းဖော် တိုက်စစ် ကစားသမား ဟောင်း တွေကို အကောင်းဆုံး ဟန့်တား သွားနိုင် ခဲ့တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွားယား ကို အက်ရှ်လေ ယန်းက အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” မန်နေဂျာ က သူ့ အကြောင်း တွေ ပြောသွား လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူ မရပ်မနား ပဲ ပြောသွား ခဲ့ ပါတယ် ။ ဟယ်ရီ ဟာ စစ်မှန် တဲ့ ခေါင်းဆောင် ကောင်း တစ်ယောက် ပါ ။ သူဟာ တစ်ကယ့် ကို ကောင်းမွန်စွာ လည်း ကစား ပေးနိုင် ပါတယ် ”

” ကျွန်တော် တို့ ကစား နေကြ တဲ့ ပုံစံ အရ ဆိုရင် ကျွန်တော် တို့ဟာ ဗဟို ခံစစ် နေရာ ကနေ ဘောလုံး ကို တည်ပြီး စတင် ကစား စေကြ ပါတယ် ။ ဒီ အတွက် အသင်းဖော် တိုင်းက သူ့ အပေါ် ယုံကြည်မှု တွေ ရှိကြ ပါတယ် ။ သူဟာ ဘယ်လို ကစား သမား လဲ ဆိုတာ ဒီနေ့ လည်း ပြသ ခဲ့ပြန် ပါတယ် ။ ခံစစ် ပိုင်း အရ ပြောမယ် ဆိုရင် ကျွန်တော် တို့ဟာ တစ်ကယ့် ကို ကောင်းမွန် တဲ့ ပွဲ တစ်ပွဲ ကစား ခဲ့ ကြတယ် လို့ ထင်မိ ပါတယ် ” လို့ ယန်းက အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar