Klopp

• အာဆင္နယ္ အသင္းေခါင္းေဆာင္ ခ်ာကာ ကေတာ့ သူတို႔အသင္းဟာ ၀က္ဖို႔ဒ္ ကို ေၾကာက္ေၾကာက္ရြံ႕ရြံ႕နဲ႔ ကစားခဲ့တယ္လို႔ မွတ္ခ်က္ေပးလိုက္ျပီး ၊ ကစားသမားေတြဟာ ေဘာလံုးေတာင္ လက္ခံခ်င္တဲ့ စိတ္မ်ိဳးမရွိခဲ့ဘူးလို႔ ၀န္ခံသြားခဲ့သြားခဲ့ပါတယ္။ အာဆင္နယ္ဟာ ပထမပို္င္းမွာ 2-0 နဲ႔ ဦးေဆာင္ခဲ့ေသာ္လဲ ၊ ဒုတိယပိုင္းမွာ ေခ်ပဂိုးေတြ ျပန္ေပးရျပီး ၊ အေ၀းကြင္း သေရ တစ္မွတ္ နဲ႔ သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။

• တစ္ခ်ိန္တည္းမွာပဲ အာဆင္နယ္ ေနာက္တန္း ကစားသမားေဟာင္းၾကီး မာတင္ ကီအြန္က အာဆင္နယ္ ရဲ႕ ဒုတိယပိုင္း ကစားပံုဟာ ေက်ာင္းသားေလးေတြ ကစားတာေလာက္ေတာင္ ၾကည့္မေကာင္းဘူးလို႔ ျပင္းျပင္းထန္ထန္ ထိုးႏွက္လုိက္သလုိ ၊ အမ္မရီ အေနနဲ႔ နည္းျပရထူး အတြက္ ဖင္ပူသင့္တဲ့ အခ်ိန္မ်ိဳး ေရာက္ေနျပီလို႔ သတိေပးသြားခဲ့ပါတယ္။

• မေန႔ညက ယွဥ္ျပိဳင္ ကစားခဲ့တဲ့ စီးရီးေအ ပြဲစဥ္မွာ ရိုုးမား အသင္းဟာ ဆတ္ဆူလုိ အသင္းကို 4-2 ရလာဒ္ နဲ႔ ျပတ္ျပတ္သားသား အႏိုင္ရရွိခဲ့ပါတယ္။ ရိုးမား အတြက္ တတိယေျမွာက္ သြင္းဂိုးကိုေတာ့ အာဆင္နယ္ ကေန အငွားနဲ႔ လာေရာက္ ကစားေပးေနတဲ့ ကြင္းလယ္ တိုက္စစ္ ကစားသမား မစ္ခီတာရန္ က သြင္းယူ ေပးသြားခဲ့တာ ျဖစ္ပါတယ္။

• မက္ဒရစ္ အေျခစိုက္ သတင္းစာ တစ္ေစာင္ ျဖစ္တဲ့ AS သတင္း မွာေတာ့ ဘာစီလိုနာ နဲ႔ ရီးရဲ မက္ဒရစ္ တို႔ဟာ လီဗာပူး နည္းျပ ကေလာ့ပ္ နဲ႔ ေနာက္တန္း ကစားသမား ဗန္ဒိုက္ တို႔ကို အတြဲလိုက္ ေခၚယူဖို႔ အတြက္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္လွ်က္ ရွိေနတယ္လို႔ ေဖာ္ျပ သြားခဲ့ ပါတယ္။

• ယူႏိုက္တက္ဟာ သူတို႔ရဲ႕ ဂိုးသမား ဒီဂီယာ ကို စာခ်ဳပ္သစ္ ကမ္းလွမ္းလုိက္ျပီ ျဖစ္ျပီး ၊ ပရီးမီးယားလိဂ္ ရဲ႕ လစာ အမ်ားဆံုး ဂိုးသမား ျဖစ္လာမယ့္ ပမာဏမ်ိဳး ျဖစ္တဲ့ အျပင္ ၊ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရယူႏိုင္ျခင္း မရွိပါက 25% ေလွ်ာ့ခ်မယ့္ အခ်က္အလက္ကိုလဲ ပယ္ဖ်က္ျပီး ထပ္မံ ကမ္းလွမ္းခဲ့တာ ျဖစ္တယ္လို႔ Times က အခိုင္အမာ ဆိုသြားခဲ့ပါတယ္။

• စပါး ကြင္းလယ္ ကစားသမား အဲရစ္ဆင္ ကလဲ ကလပ္အသင္းဘက္က ေနာက္ဆံုး ကမ္းလွမ္းထားခဲ့တဲ့ စာခ်ဳပ္သစ္ကို ထပ္မံ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ သူ႔ရဲ႕ ေအးဂ်င့္ ျဖစ္သူဟာ ရီးရဲ မက္ဒရစ္ တာ၀န္ရွိသူေတြ နဲ႔ ေတြ႔ဆံုလွ်က္ ရွိေနပါတယ္။

• ေကာလဟာလ သတင္းေတြမွာေတာ့ ရီးရဲ မက္ဒရစ္ဟာ ယူႏိုက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာကို ေခၚယူဖို႔ အတြက္ ၊ လက္ရွိ ဂ်ာမန္ ကြင္းလယ္ ကစားသမား တိုနီခရူး ကို အေျပာင္းအေရႊ႕ရဲ႕ အစိတ္အပိုင္း တစ္ခုအျဖစ္ အသံုးျပဳသြားဖြယ္ ရွိေနတယ္လို႔ ေရးသားေဖာ္ျပလွ်က္ ရွိေနပါတယ္။

• ယူႏိုက္တက္ ကြင္းလယ္ ကစားသမား မာတစ္ ကေတာ့ သူ႔အေနနဲ႔ နည္းျပ ဆိုးရွားရဲ႕ လက္ေအာက္မွာ အရံ ကစားသမားအျဖစ္ ပါ၀င္ ကစားေနရတဲ့ အပိုင္းကို သေဘာမက်ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အသင္းေျပာင္းဖြယ္ ရွိတဲ့ သတင္းေတြပါ ဆက္တုိက္ ေပၚထြက္လာခဲ့ျပီး၊ စီးရီးေအ ကလပ္ အမ်ားစုက သူ႔ကို ေခၚယူဖို႔ စိတ္၀င္စားလွ်က္ ရွိေနပါတယ္။

• လက္ရွိ ဘာစီလိုနာ အသင္းမွာ ေျခစြမ္း ျပလွ်က္ ရွိေနတဲ့ ဂီနီယာ ဘစ္ဆာအူ လူငယ္ ေတာင္ပံ ကစားသမားေလး အန္ဆူ ဖာတီကုိ စပိန္ လက္ေရြးစင္ နည္းျပ ေရာ္ဘတ္ မိုရီနို က သူ႔အသင္းအတြက္ ေရြးခ်ယ္ထားခ်င္တယ္လို႔ ထုတ္ေဖာ္ ေျပာဆုိလိုက္ပါတယ္။ စပိန္ ေဘာလံုး အဖြဲ႔ခ်ဳပ္ဟာ ကစားသမား အေနနဲ႔ စပိန္ အတြက္ကိုယ္စားျပဳ ကစားေပးဖို႔ စည္းရံုးေရးေတြ ဆင္းလွ်က္ ရွိေနပါတယ္။

• အိမ္ကြင္းမွာ လီဗန္ေတး ကို အႏိုင္ယူခဲ့တဲ့ ရီးရဲ မက္ဒရစ္ ရဲ႕ အသင္းေခါင္းေဆာင္ ရာမို႔စ္ ဟာလဲ အဲဒီပြဲစဥ္မွာ ဒဏ္ရာ ရရွိသြားတာေၾကာင့္ ၊ ဒီတစ္ပတ္မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္ ပီအက္စ္ဂ်ီ နဲ႔ ပြဲမွာ ပါ၀င္ ကစားေပးဖို႔ မေသခ်ာေသးပါဘူး။ ဒါေၾကာင့္ သူ႔ရဲ႕ ေနရာကို နာခ်ိဳ ဖာနန္ဒက္ နဲ႔ အစားထိုး ပြဲထြက္ လာဖြယ္ ရွိေနပါတယ္။

• ဘာစီလိုနာ ရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီဟာ အသင္းနဲ႔ ေလ့က်င့္ခန္း အစီအစဥ္ေတြ ျပန္လည္လုပ္ေဆာင္ေနျပီ ျဖစ္ပါတယ္။ သူဟာ ေပါင္ဒဏ္ရာ ေၾကာင့္ ရာသီအစ ကတည္းက အနားယူေနရသူ ျဖစ္ျပီး ၊ ခ်န္ပီယံလိဂ္ ပြဲစဥ္အျဖစ္ ေဒါ့မြန္ နဲ႔ ကစားမယ့္ပြဲမွာေတာ့ အသင္းအတြက္ စတင္ ပါ၀င္ ကစားေပးလာဖြယ္ ရွိေနပါတယ္။

• ပီအက္စ္ဂ်ီ အသင္းဟာ ရီးရဲမက္ဒရစ္ကို ရင္ဆိုင္ရာမွာ ေနမာ နဲ႔ ဘာေပတို႔ ပါ၀င္ႏိုင္ဖြယ္ မရွိပါဘူး။ ေနမာ ဟာ ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ ဒီပြဲကို လြဲေခ်ာ္ မွာ ျဖစ္ျပီး ၊ ဘာေပ ကေတာ့ အခ်ိန္မီ ဒဏ္ရာကေန သက္သာလာျခင္း မရွိတာေၾကာင့္ ဒီပြဲကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ တိုက္စစ္မႈး ကာဗာနီကလဲ ပြဲထြက္ ကစားသမား စာရင္းကေန ပါ၀င္လာဖြယ္ မရွိတာေၾကာင့္ အီကာဒီကပဲ တိုက္စစ္ကို ဦးေဆာင္လာႏိုင္သလုိ ၊ ဂိုးသမား နာဗက္ ကေတာ့ အသင္းေဟာင္းနဲ႔ ခ်က္ျခင္း ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

နံနက်ခင်း သတင်းတွေ နဲ့ ကလော့ပ် နဲ့ ဗန်ဒိုက် ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဘာစီလိုနာ နဲ့ ရီးရဲ
*************************

• အာဆင်နယ် အသင်းခေါင်းဆောင် ချာကာ ကတော့ သူတို့အသင်းဟာ ၀က်ဖို့ဒ် ကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ ကစားခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပြီး ၊ ကစားသမားတွေဟာ ဘောလုံးတောင် လက်ခံချင်တဲ့ စိတ်မျိုးမရှိခဲ့ဘူးလို့ ၀န်ခံသွားခဲ့သွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပထမပို်င်းမှာ 2-0 နဲ့ ဦးဆောင်ခဲ့သော်လဲ ၊ ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်ပေးရပြီး ၊ အဝေးကွင်း သရေ တစ်မှတ် နဲ့ သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

• တစ်ချိန်တည်းမှာပဲ အာဆင်နယ် နောက်တန်း ကစားသမားဟောင်းကြီး မာတင် ကီအွန်က အာဆင်နယ် ရဲ့ ဒုတိယပိုင်း ကစားပုံဟာ ကျောင်းသားလေးတွေ ကစားတာလောက်တောင် ကြည့်မကောင်းဘူးလို့ ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သလို ၊ အမ်မရီ အနေနဲ့ နည်းပြရထူး အတွက် ဖင်ပူသင့်တဲ့ အချိန်မျိုး ရောက်နေပြီလို့ သတိပေးသွားခဲ့ပါတယ်။

• မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ရိုုးမား အသင်းဟာ ဆတ်ဆူလို အသင်းကို 4-2 ရလာဒ် နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ ရိုးမား အတွက် တတိယမြှောက် သွင်းဂိုးကိုတော့ အာဆင်နယ် ကနေ အငှားနဲ့ လာရောက် ကစားပေးနေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မစ်ခီတာရန် က သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။

• မက်ဒရစ် အခြေစိုက် သတင်းစာ တစ်စောင် ဖြစ်တဲ့ AS သတင်း မှာတော့ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ဟာ လီဗာပူး နည်းပြ ကလော့ပ် နဲ့ နောက်တန်း ကစားသမား ဗန်ဒိုက် တို့ကို အတွဲလိုက် ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်လျှက် ရှိနေတယ်လို့ ဖော်ပြ သွားခဲ့ ပါတယ်။

• ယူနိုက်တက်ဟာ သူတို့ရဲ့ ဂိုးသမား ဒီဂီယာ ကို စာချုပ်သစ် ကမ်းလှမ်းလိုက်ပြီ ဖြစ်ပြီး ၊ ပရီးမီးယားလိဂ် ရဲ့ လစာ အများဆုံး ဂိုးသမား ဖြစ်လာမယ့် ပမာဏမျိုး ဖြစ်တဲ့ အပြင် ၊ ချန်ပီယံလိဂ် ၀င်ခွင့် ရယူနိုင်ခြင်း မရှိပါက 25% လျှော့ချမယ့် အချက်အလက်ကိုလဲ ပယ်ဖျက်ပြီး ထပ်မံ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ Times က အခိုင်အမာ ဆိုသွားခဲ့ပါတယ်။

• စပါး ကွင်းလယ် ကစားသမား အဲရစ်ဆင် ကလဲ ကလပ်အသင်းဘက်က နောက်ဆုံး ကမ်းလှမ်းထားခဲ့တဲ့ စာချုပ်သစ်ကို ထပ်မံ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အေးဂျင့် ဖြစ်သူဟာ ရီးရဲ မက်ဒရစ် တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံလျှက် ရှိနေပါတယ်။

• ကောလဟာလ သတင်းတွေမှာတော့ ရီးရဲ မက်ဒရစ်ဟာ ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ အတွက် ၊ လက်ရှိ ဂျာမန် ကွင်းလယ် ကစားသမား တိုနီခရူး ကို အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အသုံးပြုသွားဖွယ် ရှိနေတယ်လို့ ရေးသားဖော်ပြလျှက် ရှိနေပါတယ်။

• ယူနိုက်တက် ကွင်းလယ် ကစားသမား မာတစ် ကတော့ သူ့အနေနဲ့ နည်းပြ ဆိုးရှားရဲ့ လက်အောက်မှာ အရံ ကစားသမားအဖြစ် ပါ၀င် ကစားနေရတဲ့ အပိုင်းကို သဘောမကျဘူးလို့ ပြောဆိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အသင်းပြောင်းဖွယ် ရှိတဲ့ သတင်းတွေပါ ဆက်တိုက် ပေါ်ထွက်လာခဲ့ပြီး၊ စီးရီးအေ ကလပ် အများစုက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလျှက် ရှိနေပါတယ်။

• လက်ရှိ ဘာစီလိုနာ အသင်းမှာ ခြေစွမ်း ပြလျှက် ရှိနေတဲ့ ဂီနီယာ ဘစ်ဆာအူ လူငယ် တောင်ပံ ကစားသမားလေး အန်ဆူ ဖာတီကို စပိန် လက်ရွေးစင် နည်းပြ ရော်ဘတ် မိုရီနို က သူ့အသင်းအတွက် ရွေးချယ်ထားချင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ စပိန် ဘောလုံး အဖွဲ့ချုပ်ဟာ ကစားသမား အနေနဲ့ စပိန် အတွက်ကိုယ်စားပြု ကစားပေးဖို့ စည်းရုံးရေးတွေ ဆင်းလျှက် ရှိနေပါတယ်။

• အိမ်ကွင်းမှာ လီဗန်တေး ကို အနိုင်ယူခဲ့တဲ့ ရီးရဲ မက်ဒရစ် ရဲ့ အသင်းခေါင်းဆောင် ရာမို့စ် ဟာလဲ အဲဒီပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားတာကြောင့် ၊ ဒီတစ်ပတ်မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် ပီအက်စ်ဂျီ နဲ့ ပွဲမှာ ပါ၀င် ကစားပေးဖို့ မသေချာသေးပါဘူး။ ဒါကြောင့် သူ့ရဲ့ နေရာကို နာချို ဖာနန်ဒက် နဲ့ အစားထိုး ပွဲထွက် လာဖွယ် ရှိနေပါတယ်။

• ဘာစီလိုနာ ရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သူဟာ ပေါင်ဒဏ်ရာ ကြောင့် ရာသီအစ ကတည်းက အနားယူနေရသူ ဖြစ်ပြီး ၊ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဒေါ့မွန် နဲ့ ကစားမယ့်ပွဲမှာတော့ အသင်းအတွက် စတင် ပါ၀င် ကစားပေးလာဖွယ် ရှိနေပါတယ်။

• ပီအက်စ်ဂျီ အသင်းဟာ ရီးရဲမက်ဒရစ်ကို ရင်ဆိုင်ရာမှာ နေမာ နဲ့ ဘာပေတို့ ပါ၀င်နိုင်ဖွယ် မရှိပါဘူး။ နေမာ ဟာ ပွဲပယ် ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော် မှာ ဖြစ်ပြီး ၊ ဘာပေ ကတော့ အချိန်မီ ဒဏ်ရာကနေ သက်သာလာခြင်း မရှိတာကြောင့် ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှုး ကာဗာနီကလဲ ပွဲထွက် ကစားသမား စာရင်းကနေ ပါ၀င်လာဖွယ် မရှိတာကြောင့် အီကာဒီကပဲ တိုက်စစ်ကို ဦးဆောင်လာနိုင်သလို ၊ ဂိုးသမား နာဗက် ကတော့ အသင်းဟောင်းနဲ့ ချက်ခြင်း ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR