ဂျာမဏီ က မိနစ် ၂၀ အတွင်း မှာ ၂ ဂိုးသွင်းပြီး ပွဲကို ဦးဆောင် နေခဲ့ ပေမယ့် ၈၅ နဲ့ မိနစ် ၉၀ တွေ မှာ နယ်သာလန် က ချေပဂိုး ၂ ဂိုးပြန် သွင်းပြီး သရေ ရလဒ် ကို ယူဆောင် ကာ ဂျာမဏီ ကို တန်းဆင်း စေခဲ့ပြီး သူတို့ အသင်း ကတော့ ဖိုင်နယ် အဆင့် ကို တက်လှမ်း သွားခဲ့ ပါတယ် ။
ဒါ့အပြင် ဖရန်ကီ ဒီဂျောင် ၊ ၀ိုင်နယ်ဒမ် ၊ ဘာ့ဂ်ျဝင်း နဲ့ မမ်းဖစ် ဒီပိုင်း တို့ ပါဝင် လာဖို့ သေချာ သလောက် ရှိ နေပြီး ဖူလ်ဟမ် တောင်ပံ ကစား သမား ရိုင်ယန် ဘာဘယ် လည်း ပါဝင် လာနိုင် ပါတယ် ။
ကလပ် အသင်းတွေ ကင်းကွာနေစဉ်မှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့် ပွဲကောင်းတစ်ပွဲ
=========================================
နိုင်ငံ တကာပွဲစဉ် တွေ က ဥရောပ ဘောလုံး ပြိုင်ပွဲ ရဲ့ အရှိန် ကို တန့်စေ ခဲ့သလို ဘောလုံး ချစ် ပရိသတ်ကြီး တွေ ကို လည်း ဆယ်ရက် လောက် ပျင်းရိစေ ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ ည မှာတော့ ဘောလုံး ပရိသတ်ကြီး တို့ စိတ်ဝင် စား စေမယ့် ပွဲ ကောင်း တစ်ပွဲ ရှိ နေ ပါတယ် ။ အဲ့ဒါ တော့ နယ်သာလန် နဲ့ ဂျာမဏီ တို့ ရဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲ ပွဲစဉ် ပါပဲ ။
ဒီပွဲ ဟာ ဥရောပ ရဲ့ ထိပ်သီး အသင်း ၂ သင်း ရင်ဆိုင် တွေ့ဆုံ တဲ့ ပွဲ သာမက ခဲ့ ပါဘူး ။ ပြီးခဲ့တဲ့ ဥရောပ နေးရှင်း လိဂ် က ကိစ္စ ရပ်တွေ ကလည်း ယခု ည ပွဲ ကို ပိုမို အရှိန် ပြင်းထန် စေ မှာ သေချာ ပါတယ် ။
UEFA က ယခုနှစ် မှာ ပထမ ဆုံး စတင် ကျင်းပ ခဲ့တဲဲဲ့ ဥရောပ နေရှင်းလိဂ် ရဲ့ ပထမ အဆင့် လိဂ် ၊ အုပ်စု အေ မှာ ဂျာမဏီ ဟာ နယ်သာလန် ၊ ပြင်သစ် တို့ နဲ့ အတူ ကျရောက် ခဲ့ ပါတယ် ။ အုပ်စု ပွဲစဉ် တွေ ပြီးဆုံး ချိန် မှာတော့ နယ်သာလန် က ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ ဖလား ချန်ပီယံ တွေ ကို ကျော်ဖြတ် ကာ ဖိုင်နယ် အဆင့် ကို တက်လှမ်း သွားခဲ့ ပါတယ် ။
အုပ်စု တွင်း အရှက် ရခဲ့ တာ ကတော့ ဂျာမဏီ ဖြစ်ပြီး တစ်ပွဲ မှ မနိုင် ခဲ့ဘဲ အုပ်စု တတိယ ရခဲ့ တာ ကြောင့် ဒုတိယ အကြိမ် ကျင်းပမယ့် ပြိုင်ပွဲ မှာ ဒုတိယ အဆင့် လိဂ် ကို တန်းဆင်း ကစား ရတော့ မှာပဲ ဖြစ် ပါတယ် ။
ဂျာမဏီ ဟာ နယ်သာလန် ကွင်း မှာ သွားရောက် ကစားခဲ့ စဉ် က ၃ ဂိုးပြတ် ရှုံးနိမ့် ခဲ့ပြီး အရှက်ကွဲ ခဲ့ရ ပါတယ် ။ အုပ်စု နောက် ဆုံး ပွဲမှာ တော့ သူတို့ ၂ သင်း ဂျာမန်မြေ ပေါ်မှာ ရင်ဆိုင်တွေ့ ခဲ့ကြပြီး တန်းမဆင်း ရဖို့ ဂျာမဏီ က အနိုင် ကစားဖို့ လိုအပ် နေခဲ့ ပါတယ် ။
ဂျာမဏီ က မိနစ် ၂၀ အတွင်း မှာ ၂ ဂိုးသွင်းပြီး ပွဲကို ဦးဆောင် နေခဲ့ ပေမယ့်် ၈၅ နဲ့ မိနစ် ၉၀ တွေ မှာ နယ်သာလန် က ချေပဂိုး ၂ ဂိုးပြန် သွင်းပြီး သရေ ရလဒ် ကို ယူဆောင် ကာ ဂျာမဏီ ကို တန်းဆင်း စေခဲ့ပြီး သူတို့ အသင်း ကတော့ ဖိုင်နယ် အဆင့် ကိုု တက်လှမ်း သွားခဲ့ ပါတယ် ။
ဒီ လို အကျိတ် အနယ် ယှဉ်ပြိုင် ခဲ့ကြ တဲ့ ၂ သင်း ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ရဲ့ ခြေစစ် ပွဲ အဆင့် မှာလည်း အုပ်စု တစ်ခု တည်း ကျရောက် နေခဲ့ ပါတယ် ။
နယ်သာလန် အသင်း ဘက် မှာ ညာနောက် ခံလူ ကန်နီ တီတီ ဟာ ဒဏ်ရာ ကြောင့် လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့ တာ ကြောင့် ဟိတ်ဘိုးဝါး ကို အစားထိုး ခေါ်ယူ ထားခဲ့ ပါတယ် ။ ဘိုးဝါး ဟာ ယနေ့ ည မှာ ဗန်ဒိုက် ၊ ဒီလိုက် ၊ ဘလင်း တို့ နဲ့ အတူ ပွဲထွက် လာဖို့ ရှိနေ ပါတယ် ။
ဒါ့အပြင် ဖရန်ကီ ဒီဂျောင် ၊ ၀ိုင်နယ်ဒမ် ၊ ဘာ့ဂျ်ဝင်း နဲ့ မမ်းဖစ် ဒီပိုင်း တို့ ပါ၀င် လာဖို့ သေချာ သလောက် ရှိ နေပြီး ဖူလ်ဟမ် တောင်ပံ ကစား သမား ရိုင်ယန် ဘာဘယ် လည်း ပါ၀င် လာနိုင် ပါတယ် ။
ဂျာမဏီ အသင်း ဘက် မှာ တော့ လူးကပ် ကိုစတာမန်း ဒဏ်ရာ ကြောင့် မပါ၀င် တော့ ဘဲ ၀ါဒါ ဘရီမင် ကစား သမား မက်ဆီမီလီယန် အက်ဂီစတိန်း ပါ၀င် လာဖို့ ရှိနေ ပါတယ် ။ ဂျာမဏီ ဟာ တိုက်စစ်မှုး နေရာမှာ တီမို ၀ါနာ ကို အသုံးပြု နေပြီး ဆာနေး ၊ ဟာဗတ်ဇ် ၊ ဘရန့် ၊ ကင်မစ်ချ် ၊ ဂန်ဒိုဂန် တို့ လို စီနီယာ ကစား သမားတွေ ပါ၀င် လာဖို့ ရှိနေ ပါတယ် ။
ပွဲချိန် ကတော့ တနင်္လာနေ့ နံနက် ၂း၁၅ နာရီ ဖြစ် ပါတယ် ။ ပွဲကောင်းတွေ ကြိုက်နှစ် သက်တတ် တဲ့ ပရိသတ်ကြီးတို့ စောင့်မျှော် ကြည့်ရှု အားပေးနိုင် ပါကြောင်း သတင်း ကောင်း ပါးလိုက် ရပါတယ် ခင်ဗျာ . .