#SPORTMYANMAR
Unicode
၂ဂိုးအသာအနေအထားကနေ အမှတ်ခွဲပေးလိုက်ရတဲ့ ဝက်ဖို့ဒ်နဲ့ပွဲအပေါ် အသီးသီးမှတ်ချက်ပေးလိုက်တဲ့အူဘာမီယန် နဲ့ ဆိုကရေးတစ်
=================================
ယမန်နေ့ညပိုင်း မှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်ဖို့ဒ် အသင်းနဲ့ အာဆင်နယ် တို့ ၂ဂိုးစီသရေကျခဲ့ပါတယ်။ဒီပွဲမှာ ဧည့်သည် အာဆင်နယ် အသင်းက ပထမပိုင်းမှာ ၀-၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးတွေပြန်ပေးခဲ့ရတာဖြစ်ပါတယ်။
လာကာဇက်ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ လို့ အူဘာမီယန်ကအထောင် တိုက်စစ်မှူး စစ် စစ် အဖြစ်ပါဝင်ကစားသွားခဲ့ပြီး ထုံးစံအတိုင်းဂိုးမြူးခဲ့တာဖြစ်ပါတယ်။သူဟာဒီရာသီမှာအာဆင်နယ်အတွက် လိဂ်ဂိုး ၅ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ဒါပေမယ့်ဒီဂါဘွန် သားရဲ့ ကြိုးစားအားထုတ်မှုတွေ ဟာ ဒုတိယပိုင်းမှာပေးလိုက်ရတဲ့ ချေပဂိုးတွေကြောင့်အရာမထင်သလိုဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ဒီအတွက် တော့ ဘယ်သူ့ကို မှ အပြစ်မတင်ချင်ဘူး လို့ အူဘာမီယန်က ဆိုသွားခဲ့ပါတယ်။
Canal + နဲ့ အင်တာဗျူးမှာ အူဘာမီယန်က – ” ဒါမျိုးဖြစ်လာမယ်လို့ ကျွန်တော်တုုိ့ မမျှော်လင့်ထားခဲ့ကြဖူးဆိုတာ အသိသာကြီးပဲဖြစ်ပါတယ်။ရည်ရွယ်ချက်ကောင်းတွေနဲ့ သူတို့ အသင်းပြန်လာနိုင်ဖို့ကြိုးစားသွားနိုင်တယ်ဆိုတာကို လည်းသိနားလည်ခဲ့ကြပါတယ်။ဒုတိယပိုင်းမှာ သူတို့ဒါကိုပြသခဲ့ပါတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ သူတို့ကို ကောင်းကောင်းမတုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဟာပြိုင်ဘက်ကို ခပ်လွယ်လွယ်ဂိုးတွေပေးနေသလိုဖြစ်ခဲ့ပါတယ်။ဒီအပိုင်းကိုတိုးတက်အောင်လုပ်ဖို့က ကျွန်တော်တို့ အပေါ်ကို ပဲ မူတည်တာဖြစ်ပါတယ်။
ကျွန်တော်ကတော့ ဘယ်သူတဦးတကေ်ကိုမှ လက်ညှိုးမထိုးချင်တော့ပါဘူး။ကျွန်တော်တို့လို တိုက်စစ်ကစားသမားတွေ အနေနဲ့ လည်း တတိယမြောက်သွင်းဂိုးကို သွင်းယူပြီးပွဲကို အဆုံးသတ်နိုင်ခဲ့သင့်တယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။ဒါကြောင့်လည်း တစုံတယောက်ရဲ့အမှားလို့ ကျွန်တော်ပြောမှာမဟုတ်ပါဘူး။
ကျွန်တော်တို့ပေးလိုက်ရတဲ့ချေပဂိုးတွေကတော့ စိတ်ပျက်ရှက်ရွ့ံဖို့ကောင်းပါတယ်။လာကာဇက် အနားယူရဖို့ရှိနေတာက ကျွန်တော်တို့ကို ထိခိုက်စေခဲ့တယ်လို့ ထင်ပါတယ်။ဒီလိုပွဲမျိုးမှာ သူယူဆောင်ပေးနိုင်တဲ့ အရာတွေအများကြီးရှိတယ်ဆိုတာ ကျွန်တော်တုုိ့အားလုံးသိကြပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ဒုတိယပိုင်း စတင်ပြီးမကြာခင်မှာ ဆိုးရွားတဲ့ သူ့ရဲ့ ဘောလုံးပေးပို့မှု အမှားကနေ ပထမချေပဂိုးပေးခဲ့ရတဲ့ အတွက် တာဝန်ယူသွားမှာဖြစ်တယ်လို့ ခံစစ်မှူး ဆိုကရေးတစ်ကဆိုသွားခဲ့ပါတယ်။သူ့ရဲ့ အမှားအတွက် လည်း အာဆင်နယ် ပရိသတ်တွေကိုတောင်းပန်လိုကြောင်း ပြောသွားခဲ့ပါတယ်။
ပွဲအပြီး အင်တာဗျူးတခုမှာ ဆိုကရေးတစ်က – ” ဒီနေ့ ပွဲရလဒ်က ကျွန်တော်တို့ အတွက် မကောင်းခဲ့ပါဘူး။ဒီရာလဒ်အတွက် ကျွန်တော် တာဝန်ယူသင့်တယ်လို့ လည်း ခံစားရပါတယ်။ဒါကြောင့် လည်း အားလုံးကို ကျွန်တော် တောင်းပန်စကားပြောချင်ပါတယ်။
ကျွန်တော်ဟာ အပြစ်တခုကျူးလွန်ပြီး မရှောင်ပုန်းချင်ပါဘူး။ကျွန်တော်တို့ အသင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းတွေကိုရောက်ရှိနိုင်ဖို့ အတွက် ကျွန်တော်ဆက်ပြီးကြိုးစားနေမှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဗဟိုခံစစ်မှူး ၂ဦးရဲ့ တဦးချင်း အမှား၂ကြိမ်ကနေ ချေပဂိုးတွေပြန်ပေးခဲ့ရတာဖြစ်ပြီး ဒုတိယမြောက်ချေပဂိုးမှာ ဒေးဗစ်လုစ်ရဲ့ ဘောလုံးဖျက်ထုတ်မှု ဆိုးရွားတဲ့ ပုံစံကနေ ရရှိခဲ့တဲ့ ပင်နယ်တီကို ပီရဲယားက အဆုံးသတ်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
#SPORTMYANMAR