











#Sports_Myanmar

Unicode

ယူနိုက်တက်မှာ နေရာရနေတဲ့ လူငယ်လေးတွေ အကြောင်း ၊ ပွဲထွက် ကစားခွင့် ဆုံးရှုံးရတဲ့ ခံစားချက် အကြောင်း ဖွင့်ပြော သွားတဲ့ #မာတစ်

==================

မန်ချက်စတာ ယူနိုက်တက် ရဲ့ အကယ်ဒမီထွက် ကစားသမား လေး ဖြစ်တဲ့ မက် တော်မီနေး ဟာ ယခက် နည်းပြ ဟိုဆေး မော်ရင်ဟို လက်ထက် ကတည်းက အသင်း မှာ ပွဲထွက် ကစား ခွင့်တွေ များစွာ ရရှိ လာခဲ့ သူ ဖြစ်ပြီး လက်ရှိ ရာသီ မှာတော့ နည်းပြ ဆိုးလ်ရှား ရဲ့ အဓိက ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး ဖြစ်လာ ခဲ့ ပါတယ် ။

အခုတော့ အသက် 22 နှစ်သာ ရှိနေ သေးတဲ့ ကစားသမား လေးဟာ ပွဲထွက် ကစား ခွင့် တွေနဲ့ အတူ ယုံကြည် မှု တွေလည်း တိုးတက် ကောင်းမွန် နေခဲ့ပြီး ခြေစွမ်း ကောင်းလည်း ပြသ နိုင်ခဲ့ ပါတယ် ။ အထူးသဖြင့် ကွင်းထဲ မှာ ခေါင်းဆောင် ကောင်း တစ်ဦး ရဲ့ အရည်အသွေး တွေ ပြသ နိုင်ခဲ့ ခြင်းကို ပရိသတ် တွေ ပိုမို နှစ်သက် ခဲ့ကြ ပါတယ် ။

အခုတော့ လက်စတာ နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း ဒီ ရာသီ အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစား ခွင့် ရရှိ ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က အသင်း ရဲ့ ကွင်းလယ် ထဲ လူငယ် ကစားသမား လေးရဲ့ အရေး ပါပုံ ၊ အသက် ငယ်ရွယ် သေး ပေမယ့် အရည်အသွေး ကောင်းတွေ ရှိနေ ပုံ အကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” ခင်ဗျား ဟာ အသက် 18 နှစ်လား ၊ အသက် 35 နှစ်လား ဆိုတာ ကိစ္စ မဟုတ် ပါဘူး ။ ခင်ဗျား ဟာ အသင်း တစ်သင်း အတွက် ပွဲထွက် ကစား ခွင့် ရရှိ နေတယ် ဆိုရင် ခင်ဗျား ဟာ အဲ့ဒီ နေရာ နဲ့ ထိုက်တန် နေလို့ ပါပဲ လို့ ကျွန်တော် ယူဆ ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် ဟာ အကယ်ဒမီ မှာ ကြီးပြင်း လာတဲ့ ကစားသမား တွေကို နေရာ ပေး နေတဲ့ အသင်း တစ်သင်း ပါ ။ ဒါဟာ ကောင်းမွန် ပါတယ် ၊ ဘာဖြစ် လို့လဲ ဆိုတော့ အသင်း ကြီး အများစု မှာ အကယ်ဒမီ ထွက် ကစားသမား တွေဟာ အခွင့် အရေး ရတာ နည်းပါး လှလို့ ပါပဲ ”

” အထူး သဖြင့် အသင်း ကြီး တွေမှာ ရလဒ် ကောင်းဖို့ ဆိုတဲ့ ဖိအား တွေ အမြဲတမ်း ရှိ နေတယ် လေ ။ ဒီ ရာသီ အတွင်း မှာ တော့ အသင်း အတွက် ကြီးမား တဲ့ အဆင့် တွေမှာ ဝင်ရောက် ကစား ပေးဖို့ ဘယ်သူ တွေ အဆင်သင့် ဖြစ်နေ ကြ သလဲ ဆိုတာ ကျွန်တော် တို့ မြင်တွေ့ နိုင် ပါတယ် ။ ကျွန်တော် သူတို့ လေးတွေ အတွက် တစ်ကယ် ပဲ ပျော်ရွှင် ပါတယ် ”

” ကျွန်တော် ဟာ ကွင်းထဲ မှာ လူငယ် ကစားသမား လေးတွေ ကို မြင်တွေ ရတာ နှစ်သက် လှသူ တစ်ဦး ပါ ။ သူတို့ တွေဟာ လက်ကျန် ရာသီ အတွင်း အသင်း အတွက် သစ်လွင် တဲ့ လန်းဆန်း တက်ကြွ မှုတွေ ၊ ခွန်အား တွေကို ယူဆောင် ပေးနိုင် ကြဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ” လို့ မာတစ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မာတစ် ဟာ ဒီ ရာသီ မှာ ယူနိုက်တက် ရဲ့ ဦးစားပေး ပွဲထွက် ကစားသမား စာရင်း ထဲ မပါဝင် နိုင် ခဲ့တဲ့ အတွက် စိတ်ပျက် နေခဲ့ ပေမယ့် ဒီ အကြောင်း အရာ နဲ့ ပတ်သက် လို့ နည်းပြ ဆီကို စောဒက တက်သွား မှာ မဟုတ် ကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သေချာတာ ပေါ့ ၊ ကျွန်တော် ပွဲတွေ ကစား ချင် ပါတယ် ။ ကျွန်တော့် ရဲ့ အသင်း အတွက် အမြဲတမ်း အကောင်းဆုံး ဖြစ်နိုင် ဖို့ အားထုတ် ကြိုးစား လိုခဲ့ ပါတယ် ။ ဒါပေမယ့် အသင်း ရဲ့ လူ စာရင်း ကို နည်းပြ က ရွေးချယ် တာပါ ။ ခင်ဗျား အရံခုံ ပေါ် ရောက် နေမယ် ဆိုရင် ပျော်ရွှင် နိုင်မှာ မဟုတ်ဘူး လေ ”

” ကျွန်တော် ကတော့ သူ ( ဆိုးလ်ရှား ) း စိတ်ပြောင်း လာဖို့ ၊ ကျွန်တော့်ကို ပွဲ ကစား ခွင့်တွေ ပေးဖို့ အတွက် အတက် နိုင်ဆုံး ကြိုးစား နေ ပါတယ် ။ ဘောလုံး ရာသီ က ရှည်လျား လှ ပါတယ် ။ ဒီ အတွက် ကျွန်တော် အဆင်သင့် ပါပဲ ”

” လွန်ခဲ့တဲ့ 10 နှစ် အတွင်း ကျွန်တော် ဟာ အဆင့် မြင့်တဲ့ ပြိုင်ပွဲ တွေမှာ အမြဲ ပါဝင် ကစား ခဲ့ ရပြီး အကောင်းဆုံး လုပ်ပြ ခဲ့ ပါတယ် ။ ကျွန်တော့် ကို ကျွန်တော် အသင်း ရဲ့ အဓိက ကစား သမား တစ်ဦး အဖြစ် ခံယူ ထားတယ် လေ ။ ကျွန်တော် ဟာ လေ့ကျင့်ရေး ကွင်းနဲ့ ပွဲစဉ် တွေမှာ ကျွန်တော့် ရဲ့ အရည်အသွေး တွေကို ပြသ နိုင်ဖို့ အမြဲတမ်း ကြိုးစား လေ့ ရှိတက် ပါတယ် ။ ကျွန်တော် ကတော့ ဒီလို ပဲ နေရာ တစ်ခု အတွက် တိုက်ပွဲ ဝင်နေ ခဲ့တာ ပါ ” လို့ မာတစ် က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar