ဗလင္စီယာ နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ အတြက္ လူငယ္ ကစားသမား ေတြကို ပြဲထုတ္ေပးဖို႕ အသင့္ျဖစ္ ၊ မျဖစ္ ေျပာျပလိုက္တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ဟာ မနက္ျဖန္ ည ၁နာရီခြဲ အခ်ိန္ မွာ ယခုႏွစ္ အတြက္ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ အဖြင့္ ပြဲစဥ္ အျဖစ္ လာလီဂါ ကလပ္ ဗလင္စီယာ အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစား သြားရမွာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ယူရိုပါလိဂ္ သာ ကစားခြင့္ ရခဲ့ေပမယ့္ ရာသီကုန္ မွာ အဆင့္ ၃ ေနရာ မွာ ရပ္တည္ ခဲ့သလို ၊ ယူရိုပါလိဂ္ ခ်န္ပီယံဆု ကိုလည္း ဆြတ္ခူး ခဲ့တာေၾကာင့္ တႏွစ္အၾကာ မွာပဲ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ သို႕ ျပန္ျပီး ဝင္ေရာက္ လာႏိုင္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ခံ ထားရတာေၾကာင့္ ခါတိုင္းႏွစ္ ေတြထက္ေတာ့ ထိပ္တန္း ကစားသမားေကာင္း ေတြ အနည္းငယ္ နည္းပါး ေနေပမယ့္ နည္းျပသစ္ ဖရန္႕ လမ္းပတ္ လက္ေအာက္ မွာ လူငယ္ ၾကယ္ပြင့္ ကစားသမားေကာင္း ေတြ ထြန္းေတာက္ လို႔ လာခဲ့ပါတယ္ ။

အထူးသျဖင့္ လက္ရွိ မွာ အကယ္ဒမီ ထြက္ ကစားသမား ေတြ ျဖစ္ၾကတဲ့ တမ္မီ ေအဘရာဟမ္ ၊ ေမဆင္ေမာင့္ ၊ ဖီကာယို တိုမိုရီ တို႕ဟာ ဒီႏွစ္ ခ်ယ္လ္ဆီး အသင္း ရဲ႕ ပရီးမီးယားလိဂ္ သြင္းဂိုး အားလံုး ကို ရယူ ထားခဲ့ ႏိုင္ကာ ဒါဟာ အလြန္ပဲ ထူးျခားတဲ့ အခ်က္ တခ်က္ အျဖစ္ တည္ရွိ ေနပါတယ္ ။ ထို႕အျပင္ ယင္း လူငယ္ အစုအဖြဲ႕ ဟာလည္း သူတို႕ရဲ႕ အိပ္မက္ တခုလို႕ ဆိုရမယ့္ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ကိုလည္း စတင္ ကစားခြင့္ ရရွိေတာ့မွာ ျဖစ္ပါတယ္ ။

မေန႕က သတင္းေထာက္ ေတြနဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ လမ္းပတ္ က သူ႕ အေနနဲ႕ လူငယ္ ကစားသမား ပဲ ျဖစ္ျဖစ္ ၊ စီနီယာ ကစားသမား ပဲ ျဖစ္ျဖစ္ ၊ တကယ္ အရည္အခ်င္း ရွိျပီး အသင္း အတြက္ ေပးဆပ္ ကစား ႏိုင္တဲ့ ကစားသမား ေတြကို အခြင့္အေရး ေပးဖို႕ ၊ ပြဲထုတ္ ေပးဖို႕ လက္တြန္႕ ေနမွာ မဟုတ္ဘူး လို႕ ေျပာၾကား ခဲ့ပါတယ္ ။

လမ္းပတ္ က ” ကြ်န္ေတာ့ အေနနဲ႕ ခ်န္ပီယံလိဂ္ မွာလည္း အသက္အရြယ္ ခဲြျခားျပီး ကစားသမား ေတြကို ေျပာင္းလဲ အသံုးျပဳမွာ မဟုတ္ပါဘူး ။ ဘာေၾကာင့္လဲ ဆိုေတာ့ လက္ရွိ အသင္း က လူငယ္ ကစားသမား ေတြဟာ အသင္းၾကီး မွာ ဝင္ဆံ့ ႏိုင္တယ္ ၊ ခ်ယ္လ္ဆီး အတြက္ ကစား ေပးဖို႕ ယံုၾကည္မႈ အျပည့္ ရွိတယ္ ဆိုတာ ျပသထားျပီးတဲ့ အတြက္ေၾကာင့္ပါ ။ ကြ်န္ေတာ့ အတြက္ ပြဲထြက္ ကစားသမား ေရြးခ်ယ္မႈ က လြယ္ကူပါတယ္ ။ သူတို႕ရဲ႕ စြမ္းေဆာင္ရည္ နဲ႕ ၾကိဳးစားမႈ ေတြကို ၾကည့္ျပီး ပြဲထြက္ခြင့္ ေပးသြားမွာပါ ။ ”

” လူငယ္ေလး ေတြရဲ႕ ယံုၾကည္မႈ နဲ႕ တိုးတက္ေနတဲ့ အခိုက္အတန္႕ ကေတာ့ အရမ္း အားရ စရာ ေကာင္းေနပါတယ္ ။ ဒါေပမယ့္ အထြတ္အထိပ္ ေရာက္ေလာက္တဲ့ အထိေတာ့ မဟုတ္ေသးပါဘူး ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ၊ ဒီလို လူငယ္ ကစားသမား ေတြ အသင္းလိုက္ ကစားပံု ေကာင္းေကာင္း နဲ႕ အခ်ိတ္အဆက္ မိမိ ကစားလာႏိုင္တာကို က ကြ်န္ေတာ့ ကို စိတ္ခ်မ္းသာ ေစပါတယ္ ။ ”

 

” ေနာက္ထပ္ ကြ်န္ေတာ္ တို႕ အသင္းမွာ လိုအပ္ ေနတာေတြက Clean Sheet ေတြပါ ။ အဲ့ဒီ အတြက္ ကြ်န္ေတာ္ တို႕ ဆက္လက္ ၾကိဳးစား သြားမွာပါ ။ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ဆိုတာ ကမၻာ့ ေဘာလံုးေလာက အလယ္ က အျမင့္မားဆံုး ျပိဳင္ပြဲ တခုပါ ။ ဒါေၾကာင့္မို႕ ေမဆင္ ( ေမာင့္ ) ၊ ဖီကာယို ( တိုမိုရီ ) ၊ တမ္မီ ( ေအဘရာဟမ္ ) တို႕ အားလံုး ဒီ ျပိဳင္ပြဲ အတြက္ အခုကတည္းက စိတ္လႈပ္ရွား ေနမယ္ လို႕ ထင္ပါတယ္ ။ ”

” အသင္း က ကစားသမား ေတြလည္း ခ်န္ပီယံလိဂ္ ကစားခြင့္ မရခဲ့တဲ့ တႏွစ္ အၾကာမွာ အခုလို ျပန္ကစားခြင့္ ရလာေတာ့ အေတာ္ေလး စိတ္အား ထက္သန္ ေနၾကမယ္ လို႕ ယံုၾကည္ပါတယ္ ။ ကြ်န္ေတာ္ ကိုယ္တိုင္လည္း မန္ေနဂ်ာ ဘဝ ရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ပြဲစဥ္ ကို ကိုင္တြယ္ဖို႕ အတြက္ ေမွ်ာ္လင့္ ေစာင့္စား ေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ဗလင်စီယာ နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အတွက် လူငယ် ကစားသမား တွေကို ပွဲထုတ်ပေးဖို့ အသင့်ဖြစ် ၊ မဖြစ် ပြောပြလိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည ၁နာရီခွဲ အချိန် မှာ ယခုနှစ် အတွက် ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် အဖြစ် လာလီဂါ ကလပ် ဗလင်စီယာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား သွားရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ယူရိုပါလိဂ် သာ ကစားခွင့် ရခဲ့ပေမယ့် ရာသီကုန် မှာ အဆင့် ၃ နေရာ မှာ ရပ်တည် ခဲ့သလို ၊ ယူရိုပါလိဂ် ချန်ပီယံဆု ကိုလည်း ဆွတ်ခူး ခဲ့တာကြောင့် တနှစ်အကြာ မှာပဲ ချန်ပီယံလိဂ် ပြိုင်ပွဲ သို့ ပြန်ပြီး ဝင်ရောက် လာနိုင်ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတာကြောင့် ခါတိုင်းနှစ် တွေထက်တော့ ထိပ်တန်း ကစားသမားကောင်း တွေ အနည်းငယ် နည်းပါး နေပေမယ့် နည်းပြသစ် ဖရန့် လမ်းပတ် လက်အောက် မှာ လူငယ် ကြယ်ပွင့် ကစားသမားကောင်း တွေ ထွန်းတောက် လို့ လာခဲ့ပါတယ် ။

အထူးသဖြင့် လက်ရှိ မှာ အကယ်ဒမီ ထွက် ကစားသမား တွေ ဖြစ်ကြတဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် ၊ ဖီကာယို တိုမိုရီ တို့ဟာ ဒီနှစ် ချယ်လ်ဆီး အသင်း ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အားလုံး ကို ရယူ ထားခဲ့ နိုင်ကာ ဒါဟာ အလွန်ပဲ ထူးခြားတဲ့ အချက် တချက် အဖြစ် တည်ရှိ နေပါတယ် ။ ထို့အပြင် ယင်း လူငယ် အစုအဖွဲ့ ဟာလည်း သူတို့ရဲ့ အိပ်မက် တခုလို့ ဆိုရမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲ ကိုလည်း စတင် ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ် ။

မနေ့က သတင်းထောက် တွေနဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ လမ်းပတ် က သူ့ အနေနဲ့ လူငယ် ကစားသမား ပဲ ဖြစ်ဖြစ် ၊ စီနီယာ ကစားသမား ပဲ ဖြစ်ဖြစ် ၊ တကယ် အရည်အချင်း ရှိပြီး အသင်း အတွက် ပေးဆပ် ကစား နိုင်တဲ့ ကစားသမား တွေကို အခွင့်အရေး ပေးဖို့ ၊ ပွဲထုတ် ပေးဖို့ လက်တွန့် နေမှာ မဟုတ်ဘူး လို့ ပြောကြား ခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော့ အနေနဲ့ ချန်ပီယံလိဂ် မှာလည်း အသက်အရွယ် ခွဲခြားပြီး ကစားသမား တွေကို ပြောင်းလဲ အသုံးပြုမှာ မဟုတ်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ လက်ရှိ အသင်း က လူငယ် ကစားသမား တွေဟာ အသင်းကြီး မှာ ဝင်ဆံ့ နိုင်တယ် ၊ ချယ်လ်ဆီး အတွက် ကစား ပေးဖို့ ယုံကြည်မှု အပြည့် ရှိတယ် ဆိုတာ ပြသထားပြီးတဲ့ အတွက်ကြောင့်ပါ ။ ကျွန်တော့ အတွက် ပွဲထွက် ကစားသမား ရွေးချယ်မှု က လွယ်ကူပါတယ် ။ သူတို့ရဲ့ စွမ်းဆောင်ရည် နဲ့ ကြိုးစားမှု တွေကို ကြည့်ပြီး ပွဲထွက်ခွင့် ပေးသွားမှာပါ ။ ”

” လူငယ်လေး တွေရဲ့ ယုံကြည်မှု နဲ့ တိုးတက်နေတဲ့ အခိုက်အတန့် ကတော့ အရမ်း အားရ စရာ ကောင်းနေပါတယ် ။ ဒါပေမယ့် အထွတ်အထိပ် ရောက်လောက်တဲ့ အထိတော့ မဟုတ်သေးပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဒီလို လူငယ် ကစားသမား တွေ အသင်းလိုက် ကစားပုံ ကောင်းကောင်း နဲ့ အချိတ်အဆက် မိမိ ကစားလာနိုင်တာကို က ကျွန်တော့ ကို စိတ်ချမ်းသာ စေပါတယ် ။ ”

” နောက်ထပ် ကျွန်တော် တို့ အသင်းမှာ လိုအပ် နေတာတွေက Clean Sheet တွေပါ ။ အဲ့ဒီ အတွက် ကျွန်တော် တို့ ဆက်လက် ကြိုးစား သွားမှာပါ ။ ချန်ပီယံလိဂ် ပြိုင်ပွဲ ဆိုတာ ကမ္ဘာ့ ဘောလုံးလောက အလယ် က အမြင့်မားဆုံး ပြိုင်ပွဲ တခုပါ ။ ဒါကြောင့်မို့ မေဆင် ( မောင့် ) ၊ ဖီကာယို ( တိုမိုရီ ) ၊ တမ်မီ ( အေဘရာဟမ် ) တို့ အားလုံး ဒီ ပြိုင်ပွဲ အတွက် အခုကတည်းက စိတ်လှုပ်ရှား နေမယ် လို့ ထင်ပါတယ် ။ ”

” အသင်း က ကစားသမား တွေလည်း ချန်ပီယံလိဂ် ကစားခွင့် မရခဲ့တဲ့ တနှစ် အကြာမှာ အခုလို ပြန်ကစားခွင့် ရလာတော့ အတော်လေး စိတ်အား ထက်သန် နေကြမယ် လို့ ယုံကြည်ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း မန်နေဂျာ ဘဝ ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ် ကို ကိုင်တွယ်ဖို့ အတွက် မျှော်လင့် စောင့်စား နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR