ဝက္ဖိုဒ့္ အသင္းနဲ႔ပြဲက အာဆင္နယ္ အသင္းသားေတြရဲ့ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ဝန္ခံမွုတစ္ခု ျပဳလုပ္လိုက္တဲ့ ရွာကာ

ဂန္းနား အသင္း ေခါင္းေဆာင္ ကြင္းလယ္လူ ဂရန္းနစ္ ရွာကာ က မေန႔ညက ကစားခဲ့တဲ့ ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲ ဒုတိယပိုင္းမွာ အာဆင္နယ္ အသင္းသားေတြဟာ အနိုင္ရလိုစိတ္ ေပ်ာက္ဆုံး ေနခဲ့ၿပီး စိုးရိမ္စိတ္ လြန္ကဲေနခဲ့ေၾကာင္း ဝန္ခံ ေျပာၾကား သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ အူဘာမီယန္း ရဲ့ သြင္းဂိုး ႏွစ္ဂိုးနဲ႔ ပြဲကို ဦးေဆာင္ နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ေနာက္ခံလူ ႏွစ္ဦးရဲ့အမွားေတြေၾကာင့္ ေခ်ပဂိုး ႏွစ္ဂိုး ျပန္ေပး ခဲ့ရတာပါ။ ဝက္ဖိုဒ့္ အသင္းအတြက္ ဂိုးေတြကိုေတာ့ ကလီဗာေလ နဲ႔ ပီရဲရား တို႔က သြင္းယူ ေပးခဲ့တာပါ ။

အာဆင္နယ္ အသင္းဟာ ဒုတိယပိုင္းမွာ ဝက္ဖိုဒ့္ အသင္းရဲ့ ကစားအားကို ဘယ္လိုမွ ယွဥ္ကစားနိုင္ခဲ့ျခင္း မရွိဘဲ ဂိုးေပါက္ ကန္သြင္းခြင့္ေတြ အႀကိမ္ႀကိမ္ ခြင့္ျပဳ ခဲ့ရၿပီး ဝက္ဖိုဒ့္ အသင္း ကစားသမားေတြ အဆုံးသတ္ မေသခ်ာလို႔သာ သေရ တစ္မွတ္ ရရွိ သြားခဲ့တာလည္း ျဖစ္ပါတယ္၊

အာဆင္နယ္ အသင္းဟာ ေနာက္ဆုံး သုံးပြဲဆက္တိုက္ နိုင္ပြဲ ေပ်ာက္ဆုံး ေနခဲ့ၿပီး သုံးပြဲဆက္ ပင္နယ္တီလည္း ေပးထားရပါတယ္။ဒါ့အျပင္ ေနာက္ဆုံး သုံးပြဲဆက္တိုက္ တစ္ပြဲကို အနည္းဆုံး ၂ ဂိုး ေပးခဲ့ရတဲ့ အထိ ခံစစ္ပိုင္း စြမ္းေဆာင္ရည္က တည္ၿငိမ္မွု အားနည္း ေနခဲ့ပါတယ္။

အာဆင္နယ္ အသင္း ေခါင္းေဆာင္ ရွာကာ ကေတာ့ ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲ ဒုတိယပိုင္းမွာ သူ႔ရဲ့ အသင္းေဖာ္ေတြဟာ ေဘာလုံး ကိုင္ထားရမွာကို ေၾကာက္လန႔္ ေနတဲ့ အထိ အေျခအေန ဆိုးရြားခဲ့ေၾကာင္း နဲ႔ သေရရလဒ္ အတြက္ စိတ္ပ်က္မိေၾကာင္း ေျပာၾကား လိုက္ပါတယ္။

” သေရရလဒ္ အတြက္ က်ေနာ္တို႔ အားလုံး အရမ္း စိတ္ပ်က္ မိပါတယ္ ။ ပထမပိုင္းမွာ ပုံစံေကာင္း​ေတြ ျပသနိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ က်ေနာ္တို႔ အားလုံးရဲ့ စြမ္းေဆာင္ရည္က အေတာ္ေလး ဆိုးရြားခဲ့တာကေတာ့ အမွန္ပါပဲ ။ ”

” သူတို႔က မရွုံးေအာင္ ေရကုန္ေရခမ္း ကစားေတာ့မယ္ ဆိုတာ က်ေနာ္တို႔ သိခဲ့ပါတယ္ ၊ ဒါေပမယ့္ က်ေနာ္တို႔ ပြဲကို ဘယ္လိုမွ ပြဲကို ထိန္းခ်ဴပ္ မကစားနိုင္ခဲ့ပါဘူး ၊ က်ေနာ္တို႔ အားလုံး စိုးရိမ္ ေၾကာက္လန႔္ ေနခဲ့ၾကၿပီး ဘယ္သူမွ ေဘာလုံးကို လက္ခံ မရယူခ်င္တဲ့ အထိ ဆိုးရြား ခဲ့ပါတယ္။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ဝက္ဖိုဒ့္ အသင္းကို နိုင္ရင္ အဆင့္ ၃ ေနရာအထိ တက္လွမ္းနိုင္မွာ ျဖစ္ေပမယ့္ သေရရလဒ္သာ ရရွိခဲ့တာေၾကာင့္ အဆင့္ ၇ ေနရာမွာသာ ဆက္လက္ ရပ္တည္ နိုင္ခဲ့ၿပီး သုံးပြဲဆက္တိုက္ နိုင္ပြဲ ေပ်ာက္ဆုံး သြားခဲ့ပါတယ္။ အာဆင္နယ္ အသင္းဟာ ၾကားရက္မွာေတာ့ ယူရိုပါလိဂ္ အဖြင့္ပြဲစဥ္ အျဖစ္ ဖရန႔္ဖတ္ အသင္းနဲ႔ ကစားရမွာပါ။

SPORTS MYANMAR

Unicode

ဝက်ဖိုဒ့် အသင်းနဲ့ပွဲက အာဆင်နယ် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝန်ခံမှုတစ်ခု ပြုလုပ်လိုက်တဲ့ ရှာကာ
==================================

ဂန်းနား အသင်း ခေါင်းဆောင် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ က မနေ့ညက ကစားခဲ့တဲ့ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲ ဒုတိယပိုင်းမှာ အာဆင်နယ် အသင်းသားတွေဟာ အနိုင်ရလိုစိတ် ပျောက်ဆုံး နေခဲ့ပြီး စိုးရိမ်စိတ် လွန်ကဲနေခဲ့ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အူဘာမီယန်း ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နောက်ခံလူ နှစ်ဦးရဲ့အမှားတွေကြောင့် ချေပဂိုး နှစ်ဂိုး ပြန်ပေး ခဲ့ရတာပါ။ ဝက်ဖိုဒ့် အသင်းအတွက် ဂိုးတွေကိုတော့ ကလီဗာလေ နဲ့ ပီရဲရား တို့က သွင်းယူ ပေးခဲ့တာပါ ။

အာဆင်နယ် အသင်းဟာ ဒုတိယပိုင်းမှာ ဝက်ဖိုဒ့် အသင်းရဲ့ ကစားအားကို ဘယ်လိုမှ ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိဘဲ ဂိုးပေါက် ကန်သွင်းခွင့်တွေ အကြိမ်ကြိမ် ခွင့်ပြု ခဲ့ရပြီး ဝက်ဖိုဒ့် အသင်း ကစားသမားတွေ အဆုံးသတ် မသေချာလို့သာ သရေ တစ်မှတ် ရရှိ သွားခဲ့တာလည်း ဖြစ်ပါတယ်၊

အာဆင်နယ် အသင်းဟာ နောက်ဆုံး သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး သုံးပွဲဆက် ပင်နယ်တီလည်း ပေးထားရပါတယ်။ဒါ့အပြင် နောက်ဆုံး သုံးပွဲဆက်တိုက် တစ်ပွဲကို အနည်းဆုံး ၂ ဂိုး ပေးခဲ့ရတဲ့ အထိ ခံစစ်ပိုင်း စွမ်းဆောင်ရည်က တည်ငြိမ်မှု အားနည်း နေခဲ့ပါတယ်။

အာဆင်နယ် အသင်း ခေါင်းဆောင် ရှာကာ ကတော့ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲ ဒုတိယပိုင်းမှာ သူ့ရဲ့ အသင်းဖော်တွေဟာ ဘောလုံး ကိုင်ထားရမှာကို ကြောက်လန့် နေတဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ကြောင်း နဲ့ သရေရလဒ် အတွက် စိတ်ပျက်မိကြောင်း ပြောကြား လိုက်ပါတယ်။

” သရေရလဒ် အတွက် ကျနော်တို့ အားလုံး အရမ်း စိတ်ပျက် မိပါတယ် ။ ပထမပိုင်းမှာ ပုံစံကောင်း​တွေ ပြသနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကျနော်တို့ အားလုံးရဲ့ စွမ်းဆောင်ရည်က အတော်လေး ဆိုးရွားခဲ့တာကတော့ အမှန်ပါပဲ ။ ”

” သူတို့က မရှုံးအောင် ရေကုန်ရေခမ်း ကစားတော့မယ် ဆိုတာ ကျနော်တို့ သိခဲ့ပါတယ် ၊ ဒါပေမယ့် ကျနော်တို့ ပွဲကို ဘယ်လိုမှ ပွဲကို ထိန်းချူပ် မကစားနိုင်ခဲ့ပါဘူး ၊ ကျနော်တို့ အားလုံး စိုးရိမ် ကြောက်လန့် နေခဲ့ကြပြီး ဘယ်သူမှ ဘောလုံးကို လက်ခံ မရယူချင်တဲ့ အထိ ဆိုးရွား ခဲ့ပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့် အသင်းကို နိုင်ရင် အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် သရေရလဒ်သာ ရရှိခဲ့တာကြောင့် အဆင့် ၇ နေရာမှာသာ ဆက်လက် ရပ်တည် နိုင်ခဲ့ပြီး သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ကြားရက်မှာတော့ ယူရိုပါလိဂ် အဖွင့်ပွဲစဉ် အဖြစ် ဖရန့်ဖတ် အသင်းနဲ့ ကစားရမှာပါ။

SPORTS MYANMAR