ယူနုိက္တက္မွ မန္ေနဂ်ာ ရာထူးအတြက္ ကမ္းလွမ္းပါက ျငင္းဆန္သြားမွာ ျဖစ္တဲ့အေၾကာင္း ေျပာလိုက္တဲ့ #ဂယ္ရီနဗီးလ္

ဒီ တစ္ပါတ္ မွာေတာ့ တြစ္တာ မွ ပရိသတ္ တစ္ဦး က ယူနုိက္တက္ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ဂယ္ရီ နဗီးလ္ ကို အသင္း ေဟာင္း ဆီမွ မန္ေနဂ်ာ ရာထူး အတြက္ ကမ္းလွမ္း ျဖစ္ခဲ့ ပါက လက္ခံ လိမ့္ မလား ဆုိတဲ့ ေမးခြန္း ကို ေမးျမန္း သြားခဲ့ ပါတယ္ ။

ဒါကို ယူနုိက္တက္ ေနာက္ခံ ကစားသမား ေဟာင္းက အသင္း ဖက္မွ မန္ေနဂ်ာ ရာထူး အတြက္ ကမ္းလွမ္းမွဳ မလာ ခဲ့ေၾကာင္း ၊ အကယ္လို့ ကမ္းလွမ္း ခံခဲ့ ရ ပါက သူဟာ ျငင္းဆန္ ထြက္ေျပး သြားမွာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ဂယ္ရီ နဗီးလ္ ဟာ ယူနုိက္တက္ အသင္း ရဲ့ သမိုင္း ေၾကာင္းမွာ ထဲထဲဝင္ဝင္ ပါဝင္ ခဲ့တဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္သလို ယူနုိက္တက္ ရဲ့ ပြဲစဥ္ ေတြကို အျမဲတမ္း အားေပး ေန ခဲ့တဲ့ အမာခံ ပရိသတ္ တစ္ဦး လည္း ျဖစ္ ပါတယ္ ။

အျခား တစ္ဖက္ မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဟာ ဂႏၶဝင္ နည္းျပ ဆာ အဲလပ္စ္ ဖာဂူဆန္ ကို ဆံုးရွံဳး ခဲ့တဲ့ ေနာက္ နည္းျပ သံုးဦး အထိ ထုတ္ပယ္ ထား ခဲ့တဲ့ အသင္း ျဖစ္ျပီး လက္ရွိ အခ်ိန္ မွာေတာ့ ကစားသမား ေဟာင္း ျဖစ္သူ အိုလီ ဂန္နား ဆုိးလ္ရွား ကို နည္းျပ တာဝန္ ေပးထား ခဲ့ ပါတယ္ ။

ဒါေပမယ့္ ယူနုိက္တက္ ရဲ့ အေနအထား ေတြနဲ့ ရလဒ္ ေတြက ပရိသတ္ ေတြ ေမွ်ာ္လင့္ ထားခဲ့ ၾက သေလာက္ ေကာင္းမြန္ ျခင္း မရွိခဲ့ ေသးပဲ ထိပ္တန္း အဆင့္ ေျခစြမ္း ေတြ ျပသ နုိင္ဖုိ႔ ၊ ရလဒ္ ေကာင္းေတြ ဆက္တုိက္ ပိုင္ဆုိင္ နုိင္ဖုိ႔ ရုန္းကန္ ေနခဲ့ ရ ပါတယ္ ။

ဒါ့ေၾကာင့္ လည္း ဖိအား ေတြ မ်ားစြာ ေအာက္ အသင္း ကို လမ္းေၾကာင္း တစ္ခု ကို ဆြဲတင္ ရမယ့္ အေရး ၊ ျပသနာ ေတြ မ်ားစြာ ၾကံဳေတြ့ ရမယ့္ အေနအထား ေတြကို တြက္ဆ ျပီး ဂယ္ရီ နဗီးလ္ က အခုလို ျငင္းဆန္ ခဲ့တဲ့ အေပၚ အျပစ္ တင္ဖုိ႔ ေတာ့ ခက္ခဲ လွ ပါတယ္ ။

ဂယ္ရီ နဗီးလ္ ဟာ 2011 တုန္းက ေဘာလံုး ကစားသမား ဘဝ မွ အနားယူ ခဲ့တဲ့ ေနာက္ အဂၤလန္ လက္ေရြးစင္ အသင္း ရဲ့ လက္ေထာက္ နည္းျပ တာဝန္ ကို ထမ္းေဆာင္ ခဲ့သူ တစ္ဦး ျဖစ္ သလို 2015 တုန္းက စပိန္ ကလပ္ ဗလန္စီယာ အသင္း ကို ကိုင္တြယ္ နည္းျပ ခဲ့တဲ့ အေတြ့ အၾကံဳ လည္း ရွိ ပါတယ္ ။

ဒါေပမယ့္ သူဟာ စပိန္ ေျမမွာ ေတာ့ ဗလန္စီယာ အသင္း ကို 28 ပြဲ ကိုင္တြယ္ ခဲ့ျပီး နုိင္ပြဲ 10 ပြဲ မ်ွသာ ရယူ နုိင္ ခဲ့တဲ့ ေနာက္ နည္းျပ အျဖစ္ မွ ထုတ္ပယ္ ခံခဲ့ ရသူ ပဲ ျဖစ္ ပါတယ္ ။ သူ့ရဲ့ နည္းျပ ဘဝ အစ အေတြ့ အၾကံဳ ေတြက စိတ္ပ်က္ဖြယ္ ပဲ ျဖစ္ခဲ့ ရ ပါတယ္ ။

အဲ့ဒီ ကတည္းက သူဟာ နည္းျပ အလုပ္ ကို ဆက္လက္ မလုပ္ျဖစ္ ခဲ့ပဲ Sky Sports သတင္း ဌာန ရဲ့ အစီအစဥ္ တင္ဆက္ သူ အျဖစ္ အလုပ္ ေျပာင္း ခဲ့သူ ပဲ ျဖစ္ပါတယ္ ။ အခုေတာ့ သူဟာ Sky Sports မွာ တာဝန္ ထမ္းေဆာင္ ေန ခဲ့တာ 4 နွစ္ ရွိေန ပါျပီ ။

အဆိုပါ အခ်ိန္ ကာလ ေတြ အတြင္း မွာေတာ့ သူဟာ ရလဒ္ ေတြ က်ဆင္း ေန ခဲ့တဲ့ အသင္း ေဟာင္း အေပၚ ေဝဖန္ ထုိးႏွက္ မွဳေတြ မ်ားစြာ ျပဳလုပ္ ထားခဲ့ သလို ဘာေတြ လုပ္သင့္ လုပ္ထိုက္ သလဲ ဆုိတာ ေတြ ကိုလည္း အလ်င္း သင့္ သလို အၾကံ ေပးေန ခဲ့သူ ပဲ ျဖစ္ပါတယ္ ။

လက္ရွိ အခ်ိန္ မွာေတာ့ ဂယ္ရီ နဗီးလ္ ဟာ အသင္း ေဟာင္းကို ျပန္လည္ တည္ေဆာက္ ေနတဲ့ အသင္းေဖာ္ ကစားသမား ေဟာင္း ျဖစ္သူ ဆုိးလ္ရွား ရဲ့ စီမံကိန္း အေပၚ အားေပး ေထာက္ခံ ေနသူ တစ္ဦး ျဖစ္ျပီး အသင္း ဟာ မွန္ကန္ တဲ့ လမ္းေၾကာင္း တစ္ခု အေပၚ ရွိ ေနေၾကာင္း ၊ ပရိသတ္ ေတြ အေန နဲ့ ဆိုးလ္ရွား အေပၚ စိတ္ရွည္ ေပးဖုိ႔ လိုအပ္ ေၾကာင္း တုိက္တြန္း ထားခဲ့ ပါတယ္ ။

#Sports_Myanmar

 

ယူနိုက်တက်မှ မန်နေဂျာ ရာထူးအတွက် ကမ်းလှမ်းပါက ငြင်းဆန်သွားမှာ ဖြစ်တဲ့အကြောင်း ပြောလိုက်တဲ့ #ဂယ်ရီနဗီးလ်

================

ဒီ တစ်ပါတ် မှာတော့ တွစ်တာ မှ ပရိသတ် တစ်ဦး က ယူနိုက်တက် ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် ကို အသင်း ဟောင်း ဆီမှ မန်နေဂျာ ရာထူး အတွက် ကမ်းလှမ်း ဖြစ်ခဲ့ ပါက လက်ခံ လိမ့် မလား ဆိုတဲ့ မေးခွန်း ကို မေးမြန်း သွားခဲ့ ပါတယ် ။

ဒါကို ယူနိုက်တက် နောက်ခံ ကစားသမား ဟောင်းက အသင်း ဖက်မှ မန်နေဂျာ ရာထူး အတွက် ကမ်းလှမ်းမှု မလာ ခဲ့ကြောင်း ၊ အကယ်လို့ ကမ်းလှမ်း ခံခဲ့ ရ ပါက သူဟာ ငြင်းဆန် ထွက်ပြေး သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဂယ်ရီ နဗီးလ် ဟာ ယူနိုက်တက် အသင်း ရဲ့ သမိုင်း ကြောင်းမှာ ထဲထဲဝင်ဝင် ပါဝင် ခဲ့တဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို ယူနိုက်တက် ရဲ့ ပွဲစဉ် တွေကို အမြဲတမ်း အားပေး နေ ခဲ့တဲ့ အမာခံ ပရိသတ် တစ်ဦး လည်း ဖြစ် ပါတယ် ။

အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဂန္ဓဝင် နည်းပြ ဆာ အဲလပ်စ် ဖာဂူဆန် ကို ဆုံးရှုံး ခဲ့တဲ့ နောက် နည်းပြ သုံးဦး အထိ ထုတ်ပယ် ထား ခဲ့တဲ့ အသင်း ဖြစ်ပြီး လက်ရှိ အချိန် မှာတော့ ကစားသမား ဟောင်း ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ကို နည်းပြ တာဝန် ပေးထား ခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် ရဲ့ အနေအထား တွေနဲ့ ရလဒ် တွေက ပရိသတ် တွေ မျှော်လင့် ထားခဲ့ ကြ သလောက် ကောင်းမွန် ခြင်း မရှိခဲ့ သေးပဲ ထိပ်တန်း အဆင့် ခြေစွမ်း တွေ ပြသ နိုင်ဖို့ ၊ ရလဒ် ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် နေခဲ့ ရ ပါတယ် ။

ဒါ့ကြောင့် လည်း ဖိအား တွေ များစွာ အောက် အသင်း ကို လမ်းကြောင်း တစ်ခု ကို ဆွဲတင် ရမယ့် အရေး ၊ ပြသနာ တွေ များစွာ ကြံုတွေ့ ရမယ့် အနေအထား တွေကို တွက်ဆ ပြီး ဂယ်ရီ နဗီးလ် က အခုလို ငြင်းဆန် ခဲ့တဲ့ အပေါ် အပြစ် တင်ဖို့ တော့ ခက်ခဲ လှ ပါတယ် ။

ဂယ်ရီ နဗီးလ် ဟာ 2011 တုန်းက ဘောလုံး ကစားသမား ဘဝ မှ အနားယူ ခဲ့တဲ့ နောက် အင်္ဂလန် လက်ရွေးစင် အသင်း ရဲ့ လက်ထောက် နည်းပြ တာဝန် ကို ထမ်းဆောင် ခဲ့သူ တစ်ဦး ဖြစ် သလို 2015 တုန်းက စပိန် ကလပ် ဗလန်စီယာ အသင်း ကို ကိုင်တွယ် နည်းပြ ခဲ့တဲ့ အတွေ့ အကြံု လည်း ရှိ ပါတယ် ။

ဒါပေမယ့် သူဟာ စပိန် မြေမှာ တော့ ဗလန်စီယာ အသင်း ကို 28 ပွဲ ကိုင်တွယ် ခဲ့ပြီး နိုင်ပွဲ 10 ပွဲ မျှသာ ရယူ နိုင် ခဲ့တဲ့ နောက် နည်းပြ အဖြစ် မှ ထုတ်ပယ် ခံခဲ့ ရသူ ပဲ ဖြစ် ပါတယ် ။ သူ့ရဲ့ နည်းပြ ဘဝ အစ အတွေ့ အကြံု တွေက စိတ်ပျက်ဖွယ် ပဲ ဖြစ်ခဲ့ ရ ပါတယ် ။

အဲ့ဒီ ကတည်းက သူဟာ နည်းပြ အလုပ် ကို ဆက်လက် မလုပ်ဖြစ် ခဲ့ပဲ Sky Sports သတင်း ဌာန ရဲ့ အစီအစဉ် တင်ဆက် သူ အဖြစ် အလုပ် ပြောင်း ခဲ့သူ ပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ Sky Sports မှာ တာဝန် ထမ်းဆောင် နေ ခဲ့တာ 4 နှစ် ရှိနေ ပါပြီ ။

အဆိုပါ အချိန် ကာလ တွေ အတွင်း မှာတော့ သူဟာ ရလဒ် တွေ ကျဆင်း နေ ခဲ့တဲ့ အသင်း ဟောင်း အပေါ် ဝေဖန် ထိုးနှက် မှုတွေ များစွာ ပြုလုပ် ထားခဲ့ သလို ဘာတွေ လုပ်သင့် လုပ်ထိုက် သလဲ ဆိုတာ တွေ ကိုလည်း အလျင်း သင့် သလို အကြံ ပေးနေ ခဲ့သူ ပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန် မှာတော့ ဂယ်ရီ နဗီးလ် ဟာ အသင်း ဟောင်းကို ပြန်လည် တည်ဆောက် နေတဲ့ အသင်းဖော် ကစားသမား ဟောင်း ဖြစ်သူ ဆိုးလ်ရှား ရဲ့ စီမံကိန်း အပေါ် အားပေး ထောက်ခံ နေသူ တစ်ဦး ဖြစ်ပြီး အသင်း ဟာ မှန်ကန် တဲ့ လမ်းကြောင်း တစ်ခု အပေါ် ရှိ နေကြောင်း ၊ ပရိသတ် တွေ အနေ နဲ့ ဆိုးလ်ရှား အပေါ် စိတ်ရှည် ပေးဖို့ လိုအပ် ကြောင်း တိုက်တွန်း ထားခဲ့ ပါတယ် ။

#Sports_Myanmar