ခ်န္ပီယံလိဂ္ မွာ ကစားရဖို႕ ဆိုတာ ကစားသမား ဘဝ အိပ္မက္ တခု ျဖစ္တယ္ လို႕ ဖြင့္ဟ လာတဲ့ #ေအဘရာဟမ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ပြဲ ဆက္တိုက္ ဂိုးသြင္း ထားႏိုင္ ခဲ့သလို ၊ ထို ၃ပြဲ မွာ သူ႕ရဲ႕ သြင္းဂိုး ၇ဂိုး အထိ ရွိလာခဲ့ျပီး ဒီႏွစ္ ေဘာလံုး ရာသီ ပရီးမီးယားလိဂ္ ရဲ႕ သြင္းဂိုး အမ်ားဆံုး ကစားသမား စာရင္း ကို မန္စီးတီး တိုက္စစ္မွဴး ဆာဂ်ီယို အေဂြရို နဲ႕ အတူတူ ဦးေဆာင္လ်က္ ရွိေနပါတယ္ ။

ေအဘရာဟမ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း အတြက္ ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ ေတြ ရရွိ ေနသလို ၊ လမ္းပတ္ ရဲ႕ ပထမ ဦးစားေပး တိုက္စစ္မွဴး အေနနဲ႕လည္း ရပ္တည္ ေနပါတယ္ ။ ထို႕အျပင္ မနက္ျဖန္ ညမွာ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲစဥ္ ေတြ စတင္ေတာ့မွာ ျဖစ္လို႕ အဖြင့္ပြဲ မွာပဲ ေအဘရာဟမ္ ကစားခြင့္ စရမလား ဆိုတာ ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္ ။

မေန႕က Goal သတင္း ဌာန နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာေတာ့ ေအဘရာဟမ္ က ခ်န္ပီယံလိဂ္ မွာ ကစားခြင့္ ရဖို႕ ဆိုတာ သူ႕ရဲ႕ ကစားသမား ဘဝ အိပ္မက္ တခု ျဖစ္ေၾကာင္း ၊ ဒေရာ့ဘာ ၊ တယ္ရီ ၊ လမ္းပတ္ တို႕လို ဂႏၲဝင္ ကစားသမားၾကီး ေတြဟာ ခ်ယ္လ္ဆီး အတြက္ ခ်န္ပီယံလိဂ္ ပြဲမ်ားစြာ ကစားေပးခဲ့ကာ ခ်န္ပီယံဆု ကို ရယူ ႏိုင္ခဲ့သလိုမ်ိဳး ၊ ၄င္းတို႕ လူငယ္ ေတြလည္း ၾကိဳးစား ၾကည့္ခ်င္ေၾကာင္း ဆိုခဲ့ပါတယ္ ။

 

ေအဘရာဟမ္ က ” ဥေရာပ ျပိဳင္ပြဲ ေတြမွာ ဂိုးသြင္းဖို႕ ဆိုတာ ကြ်န္ေတာ္ ရဲ႕ ေနာက္ထပ္ ပစ္မွတ္ တခုပါ ။ ကြ်န္ေတာ္ တုိ႕ ဝုလ္ဗ္ နဲ႕ ပြဲစဥ္ အျပီးမွာ ခ်န္ပီယံလိဂ္ ပြဲကို စတင္ ကစားရမွာ ျဖစ္ပါတယ္ ။ ကြ်န္ေတာ္ တို႕ လိုအပ္တဲ့ အႏိုင္ ၃မွတ္ ကို ရရွိခဲ့ျပီး ျဖစ္တာေၾကာင့္ လာမယ့္ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ အဖြင့္ ပြဲစဥ္ အတြက္ အာရုံစိုက္ ရေတာ့မွာပါ ။ ကြ်န္ေတာ္ ဟာ ခ်န္ပီယံလိဂ္ မွာ တခါမွ မကစားဖူးတာေၾကာင့္ ဘယ္လို ခံစားခ်က္မ်ိဳး ရမလဲ ဆိုတာေတာ့ မသိႏိုင္ေသးပါဘူး ။ ”

” ကြ်န္ေတာ္ ဟာ ထိပ္တန္း ၾကယ္ပြင့္ ကစားသမား ေတြ ကစားခဲ့ဖူးတဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္ ေတြကို ငယ္ငယ္ ကတည္းက ၾကည့္ရႈျပီး ၾကီးျပင္း လာခဲ့တာ ျဖစ္ပါတယ္ ။ ကိုယ္တိုင္ ပါဝင္ ကစားခြင့္ ရဖို႕ ကေတာ့ ကြ်န္ေတာ့ ရဲ႕ အိပ္မက္ တခု ပါပဲဗ်ာ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂႏၲဝင္ ေတြ ျဖစ္ၾကတဲ့ နည္းျပၾကီး ဖရန္႕ ၊ ဂြ်န္တယ္ရီ ၊ ဒီဒီယာ ဒေရာ့ဘာ တို႕ဟာ ခ်န္ပီယံလိဂ္ ပြဲမ်ားစြာ ကစားခဲ့ျပီး ခ်န္ပီယံဆု လည္း ဆြတ္ခူး ႏိုင္ခဲ့ပါတယ္ ။ ကြ်န္ေတာ္ ဟာလည္း သူတို႕ရဲ႕ လမ္းေၾကာင္း အတိုင္း ဆက္သြား ႏိုင္ဖို႕ ၾကိဳးစား သြားခ်င္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ေအဘရာဟမ္ က ျပီးခဲ့တဲ့ ရာသီ က ဝုလ္ဗ္ အသင္း ရဲ႕ ခ်ိတ္ဆက္ျခင္း ကို ခံခဲ့ရျခင္း နဲ႕ ပတ္သက္ျပီး ” ဝုလ္ဗ္ လို အသင္းမ်ိဳး ဟာ တကယ္ ၾကီးက်ယ္တဲ့ ကလပ္ တသင္းပါ ။ သူတို႕ ကြ်န္ေတာ့ ကို ေခၚယူဖို႕ သတင္းေတြ ၾကားခဲ့တဲ့ ကြ်န္ေတာ္ အျမဲ ဂုဏ္ယူ ခဲ့ရပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ့ ရဲ႕ အိပ္မက္ က ခ်ယ္လ္ဆီး အသင္း အတြက္ အျမဲတမ္း ကစားေပးဖို႕ပါ ။ အခုဆို ကြ်န္ေတာ္ ဟာ အဲ့ဒီ အိပ္မက္ ကို အသက္သြင္း ေနျပီ ျဖစ္ပါတယ္ ။ ”

” ကြ်န္ေတာ္ ဟာ ကိုယ့္ကိုယ္ကို အျမဲ ယံုၾကည္တဲ့ ကစားသမား တေယာက္ပါ ။ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာ ကြ်န္ေတာ္ ပင္နယ္တီ လြဲေခ်ာ္ ခဲ့ျပီးတဲ့ေနာက္ ေဝဖန္မႈ မ်ားစြာ ကို ေက်ာ္ျဖတ္ ခဲ့ရပါတယ္ ။ ဒီလို အခက္အခဲ ေတြကို ကြ်န္ေတာ္ ေက်ာ္ျဖတ္ျပီး ထိပ္တန္း အဆင့္ တဆင့္ ကို ေရာက္လာဖို႕ ကြ်န္ေတာ္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္ ရွိခဲ့ပါတယ္ ။ အသင္းေဖာ္ ေတြ အားလံုး ဟာ ကြ်န္ေတာ့ ကို အျမဲ ေထာက္ခံ အားေပး ၾကသလို ၊ ဂိုးသြင္းခြင့္ ေတြလည္း အမ်ားၾကီး ဖန္တီး ေပးခဲ့ၾကပါတယ္ ။ ”

” အခုဆို ကြ်န္ေတာ္ အျမဲ ျမတ္ႏိုး တန္ဖိုး ထားတဲ့ အသင္း အတြက္ ဂိုးေတြ သြင္းေပး ႏိုင္ျပီ ျဖစ္လို႕ ကြ်န္ေတာ္ အေတာ္ေလး အားရ ေက်နပ္ မိပါတယ္ ။ ဒါေတြဟာ ကြ်န္ေတာ့ အတြက္ေတာ့ အံ့ၾသစရာ ေကာင္းတဲ့ အခိုက္အတန္႕ ေတြ ျဖစ္ခဲ့ပါတယ္ ။ အခု ပံုစံ အတိုင္း ေရွ႕ဆက္ျပီး အသင္း အတြက္ ႏိုင္ပြဲ ေတြ ဆက္လက္ ရွာေဖြ သြားႏိုင္ဖို႕ ေမွ်ာ္လင့္ ရပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချန်ပီယံလိဂ် မှာ ကစားရဖို့ ဆိုတာ ကစားသမား ဘဝ အိပ်မက် တခု ဖြစ်တယ် လို့ ဖွင့်ဟ လာတဲ့ #အေဘရာဟမ်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲ ဆက်တိုက် ဂိုးသွင်း ထားနိုင် ခဲ့သလို ၊ ထို ၃ပွဲ မှာ သူ့ရဲ့ သွင်းဂိုး ရဂိုး အထိ ရှိလာခဲ့ပြီး ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် ရဲ့ သွင်းဂိုး အများဆုံး ကစားသမား စာရင်း ကို မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွေရို နဲ့ အတူတူ ဦးဆောင်လျက် ရှိနေပါတယ် ။

အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် တွေ ရရှိ နေသလို ၊ လမ်းပတ် ရဲ့ ပထမ ဦးစားပေး တိုက်စစ်မှူး အနေနဲ့လည်း ရပ်တည် နေပါတယ် ။ ထို့အပြင် မနက်ဖြန် ညမှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် တွေ စတင်တော့မှာ ဖြစ်လို့ အဖွင့်ပွဲ မှာပဲ အေဘရာဟမ် ကစားခွင့် စရမလား ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

မနေ့က Goal သတင်း ဌာန နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ အေဘရာဟမ် က ချန်ပီယံလိဂ် မှာ ကစားခွင့် ရဖို့ ဆိုတာ သူ့ရဲ့ ကစားသမား ဘဝ အိပ်မက် တခု ဖြစ်ကြောင်း ၊ ဒရော့ဘာ ၊ တယ်ရီ ၊ လမ်းပတ် တို့လို ဂန္တဝင် ကစားသမားကြီး တွေဟာ ချယ်လ်ဆီး အတွက် ချန်ပီယံလိဂ် ပွဲများစွာ ကစားပေးခဲ့ကာ ချန်ပီယံဆု ကို ရယူ နိုင်ခဲ့သလိုမျိုး ၊ ၄င်းတို့ လူငယ် တွေလည်း ကြိုးစား ကြည့်ချင်ကြောင်း ဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ဥရောပ ပြိုင်ပွဲ တွေမှာ ဂိုးသွင်းဖို့ ဆိုတာ ကျွန်တော် ရဲ့ နောက်ထပ် ပစ်မှတ် တခုပါ ။ ကျွန်တော် တို့ ဝုလ်ဗ် နဲ့ ပွဲစဉ် အပြီးမှာ ချန်ပီယံလိဂ် ပွဲကို စတင် ကစားရမှာ ဖြစ်ပါတယ် ။ ကျွန်တော် တို့ လိုအပ်တဲ့ အနိုင် ၃မှတ် ကို ရရှိခဲ့ပြီး ဖြစ်တာကြောင့် လာမယ့် ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် အတွက် အာရုံစိုက် ရတော့မှာပါ ။ ကျွန်တော် ဟာ ချန်ပီယံလိဂ် မှာ တခါမှ မကစားဖူးတာကြောင့် ဘယ်လို ခံစားချက်မျိုး ရမလဲ ဆိုတာတော့ မသိနိုင်သေးပါဘူး ။ ”

” ကျွန်တော် ဟာ ထိပ်တန်း ကြယ်ပွင့် ကစားသမား တွေ ကစားခဲ့ဖူးတဲ့ ချန်ပီယံလိဂ် ပွဲစဉ် တွေကို ငယ်ငယ် ကတည်းက ကြည့်ရှုပြီး ကြီးပြင်း လာခဲ့တာ ဖြစ်ပါတယ် ။ ကိုယ်တိုင် ပါဝင် ကစားခွင့် ရဖို့ ကတော့ ကျွန်တော့ ရဲ့ အိပ်မက် တခု ပါပဲဗျာ ။ ချယ်လ်ဆီး အသင်း ရဲ့ ဂန္တဝင် တွေ ဖြစ်ကြတဲ့ နည်းပြကြီး ဖရန့် ၊ ဂျွန်တယ်ရီ ၊ ဒီဒီယာ ဒရော့ဘာ တို့ဟာ ချန်ပီယံလိဂ် ပွဲများစွာ ကစားခဲ့ပြီး ချန်ပီယံဆု လည်း ဆွတ်ခူး နိုင်ခဲ့ပါတယ် ။ ကျွန်တော် ဟာလည်း သူတို့ရဲ့ လမ်းကြောင်း အတိုင်း ဆက်သွား နိုင်ဖို့ ကြိုးစား သွားချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး အေဘရာဟမ် က ပြီးခဲ့တဲ့ ရာသီ က ဝုလ်ဗ် အသင်း ရဲ့ ချိတ်ဆက်ခြင်း ကို ခံခဲ့ရခြင်း နဲ့ ပတ်သက်ပြီး ” ဝုလ်ဗ် လို အသင်းမျိုး ဟာ တကယ် ကြီးကျယ်တဲ့ ကလပ် တသင်းပါ ။ သူတို့ ကျွန်တော့ ကို ခေါ်ယူဖို့ သတင်းတွေ ကြားခဲ့တဲ့ ကျွန်တော် အမြဲ ဂုဏ်ယူ ခဲ့ရပါတယ် ။ ဒါပေမယ့် ကျွန်တော့ ရဲ့ အိပ်မက် က ချယ်လ်ဆီး အသင်း အတွက် အမြဲတမ်း ကစားပေးဖို့ပါ ။ အခုဆို ကျွန်တော် ဟာ အဲ့ဒီ အိပ်မက် ကို အသက်သွင်း နေပြီ ဖြစ်ပါတယ် ။ ”

” ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို အမြဲ ယုံကြည်တဲ့ ကစားသမား တယောက်ပါ ။ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ ကျွန်တော် ပင်နယ်တီ လွဲချော် ခဲ့ပြီးတဲ့နောက် ဝေဖန်မှု များစွာ ကို ကျော်ဖြတ် ခဲ့ရပါတယ် ။ ဒီလို အခက်အခဲ တွေကို ကျွန်တော် ကျော်ဖြတ်ပြီး ထိပ်တန်း အဆင့် တဆင့် ကို ရောက်လာဖို့ ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိခဲ့ပါတယ် ။ အသင်းဖော် တွေ အားလုံး ဟာ ကျွန်တော့ ကို အမြဲ ထောက်ခံ အားပေး ကြသလို ၊ ဂိုးသွင်းခွင့် တွေလည်း အများကြီး ဖန်တီး ပေးခဲ့ကြပါတယ် ။ ”

” အခုဆို ကျွန်တော် အမြဲ မြတ်နိုး တန်ဖိုး ထားတဲ့ အသင်း အတွက် ဂိုးတွေ သွင်းပေး နိုင်ပြီ ဖြစ်လို့ ကျွန်တော် အတော်လေး အားရ ကျေနပ် မိပါတယ် ။ ဒါတွေဟာ ကျွန်တော့ အတွက်တော့ အံ့သြစရာ ကောင်းတဲ့ အခိုက်အတန့် တွေ ဖြစ်ခဲ့ပါတယ် ။ အခု ပုံစံ အတိုင်း ရှေ့ဆက်ပြီး အသင်း အတွက် နိုင်ပွဲ တွေ ဆက်လက် ရှာဖွေ သွားနိုင်ဖို့ မျှော်လင့် ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR