#Sports_Myanmar
Unicode
အသင်း အတွက် ဒုတိယမြောက် Clean Sheet ရယူ ပေးနိုင် ခဲ့တဲ့နောက် ပရိသတ်တွေဆီ ကတိပေးစကား ပြောကြားသွားတဲ့ #မက်ဂွားယား
===================
မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ အတူ ဒုတိယ မြောက် Clean Sheet ရယူ ပေးနိုင် ခဲ့တဲ့ နောက် ဗဟို ခံစစ် ကစား သမား သစ် ဖြစ်သူ ဟယ်ရီ မက်ဂွားယား က သူနဲ့ အသင်း ဖော် လင်ဒီလော့ဖ် တို့ရဲ့ ခံစစ် ကစား ပုံဟာ ဒီထက် ပိုမို ကောင်းမွန် လာဖို့ ပဲ ရှိနေ ကြောင်း အသင်း ရဲ့ ပရိသတ် တွေဆီ ကတိ ပေး စကား ပြောကြား သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ရာသီ အစ တုန်းက ပရီးမီးယား လိဂ် အဖွင့် ပွဲစဉ် အတွင်း ချဲလ်ဆီး အသင်း ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ် ပြီးနောက် ကစား ခဲ့တဲ့ ပွဲစဉ် 3 ပွဲ လုံးမှာ Clean Sheet ရယူ နိုင်ဖို့ အတွက် ရုန်းကန် ခဲ့ရ ပါတယ် ။
အဲ့ဒီနောက် နိုင်ငံတကာ ပွဲစဉ် တွေ ကစား ခဲ့ပြီး နောက် လက်စတာ စီးတီး နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ ခံစစ် အတွဲ ဟာ ဒီ ရာသီ ယူနိုက်တက် အတွက် ဒုတိယ မြောက် Clean Sheet ပွဲစဉ် ရရှိ အောင် ကစား ပေးနိုင် ခဲ့ကြ ပါတယ် ။
လက်စတာ နဲ့ ကစား ခဲ့တဲ့ အဆိုပါ ပွဲစဉ် မှာတော့ သူတို့ နှစ်ဦး ဟာ ပြိုင်ဖက် အသင်း ရဲ့ တိုက်စစ် ကစားသမား ကောင်း တွေကို အကောင်းဆုံး ဟန့်တား နိုင်ခဲ့ ကြတဲ့ အတွက် အထူး ချီးကျူး မှုတွေ ခံခဲ့ ကြရ ပါ သေးတယ် ။
အခုတော့ မက်ဂွားယား က သူတို့ နှစ်ဦး ရဲ့ ပူးပေါင်း ကစား မှုဟာ နားလည် မှုတွေ ပိုမို အားကောင်း လာခြင်း နဲ့ အတူ ဒီထက် ပိုပြီး တိုးတက် ကောင်းမွန် လာဖို့ သာ ရှိကြောင်း အသင်းရဲ့ ပရိသတ် တွေ ဆီကို ကတိပြု စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ပါတနာ ကောင်း ဆိုတာ ဘောလုံး ပွဲ များစွာ အတူ ကစား ရင်း နဲ့မှ ရရှိ နိုင်တယ် ဆိုတာ ကို ကျွန်တော် တို့ သိရှိ နားလည် ထားရ ပါ့မယ် ။ ကျွန်တော် တို့ဟာ အခု မှ 5 ပွဲပဲ အတူ တွဲဖက် ကစား ထားရ ပါ သေးတယ် ”
” ကျွန်တော် တို့ ပိုပြီး တိုးတက် ကောင်းမွန် လာကြ ဦးမှာ ပါ ။ ကျွန်တော် ဟာ ပွဲတွေ များစွာ အတူ ကစားရင်း သူ့ အကြောင်း ပိုပြီး သိရှိ နားလည် မှာ ဖြစ်သလို သူဟာ လည်း ကျွန်တော့် အကြောင်း တွေကို ပိုမို သိရှိ နားလည် လာနိုင် ပါ လိမ့်မယ် ”
” ကျွန်တော် တို့ ပိုပြီး ကောင်းလာ နိုင်တဲ့ အခုုိက်အတန့် တွေဟာ မလွဲ မသွေ ရောက်ရှိ လာပါ လိမ့်မယ် ။ ဒီ အတွက် ကျွန်တော် တို့ဟာ လေ့ကျင့်ရေး ကွင်းမှာ အလုပ် တွေ ပိုမို ကြိုးစား ဖို့တော့ လိုအပ် နေပါ သေးတယ် ။ လေ့ကျင့်ရေး ကွင်းမှာ နားလည်မှု တွေ တည်ဆောက် နိုင်မှ ကွင်း အတွင်း ကျွန်တော် တို့ ပိုပြီး အလုပ် လုပ်ပြ နိုင်ကြ မှာပါ ”
” ဒါဟာ ကျွန်တော် နဲ့ လင်ဒီ အတွက် ပဲ မဟုတ် ပါဘူး ။ ကျွန်တော် တို့ အားလုံး ဒီလို ပဲ နားလည် မှု ပိုကောင်း အောင် လုပ်ဆောင် ကြရ မှာပါ ။ တိုက်စစ် မှာ ဂိုးတွေ သွင်းနိုင် ဖို့ အတွက် ပါရမီ ကောင်းတဲ့ ကစားသမား တွေ ရှိနေ ကြ ပါတယ် ။ ဒါ့ကြောင့် ခံစစ် ကစားသမား တွေ အနေ နဲ့ ကျွန်တော် တို့ အဲ့တာ အတွက် ပျော်ကြ ပါတယ် ”
” အခုထိ လုပ်ပြ ခဲ့ကြတာ တွေက အကောင်းဆုံး စွမ်းဆောင်ရည် တော့ မဟုတ်သေး ပါဘူး ။ ကျွန်တော် တို့ တွေဟာ ဘောလုံး ကိုင် ကစား ရာမှာ အထူး ကောင်းမွန် ခြင်း မရှိ ကြသေး ပါဘူး ။ ကျွန်တော်တို့ တွေဟာ ပြိုင်ဖက် အခြမ်း ဖက်မှာ ဘောလုံး ကိုင် ကစား တာ လုံလောက် စွာ ကောင်းမွန် ဖို့ လိုအပ် နေပါ သေးတယ် ”
” ဒါပေမယ့် ကျွန်တော် တို့ တိုးတက် ကောင်းမွန် လာကြ မှာပါ ။ ကျွန်တော် တိုဟာ အလုပ် ကြိုးစားရင်း ပိုကောင်း လာကြ ပါ လိမ့်မယ် ။ ကျွန်တော် တို့ ခံစစ် ကစား ပုံ မာကျော ကျစ်လျစ် ခဲ့ ကြတယ် ဆိုတာ အရမ်း အရေးကြီး တဲ့ အရာ တစ်ခု ပါပဲ ”
” လက်စတာ က ကောင်းမွန် တဲ့ အသင်း တစ်သင်း ပါ ။ သူတို့ တွေဟာ ဘောလုံး တွဲ ကစား တာ တစ်ကယ် ပဲ ကောင်းမွန် ကြ ပါတယ် ။ ဒါပေမယ့် အခွင့် အရေး တွေ ဖန်တီး နိုင်ခဲ့ မှုတွေ အရ ကျွန်တော် တို့ဟာ အနိုင် သုံးမှတ် နဲ့ ထိုက်တန် တယ်လို့ပဲ ကျွန်တော် တွေး ပါတယ် ” လို့ မက်ဂွားယား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar