ဝက္ဖိုဒ့္ အသင္းနဲ႔ ပြဲမွာ အာဆင္နယ္ အသင္း ဘာ​ေတြ မွားခဲ့သလဲဆိုတာ ဝန္ခံ ေျပာၾကားလိုက္တဲ့ အမ္မရီ

အာဆင္နယ္ အသင္းဟာ မေန႔ညက ကစားခဲ့တဲ့ ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲမွာ ႏွစ္ဂိုးျပတ္ ဦးေဆာင္ေနရာကေန ေခ်ပဂိုးေတြ ျပန္လည္ ခြင့္ျပဳ ခဲ့ရၿပီး သေရတစ္မွတ္နဲ႔သာ ေက်နပ္ ခဲ့ရပါတယ္။ အာဆင္နယ္ အသင္းဟာ ဝက္ဖိုဒ့္ အသင္းကို အနိုင္ရရင္ အဆင့္ ၃ ေနရာအထိ တက္လွမ္းနိုင္မယ့္ အခြင့္အေရးေကာင္းကို လက္လႊတ္ ဆုံးရွုံး သြားခဲ့ရပါတယ္။

အာဆင္နယ္ အသင္းဟာ အူဘာမီယန္း ရဲ့ သြင္းဂိုး ႏွစ္ဂိုးနဲ႔ ပြဲကို ဦးေဆာင္ နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ေနာက္ခံလူ ဆိုကရက္တစ္ နဲ႔ ေဒးဗစ္လူးဝဇ္ တို႔ရဲ့အမွားေတြေၾကာင့္ ေခ်ပဂိုး ႏွစ္ဂိုး ျပန္ေပး ခဲ့ရတာပါ။ ဝက္ဖိုဒ့္ အသင္းအတြက္ ဂိုးေတြကိုေတာ့ ကလီဗာေလ နဲ႔ ပီရဲရား တို႔က သြင္းယူ ေပးခဲ့တာလည္း ျဖစ္ပါတယ္။

အမွတ္ေပး ဇယားေအာက္ဆုံးက ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲမွာ အာဆင္နယ္ အသင္းဟာ ဂိုးေပါက္ ကန္သြင္းခြင့္ ၃၁ ႀကိမ္ အထိ ခြင့္ျပဳ ခဲ့ရၿပီး ၂၀၀၃-၂၀၀၄ ခုႏွစ္ ေနာက္ပိုင္း အာဆင္နယ္ အသင္းအတြက္ အဆိုးရြားဆုံး မွတ္တမ္း တစ္ခု ျဖစ္တယ္လို႔ Opta ရဲ့ မွတ္တမ္းေတြ အရ သိရပါတယ္။

အာဆင္နယ္ အသင္းဟာ ေနာက္ဆုံး သုံးပြဲဆက္တိုက္ နိုင္ပြဲ ေပ်ာက္ဆုံး ေနခဲ့ၿပီး သုံးပြဲဆက္ ပင္နယ္တီလည္း ေပးထားရပါတယ္။ဒါ့အျပင္ ေနာက္ဆုံး သုံးပြဲဆက္တိုက္ တစ္ပြဲကို အနည္းဆုံး ၂ ဂိုး ေပးခဲ့ရတဲ့ အထိ ခံစစ္ပိုင္း စြမ္းေဆာင္ရည္က တည္ၿငိမ္မွု အားနည္း ေနခဲ့ပါတယ္။

အာဆင္နယ္ နည္းၿပ အမ္မရီ ကေတာ့ ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲမွာ ဒုတိယပိုင္းမွာ သူတို႔ အသင္းဟာ အိမ္ရွင္ ဝက္ဖိုဒ့္ အသင္း ရဲ့ ဖိအားေပး ကစားမွုကို ေတာင့္ခံ နိုင္ျခင္း မရွိဘဲ အမွားေတြ မ်ားခဲ့ေၾကာင္း ဝန္ခံ ေျပာၾကား သြားခဲ့ပါတယ္ ။

” သူတို႔က မႏွစ္ကလိုပဲ ဒီေန႔မွာလည္း က်ေနာ္တို႔ကို ေတာက္ေလၽွာက္ ဖိအားေပး ကစား သြားတာပါ ။ က်ေနာ္တို႔ ပထမပိုင္းမွာ ဦးေဆာင္ ထားနိုင္ခဲ့ေပမယ့္ အနိုင္ေသခ်ာေစဖို႔ တတိယေျမာက္ဂိုး သြင္းဖို႔ လိုအပ္ေနတယ္ ဆိုတာ သိခဲ့ပါတယ္။ဝက္ဖိုဒ့္ အသင္းက ပရိသတ္အားနဲ႔ ျပန္လာလိမ့္မယ္လို႔ ထင္ထားခဲ့တဲ့ အတိုင္း ျဖစ္သြားခဲ့တာပါ။”

” ဒုတိယပိုင္းမွာ သူတို႔ရဲ့ ေတာက္ေလၽွာက္ ဖိအားေပးမွုကို က်ေနာ္တို႔ မဟန႔္တား နိုင္ခဲ့ပါဘူး။သူတို႔က ႀကံ့ခိုင္မွု အားျပဳၿပီး က်ေနာ္တို႔ အမွားေတြ လုပ္မိလာေအာင္ ဖိအားေပး ကစားသြားခဲ့တာပါ။သူတို႔မွာ ကစားသမားေကာင္းေတြ ရွိတယ္ဆိုတာ ဒုတိယပိုင္းမွာ ျပသသြားခဲ့ပါတယ္။”

” သူတို႔ သေရတစ္မွတ္ကို ထိုက္ထိုက္တန္တန္ ရသြားတာပါ ။ က်ေနာ္တို႔ အသင္း အတြက္လည္း ေမၽွာ္မွန္းထားတာထက္ ပိုခက္ခဲ ႐ုန္းကန္ခဲ့ရတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္၊ကစားသမားေတြကို စိတ္တည္တည္ၿငိမ္ၿငိမ္နဲ႔ ဂိုးရေအာင္သြင္းဖို႔ တိုက္တြန္းေပမယ့္ အလုပ္ မျဖစ္ခဲ့ပါဘူး။အႏွစ္ခ်ဳပ္ ေျပာရရင္ေတာ့ က်ေနာ္တို႔ တိုးတက္ေကာင္းမြန္ေအာင္ ႀကိဳးစားဖို႔ အမ်ားႀကီး လိုအပ္ ေနပါေသးတယ္။” လို႔ ေျပာၾကား လိုက္ပါတယ္။

SPORTS MYANMAR

Unicode

ဝက်ဖိုဒ့် အသင်းနဲ့ ပွဲမှာ အာဆင်နယ် အသင်း ဘာ​တွေ မှားခဲ့သလဲဆိုတာ ဝန်ခံ ပြောကြားလိုက်တဲ့ အမ်မရီ
==================================

အာဆင်နယ် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ နှစ်ဂိုးပြတ် ဦးဆောင်နေရာကနေ ချေပဂိုးတွေ ပြန်လည် ခွင့်ပြု ခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။ အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့် အသင်းကို အနိုင်ရရင် အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ် ဆုံးရှုံး သွားခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ အူဘာမီယန်း ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နောက်ခံလူ ဆိုကရက်တစ် နဲ့ ဒေးဗစ်လူးဝဇ် တို့ရဲ့အမှားတွေကြောင့် ချေပဂိုး နှစ်ဂိုး ပြန်ပေး ခဲ့ရတာပါ။ ဝက်ဖိုဒ့် အသင်းအတွက် ဂိုးတွေကိုတော့ ကလီဗာလေ နဲ့ ပီရဲရား တို့က သွင်းယူ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အမှတ်ပေး ဇယားအောက်ဆုံးက ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ဂိုးပေါက် ကန်သွင်းခွင့် ၃၁ ကြိမ် အထိ ခွင့်ပြု ခဲ့ရပြီး ၂၀၀၃-၂၀၀၄ ခုနှစ် နောက်ပိုင်း အာဆင်နယ် အသင်းအတွက် အဆိုးရွားဆုံး မှတ်တမ်း တစ်ခု ဖြစ်တယ်လို့ Opta ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံး သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး သုံးပွဲဆက် ပင်နယ်တီလည်း ပေးထားရပါတယ်။ဒါ့အပြင် နောက်ဆုံး သုံးပွဲဆက်တိုက် တစ်ပွဲကို အနည်းဆုံး ၂ ဂိုး ပေးခဲ့ရတဲ့ အထိ ခံစစ်ပိုင်း စွမ်းဆောင်ရည်က တည်ငြိမ်မှု အားနည်း နေခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အမ်မရီ ကတော့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယပိုင်းမှာ သူတို့ အသင်းဟာ အိမ်ရှင် ဝက်ဖိုဒ့် အသင်း ရဲ့ ဖိအားပေး ကစားမှုကို တောင့်ခံ နိုင်ခြင်း မရှိဘဲ အမှားတွေ များခဲ့ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

” သူတို့က မနှစ်ကလိုပဲ ဒီနေ့မှာလည်း ကျနော်တို့ကို တောက်လျှောက် ဖိအားပေး ကစား သွားတာပါ ။ ကျနော်တို့ ပထမပိုင်းမှာ ဦးဆောင် ထားနိုင်ခဲ့ပေမယ့် အနိုင်သေချာစေဖို့ တတိယမြောက်ဂိုး သွင်းဖို့ လိုအပ်နေတယ် ဆိုတာ သိခဲ့ပါတယ်။ဝက်ဖိုဒ့် အသင်းက ပရိသတ်အားနဲ့ ပြန်လာလိမ့်မယ်လို့ ထင်ထားခဲ့တဲ့ အတိုင်း ဖြစ်သွားခဲ့တာပါ။”

” ဒုတိယပိုင်းမှာ သူတို့ရဲ့ တောက်လျှောက် ဖိအားပေးမှုကို ကျနော်တို့ မဟန့်တား နိုင်ခဲ့ပါဘူး။သူတို့က ကြံ့ခိုင်မှု အားပြုပြီး ကျနော်တို့ အမှားတွေ လုပ်မိလာအောင် ဖိအားပေး ကစားသွားခဲ့တာပါ။သူတို့မှာ ကစားသမားကောင်းတွေ ရှိတယ်ဆိုတာ ဒုတိယပိုင်းမှာ ပြသသွားခဲ့ပါတယ်။”

” သူတို့ သရေတစ်မှတ်ကို ထိုက်ထိုက်တန်တန် ရသွားတာပါ ။ ကျနော်တို့ အသင်း အတွက်လည်း မျှော်မှန်းထားတာထက် ပိုခက်ခဲ ရုန်းကန်ခဲ့ရတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်၊ကစားသမားတွေကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးရအောင်သွင်းဖို့ တိုက်တွန်းပေမယ့် အလုပ် မဖြစ်ခဲ့ပါဘူး။အနှစ်ချုပ် ပြောရရင်တော့ ကျနော်တို့ တိုးတက်ကောင်းမွန်အောင် ကြိုးစားဖို့ အများကြီး လိုအပ် နေပါသေးတယ်။” လို့ ပြောကြား လိုက်ပါတယ်။

SPORTS MYANMAR