မားကပ္ ရက္ဖုိဒ့္ ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို လုိက္မီေတာ့မယ့္ ခ်ဲလ္ဆီး ၾကယ္ပြင့္ ေအဘရာဟမ္

ရာသီ အဖြင့္ ပြဲမွာ မန္ခ်က္ စတာ ယူႏုိက္တက္ ကို ၄ ဂုိးျပတ္ ရွဳံးနိမ့္ ခဲ့တဲ့ အတြက္ ဖရန္႔ လမ္းပတ္ ရဲ႕ ရာသီသစ္ အလား အလာ အေပၚ စိတ္ပူ သူေတြ ရွိလာခဲ့ ပါတယ္ ။ လက္စတာ နဲ႔ ပြဲ မွာ သေရ ထပ္က် ခဲ့တာ ေၾကာင့္ ဒီ စိုးရိမ္မႈေတြ က ပုိမို ႀကီးထြား လာခဲ့ ပါတယ္ ။ အီဒင္ ဟာဇက္ မရွိ ေတာ့တဲ့ ခ်ဲလ္ဆီး တိုက္စစ္ပုိင္း ကို လမ္းပတ္ ဘယ္လုိ အေျဖရွာ မလဲ ဆုိတာ လည္း သိခ်င္သူ ေတြ မ်ားျပား လာခဲ့ ပါတယ္ ။

ဒါေပမယ့္ ေနာ၀စ္ခ်္ ၊ ၀ုဗ္ တို႔ လို အေ၀း ကြင္းပြဲစဥ္ ေတြ ကို အႏုိင္ ရရွိမႈ နဲ႔ အတူ ဖရန္႔ လမ္းပတ္ ရဲ႕ ကစားပံု နဲ႔ အေတြး အေခၚ ဒႆန ေတြကို ပရိသတ္ေတြ ျမင္ေတြ႕ လာခဲ့ ၾကရ ပါတယ္ ။ ဒီအထဲ မွာ အသိသာ ဆံုး အရာ ကေတာ့ လူငယ္ ကစား သမားေတြ ပါပဲ ။

ခ်ဲလ္ဆီး ဟာ ေအဘရာမိုဗစ္ခ်္ ၀ယ္ယူၿပီး ကတည္း က ကစား သမား ေကာင္းေတြ ကို ေခၚယူ ကာ တည္ေဆာက္ လာခဲ့ ၿပီး အကယ္ဒမီ လူငယ္ေတြ အတြက္ ေနရာ ရဖို႔ ခက္ခဲတဲ့ အသင္း တစ္သင္း ျဖစ္လာခဲ့ ပါတယ္ ။ ဒါေၾကာင့္ လူငယ္ အသင္းသားေတြ ျဖစ္တဲ့ ဆာလာ ၊ ဒီဘရုိင္း နဲ႔ လူကာကူ တို႔ ဟာ ပုိမုိ ေကာင္းမြန္တဲ့ အခြင့္ အေရးေတြ ကို ရွာေဖြ ဖို႔ ခ်ဲလ္ဆီး ကို စြန္႔ခြာ ရင္း လက္ရွိ မွာေတာ့ ထိပ္တန္း ကစား သမားေတြ ျဖစ္လာခဲ့ ၾကပါတယ္ ။

ဖရန္႔ လမ္းပတ္ ကိုင္တြယ္ ခ်ိန္ မွာေတာ့ အကယ္ ဒမီ ကစား သမားေတြကို ပိုမို ေနရာေပး ဖို႔ ဆံုးျဖတ္ခဲ့ ၿပီး လက္ရွိ အခ်ိန္ အထိ ပြဲစဥ္တုိင္း မွာ အကယ္ ဒမီ ထြက္ေတြ ကို အၿမဲ ထည့္သြင္း ကစားခဲ့ ပါတယ္ ။ အေျပာင္း အေရႊ႕ ပိတ္ပင္ ခံရမႈ ဟာလည္း လူငယ္ေတြကို ပိုမို အသံုးျပဳ ေပးဖို႔ အခြင့္ အေရး တစ္ခု ျဖစ္လာခဲ့ၿပီး ဒါကို လမ္းပတ္ က ထိထိ ေရာက္ေရာက္ အသံုးခ် ခဲ့ ပါတယ္ ။

]

ဒီရာသီ လမ္းပတ္ စင္တင္ေပး ေနတဲ့ အကယ္ ဒမီ ကစား သမားေတြ ထဲ မွာ သိသိ သာသာ ထြန္းေတာက္ ေနသူ ေတြ ကေတာ့ ေမဆြန္ ေမာင့္ နဲ႔ တမ္မီ ေအဘရာဟမ္ တို႔ပါပဲ ။ မႏွစ္ က ခ်ဲလ္ဆီး ကို စြန္႔ခြာ ၿပီး အငွား ထြက္ ကစား ခဲ့ၾကတဲ့ အဂၤလန္ လူငယ္ေလး ၂ ဦး ဟာ ဒီႏွစ္ မွာေတာ့ စီနီယာ အသင္းႀကီး ရဲ႕ တိုက္စစ္မွာ အေရးပါသူ ေတြ ျဖစ္လာ ခဲ့ၾကပါၿပီ ။

ဒီႏွစ္ ပရီးမီးယားလိဂ္ မွာ ခ်ဲလ္ဆီး ဟာ ပြဲစဥ္ ၅ ပြဲ ၿပီးသည္ အထိ ၁၁ ဂုိး သြင္းထားခဲ့ ပါတယ္ ။ ဒီ ၁၁ ဂုိး စလံုး ကို လူငယ္ အကယ္ ဒမီ ထြက္ေတြ ကခ်ည္း သြင္းယူ ခဲ့တာ ျဖစ္သလို တုိက္စစ္မႈးေလး တမ္မီ ေအဘရာဟမ္ တစ္ဦး တည္းက ၇ ဂုိး သြင္းယူ ေပးထားခဲ့ ပါတယ္ ။

ၿပီးခဲ့တဲ့ စေနေန႔ က ခ်ဲလ္ဆီး တို႔ ၀ုဗ္ ကို ၅ – ၂ နဲ႔ အျပတ္ ႏုိင္ခဲ့ ပါတယ္ ။ ၀ုဗ္ ဟာ အသင္းႀကီးေတြကို ဒုုကၡ ေပးေလ့ ရွိေပမယ့္ လမ္းပတ္ ရဲ႕ ခ်ဲလ္ဆီး ကိုေတာ့ အာမခံ ႏုိင္ခဲ့ ပါဘူး ။ လန္ဒန္ က ေန လာ ကစားတဲ့ ျခေသၤ့ျပာ ေတြ အတြက္ သူရဲေကာင္း ျဖစ္ခဲ့သူကေတာ့ ေအဘရာဟမ္ ျဖစ္ၿပီး တစ္ဦးတည္း ၃ ဂုိး သြင္းယူ ေပး သြားခဲ့ ပါတယ္ ။

ဒီသြင္းဂုိးေတြ ေၾကာင့္ ေအဘရာဟမ္ ဟာ ပရီးမီးယားလိဂ္ ဂုိးသြင္း ဘုရင္ ဇယား ရဲ႕ ထိပ္ဆံုး ေနရာကို ေရာက္သြား ခဲ့ သလို ခ်ဲလ္ဆီး ရဲ႕ က်ိန္စာသင့္ေနတဲ့ ေက်ာနံပါတ္ ၉ အစြဲ ေတြကို လည္း တိတ္ဆိတ္ သြားေစခဲ့ ပါတယ္ ။

ဒါ့အျပင္ ေအဘရာဟမ္ ဟာ မန္ခ်က္စတာ ယူႏုိက္တက္ အသင္း တုိက္စစ္မႈး မားကပ္ ရက္ဖုိဒ့္ ရဲ႕ အေကာင္း ဆံုး စြမ္းေဆာင္မႈ ကိုလည္း လုိက္မီ ဖို႔ ဂုိး အနည္းငယ္ အလို ကို ေရာက္ရွိ လာခဲ့ ပါတယ္ ။ ရက္ဖိုဒ့္ ဟာ ယူနုိက္တက္ စီနီယာ အသင္း မွာ ကစား လာခဲ့တာ ၅ ရာသီ ၾကာၿပီ ျဖစ္ေပမယ့္ သြင္းဂုိး ၁၀ ဂုိး ဟာ သူ႔ရဲ႕ အေကာင္းဆံုး မွတ္တမ္း ျဖစ္ခဲ့ ပါတယ္ ။ အခု ေအဘရာဟမ္ ဟာ ၅ ပြဲတည္းနဲ႔ ဒီ မွတ္တမ္းေကာင္း ကို လုိက္မီဖို႔ ၃ ဂုိးသာ လုိအပ္ ပါေတာ့တယ္ ။

၂ ဦး စလံုး ဟာ အသက္ ၂၁ ႏွစ္ ခ်င္း တူညီ ၾကပါတယ္ ။ ရက္ဖုိဒ့္ ကေတာ့ စီနီယာ အသင္း မွာ ေအဘရာဟမ္ ထက္ ေစာၿပီး ကစားခြင့္ ရရွိ ခဲ့သလို လက္ေရြးစင္ အသင္း မွာ လည္း သက္တူရြယ္တူေတြ ထဲ မွာ ေနရာေပး ခံ ရတဲ့ ကစားသမား တစ္ဦး ျဖစ္ ပါတယ္ ။

ဒါေပမယ့္ ေနာက္ပုိင္းမွာ ရက္ဖုိဒ့္ ရဲ႕ ဂုိးသြင္းႏႈန္းေတြ က်ဆင္း လာသလို အခုလိုမ်ဳိး ေအဘရာဟမ္ ရဲ႕ ေျခစြမ္း ျပသ မႈေတြ က မားကပ္ ရက္ဖုိဒ့္ ရဲ႕ လက္ေရြးစင္ ကစား သမား ဘ၀ ကို ထိခိုက္မႈ ရွိလာ ႏုိင္မလား ဆုိတဲ့ သံုးသပ္မႈေတြ ထြက္ေပၚ လာခဲ့ၿပီ လည္း ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

မားကပ် ရက်ဖိုဒ့် ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို လိုက်မီတော့မယ့် ချဲလ်ဆီး ကြယ်ပွင့် အေဘရာဟမ်

=========================================

ရာသီ အဖွင့် ပွဲမှာ မန်ချက် စတာ ယူနိုက်တက် ကို ၄ ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ အတွက် ဖရန့် လမ်းပတ် ရဲ့ ရာသီသစ် အလား အလာ အပေါ် စိတ်ပူ သူတွေ ရှိလာခဲ့ ပါတယ် ။ လက်စတာ နဲ့ ပွဲ မှာ သရေ ထပ်ကျ ခဲ့တာ ကြောင့် ဒီ စိုးရိမ်မှုတွေ က ပိုမို ကြီးထွား လာခဲ့ ပါတယ် ။ အီဒင် ဟာဇက် မရှိ တော့တဲ့ ချဲလ်ဆီး တိုက်စစ်ပိုင်း ကို လမ်းပတ် ဘယ်လို အဖြေရှာ မလဲ ဆိုတာ လည်း သိချင်သူ တွေ များပြား လာခဲ့ ပါတယ် ။

ဒါပေမယ့် နောဝစ်ချ် ၊ ၀ုဗ် တို့ လို အဝေး ကွင်းပွဲစဉ် တွေ ကို အနိုင် ရရှိမှု နဲ့ အတူ ဖရန့် လမ်းပတ် ရဲ့ ကစားပုံ နဲ့ အတွေး အခေါ် ဒဿန တွေကို ပရိသတ်တွေ မြင်တွေ့ လာခဲ့ ကြရ ပါတယ် ။ ဒီအထဲ မှာ အသိသာ ဆုံး အရာ ကတော့ လူငယ် ကစား သမားတွေ ပါပဲ ။

ချဲလ်ဆီး ဟာ အေဘရာမိုဗစ်ချ် ၀ယ်ယူပြီး ကတည်း က ကစား သမား ကောင်းတွေ ကို ခေါ်ယူ ကာ တည်ဆောက် လာခဲ့ ပြီး အကယ်ဒမီ လူငယ်တွေ အတွက် နေရာ ရဖို့ ခက်ခဲတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ ပါတယ် ။ ဒါကြောင့် လူငယ် အသင်းသားတွေ ဖြစ်တဲ့ ဆာလာ ၊ ဒီဘရိုင်း နဲ့ လူကာကူ တို့ ဟာ ပိုမို ကောင်းမွန်တဲ့ အခွင့် အရေးတွေ ကို ရှာဖွေ ဖို့ ချဲလ်ဆီး ကို စွန့်ခွာ ရင်း လက်ရှိ မှာတော့ ထိပ်တန်း ကစား သမားတွေ ဖြစ်လာခဲ့ ကြပါတယ် ။

ဖရန့် လမ်းပတ် ကိုင်တွယ် ချိန် မှာတော့ အကယ် ဒမီ ကစား သမားတွေကို ပိုမို နေရာပေး ဖို့ ဆုံးဖြတ်ခဲ့ ပြီး လက်ရှိ အချိန် အထိ ပွဲစဉ်တိုင်း မှာ အကယ် ဒမီ ထွက်တွေ ကို အမြဲ ထည့်သွင်း ကစားခဲ့ ပါတယ် ။ အပြောင်း အရွှေ့ ပိတ်ပင် ခံရမှု ဟာလည်း လူငယ်တွေကို ပိုမို အသုံးပြု ပေးဖို့ အခွင့် အရေး တစ်ခု ဖြစ်လာခဲ့ပြီး ဒါကို လမ်းပတ် က ထိထိ ရောက်ရောက် အသုံးချ ခဲ့ ပါတယ် ။

ဒီရာသီ လမ်းပတ် စင်တင်ပေး နေတဲ့ အကယ် ဒမီ ကစား သမားတွေ ထဲ မှာ သိသိ သာသာ ထွန်းတောက် နေသူ တွေ ကတော့ မေဆွန် မောင့် နဲ့ တမ်မီ အေဘရာဟမ် တို့ပါပဲ ။ မနှစ် က ချဲလ်ဆီး ကို စွန့်ခွာ ပြီး အငှား ထွက် ကစား ခဲ့ကြတဲ့ အင်္ဂလန် လူငယ်လေး ၂ ဦး ဟာ ဒီနှစ် မှာတော့ စီနီယာ အသင်းကြီး ရဲ့ တိုက်စစ်မှာ အရေးပါသူ တွေ ဖြစ်လာ ခဲ့ကြပါပြီ ။

ဒီနှစ် ပရီးမီးယားလိဂ် မှာ ချဲလ်ဆီး ဟာ ပွဲစဉ် ၅ ပွဲ ပြီးသည် အထိ ၁၁ ဂိုး သွင်းထားခဲ့ ပါတယ် ။ ဒီ ၁၁ ဂိုး စလုံး ကို လူငယ် အကယ် ဒမီ ထွက်တွေ ကချည်း သွင်းယူ ခဲ့တာ ဖြစ်သလို တိုက်စစ်မှုးလေး တမ်မီ အေဘရာဟမ် တစ်ဦး တည်းက ရ ဂိုး သွင်းယူ ပေးထားခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ စနေနေ့ က ချဲလ်ဆီး တို့ ၀ုဗ် ကို ၅ – ၂ နဲ့ အပြတ် နိုင်ခဲ့ ပါတယ် ။ ၀ုဗ် ဟာ အသင်းကြီးတွေကို ဒုုက္ခ ပေးလေ့ ရှိပေမယ့် လမ်းပတ် ရဲ့ ချဲလ်ဆီး ကိုတော့ အာမခံ နိုင်ခဲ့ ပါဘူး ။ လန်ဒန် က နေ လာ ကစားတဲ့ ခြင်္သေ့ပြာ တွေ အတွက် သူရဲကောင်း ဖြစ်ခဲ့သူကတော့ အေဘရာဟမ် ဖြစ်ပြီး တစ်ဦးတည်း ၃ ဂိုး သွင်းယူ ပေး သွားခဲ့ ပါတယ် ။

ဒီသွင်းဂိုးတွေ ကြောင့် အေဘရာဟမ် ဟာ ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင် ဇယား ရဲ့ ထိပ်ဆုံး နေရာကို ရောက်သွား ခဲ့ သလို ချဲလ်ဆီး ရဲ့ ကျိန်စာသင့်နေတဲ့ ကျောနံပါတ် ၉ အစွဲ တွေကို လည်း တိတ်ဆိတ် သွားစေခဲ့ ပါတယ် ။

ဒါ့အပြင် အေဘရာဟမ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့် ရဲ့ အကောင်း ဆုံး စွမ်းဆောင်မှု ကိုလည်း လိုက်မီ ဖို့ ဂိုး အနည်းငယ် အလို ကို ရောက်ရှိ လာခဲ့ ပါတယ် ။ ရက်ဖိုဒ့် ဟာ ယူနိုက်တက် စီနီယာ အသင်း မှာ ကစား လာခဲ့တာ ၅ ရာသီ ကြာပြီ ဖြစ်ပေမယ့် သွင်းဂိုး ၁၀ ဂိုး ဟာ သူ့ရဲ့ အကောင်းဆုံး မှတ်တမ်း ဖြစ်ခဲ့ ပါတယ် ။ အခု အေဘရာဟမ် ဟာ ၅ ပွဲတည်းနဲ့ ဒီ မှတ်တမ်းကောင်း ကို လိုက်မီဖို့ ၃ ဂိုးသာ လိုအပ် ပါတော့တယ် ။

၂ ဦး စလုံး ဟာ အသက် ၂၁ နှစ် ချင်း တူညီ ကြပါတယ် ။ ရက်ဖိုဒ့် ကတော့ စီနီယာ အသင်း မှာ အေဘရာဟမ် ထက် စောပြီး ကစားခွင့် ရရှိ ခဲ့သလို လက်ရွေးစင် အသင်း မှာ လည်း သက်တူရွယ်တူတွေ ထဲ မှာ နေရာပေး ခံ ရတဲ့ ကစားသမား တစ်ဦး ဖြစ် ပါတယ် ။

ဒါပေမယ့် နောက်ပိုင်းမှာ ရက်ဖိုဒ့် ရဲ့ ဂိုးသွင်းနှုန်းတွေ ကျဆင်း လာသလို အခုလိုမျိုး အေဘရာဟမ် ရဲ့ ခြေစွမ်း ပြသ မှုတွေ က မားကပ် ရက်ဖိုဒ့် ရဲ့ လက်ရွေးစင် ကစား သမား ဘဝ ကို ထိခိုက်မှု ရှိလာ နိုင်မလား ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ် လာခဲ့ပြီ လည်း ဖြစ် ပါတယ် ။

SPORTS MYANMAR