မန်စီးတီး အသင်း ဟာ ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက နောဝှစ်ခ်ျ အသင်း ကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ နောက် ဒီ ရာသီ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ ရှေ့ဆက် နေ ခဲ့တဲ့ ပြိုင်ဖက် လီဗာပူး အသင်း နောက် 5 မှတ် အကွာ ၊ အဆင့် 2 နေရာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။
#Sports_Myanmar
Unicode
‘ မနှစ်ကလည်း 7 မှတ် ပြတ်ခဲ့ သေးတာပဲ ‘ အမှတ်ပေး ဖလား ဆွတ်ခူးရေးနဲ့ ပတ်သက်လို့ လီဗာပူးကို သတိပေးစကား ပြောသွားတဲ့ မန်စီးတီး စတား #ဒီဘရိုင်း
===============
မန်စီးတီး အသင်း ဟာ ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက နောဝှစ်ချ် အသင်း ကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ နောက် ဒီ ရာသီ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ ရှေ့ဆက် နေ ခဲ့တဲ့ ပြိုင်ဖက် လီဗာပူး အသင်း နောက် 5 မှတ် အကွာ ၊ အဆင့် 2 နေရာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။
ဒါပေမယ့် မန်စီးတီး အသင်း ရဲ့ အားထာ ရတဲ့ ကွင်းလယ် ကြယ်ပွင့် ကစားသမား ဖြစ်သူ ကယ်ဗင် ဒီဘရိုင်း က အမှတ်ပေး ဖလာ ဆွတ်ခူးရေး လမ်းကြောင်း မှာ ပြိုင်ဖက် လီဗာပူး အသင်း က 5 မှတ် အသာ နဲ့ ဦးဆောင် နေခဲ့ ပေမယ့် သူ့ ဖက်က တော့ စိတ်ပူ နေခြင်း မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်စီးတီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပြိုင်ဖက် လီဗာပူး အသင်း အောက် 7 မှတ် အကွာ မှာ ရပ်တည် ခဲ့ရ ပေမယ့် အဆုံးသတ် မှာတော့ အမှတ်ပေး ဖလား ကို ရယူ ဆွတ်ခူး သွားနိုင် ခဲ့ ပါတယ် ။ ဒါ့ကြောင့် ရာသီ အစ မှာ အမှတ် ဆုံးရှံုး ခဲ့ရ ခြင်းနဲ့ ပတ်သက် လို့ သူဟာ မစိုးရိမ် မိကြောင်း ဒီဘရိုင်း က ပြောကြား ခဲ့တာ ပဲ ဖြစ်ပါတယ် ။
” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆိုရင် ကျွန်တော် တို့ တွေဟာ သူတို့ အနောက် 7 မှတ် အကွာ မှာတောင် ရပ်တည် ခဲ့ကြ ရပါ သေးတယ် ။ ဒါဟာ ဖြစ်တက် ပါတယ် ။ သေချာ တာပေါ့ ၊ ကျွန်တော် တို့ တွေဟာ ပွဲစဉ် တိုင်းကို အနား ကစား ချင်ကြ ပါတယ် ။ ဒါပေမယ့် အဲ့တာ က ခက်ခဲ လှ ပါတယ် ”
” အခြား အသင်း တစ်သင်း က ရလဒ် တွေ ကောင်းမွန် နေတယ် ဆိုရင် ကျွန်တော် ဖက်က သူတို့ အပေါ် လေးစား သမှု ထားရှိ ကြရ ပါ့မယ် ။ သူတို့ တွေဟာ အလုပ် ကို ကောင်းမွန်စွာ လုပ်ဆောင် နိုင်ခဲ့ ကြ ပါတယ် ”
” ကျွန်တော် တို့ အတွက် ကတော့ လာမယ့် 7 လတာ အချိန် ကာလဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လိုပဲ ခက်ခဲ နေပါ လိမ့်မယ် ။ ဒါဟာ ရပ်တန့် သွားမှာ မဟုတ် ပါဘူး ။ ဒါဟာ ကျွန်တော် တို့ရဲ့ အလုပ် ပါ ။ တစ်ခါတလေ တော့ အခက်အခဲ တွေကို တွေ့ ရမှာ ပါပဲ ။ ကျွန်တော် တို့ အဲ့တာ ကို ကျော်လွှား နိုင်ရ ပါ့မယ် ”
” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆိုရင် ကျွန်တော် တို့ 38 ပွဲ ကစား ခဲ့ရ ပြီး 4 ပွဲ ရှံုးနိမ့် ခဲ့ကြ ပါတယ် ။ အဲ့တာ က ကောင်းမွန် တဲ့ မှတ်တမ်း တစ်ခု ပါ ။ ကျွန်တော် တို့ တွေဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ရယူ နိုင်ခဲ့ ကြတဲ့ ရမှတ် မျိုး ဒီ ရာသီ မှာလည်း ပိုင်ဆိုင် နိုင်ခွင့် ရှိနေ ပါ သေးတယ် ” လို့ ဒီဘရိုင်း က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ပြီးခဲ့တဲ့ တစ်ပါတ် တုန်းက မန်စီးတီး တို့ နောဝှစ်ချ် ကို ရှံုးနိမ့်ခဲ့ ကြတဲ့ ပွဲစဉ် မှာ ဒီဘရိုင်း ဟာ အရံ ကစားသမား အဖြစ် သာ ပါဝင် ခွင့် ရရှိ ခဲ့ရ ပါတယ် ။ မန်စီးတီး တို့ 3 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှံုးနိမ့် ခဲ့တဲ့ အချိန် မှသာ ဒီဘရိုင်း ဟာ လူစားဝင် ကစား ခွင့် ရရှိ ခဲ့ ပါတယ် ။ သူ့ကို အရံခုံ ပေါ် ထားရှိ ခဲ့တဲ့ အကြောင်း မေးမြန်း ခဲ့ရာ မှာတော့ ဒီဘရိုင်း က …
” ကျွန်တော် တို့ ဆက်လက် ကစား ကြရ မယ့် ပွဲစဉ် တွေ အများကြီး ရှိနေ ပါ သေးတယ် ။ တစ်ခါတလေ ကျတော့ သူ ( ဂွာဒီယိုလာ ) ဟာ အကြောင်း ပြချက် တစ်စုံတခု ကြောင့် အပြောင်း အလဲ အချို့ ကို ပြုလုပ် လေ့ ရှိတက် ပါတယ် ။ ကျွန်တော် တို့ တွေဟာ အဲ့တာ ကို နာခံ ပြီး အသင်း ကို တက်နိုင် သမျှ ကူညီ ပေးကြ ရ ပါ့မယ် ”
” ကျွန်တော် မပါ ရလို့ ရှံုးခဲ့ ရတယ် ဆိုတဲ့ စကား မျိုး ပြောစရာ အကြောင်း ကို မရှိ ပါဘူး ။ ဒါဟာ အကြောင်း ပြချက် တစ်ခု မဟုတ် ပါဘူး ။ 3 – 1 ဆိုတဲ့ ရလဒ် ထွက်ပေါ် နေတဲ့ အချိန် မှာ ကစား ရတာ ခက်ခဲ လှ ပါတယ် ။ ကျွန်တော် အသင်း ကို ကူညီ နိုင်ဖို့ ကြိုးစား ခဲ့ ပေမယ့် မလုံလောက်ခဲ့ ပါဘူး ”
” ကျွန်တော် တို့ တွေက သူတို့ တွေကို ဖိအား အနည်းငယ် ပေးနိုင် ခဲ့ကြ တယ်လို့ ထင် ပါတယ် ။ ဒါပေမယ့် သူတို့ က အကောင်းဆုံး ခုခံ သွားနိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ ဂိုးပြန် သွင်းယူ နိုင်တဲ့ အချိန် ဟာ အရမ်း ကို နောက်ကျ သွားခဲ့ ရ ပါတယ် ” လို့ ဒီဘရိုင်း က ရှံုးပွဲ အပေါ် မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။
#Sports_Myanmar