ထိုင်းနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မယ့် ၂၀၂၀ အာရှ ယူ၂၃ ချန်ပီယံရှစ် ပြိုင် ပွဲရဲ့ခြေစစ်ပွဲ အဆင့် အုပ်စုပွဲ စဉ် တွေကို သက်ဆိုင်ရာ အိမ်ရှင် နိုင် နိုင်ငံတွေမှာ ကျင်းပနေခဲ့ကြတာဖြစ်ပါတယ်။မြန်မာ အသင်းကတော့ အုပ်စု I မှာ  ဂျပန် ၊ မကာအို၊ တီမော အသင်း တို့ နဲ့ အတူ ကျရောက်ခဲ့ပြီးအုပ်စု ပွဲစဉ်တွေကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတာဖြစ်ပါတယ်။

အုပ်စု ပထမနေ့ ပွဲစဉ် တွေမှာတော့ အာရှ အင်အားကြီး ဂျပန် အသင်း က မကာအို အသင်းကို ၈ဂိုးပြတ် နဲ့ ချေမှုန်းသွားခဲ့ပါတယ်။ နောက်ကျပွဲ အဖြစ်ကစားခဲ့ရတဲ့ပွဲစဉ် မှာတော့ မြန်မာ အသင်းက တီမော အသင်းကို မိနစ် ၇၀ ဝန်း ကျင်မှာ ၇ဂိုးပြတ် အနိုင် ရနေခဲ့ပေမယ့် ဂိုးတွေ ထပ်မရခဲ့ လို့ အုပ်စု ဗိုလ် အခွင့် အရေး ကို ရယူနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ယနေ့ ညနေပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဂျပန် အသင်းက တီမော အသင်းကို ၆ဂိုး ဂိုးမရှိနဲ့ ထပ်မံအနိုင်ရခဲ့ပြန်ပါတယ်။နောက်ကျပွဲ အဖြစ် ကစားခဲ့တဲ့ပွဲမှာတော့ မြန်မာ အသင်းက မကာအို အသင်းကို ၄ဂိုး ဂိုးမရှိသာ ကစားနိုင်ခဲ့ လို့ ဂျပန် အသင်းက ပဲ အမှတ်ပေးဇယားကို ဆက်လက်ဦး ဆောင်သွားခဲ့ပါတယ်။မြန်မာ တို့ဟာ ပြီးခဲ့တဲ့ တီမောနဲ့ ပွဲစဉ် လိုပဲ ပွဲအစမှာ ပဲ အဖွင့်ဂိုး ရခဲ့ တာဖြစ်ပေမယ့် လိုအပ်တဲ့ သွင်းဂိုး အရေအတွက်မျိုး အထိ တော့ မရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာတို့ဟာ အခွင့် အရေးအများ အပြားရခဲ့ပေမယ့် ပွဲချိန် ၂မိနစ်၊၁၉ မိနစ်၊ ၇၂မိနစ်၊ ၈၆ မိနစ်မှာ ရတဲ့ သွင်းဂိုး လေးဂိုးနဲ့ သာကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အုပ်စု ၂ပွဲစီ ကစားအပြီး မှာတော့ အမှတ်ပေးဇယားမှာ ဂျပန်၊ မြန်မာ၊ မကာအို၊ တီမော တို့က အစဉ် လိုက်ရပ်တည်သွားခဲ့ပါတယ်။ လတ်တလော စည်းမျဉ်းတွေအရအုပ်စု ၁၁ ခုရဲ့ ထိပ်ဆုံး ၁၁သင်းသာ နောက်တဆင့် တက်ရောက်နိုင်မှာဖြစ်လို့ အကောင်းဆုံး အုပ်စု ဒုတိယအသင်းတသင်းဖြစ်နိုင်ဖို့ မြန်မာ တို့ ဂျပန်နဲ့ ပွဲမှာရလဒ် မကောင်းရင်တောင် ပေးဂိုးမများဖို့ လိုအပ်သွားခဲ့ပြီဖြစ်ပါတယ်။ လက်တလော ဂိုးအများဆုံး ကစား သမား စာရင်းမှာတော့ ထိုင်းအသင်းရဲ့ လူငယ်ကြယ်ပွင့် စူပါချိုင်းက ၅ဂိုးနဲ့ ဦးဆောင်နေပါတယ်။

SM