အာဆင္နယ္ သတင္းတိုမ်ား

* ဂန္းနား ကစားသမားေဟာင္း လီဒီဇြန္ က ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲက အာဆင္နယ္ အသင္းသားေတြရဲ့စြမ္းေဆာင္ရည္နဲ႔ ပတ္သက္ၿပီး ” တာဝန္ခံမွု မရွိ၊ ပြဲအေပၚ စီမံခန႔္ခြဲနိုင္မွု သုည ၊ ပြဲအေျခအေနအေပၚ သုံးသပ္ နားလည္မွု သုည၊တာဝန္ယူတတ္မွု သုည ၊ အလြန္႔ အလြန္ ဆိုးရြားတဲ့ ပုံစံ ” လို႔ အျပင္းအထန္ ေဝဖန္ သြားခဲ့ပါတယ္ ။

* ယခုတစ္ပတ္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ ပြဲစဥ္မွာ အာဆင္နယ္ ယူ-၂၃ အသင္းဟာ လက္စတာ ယူ-၂၃ အသင္းကို ႏွစ္ဂိုး တစ္ဂိုးနဲ႔ အနိုင္ ရသြားခဲ့ပါတယ္။အာဆင္နယ္ ယူ-၂၃ အသင္းအတြက္ ႏွစ္ဂိုးစလုံးကို တိုင္ရီဂၽြန္းဂ်ဴးစ္ က သြင္းယူ ေပးခဲ့တာပါ။ အာဆင္နယ္ ယူ-၁၈ အသင္းကေတာ့ လက္စတာ ယူ-၁၈ အသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ ရွုံးနိမ့္ သြားခဲ့ပါတယ္ ။

* အာဆင္နယ္ အသင္းကေန လိဒ္ယူနိုက္တက္ အသင္းကို လူငယ္ တိုက္စစ္မွူးေလး အန္ခီတီးယားဟာ ဘန္စေလ အသင္း နဲ႔ ပြဲမွာ တစ္ဂိုး သြင္းယူ ေပးနိုင္ခဲ့သလို ပင္နယ္တီ တစ္လုံး ရရွိေအာင္လည္း စြမ္းေဆာင္ ေပးခဲ့ပါတယ္။ ဒါ့အျပင္ ရိုးမား အသင္းကို အငွား သြားေရာက္ ကစားေနတဲ့ မီခီတာရန္း ဟာလည္း ဆာဆူအူလို နဲ႔ ပြဲမွာ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။

* အာဆင္နယ္ အသင္း ေခါင္းေဆာင္ ရွာကာ ကေတာ့ ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲ ဒုတိယပိုင္းမွာ သူ႔ရဲ့ အသင္းေဖာ္ေတြဟာ ေဘာလုံး ကိုင္ထားရမွာကို ေၾကာက္လန႔္ ေနတဲ့ အထိ အေျခအေန ဆိုးရြားခဲ့ေၾကာင္း နဲ႔ သေရရလဒ္ အတြက္ စိတ္ပ်က္မိေၾကာင္း ေျပာၾကား လိုက္ပါတယ္။

* အာဆင္နယ္ အသင္း ပရိသတ္ေတြဟာ ဝက္ဖိုဒ့္ အသင္းနဲ႔ ပြဲက အာဆင္နယ္ အသင္းရဲ့ ကစားပုံ အေပၚ အေတာ္ေလး စိတ္ပ်က္ေနၾကၿပီး ကိုယ္ပိုင္ ကစားဟန္ တစ္ခုကို အခုအခ်ိန္အထိ မတည္ေဆာက္နိုင္ေသးတဲ့ အမ္မရီ ကို ထုတ္ပစ္ကာ လက္ေထာက္ နည္းၿပ ယြန္းဘတ္ကို ခန႔္အပ္ဖို႔ ဝိုင္းဝန္း ေတာင္းဆို ေနၾကပါတယ္။

* အာဆင္နယ္ နည္းၿပ အမ္မရီ က မေန႔ညက ကစားခဲ့ပြဲ ဒုတိယပိုင္းမွာ သူတို႔ အသင္းဟာ အိမ္ရွင္ ဝက္ဖိုဒ့္ အသင္း ရဲ့ ဖိအားေပး ကစားမွုကို ေတာင့္ခံ နိုင္ျခင္း မရွိဘဲ အမွားေတြ မ်ားခဲ့ေၾကာင္း ဝန္ခံ ေျပာၾကား လိုက္ၿပီး တိုးတက္ေကာင္းမြန္ေအာင္ ႀကိဳးစားဖို႔ အမ်ားႀကီး လိုအပ္ ေနေသးေၾကာင္း ဆိုပါတယ္။

* ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲမွာ အာဆင္နယ္ အသင္းအတြက္ ဦးေဆာင္ဂိုး ႏွစ္ဂိုး သြင္းယူ ေပးခဲ့တဲ့ တိုက္စစ္မွူး အူဘာမီယန္း က သူတို႔အသင္းဟာ ၿပိဳင္ဘက္ အသင္းကို အလြယ္တကူ ဂိုးေတြ ေပးေနရတယ္လို႔ ဝန္ခံ သြားခဲ့ၿပီး သေရရလဒ္အတြက္ ဘယ္သူ႔ကိုမွ အျပစ္မတင္ခ်င္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္။

* ဝက္ဖိုဒ့္ အသင္း နဲ႔ ပြဲမွာ သူ႔ရဲ့ အမွားေၾကာင့္ ေခ်ပဂိုး တစ္ဂိုး ခြင့္ျပဳ ခဲ့ရတဲ့ ေနာက္ခံလူ ဆိုကရက္တစ္ က သေရ ရလဒ္အတြက္ သူ႔မွာ တာဝန္ အျပည့္ ရွိေၾကာင္း နဲ႔ ပရိသတ္ေတြ အားလုံးကို ေတာင္းပန္ပါေၾကာင္း တရားဝင္ ေဖ့စ္ဘုတ္ အေကာင့္မွာ ေရးသား လိုက္ပါတယ္။

* လီဗာပူး ကစားသမားေဟာင္း ဂေရမီ ေဆာင္းနက္စ္ က ဝက္ဖိုဒ့္ အသင္းနဲ႔ ပြဲက အာဆင္နယ္ အသင္းရဲ့ ဒုတိယပိုင္း ကစားပုံ အေပ်ာ္တမ္း ကလပ္ အသင္း အဆင့္သာသာ တာရွိတယ္လို႔ ေဝဖန္ လိုက္ၿပီး ကစားသမားေတြဟာ အမွားေတြကေန သင္ခန္းစာ မယူၾကပါဘူးလို႔ ေထာက္​ၿပ သြားခဲ့ပါတယ္။

* အာဆင္နယ္ အမ်ိဳးသမီး အသင္းဟာ အမ်ိဳးသမီး စူပါလိဂ္ ပြဲစဥ္ အျဖစ္ မနက္ျဖန္ နံနက္ ျမန္မာ စံေတာ္ခ်ိန္ ၁ နာရီမွာ မန္ယူနိုက္တက္ အမ်ိဳးသမီး အိမ္ကြင္းမွာ သြားေရာက္ ယွဥ္ၿပိဳင္ ကစားရပါမယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် သတင်းတိုများ
===================

* ဂန်းနား ကစားသမားဟောင်း လီဒီဇွန် က ဝက်ဖိုဒ့် အသင်း နဲ့ ပွဲက အာဆင်နယ် အသင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ” တာဝန်ခံမှု မရှိ၊ ပွဲအပေါ် စီမံခန့်ခွဲနိုင်မှု သုည ၊ ပွဲအခြေအနေအပေါ် သုံးသပ် နားလည်မှု သုည၊တာဝန်ယူတတ်မှု သုည ၊ အလွန့် အလွန် ဆိုးရွားတဲ့ ပုံစံ ” လို့ အပြင်းအထန် ဝေဖန် သွားခဲ့ပါတယ် ။

* ယခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ်မှာ အာဆင်နယ် ယူ-၂၃ အသင်းဟာ လက်စတာ ယူ-၂၃ အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင် ရသွားခဲ့ပါတယ်။အာဆင်နယ် ယူ-၂၃ အသင်းအတွက် နှစ်ဂိုးစလုံးကို တိုင်ရီဂျွန်းဂျူးစ် က သွင်းယူ ပေးခဲ့တာပါ။ အာဆင်နယ် ယူ-၁၈ အသင်းကတော့ လက်စတာ ယူ-၁၈ အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်းကနေ လိဒ်ယူနိုက်တက် အသင်းကို လူငယ် တိုက်စစ်မှူးလေး အန်ခီတီးယားဟာ ဘန်စလေ အသင်း နဲ့ ပွဲမှာ တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့သလို ပင်နယ်တီ တစ်လုံး ရရှိအောင်လည်း စွမ်းဆောင် ပေးခဲ့ပါတယ်။ ဒါ့အပြင် ရိုးမား အသင်းကို အငှား သွားရောက် ကစားနေတဲ့ မီခီတာရန်း ဟာလည်း ဆာဆူအူလို နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

* အာဆင်နယ် အသင်း ခေါင်းဆောင် ရှာကာ ကတော့ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲ ဒုတိယပိုင်းမှာ သူ့ရဲ့ အသင်းဖော်တွေဟာ ဘောလုံး ကိုင်ထားရမှာကို ကြောက်လန့် နေတဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ကြောင်း နဲ့ သရေရလဒ် အတွက် စိတ်ပျက်မိကြောင်း ပြောကြား လိုက်ပါတယ်။

* အာဆင်နယ် အသင်း ပရိသတ်တွေဟာ ဝက်ဖိုဒ့် အသင်းနဲ့ ပွဲက အာဆင်နယ် အသင်းရဲ့ ကစားပုံ အပေါ် အတော်လေး စိတ်ပျက်နေကြပြီး ကိုယ်ပိုင် ကစားဟန် တစ်ခုကို အခုအချိန်အထိ မတည်ဆောက်နိုင်သေးတဲ့ အမ်မရီ ကို ထုတ်ပစ်ကာ လက်ထောက် နည်းပြ ယွန်းဘတ်ကို ခန့်အပ်ဖို့ ဝိုင်းဝန်း တောင်းဆို နေကြပါတယ်။

* အာဆင်နယ် နည်းပြ အမ်မရီ က မနေ့ညက ကစားခဲ့ပွဲ ဒုတိယပိုင်းမှာ သူတို့ အသင်းဟာ အိမ်ရှင် ဝက်ဖိုဒ့် အသင်း ရဲ့ ဖိအားပေး ကစားမှုကို တောင့်ခံ နိုင်ခြင်း မရှိဘဲ အမှားတွေ များခဲ့ကြောင်း ဝန်ခံ ပြောကြား လိုက်ပြီး တိုးတက်ကောင်းမွန်အောင် ကြိုးစားဖို့ အများကြီး လိုအပ် နေသေးကြောင်း ဆိုပါတယ်။

* ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်း က သူတို့အသင်းဟာ ပြိုင်ဘက် အသင်းကို အလွယ်တကူ ဂိုးတွေ ပေးနေရတယ်လို့ ဝန်ခံ သွားခဲ့ပြီး သရေရလဒ်အတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

* ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ သူ့ရဲ့ အမှားကြောင့် ချေပဂိုး တစ်ဂိုး ခွင့်ပြု ခဲ့ရတဲ့ နောက်ခံလူ ဆိုကရက်တစ် က သရေ ရလဒ်အတွက် သူ့မှာ တာဝန် အပြည့် ရှိကြောင်း နဲ့ ပရိသတ်တွေ အားလုံးကို တောင်းပန်ပါကြောင်း တရားဝင် ဖေ့စ်ဘုတ် အကောင့်မှာ ရေးသား လိုက်ပါတယ်။

* လီဗာပူး ကစားသမားဟောင်း ဂရေမီ ဆောင်းနက်စ် က ဝက်ဖိုဒ့် အသင်းနဲ့ ပွဲက အာဆင်နယ် အသင်းရဲ့ ဒုတိယပိုင်း ကစားပုံ အပျော်တမ်း ကလပ် အသင်း အဆင့်သာသာ တာရှိတယ်လို့ ဝေဖန် လိုက်ပြီး ကစားသမားတွေဟာ အမှားတွေကနေ သင်ခန်းစာ မယူကြပါဘူးလို့ ထောက်​ပြ သွားခဲ့ပါတယ်။

* အာဆင်နယ် အမျိုးသမီး အသင်းဟာ အမျိုးသမီး စူပါလိဂ် ပွဲစဉ် အဖြစ် မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁ နာရီမှာ မန်ယူနိုက်တက် အမျိုးသမီး အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရပါမယ် ။

SPORTS MYANMAR