Rashford

မန္ခ်က္ စတာ ယူႏိုက္တက္ တုိက္စစ္မႈးေလး မားကပ္ ရက္ဖိုဒ့္ ဟာ လက္စတာ နဲ႔ ပြဲ တုန္းက ပင္နယ္တီ ကို ဘယ္လို မ်ဳိး ၀င္ေအာင္ ကန္သြင္း ခဲ့သလဲ ဆုိတာ ကို ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။ ရက္ဖိုဒ့္ ဟာ စေနေန႔ ညက ပြဲ ရဲ႕ ပထမ ပုိင္း ၈ မိနစ္ မွာ ရရွိတဲ့ ပင္နယ္တီကို ၀င္ေအာင္ ကန္သြင္း ၿပီး မန္ခ်က္ စတာ ယူႏုိက္တက္ ကို အႏုိင္ ရရွိ ေစခဲ့ ပါတယ္ ။ ဒါဟာ ရက္ဖိုဒ့္ အတြက္ ဒီရာသီ ဒုတိယ ေျမာက္ ပင္နယ္တီ ဂုိး ျဖစ္ၿပီး ရာသီ အဖြင့္ ခ်ဲလ္ဆီး နဲ႔ ပြဲ တုန္းက လည္း တစ္ႀကိမ္ ၀င္ေအာင္ ကန္သြင္း ႏုိင္ ခဲ့ ပါတယ္ ။

ရက္ဖိုဒ့္ ဟာ ပဲေလ့စ္ ကို ၂ – ၁ နဲ႔ အေရး နိမ့္ ခဲ့တဲ့ ၾသဂုတ္လ အတြင္း က ပြဲမွာ ေတာ့ ပင္နယ္တီ လြဲေခ်ာ္ ခဲ့ၿပီး ေ၀ဖန္မႈ ေတြ ရွိခဲ့ ေပမယ့္ လက္စတာ နဲ႔ ပြဲ မွာေတာ့ ဂုိးေပါက္ ကို ထိမွန္ ေအာင္ ကန္သြင္း ႏုိင္ခဲ့ ပါတယ္ ။ ယမန္ႏွစ္ PSG ကို အေ၀းကြင္း မွာ အံ့ဖြယ္ အႏုိင္ ရရွိ တဲ့ ပြဲ အၿပီး မွာ ရက္ဖိုဒ့္ ရဲ႕ ပင္နယ္တီ နဲ႔ ပတ္သက္တဲ့ ယံုၾကည္မႈ အေပၚ ႏွစ္သက္ သေဘာက်သူေတြ ရွိလာ ခဲ့ၿပီး ေပါ့ဘာ ထက္ ဦးစားေပး ပင္နယ္တီ ကန္သြင္းသူ အျဖစ္ ျမင္ေတြ႕ လုိသူေတြ ရွိလာ ခဲ့ ပါတယ္ ။

“ပင္နယ္တီ ကန္တာ နဲ႔ ပတ္သက္ၿပီး ေျပာဆို ေနၾကတာေတြ အမ်ားႀကီး ပါပဲ ။ အဓိက ကေတာ့ ကိုယ့္ရဲ႕ ေခါင္းထဲ မွာ ရွင္းရွင္း လင္းလင္း ျဖစ္ေနၿပီး အေျခခံ အခ်က္ေတြကို လုိက္နာ ဖို႔ ပါ” လုိ႔ ရက္ဖုိဒ့္ က MUTV နဲ႔ အင္တာဗ်ဳး မွာ လက္စတာ နဲ႔ ပြဲ က ပင္နယ္တီ အေၾကာင္း ကို ထည့္သြင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“ကြ်န္ေတာ္ က ဂုိး သမားေတြကို ၾကည့္ၿပီး ကန္ရတာ ကို ႏွစ္သက္ ပါတယ္ ။ အထူး သျဖင့္ ကက္စပါ လို မ်ဳိးေပါ့ ။ သူက ခုန္အား ေကာင္းၿပီး ႀကဳိပစ္တဲ့ အက်င့္လည္း ရွိ ပါတယ္ ။ တကယ္လုိ႔ ေထာင့္က် ေနရင္ေတာင္ မွ မျပင္းဘူး ဆုိရင္ သူ ပုတ္လုိက္ ႏုိင္ မွာပါ”

“ဒါေၾကာင့္ ကန္ခ်က္ ျပင္းဖို႔ နဲ႔ သူ လႈပ္ရွား ၿပီး မွ ကန္ဖို႔ စဥ္းစား ခဲ့ ပါတယ္ ။ ဘာပဲ ျဖစ္ျဖစ္ ပင္နယ္တီ ကေန ဂုိး ၀င္ ေအာင္ သြင္းနုိင္ ခဲ့တာဟာ တကယ္ေကာင္း တဲ့ ခံစားခ်က္ ပါပဲ” လုိ႔ ရက္ဖိုဒ့္ က ေျပာဆို သြားခဲ့ ပါတယ္

ဆက္လက္ ၿပီး ရက္ဖိုဒ့္ က လက္ရွိ အသင္း ဟာ နည္းျပ ေရာ အဖြဲ႕၀င္ေတြ အားလံုးပါ မနား မေန ႀကဳိးစား လုပ္ေဆာင္ ေနၾကတာ ျဖစ္ၿပီး ကစား သမားေတြ ကိုယ္တုိင္ ကလည္း လမ္းေၾကာင္းမွန္ ေပၚ ျပန္လည္ ေရာက္ရွိ ေနၿပီလို႔ ယူဆ ထားၾကတယ္ လို႔ ဆိုသြား ခဲ့ ပါတယ္ ။

“ေဆာက္သမ္တန္ နဲ႔ ပြဲ ကို ႏုိင္သင့္ တယ္လို႔ အားလံုး ထင္ခဲ့ၾက ပါတယ္ ။ ဒါေၾကာင့္ အားလံုး ေနာက္ပြဲ အတြက္ စိတ္ႏွစ္ၿပီး ျပင္ဆင္ ႀကဳိးစား ခဲ့ၾကတာပါ ။ ရလဒ္ ကေတာ့ လက္စတာ နဲ႔ ပြဲမွာ ပုိၿပိး ေကာင္းေအာင္ ၊ တည္တည္ ၿငိမ္ၿငိ္မ္ နဲ႔ ကစား ျပႏုိင္ ခဲ့ ပါတယ္”

“ရာသီ အစကတည္းက ကြ်န္ေတာ္တို႔ ေကာင္းေကာင္း ကစား ႏုိင္ခဲ့တယ္ လုိ႔ ထင္ပါတယ္ ။ လက္စတာ နဲ႔ ပြဲ ကေတာ့ ကစားပံု သိပ္မေကာင္း ခဲ့ ပါဘူး ။ ဒါေပမယ့္ ၃ မွတ္ ေတာ့ ရဲ့ ပါတယ္ ။ ေဘာလံုး ဟာ တစ္ခါ တစ္ေလ ဒီလို ရူးေၾကာင္ေၾကာင္ ကိစၥ ေတြ ရွိတတ္ ပါတယ္ ။ ဘာပဲ ျဖစ္ျဖစ္ ဒီ ၃ မွတ္ ဟာ တကယ္ အေရးႀကီး ခဲ့ပါတယ္” လို႔ ရက္ဖိုဒ့္ က ဆုိသြား ခဲ့ ပါတယ္ ။

မန္ခ်က္စတာ ယူႏုိက္တက္ ဟာ ယခု ၾကာသပေတး ေန႔မွာ ယူရိုပါလိဂ္ အုပ္စု အဖြင့္ ပြဲ အျဖစ္ အက္စတာနာ အသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပဳိင္ ကစား ရမွာ ျဖစ္ၿပီး လာမယ့္ တနဂၤေႏြေန႔ မွာေတာ့ ၀က္စ္ဟမ္း အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ ( ၆ ) ကို ယွဥ္ၿပဳိင္ ကစား ရမွာပဲ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ပင်နယ်တီ ကန်သွင်းမှု နည်းစနစ် ကို ထုတ်ဖော်ပြောပြသွားခဲ့တဲ့ မားကပ် ရက်ဖိုဒ့်

======================================

မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှုးလေး မားကပ် ရက်ဖိုဒ့် ဟာ လက်စတာ နဲ့ ပွဲ တုန်းက ပင်နယ်တီ ကို ဘယ်လို မျိုး ၀င်အောင် ကန်သွင်း ခဲ့သလဲ ဆိုတာ ကို ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။ ရက်ဖိုဒ့် ဟာ စနေနေ့ ညက ပွဲ ရဲ့ ပထမ ပိုင်း ၈ မိနစ် မှာ ရရှိတဲ့ ပင်နယ်တီကို ၀င်အောင် ကန်သွင်း ပြီး မန်ချက် စတာ ယူနိုက်တက် ကို အနိုင် ရရှိ စေခဲ့ ပါတယ် ။ ဒါဟာ ရက်ဖိုဒ့် အတွက် ဒီရာသီ ဒုတိယ မြောက် ပင်နယ်တီ ဂိုး ဖြစ်ပြီး ရာသီ အဖွင့် ချဲလ်ဆီး နဲ့ ပွဲ တုန်းက လည်း တစ်ကြိမ် ၀င်အောင် ကန်သွင်း နိုင် ခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ပဲလေ့စ် ကို ၂ – ၁ နဲ့ အရေး နိမ့် ခဲ့တဲ့ သြဂုတ်လ အတွင်း က ပွဲမှာ တော့ ပင်နယ်တီ လွဲချော် ခဲ့ပြီး ဝေဖန်မှု တွေ ရှိခဲ့ ပေမယ့် လက်စတာ နဲ့ ပွဲ မှာတော့ ဂိုးပေါက် ကို ထိမှန် အောင် ကန်သွင်း နိုင်ခဲ့ ပါတယ် ။ ယမန်နှစ် PSG ကို အဝေးကွင်း မှာ အံ့ဖွယ် အနိုင် ရရှိ တဲ့ ပွဲ အပြီး မှာ ရက်ဖိုဒ့် ရဲ့ ပင်နယ်တီ နဲ့ ပတ်သက်တဲ့ ယုံကြည်မှု အပေါ် နှစ်သက် သဘောကျသူတွေ ရှိလာ ခဲ့ပြီး ပေါ့ဘာ ထက် ဦးစားပေး ပင်နယ်တီ ကန်သွင်းသူ အဖြစ် မြင်တွေ့ လိုသူတွေ ရှိလာ ခဲ့ ပါတယ် ။

“ပင်နယ်တီ ကန်တာ နဲ့ ပတ်သက်ပြီး ပြောဆို နေကြတာတွေ အများကြီး ပါပဲ ။ အဓိက ကတော့ ကိုယ့်ရဲ့ ခေါင်းထဲ မှာ ရှင်းရှင်း လင်းလင်း ဖြစ်နေပြီး အခြေခံ အချက်တွေကို လိုက်နာ ဖို့ ပါ” လို့ ရက်ဖိုဒ့် က MUTV နဲ့ အင်တာဗျုး မှာ လက်စတာ နဲ့ ပွဲ က ပင်နယ်တီ အကြောင်း ကို ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် က ဂိုး သမားတွေကို ကြည့်ပြီး ကန်ရတာ ကို နှစ်သက် ပါတယ် ။ အထူး သဖြင့် ကက်စပါ လို မျိုးပေါ့ ။ သူက ခုန်အား ကောင်းပြီး ကြိုပစ်တဲ့ အကျင့်လည်း ရှိ ပါတယ် ။ တကယ်လို့ ထောင့်ကျ နေရင်တောင် မှ မပြင်းဘူး ဆိုရင် သူ ပုတ်လိုက် နိုင် မှာပါ”

“ဒါကြောင့် ကန်ချက် ပြင်းဖို့ နဲ့ သူ လှုပ်ရှား ပြီး မှ ကန်ဖို့ စဉ်းစား ခဲ့ ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ပင်နယ်တီ ကနေ ဂိုး ၀င် အောင် သွင်းနိုင် ခဲ့တာဟာ တကယ်ကောင်း တဲ့ ခံစားချက် ပါပဲ” လို့ ရက်ဖိုဒ့် က ပြောဆို သွားခဲ့ ပါတယ်

ဆက်လက် ပြီး ရက်ဖိုဒ့် က လက်ရှိ အသင်း ဟာ နည်းပြ ရော အဖွဲ့ဝင်တွေ အားလုံးပါ မနား မနေ ကြိုးစား လုပ်ဆောင် နေကြတာ ဖြစ်ပြီး ကစား သမားတွေ ကိုယ်တိုင် ကလည်း လမ်းကြောင်းမှန် ပေါ် ပြန်လည် ရောက်ရှိ နေပြီလို့ ယူဆ ထားကြတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

“ဆောက်သမ်တန် နဲ့ ပွဲ ကို နိုင်သင့် တယ်လို့ အားလုံး ထင်ခဲ့ကြ ပါတယ် ။ ဒါကြောင့် အားလုံး နောက်ပွဲ အတွက် စိတ်နှစ်ပြီး ပြင်ဆင် ကြိုးစား ခဲ့ကြတာပါ ။ ရလဒ် ကတော့ လက်စတာ နဲ့ ပွဲမှာ ပိုပြိး ကောင်းအောင် ၊ တည်တည် ငြိမ်ငြိ်မ် နဲ့ ကစား ပြနိုင် ခဲ့ ပါတယ်”

“ရာသီ အစကတည်းက ကျွန်တော်တို့ ကောင်းကောင်း ကစား နိုင်ခဲ့တယ် လို့ ထင်ပါတယ် ။ လက်စတာ နဲ့ ပွဲ ကတော့ ကစားပုံ သိပ်မကောင်း ခဲ့ ပါဘူး ။ ဒါပေမယ့် ၃ မှတ် တော့ ရဲ့ ပါတယ် ။ ဘောလုံး ဟာ တစ်ခါ တစ်လေ ဒီလို ရူးကြောင်ကြောင် ကိစ္စ တွေ ရှိတတ် ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ဒီ ၃ မှတ် ဟာ တကယ် အရေးကြီး ခဲ့ပါတယ်” လို့ ရက်ဖိုဒ့် က ဆိုသွား ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ယခု ကြာသပတေး နေ့မှာ ယူရိုပါလိဂ် အုပ်စု အဖွင့် ပွဲ အဖြစ် အက်စတာနာ အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ မှာတော့ ၀က်စ်ဟမ်း အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၆ ) ကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR