2019 ခုနှစ် အတွက် ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလား ပွဲစဉ်ကိုတော့ ကာတာ နိုင်ငံမှာ ဒီဇင်ဘာလ 11 ရက်နေ့ ကနေ 21 ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပြီး ၊ 2022 ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အကြို ပြင်ဆင်တဲ့ အနေနဲ့ ကွင်းတွေကို စမ်းသပ် အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီတစ်ပြိုင်မှာတော့ အသင်းပေါင်း 7 သင်းက ပါဝင် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ၊ အဲဒီ အသင်းတွေကတော့ –

အိမ်ရှင် ကာတာ လိဂ် ချန်ပီယံ အယ်ဆတ် အသင်း အာဖရိက ချန်ပီယံ အက်စ်ပါရန့်  အာရှ ချန်ပီယံ (နိုဝင်ဘာ 24 ရက်နေ့မှ ထွက်ပေါ်လာမည်)ဥရောပ ချန်ပီယံ လီဗာပူးကွန်ကာကပ် ချန်ပီယံ မွန်ထရီရေး သမုဒ္ဒရာပိုင်း ချန်ပီယံ ဟန်ဂီ စပေါ့ကိုပါလီဘာတေးဒိုး ချန်ပီယံ (နိုဝင်ဘ 23 ရက်နေ့မှ ထွက်ပေါ်လာမည်)တို့ ဖြစ်ပါတယ်။

CWC ပွဲစဉ်ဇယား –

Match 1 : အယ်ဆတ် vs ဟန်ဂီ စပေါ့
Match 2 : မွန်ထရီရေး vs Match 1 (အနိုင်ရသူ)
Match 3 : အာရှ ချန်ပီယံ vs အက်စ်ပါရန့်

Semi Final : ကိုပါလီဘာတေးဒိုး ချန်ပီယံ vs Match 3 (အနိုင်ရသူ)
Semi Final : လီဗာပူး vs Match 2 (အနိုင်ရသူ) တို့ ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံ လီဗာပူး အနေနဲ့ ဆီမီးဖိုင်နယ် ကနေ စတင် ကစားရမှာ ဖြစ်ပြီး အယ်ဆတ် (or) ဟန်ဂီ စပေါ့ (or) မွန်ထရီရေး အသင်း နဲ့ တွေ့ဆုံရမှာ ဖြစ်လို့ ပွဲချောင်တယ်လို့ ဆိုရမှာပါ။

နည်းပြ ကလော့ပ်အတွက် ဖလားတွေ ရဖို့ ခက်ခဲခဲ့စဉ်က ဗိုလ်လုပွဲတွေ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သော်လဲ ၊ 2019 ခုနှစ် အတွင်းမှာပဲ ဆုဖလား 2 လုံး သိမ်းပိုက် ထားနိုင်ခဲ့ပြီ ဖြစ်ကာ ၊ နောက်ထပ် တစ်လုံး ထပ်မံ ရယူနိုင်မယ့် အခွင့်အရေးကလဲ လက်တစ်ကမ်း အလိုမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။