လီဗာပူး အသင်းရဲ့ဂန္တဝင် ကွင်းလယ်လူတဦးဖြစ်တဲ့ ဟားမန်းကသူ့အသင်းဟောင်း နဲ့ အတူ မန်စီးတီး အသင်းတို့ဟာအခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်စံညွှန်းသစ်တွေကိုရ ရှိသွားနိုင်လိမ့်မယ် လို့ဟောကိန်းထုတ်လိုက်ပါတယ်။ဒါ့အပြင် အဆိုပါနှစ်သင်းဟာ အဲ့ဒီပြိုင်ပွဲမှာဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းတွေလည်းဖြစ်တယ်လို့ သူကဆိုလိုက်ပါတယ်။

လီဗာပူး အသင်းဟာ ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပြီး သူတို့အသင်းရဲ့ သမိုင်းမှာ ဆဌမမြောက်အဖြစ် ယမန်နှစ်က ရရှိထားခဲ့တာဖြစ်ပါတယ်။ဖိုင်နယ်မှာ စပါးအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီးအစောပိုင်းအဆင့်တွေမှာလည်း ဘိုင်နယ်မြူးနစ်၊ ဘာစီလိုနာ အစရှိတဲ့ ဥရောကထိပ်သီးတွေကိုကျော်ဖြတ်ထားခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီး အသင်းကတော့ နည်းပြကြီး ဂွာဒီယိုလာ ရဲ့ လက်အောက်မှာ ဥရောပ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေပေမယ့် ဒီစပိန်သားကြီး ရဲ့ ရှံးထွက်အဆင့်တွေမှာပဲ ပြိုင်ပွဲကနေ ထွက်ခွာနေခဲ့ရတဲ့ မှတ်တမ်းဆိုးကို ဆက်တိုးသွားစေခဲ့ပြီး ကွာတားအဆင့်ကနေ လှည့်ပြန်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂နှစ်ဆက် ချန်ပီယံဖြစ်ထားခဲ့ပြီး လတ်တလော ခြေစွမ်းနဲ့ ကစားသမားအစုအဖွဲ့တွေကြောင့်၂၀၁၉-၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ဗိုလ်စွဲနိုင်ဖို့ရေပန်းစားနေတဲ့ အသင်းတွေထဲမှာပါဝင်နေတာဖြစ်ပါတယ်။

လီဗာပူး အသင်းမှာ ကာလရှည်ကစားခဲ့ ပြီး မန်စီးတီး အသင်းမှာလည်း ၃ရာသီ လောက်ဖြတ်သန်းခဲ့ဖူးတဲ့ ဟားမန်း ကတော့ သူ့ရဲ့ အသင်းဟောင်း၂သင်းလုံးဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရရှိဖို့ထိပ်ဆုံးကပြေးနေတဲ့ အသင်းတွေဖြစ်တယ်လို့ ခံစားနေရပုံပါပဲ။

ဒီအ ကြောင်းနဲ့ ပတ်သက်ပြီးSID နဲ့ အင်တာဗျူးမှာ ဟားမန်းက -” လီဗာပူး နဲ့ မန်စီးတီး တို့ဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာစံချိန်စံညွှန်းသစ်တွေ ရရှိသွား ပါလိမ့်မယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းအတွက် အခုနှစ်ချန်ပီယံလိဂ်ရဲ့ အုပ်စုအဖွင့်ပွဲအဖြစ် အင်္ဂါနေ့မှာ နာပိုလီ အသင်းကို အီတလီမြေမှာသွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။မန်စီးတီးတို့ကတော့ အုပ်စုပထမဆုံးပွဲအဖြစ် ဗုဒ္ဓဟူးနေ့ မှာ ရှက်တာဒိုးနက်စ် အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဟာမန်းဟာ လီဗာပူး အသင်းနဲ့ အတူ ၂၀၀၅ ခုနှစ်မှာချန်ပီယံလိဂ်ဆုဖလားကြီးကိုကိုင်မြောက်ထားနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။သူ့ရဲ့မွေးရပ်မြေ ဂျာမန်နိုင်ငံရဲ့ အထင်ကရ အသင်းကြီးတသင်းဖြစ်တဲ့ဘိုင်ယန်တို့ကတော့ အခုနှစ်ချန်ပီယံလိဂ်မှာ ဒုတိယတန်းစားအသင်းတွေထဲကတသင်းအဖြစ်သာရှိနေသေးတယ်လို့ဆိုပါတယ်။

နည်းပြကြီးကိုဗက်စ်ရဲ့ ဘိုင်ယန် အသင်းဟာ မိမိလိုကွင်းလယ်ခံစစ် ကစားသမားကောင်း တဦးရှိဖို့ လိုနေတယ်လို့ လည်းဟားမန်းက ထောက်ပြသွားခဲ့ပါတယ်။ဒီအကြောင်းကို ဟားမန်းက –

” ကင်မစ်ခ်ျက အဲ့ဒီနေရာမှာကစားနိုင်ပါတယ်။ဒါပေမယ့်လည်း သူအဲ့ဒီလို ကွင်းလယ်ခံစစ်ကစားသမားတဦးအဖြစ်ကစားနိုင်တယ်ဆိုတာကိုလည်းပြဖို့လိုပါတယ်။ပြီးခဲ့တဲ့ ရာသီလီဗာပူးနဲ့ပွဲတုန်းကတော့ ဂျာဗီ မာတီနက်ဇ်က ဒါကိုပြသထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီ ပွဲဟာ အတော်လေးကိုကြာသွားခဲ့ပြီဖြစ်ပါတယ်။အခုချိန်မှာသူကလည်း ဒဏ်ရာကြောင့်နားနေရပါတယ်။သီယာဂိုအယ်ကန်တာရာကတော့ အဲ့ဒီ နံပါတ် ၆ နေရာမှာ ကစားတဲ့ ကစားသမားမျိုးမဟုတ်ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ အခုနှစ်ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ရတ်စတားဘဲလ်ဂရိတ် အသင်းနဲ့ စတင်ကစားသွားရမှာဖြစ်ပြီး ဘွန်ဒက်လီဂါမှာ လိုက်ပ်ဇစ်ပ် အသင်းကို တဂိုးစီသရေသာ ကစားထားနိုင်ခဲ့မှုကို ချေဖြတ်နိုင်ဖို့ ကြိုးစားသွားရဖို့ရှိနေပါတယ်။