မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နောက်ခံ ကစားသမား ဖြစ်သူ ဒီယိုဂို ဒါးလော့ က မိမိ တို့ အသင်း အနေ နဲ့ ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ရှိနေ သင့်တဲ့ ကျက်သရေ ဆောင် အသင်း တစ်သင်း ဖြစ်ကြောင်း ၊ ဒါပေမယ့် ယူရိုပါလိဂ် ပြိုင်ပွဲ မှာလည်း ကြီးမား တဲ့ စိန်ခေါ်မှု တွေကို ဖြတ်ကျော်ပြဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ယူရိုပါလိဂ် ပြိုင်ပွဲ ထက် ပိုပြီး ကြီးကျယ် ခမ်းနား တဲ့ အသင်း ဖြစ်ကြောင်း ၊ သို့ပေမယ့် ချန်ပီယံ လိဂ် ပြိုင်ပွဲ ကို လွဲချော် ခဲ့ ရတဲ့ အတွက် လက်ရှိ ပြိုင်ပွဲမှာ ဆုဖလား ဆွတ်ခူး နိုင်ဖို့ ကို အလေးထား ကြိုးပမ်း ရမှာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ အဆင့် 6 အဖြစ် နဲ့သာ ရာသီ ကုန်ဆုံး ခဲ့ ရတဲ့ အတွက် ဒီနှစ် မှာတော့ ကြာသပတေး နေ့တွေ မှာ ပွဲစဉ် တွေကို တစ်ဖန် ပြန်လည် ကစား သွား ရဖို့ အကြောင်း ဖန် လာခဲ့ ပြန် ပါပြီ ။

ယူနိုက်တက် ဟာ 2017 ခုနှစ် တုန်းက လည်း ယူရို ပါလိဂ် ပွဲစဉ် တွေကို ကစား ခဲ့ရ သေးပြီး နည်းပြ ဟိုဆေး မော်ရင်ဟို ရဲ့ ဦးဆောင်မှု အောက်မှာ ဆု ဖလား ကို သိမ်းပိုက် ထားနိုင် ခဲ့ပါ သေးတယ် ။ ဒါ့ကြောင့် ဒီ တစ်ကြိမ် မှာလည်း ဆုဖလား ကို ဆွတ်ခူး နိုင်ရေး ဆိုတာ ယူနိုက်တက် ရဲ့ ပစ်မှတ် ဖြစ်လာ ခဲ့ ပြန်ပြီ ဖြစ်ကြောင်း ဒါးလော့ က ပြောကြား သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ဒါဟာ ကြီးမား တဲ့ ပြိုင်ပွဲ တစ်ခု ပါ ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်တော့ မခမ်းနား ပါဘူး ။ ဒီ အသင်း အနေ နဲ့ ချန်ပီယံ ပြိုင်ပွဲ မှာ နေ့တိုင်း ၊ နှစ်စဉ် နှစ်တိုင်း ရှိနေ သင့်ပြီး အဲ့ဒီ ဆု ဖလား ကို ဆွတ်ခူး သင့်တဲ့ အသင်း မျိုးပါ ”

” သေချာ ပါတယ် ။ ယူရို ပါလိဂ် ဟာ ကြီးကျယ် တဲ့ ပြိုင်ပွဲ တစ်ခု ပါ ။ ဒါ့ကြောင့် ဒီ ဖလား ကို ဆွတ်ခူး နိုင်မယ် ဆိုရင် အဲ့ဒီ အသင်း က ခမ်းနား တဲ့ အောင်မြင် မှု တစ်ခု ရရှိ ခြင်း ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့ အသင်း အတွက် ကတော့ ဒီ ပြိုင်ပွဲ မှာ ရှိ နေမယ် ဆိုရင် ဒီ ဖလား ကို ရအောင် ဆွတ်ခူး နိုင်အောင် ပဲ လုပ်ဆောင် ရ ပါ့မယ် ” လို့ ဒါးလော့ က ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

ယူနိုက်တက် ဟာ ကြာသပတေ နေ့ မှာတော့ ယူရို ပါလိဂ် ရဲ့ ပထမဆုံး ပွဲစဉ် အဖြစ် အက်စတာနာ အသင်းနဲ့ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။ အဲ့ဒီနောက် အုပ်စု L က အသင်းတွေ ဖြစ်ကြ တဲ့ ပါတီဇန် ၊ အေဇက် အယ်လ်ခမာ အသင်း တွေနဲ့ ဆက်လက် ရင်ဆိုင် ကစား ရမှာ ပဲ ဖြစ်ပါတယ် ။

” ကျွန်တော် ပြောခဲ့ သလို ပါပဲ ။ ဒီ ပြိုင်ပွဲ ဟာ ယူနိုက်တက် လောက် ခမ်းနားခြင်း မရှိ ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ တွေဟာ အဲ့ဒီ မှာ စိန်ခေါ်မှု တွေကို ရင်ဆိုင် သွားကြ ရ ပါ့မယ် ။ ဒါဟာ ခက်ခဲ လိမ့်မယ် ဆိုတာ လည်း ကျွန်တော် တို့ သိရှိ ကြ ပါတယ် ။ အသင်း တိုင်းက ကောင်း သထက် ပိုကောင်းအောင် ကစား ပြ နေကြ ပြီလေ ”

” ဒါပေမယ့် ကျွန်တော် တို့ တွေဟာ စိန်ခေါ်မှု တွေကို ရင်ဆိုင် သွားကြ မှာပါ ။ ဒါဟာ ပွဲ ကစား ချိန် အနည်း နဲ့ အများ လိုအပ် နေ ကြတဲ့ ကစားသမား တွေ အတွက် လည်း တစ်ကယ် ပဲ ကောင်းမွန် လှ ပါတယ် ။ ကျွန်တော် တို့ အတွက် ကတော့ ခရီး ဝေး တွေကို သွားကြ ရပါ လိမ့်မယ် ။ ဒါဟာ ဘောလုံး မှာ ဖြစ်လေ့ ရှိတက် ပါတယ် လေ ။ ကျွန်တော် တို့ အဲ့တာ တွေ အတွက် အဆင်သင့် ဖြစ်နေ ကြရ ပါ့မယ် ”

” ဒီ ပြိုင်ပွဲ က ခက်ခဲ နေဦး မှာပါ ။ ဘာဖြစ် လို့လဲ ဆိုတော့ ချန်ပီယံ လိဂ် မှာ တတိယ ရတဲ့ အသင်း တွေ ကလည်း ဒီ ပြိုင်ပွဲ ကို ရောက်ရှိ လာကြ လိမ့်မယ် လေ ။ ဒါ့ကြောင့် ခက်ခဲ နေဦး မှာပါ ။ ကျွန်တော် တို့ ကတော့ စိန်ခေါ် မှုတွေ အတွက် အဆင်သင့် ပါပဲ ” လို့ ဒါးလော့ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar