ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် က အမှတ်ပေးဇယား အောက်ဆုံးက ဝက်ဖိုဒ့် အသင်းနဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း ကစားသမား နည်းပြ အမ်မရီ နဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြ လိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ နှစ်ဂိုးပြတ် ဦးဆောင်နေရာကနေ ချေပဂိုးတွေ ပြန်လည် ခွင့်ပြု ခဲ့ရပြီး သရေတစ်မှတ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။ အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့် အသင်းကို အနိုင်ရရင် အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ် ဆုံးရှုံး သွားခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ အူဘာမီယန်း ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နောက်ခံလူ ဆိုကရက်တစ် နဲ့ ဒေးဗစ်လူးဝဇ် တို့ရဲ့အမှားတွေကြောင့် ချေပဂိုး နှစ်ဂိုး ပြန်ပေး ခဲ့ရတာပါ။ ဝက်ဖိုဒ့် အသင်းအတွက် ဂိုးတွေကိုတော့ ကလီဗာလေ နဲ့ ပီရဲရား တို့က သွင်းယူ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပေါလ်မာဆင် က Sky Sports ရဲ့ ဘောလုံး ဝေဖန် သုံးသပ်မှု အစီအစဉ်မှာ “နည်းပြ ကနေ စပြီး ပြောချင်ပါတယ်။ လူတွေက ကွင်းထဲမှာ အတွေ့အကြုံရင့် ကစားသမားတွေ ရှိတယ်လို့ ပြောကြပါတယ် ။ဒါပေမယ့် ကစားသမား အားလုံးက နည်းပြ လမ်းညွှန်တဲ့ အတိုင်း ကစားရမှာပါ ။ ”

” နည်းပြ အမ်မရီ ရဲ့ လူစားလဲမှုတွေကလည်း မမှန်ခဲ့ပါဘူး ။ ဘောလုံးကို သေချာကိုင်ကစားရမယ့်ပွဲကို အလွယ်တကူ ပဲ ဘောလုံး အဆုံးရှုံးခံ နေတာကို တွေ့ရပါတယ် ၊ တစ်ပွဲလုံး ဘောလုံး သိပ်မပျက်ခဲ့တာဆိုလို့ အိုဇေးလ် ပဲ ရှိပါတယ် ။ ”

” အသင်းက နောက်ထပ် သွင်းဂိုး တစ်ဂိုး လိုအပ်နေတဲ့ အချိန်မှာ အမ်မရီ က လူငယ်တွေ ထည့်လိုက်ပါတယ် ၊ တကယ် ဖိအားများနေတဲ့ အချိန်မှ ကောက်ထည့် လိုက်တာပါ ၊ နောက်ပြီး ခြောက်ကိုက်စည်းထဲမှာ အပေးအယူလုပ်တဲ့ နည်းစနစ်ပိုင်းပါ ၊ ဒီရာသီမှာ ပွဲတိုင်း တောက်လျှောက် တွေ့နေရပါတယ် ။ ”

” နည်းပြ အနေနဲ့ ဒီနည်းစနစ်က အသင်းနဲ့ အဆင်မပြေဘူးဆိုတာ သိသင့်နေပါပြီ ၊ နောက်တန်းကနေဘဘောလုံးတည်ကစားတာမျိုး မလုပ်သင့်တော့ပါဘူး။ ဝက်ဖိုဒ့် အသင်းကလည်း အာဆင်နယ် နောက်တန်း ကစားသမားတွေ အမှားလုပ်မှာကို စောင့်ပြီး ကစားသွားကြတာပါ၊အာဆင်နယ် အသင်းကစားသမားတွေက ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတာက သနားဖို့ သိပ်ကောင်းပါတယ်ဗျာ၊”

” ဝက်ဖိုဒ့် က အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ၃-၁ ၊ ဘရိုက်တန် ကို ၃-၀ နဲ့ ရှုံးထားတဲ့ အသင်းပါ။အာဆင်နယ် တစ်သင်းပဲ သူတို့ကို အခွင့်အရေး ပေးလိုက်တာပါ ၊ ဝက်ဖိုဒ့် က သူတို့ လုံးဝ အရှုံမပေးဘူး ဆိုတဲ့ ပုံစံနဲ့ ကစားသွားတာပါ ၊ နည်းပြ အမ်မရီ ရဲ့ ဆုံးဖြတ်ချက်တွေက လုံးဝ မှားယွင်း ခဲ့ပါတယ်။” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR