Neyma

• အမ်ိဳးသမီး စူပါလိဂ္ ျပိဳင္ပြဲမွာေတာ့ အာဆင္နယ္ အသင္းဟာ အေ၀းကြင္းမွာ ယူႏိုက္တက္ကို 0-1 နဲ႔ အႏိုင္ရရွိသြားျပီး ၊ ရာသီသစ္ 100% ႏိုင္ပြဲနဲ႔ ေရွ႕ဆက္ခဲ့ပါတယ္။ အာဆင္နယ္ အမ်ိဳးသမီး အတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကုိေတာ့ ပြဲျပီးခါနီး မီးနစ္ပိုင္း အလိုေရာက္မွ ဗန္ဒီဒြန္႔ က သြင္းယူ ေပးသြားခဲ့တာ ျဖစ္ပါတယ္။ ယူႏိုက္တက္ အမ်ိဳးသမီး အသင္းကေတာ့ အခုခ်ိန္ထိ ႏိုင္ပြဲ ရရွိျခင္းမ ရွိေသးပါဘူး။

• ခ်ဲဆီး အသင္းရဲ႕ နည္းျပ လမ္းပတ္ကေတာ့ သူ႔အေနနဲ႔ အသင္းရဲ႕ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈေတြကိုလဲ ထုဆစ္ သြားႏိုင္ဖို႔ ယံုၾကည္ခ်က္ အျပည့္ရွိတယ္လို႔ ေျပာဆိုလိုက္ျပီး ၊ ဒီရာသီ မွာေတာ့ ရႈံးထြက္ အဆင့္ေလာက္ ကိုပဲ ေရာက္ေအာင္ ကနဦး ေမွ်ာ္မွန္းထားတယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။ ခ်ဲဆီး ဟာ အဖြင့္ ပြဲစဥ္အျဖစ္ ဗလင္စီယာ အသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရမွာ ျဖစ္ကာ ၊ ကန္တီ ၊ အိုဒြိဳင္ တို႔ဟာ ၾကံ႕ခိုင္မႈ ျပန္လည္ ျပည့္၀ေနျပီ ျဖစ္ေသာ္လဲ ၊ ဒီလို ျပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ပြဲမ်ိဳးကိုေတာ့ ကစားေပးဖို႔ အသင့္ မျဖစ္ႏိုင္ေသးဘူလို႔ ေျပာဆုိသြားခဲ့ပါတယ္။ ၀ုဖ္ နဲ႔ ပြဲမွာ ဒဏ္ရာ အနည္းငယ္ ျပန္လည္ ရရွိသြားတဲ့ ေနာက္တန္း ကစားသမား ရူဒီဂါဟာလဲ ဒီပြဲကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

• အီတလီ ရုပ္သံ ထုတ္လႊင့္တဲ့ ကုမၸဏီ တစ္ခုဟာ အင္တာမီလန္ တိုက္စစ္မႈး လူကာကူ ကို လူမ်ိဳးေရး ဆိုင္ရာ ခြဲျခားတဲ့ အသံုးအႏႈန္းေတြ နဲ႔ ေျပာဆိုခဲ့တဲ့ အစီအစဥ္ တင္ဆက္သူ တစ္ဦးကို ရာထူးကေန ခ်က္ျခင္း ဖယ္ရွားလိုက္ပါတယ္။ ကာယကံရွင္ဟာ သူ႔ရဲ႕ ေျပာဆိုမႈေၾကာင့္ ခ်က္ျခင္း ေတာင္းပန္မႈ ျပဳလုပ္ခဲ့သည့္တိုင္ေအာင္ ၊ အလုပ္ကေန ထုတ္ပယ္ခံလိုက္ရတာလဲ ျဖစ္ပါတယ္။

• ယူႏိုက္တက္ နည္းျပ ဆိုးရွား ရဲ႕ ေနာက္ထပ္ ေျခလွမ္းေတြဟာ အဂၤလန္ လူငယ္ ေျခတက္ ကစားသမားေတြကိုပဲ ဆက္လက္ ေခၚယူသြားဖို႔ ျဖစ္တယ္လို႔ ESPN က ထုတ္ေဖာ္ ေရးသားလိုက္ျပီး ၊ ေဒါ့မြန္ က ဆန္ခ်ိဳ ၊ လက္စတာ က မက္ဒီဆြန္ တို႔ဟာ အသင္းရဲ႕ ေစာင့္ၾကည့္ စာရင္းမွာ ထိပ္ဆံုးကေန ပါ၀င္လွ်က္ ရွိေနတယ္လို႔ ဆိုပါတယ္။

• ယူႏိုက္တက္ မွာ ပံုမွန္ ပြဲထြက္ ကစားခြင့္ မရလို႔ မေပ်ာ္ဘူးလို႔ ရင္ဖြင့္လာခဲ့တဲ့ ဆားဘီးယား ကြင္းလယ္ ကစားသမား မာတစ္ကို ေခၚယူဖို႔ ကလပ္ အသင္း ေတာ္ေတာ္မ်ားမ်ား က ေစာင့္ၾကည့္လာျပီ ျဖစ္ပါတယ္။ ေအစီ မီလန္ ၊ အင္တာ ၊ ဂ်ဴဗီ နဲ႔ ေဒါ့မြန္ အသင္းတို႔ဟာ ကစားသမား ရဲ႕ ေအးဂ်င့္ထံ ဆက္သြယ္ျပီး ၊ အက်ိဳးအေၾကာင္းေတြကို စံုစမ္း ေမးျမန္းလွ်က္ ရွိေနပါတယ္။

• ခ်ဲဆီး ရဲ႕ အသက္ 31 ႏွစ္ အရြယ္ ေတာင္ပံ ကစားသမား ၀ီလီယံ ကေတာ့ သူ႔အေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္ သက္တမ္း တိုးခ်င္တဲ့ အေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ျပီ ျဖစ္ျပီး ၊ ကလပ္ အသင္းဘက္ကေန ကမ္းလွမ္းလာမယ့္ေန႔ကို ေစာင့္ေမွ်ာ္ေနတယ္လို႔ ရင္ဖြင့္သြားခဲ့ပါတယ္။ လက္ရွိ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းဟာ 1 ႏွစ္သာ က်န္ရွိေတာ့သာ ျဖစ္ေပမယ့္ ၊ ခ်ဲဆီးက လမ္းပတ္ရဲ႕ လက္ထက္မွာ ဘယ္ေလာက္အထိ ေျခစြမ္းျပႏိုင္မလဲ ဆိုတာ အကဲခတ္ေနတာ ျဖစ္တယ္လို႔ သတင္းေထာက္ အခ်ိဳ႕ က ဆိုပါတယ္။

• အာဆင္နယ္ က ေခၚယူဖို႔ သတင္းၾကီးခဲ့တဲ့ ေတာင္ပံ ကစားသမား ဖေရဇာ ကို ဘုန္းေမာက္ အသင္းက တစ္ပတ္ လုပ္ခ ေပါင္ 100000 အထိ တိုးေပးျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ တရား၀င္ ေဆြးေႏြးေနျပီ ျဖစ္ပါတယ္။ သူဟာ ဒီတစ္ပတ္မွာ ကစားခဲ့တဲ့ အဲဗာတန္ နဲ႔ ပြဲမွာလဲ ဖရီးကစ္ ကေန တဆင့္ သြင္းဂိုး တစ္ဂိုး ရယူေပးခဲ့သူ ျဖစ္ပါတယ္။

• လီဗာပူး နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ေအးဂ်င့္ ျဖစ္သူကေတာ့ နည္းျပၾကီးဟာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးပါက အသင္းနဲ႔ လမ္းခြဲမယ္ ဆိုတဲ့ အေၾကာင္းေတြကို ပယ္ခ်လိုက္ပါတယ္။ လက္ရွိ စာခ်ဳပ္သက္တမ္း မကုန္ခင္အတြင္း ၊ သက္တမ္းတိုး ခ်ဳပ္ဆုိႏိုင္ဖို႔ အတြက္ ေဆြးေႏြးခ်ိန္ေတြ အမ်ားၾကီး က်န္ေသးတယ္လို႔ မွတ္ခ်က္ေ ပးသြားခဲ့သလုိ ၊ လီဗာပူး ရဲ႕ ဆိုး၀ါးလြန္းတဲ့ ရာသီဥတု အေျခအေနေၾကာင့္ပဲ အသင္းကေန ထြက္ခြာဖို႔ ဆံုးျဖတ္ခ်က္ ခ်မွတ္သြားဖြယ္ ရွိေနတယ္လို႔ ဟာသလုပ္ကာ ေျပာဆုိသြားခဲ့ပါတယ္

• တစ္ခ်ိန္တည္းမွာပဲ ကေလာ့ပ္ ကိုယ္တိုင္က သူ႔အသင္းဟာ ကမၻာ့အေကာင္းဆံုး အသင္း မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ျပီး ၊ ျပိဳင္ဘက္ မန္စီးတီး ကသာ လက္ရွိ အေကာင္းဆံုး အသင္းျဖစ္တယ္ ဆုိတာ တစ္ကမၻာလံုးက သတ္မွတ္ထားတာ ျဖစ္တယ္လို႔ ခ်န္ပီယံလိဂ္ ပြဲစဥ္ မတိုင္ခင္မွာ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ပါတယ္။

• မန္စီးတီး ပရိသတ္ေတြ အတြက္ သတင္းေကာင္း ကေတာ့ ရွက္တာဒိုးနက္ နဲ႔ ရင္ဆုိင္မယ့္ အသင္းရဲ႕ ကစားသမား စာရင္းမွာ ေနာက္တန္းလူ မန္ဒီ ျပန္လည္ ပါ၀င္လာခဲ့ျပီ ျဖစ္ပါတယ္။ သို႔ေသာ္ ကြင္းလယ္ လူငယ္ ကစားသမားေလး ဖိုဒန္ေတာ့ ပါ၀င္ခဲ့ျခင္း မရွိပါဘူး။

• နာပိုလီ နည္းျပ အန္ဆယ္ေလာ့တီ ကေတာ့ ဒီႏွစ္ ရင္ဆုိင္ရမယ့္ လီဗာပူးဟာ မႏွစ္ကထက္ အမ်ားၾကီးေတာင့္တင္းတယ္လို႔ မွတ္ခ်က္ေပးလိုက္ျပီး ၊ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူးႏုိင္တဲ့ အတြက္ တစ္သင္းလံုး ရဲ႕ ယံုၾကည္ခ်က္ေတြဟာ အျမင္ဆံုးအထိ ျဖစ္ေနမယ့္ အခ်က္က သူတို႔အသင္းကို တိုက္ခိုက္ဖို႔ အေကာင္းဆံုး လက္နက္ ျဖစ္လာဖြယ္ ရွိေနတယ္လို႔ သံုးသပ္သြားခဲ့ပါတယ္။

• မေန႔က အသင္းနဲ႔ အတူ ေလ့က်င့္ခန္း ဆင္းႏိုင္ခဲ့ျခင္း မရွိတဲ့ လီဗာပူး ေနာက္တန္း ကစားသမား ေရာ္ဘတ္ဆန္ ဟာ နာပိုလီ နဲ႔ ကစားမယ့္ပြဲမွာ ပါ၀င္ ကစားေပးဖို႔ မေသခ်ာေသးပါဘူး။ နည္းျပ ကေလာ့ပ္ကေတာ့ ဒဏ္ရာ အေနအထားဟာ သိပ္ေတာ့ စိုးရိမ္စရာ မရွိဘူးလို႔ မွတ္ခ်က္ေပးသြားျပီး ၊ ၾကိဳတင္ကာကြယ္မႈ ျပဳလုပ္တဲ့ အေနနဲ႔ ေလ့က်င့္ခန္း မဆင္းခဲ့တာ ျဖစ္တယ္လို႔ ရွင္းျပသြားခဲ့ပါတယ္။ နယူးကာဆယ္ နဲ႔ ပြဲမွာ ဒဏ္ရာ ရရွိသြားတဲ့ အိုရီဂီဟာ ဒီပြဲကို ေသခ်ာေပါက္ လြဲေခ်ာ္မွာ ျဖစ္ျပီး ၊ သူ႔ရဲ႕ ေနရာမွာေတာ့ လူငယ္ ကစားသမားေလး ဘရူစတာ ပါ၀င္လာခဲ့ ပါတယ္။

• အာဆင္နယ္ ကစားသမားေဟာင္းၾကီး ေပါလ္မာဆြန္ ကေတာ့ လက္ရွိ အသင္းရဲ႕ ရလာဒ္ေတြ နဲ႔ ပတ္သက္ျပီး တာ၀န္ခံရမယ့္သူက နည္းျပ အမ္မရီ ျဖစ္တယ္လို႔ ေ၀ဖန္လိုက္ပါတယ္။ ၀က္ဖို႔ဒ္ နဲ႔ ပြဲစဥ္မွာ အာဆင္နယ္ ဟာ ေနာက္ထပ္ သြင္းဂိုးေတြ ရေအာင္ ထပ္ျပီး ၾကိဳးစားရမွာျဖစ္ေပမယ့္ ၊ အမ္မရီ ကေတာ့ လူစားလဲတာေတြ အရမ္းကို လြဲမွားလြန္းေနတယ္လို႔ ေထာက္ျပ သြားခဲ့ပါတယ္။

• ဂယ္ရီ နဗီးလ္ ကေတာ့ ေပါ့ဘာ ရဲ႕ ေအးဂ်င့္ ရြိဳင္းအိုလာ ကို “ က်က္သေရတံုး” ေကာင္လို႔ သံုးႏႈန္း ေျပာဆုိလိုက္ျပီး ၊ ယူႏိုက္တက္ အေနနဲ႔ အဲဒီလို ေအးဂ်င့္မ်ိဳး နဲ႔ လက္တြဲျပီး အလုပ္မလုပ္သင့္ဘူးလို႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ ပါတယ္။

• လီဗာပူး ကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ေဘာ္ဘီဒြန္ကမ္ ဟာ ဖီအိုရင္တီးနား လူငယ္ အသင္းအတြက္ ပထမဆံုး စတင္ ပြဲထြက္ ကစားခဲ့တဲ့ ပြဲစဥ္မွာပဲ အသင္းအတြက္ 2 ဂိုး သြင္းယူ ေပးသြားခဲ့ပါတယ္။ အဲဒီပြဲစဥ္မွာ ဖီအိုရင္တီးနားဟာ 6-3 ရလာဒ္နဲ႔ ဘုိေလာ့နာ အသင္းကို အႏိုင္ရရွိသြားခဲ့တာပါ။

• ဂ်ဴဗီ အတြက္ သတင္းဆိုးၾကီး တစ္ခုကေတာ့ ေတာင္ပံ ကစားသမား ေဒါက္ကလပ္ ေကာ္စတာဟာ ေပါင္ဒဏ္ရာ အနည္းငယ္ ရရွိသြားတာေၾကာင့္ အနည္းဆံုး 2 ပတ္ေလာက္ အနားယူရမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ကစားသမားဟာ ဒီတစ္ပတ္မွာ ကစားမယ့္ ေအတီကို နဲ႔ ခ်န္ပီယံလိဂ္ ပြဲစဥ္ကို ပါ၀င္ ကစားေပးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။

• အင္တာမီလန္ နည္းျပ ကြန္တီ ကေတာ့ ဘာစီလိုနာ အသင္းဟာ သူတို႔ ကို ရင္ဆိုင္ကစားခ်င္မွာ မဟုတ္ဘူးလို႔ ၾကံဳး၀ါးသြားခဲ့ျပီး ၊ အင္တာမီလန္ ရဲ႕ ဥေရာပ ေအာင္ျမင္မႈေတြ ရရွိေအာင္ အေကာင္းဆံုး ၾကိဳးစားသြားမယ္လို႔လဲ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

• ပီအက္စ္ဂ်ီ အသင္းဟာ ရီးရဲ မက္ဒရစ္ နဲ႔ ရင္ဆိုင္ ကစားမယ့္ ကစားသမား စာရင္းကို ထုတ္ျပန္ခဲ့ရာ တိုက္စစ္ ကစားသမားေတြ ျဖစ္တဲ့ ဘာေပ နဲ႔ ကာဗာနီ တို႔ ပါ၀င္ႏိုင္ခဲ့ျခင္း မရွိပါဘူး။ ႏွစ္ေယာက္စလံုးဟာ ဒဏ္ရာ ျပသနာေတြ ကုိယ္စီနဲ႔ ရုန္းကန္ေနရတာ ျဖစ္ျပီး ၊ အခ်ိန္မီ ျပန္လည္ သက္သာလာျခင္း မရွိတာေၾကာင့္ အခုလို လြဲေခ်ာ္သြားေတာ့မွာ ျဖစ္ပါတယ္။ ေနမာ ဟာလဲ ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ရမွာ ျဖစ္လို႔ ၊ ပီအက္စ္ဂ်ီ တိုက္စစ္ကို ကစားသမားသစ္ အီကာဒီ က ဦးေဆာင္လာဖြယ္ ရွိေနပါတယ္။

• ေကာ္တင္ဟို ကေတာ့ ဘိုင္ယန္ ျမဴးနစ္ဟာ သူ ကစားခဲ့ဖူးတဲ့ ယခင္ ကလပ္ေတြထက္ ပိုျပီး မိသားစုဆန္တယ္လို႔ ထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။ သူဟာ ဘာစီလိုနာ ကေန ဘိုင္ယန္ျမဴးနစ္ ထံ အငွားနဲ႔ လာေရာက္ ကစားေပးေနတာ ျဖစ္ပါတယ္။

• ရီးရဲ ေနာက္တန္း ကစားသမား မာဆယ္လို ဟာ ဒဏ္ရာ ျပသနာေၾကာင့္ ပီအက္စ္ဂ်ီ နဲ႔ ပြဲကို လြဲေခ်ာ္မွာ ျဖစ္ေၾကာင္း ကလပ္ အသင္းဘက္က အတည္ျပဳထားျပီးျပီ ျဖစ္ပါတယ္။ လက္ရွိ ရီးရဲ မက္ဒရစ္ ရဲ႕ ဒဏ္ရာရ ကစားသမား စာရင္းမွာေတာ့ ဗယ္ဗာဒီ ၊ အစၥကို ၊ မိုဒရစ္ ၊ အဆန္စီယို နဲ႔ မာဆယ္လို တို႔ ရွိေနပါတယ္။ ဒါေၾကာင့္ ဇီဒန္းဟာ ဘယ္ေနာက္ခံလူ ေနရာအတြက္ လီယြန္ ကေန ေခၚယူထားတဲ့ မန္ဒီ ကို ပြဲထြက္ ကစားသမား စာရင္းမွာ အသံုးျပဳလာဖြယ္ ရွိေနပါတယ္။

SPORTS MYANMAR

Unicode

နေမာ ၊ ဘာပေ ၊ ကာဗာနီ တို့ မပါပဲ ရီးရဲကို ရင်ဆိုင်ရမယ့် PSG နဲ့ နံနက်ခင်း သတင်းများ
*************************************

• အမျိုးသမီး စူပါလိဂ် ပြိုင်ပွဲမှာတော့ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ယူနိုက်တက်ကို 0-1 နဲ့ အနိုင်ရရှိသွားပြီး ၊ ရာသီသစ် 100% နိုင်ပွဲနဲ့ ရှေ့ဆက်ခဲ့ပါတယ်။ အာဆင်နယ် အမျိုးသမီး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲပြီးခါနီး မီးနစ်ပိုင်း အလိုရောက်မှ ဗန်ဒီဒွန့် က သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အမျိုးသမီး အသင်းကတော့ အခုချိန်ထိ နိုင်ပွဲ ရရှိခြင်းမ ရှိသေးပါဘူး။

• ချဲဆီး အသင်းရဲ့ နည်းပြ လမ်းပတ်ကတော့ သူ့အနေနဲ့ အသင်းရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေကိုလဲ ထုဆစ် သွားနိုင်ဖို့ ယုံကြည်ချက် အပြည့်ရှိတယ်လို့ ပြောဆိုလိုက်ပြီး ၊ ဒီရာသီ မှာတော့ ရှုံးထွက် အဆင့်လောက် ကိုပဲ ရောက်အောင် ကနဦး မျှော်မှန်းထားတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ချဲဆီး ဟာ အဖွင့် ပွဲစဉ်အဖြစ် ဗလင်စီယာ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ကာ ၊ ကန်တီ ၊ အိုဒွိုင် တို့ဟာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီ ဖြစ်သော်လဲ ၊ ဒီလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲမျိုးကိုတော့ ကစားပေးဖို့ အသင့် မဖြစ်နိုင်သေးဘူလို့ ပြောဆိုသွားခဲ့ပါတယ်။ ၀ုဖ် နဲ့ ပွဲမှာ ဒဏ်ရာ အနည်းငယ် ပြန်လည် ရရှိသွားတဲ့ နောက်တန်း ကစားသမား ရူဒီဂါဟာလဲ ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

• အီတလီ ရုပ်သံ ထုတ်လွှင့်တဲ့ ကုမ္ပဏီ တစ်ခုဟာ အင်တာမီလန် တိုက်စစ်မှုး လူကာကူ ကို လူမျိုးရေး ဆိုင်ရာ ခွဲခြားတဲ့ အသုံးအနှုန်းတွေ နဲ့ ပြောဆိုခဲ့တဲ့ အစီအစဉ် တင်ဆက်သူ တစ်ဦးကို ရာထူးကနေ ချက်ခြင်း ဖယ်ရှားလိုက်ပါတယ်။ ကာယကံရှင်ဟာ သူ့ရဲ့ ပြောဆိုမှုကြောင့် ချက်ခြင်း တောင်းပန်မှု ပြုလုပ်ခဲ့သည့်တိုင်အောင် ၊ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတာလဲ ဖြစ်ပါတယ်။

• ယူနိုက်တက် နည်းပြ ဆိုးရှား ရဲ့ နောက်ထပ် ခြေလှမ်းတွေဟာ အင်္ဂလန် လူငယ် ခြေတက် ကစားသမားတွေကိုပဲ ဆက်လက် ခေါ်ယူသွားဖို့ ဖြစ်တယ်လို့ ESPN က ထုတ်ဖော် ရေးသားလိုက်ပြီး ၊ ဒေါ့မွန် က ဆန်ချို ၊ လက်စတာ က မက်ဒီဆွန် တို့ဟာ အသင်းရဲ့ စောင့်ကြည့် စာရင်းမှာ ထိပ်ဆုံးကနေ ပါ၀င်လျှက် ရှိနေတယ်လို့ ဆိုပါတယ်။

• ယူနိုက်တက် မှာ ပုံမှန် ပွဲထွက် ကစားခွင့် မရလို့ မပျော်ဘူးလို့ ရင်ဖွင့်လာခဲ့တဲ့ ဆားဘီးယား ကွင်းလယ် ကစားသမား မာတစ်ကို ခေါ်ယူဖို့ ကလပ် အသင်း တော်တော်များများ က စောင့်ကြည့်လာပြီ ဖြစ်ပါတယ်။ အေစီ မီလန် ၊ အင်တာ ၊ ဂျူဗီ နဲ့ ဒေါ့မွန် အသင်းတို့ဟာ ကစားသမား ရဲ့ အေးဂျင့်ထံ ဆက်သွယ်ပြီး ၊ အကျိုးအကြောင်းတွေကို စုံစမ်း မေးမြန်းလျှက် ရှိနေပါတယ်။

• ချဲဆီး ရဲ့ အသက် 31 နှစ် အရွယ် တောင်ပံ ကစားသမား ၀ီလီယံ ကတော့ သူ့အနေနဲ့ အသင်းနဲ့ စာချုပ် သက်တမ်း တိုးချင်တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပြီ ဖြစ်ပြီး ၊ ကလပ် အသင်းဘက်ကနေ ကမ်းလှမ်းလာမယ့်နေ့ကို စောင့်မျှော်နေတယ်လို့ ရင်ဖွင့်သွားခဲ့ပါတယ်။ လက်ရှိ သူ့ရဲ့ စာချုပ်သက်တမ်းဟာ 1 နှစ်သာ ကျန်ရှိတော့သာ ဖြစ်ပေမယ့် ၊ ချဲဆီးက လမ်းပတ်ရဲ့ လက်ထက်မှာ ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲ ဆိုတာ အကဲခတ်နေတာ ဖြစ်တယ်လို့ သတင်းထောက် အချို့ က ဆိုပါတယ်။

• အာဆင်နယ် က ခေါ်ယူဖို့ သတင်းကြီးခဲ့တဲ့ တောင်ပံ ကစားသမား ဖရေဇာ ကို ဘုန်းမောက် အသင်းက တစ်ပတ် လုပ်ခ ပေါင် 100000 အထိ တိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ တရားဝင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ သူဟာ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ အဲဗာတန် နဲ့ ပွဲမှာလဲ ဖရီးကစ် ကနေ တဆင့် သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့သူ ဖြစ်ပါတယ်။

• လီဗာပူး နည်းပြ ယာဂန် ကလော့ပ်ရဲ့ အေးဂျင့် ဖြစ်သူကတော့ နည်းပြကြီးဟာ စာချုပ်သက်တမ်း ကုန်ဆုံးပါက အသင်းနဲ့ လမ်းခွဲမယ် ဆိုတဲ့ အကြောင်းတွေကို ပယ်ချလိုက်ပါတယ်။ လက်ရှိ စာချုပ်သက်တမ်း မကုန်ခင်အတွင်း ၊ သက်တမ်းတိုး ချုပ်ဆိုနိုင်ဖို့ အတွက် ဆွေးနွေးချိန်တွေ အများကြီး ကျန်သေးတယ်လို့ မှတ်ချက်ေ ပးသွားခဲ့သလို ၊ လီဗာပူး ရဲ့ ဆိုးဝါးလွန်းတဲ့ ရာသီဥတု အခြေအနေကြောင့်ပဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချမှတ်သွားဖွယ် ရှိနေတယ်လို့ ဟာသလုပ်ကာ ပြောဆိုသွားခဲ့ပါတယ်

• တစ်ချိန်တည်းမှာပဲ ကလော့ပ် ကိုယ်တိုင်က သူ့အသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်း မဟုတ်ဘူးလို့ ပြောဆိုလိုက်ပြီး ၊ ပြိုင်ဘက် မန်စီးတီး ကသာ လက်ရှိ အကောင်းဆုံး အသင်းဖြစ်တယ် ဆိုတာ တစ်ကမ္ဘာလုံးက သတ်မှတ်ထားတာ ဖြစ်တယ်လို့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်ခင်မှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

• မန်စီးတီး ပရိသတ်တွေ အတွက် သတင်းကောင်း ကတော့ ရှက်တာဒိုးနက် နဲ့ ရင်ဆိုင်မယ့် အသင်းရဲ့ ကစားသမား စာရင်းမှာ နောက်တန်းလူ မန်ဒီ ပြန်လည် ပါ၀င်လာခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် ကွင်းလယ် လူငယ် ကစားသမားလေး ဖိုဒန်တော့ ပါ၀င်ခဲ့ခြင်း မရှိပါဘူး။

• နာပိုလီ နည်းပြ အန်ဆယ်လော့တီ ကတော့ ဒီနှစ် ရင်ဆိုင်ရမယ့် လီဗာပူးဟာ မနှစ်ကထက် အများကြီးတောင့်တင်းတယ်လို့ မှတ်ချက်ပေးလိုက်ပြီး ၊ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်တဲ့ အတွက် တစ်သင်းလုံး ရဲ့ ယုံကြည်ချက်တွေဟာ အမြင်ဆုံးအထိ ဖြစ်နေမယ့် အချက်က သူတို့အသင်းကို တိုက်ခိုက်ဖို့ အကောင်းဆုံး လက်နက် ဖြစ်လာဖွယ် ရှိနေတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

• မနေ့က အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ခြင်း မရှိတဲ့ လီဗာပူး နောက်တန်း ကစားသမား ရော်ဘတ်ဆန် ဟာ နာပိုလီ နဲ့ ကစားမယ့်ပွဲမှာ ပါ၀င် ကစားပေးဖို့ မသေချာသေးပါဘူး။ နည်းပြ ကလော့ပ်ကတော့ ဒဏ်ရာ အနေအထားဟာ သိပ်တော့ စိုးရိမ်စရာ မရှိဘူးလို့ မှတ်ချက်ပေးသွားပြီး ၊ ကြိုတင်ကာကွယ်မှု ပြုလုပ်တဲ့ အနေနဲ့ လေ့ကျင့်ခန်း မဆင်းခဲ့တာ ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။ နယူးကာဆယ် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိသွားတဲ့ အိုရီဂီဟာ ဒီပွဲကို သေချာပေါက် လွဲချော်မှာ ဖြစ်ပြီး ၊ သူ့ရဲ့ နေရာမှာတော့ လူငယ် ကစားသမားလေး ဘရူစတာ ပါ၀င်လာခဲ့ ပါတယ်။

• အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆွန် ကတော့ လက်ရှိ အသင်းရဲ့ ရလာဒ်တွေ နဲ့ ပတ်သက်ပြီး တာဝန်ခံရမယ့်သူက နည်းပြ အမ်မရီ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ ၀က်ဖို့ဒ် နဲ့ ပွဲစဉ်မှာ အာဆင်နယ် ဟာ နောက်ထပ် သွင်းဂိုးတွေ ရအောင် ထပ်ပြီး ကြိုးစားရမှာဖြစ်ပေမယ့် ၊ အမ်မရီ ကတော့ လူစားလဲတာတွေ အရမ်းကို လွဲမှားလွန်းနေတယ်လို့ ထောက်ပြ သွားခဲ့ပါတယ်။

• ဂယ်ရီ နဗီးလ် ကတော့ ပေါ့ဘာ ရဲ့ အေးဂျင့် ရွိုင်းအိုလာ ကို “ ကျက်သရေတုံး” ကောင်လို့ သုံးနှုန်း ပြောဆိုလိုက်ပြီး ၊ ယူနိုက်တက် အနေနဲ့ အဲဒီလို အေးဂျင့်မျိုး နဲ့ လက်တွဲပြီး အလုပ်မလုပ်သင့်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ ပါတယ်။

• လီဗာပူး ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဘော်ဘီဒွန်ကမ် ဟာ ဖီအိုရင်တီးနား လူငယ် အသင်းအတွက် ပထမဆုံး စတင် ပွဲထွက် ကစားခဲ့တဲ့ ပွဲစဉ်မှာပဲ အသင်းအတွက် 2 ဂိုး သွင်းယူ ပေးသွားခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဖီအိုရင်တီးနားဟာ 6-3 ရလာဒ်နဲ့ ဘိုလော့နာ အသင်းကို အနိုင်ရရှိသွားခဲ့တာပါ။

• ဂျူဗီ အတွက် သတင်းဆိုးကြီး တစ်ခုကတော့ တောင်ပံ ကစားသမား ဒေါက်ကလပ် ကော်စတာဟာ ပေါင်ဒဏ်ရာ အနည်းငယ် ရရှိသွားတာကြောင့် အနည်းဆုံး 2 ပတ်လောက် အနားယူရမယ်လို့ သိရပါတယ်။ ဒါကြောင့် ကစားသမားဟာ ဒီတစ်ပတ်မှာ ကစားမယ့် အေတီကို နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ပါ၀င် ကစားပေးနိုင်တော့မှာ မဟုတ်ပါဘူး။

• အင်တာမီလန် နည်းပြ ကွန်တီ ကတော့ ဘာစီလိုနာ အသင်းဟာ သူတို့ ကို ရင်ဆိုင်ကစားချင်မှာ မဟုတ်ဘူးလို့ ကြုံးဝါးသွားခဲ့ပြီး ၊ အင်တာမီလန် ရဲ့ ဥရောပ အောင်မြင်မှုတွေ ရရှိအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့လဲ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

• ပီအက်စ်ဂျီ အသင်းဟာ ရီးရဲ မက်ဒရစ် နဲ့ ရင်ဆိုင် ကစားမယ့် ကစားသမား စာရင်းကို ထုတ်ပြန်ခဲ့ရာ တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဘာပေ နဲ့ ကာဗာနီ တို့ ပါ၀င်နိုင်ခဲ့ခြင်း မရှိပါဘူး။ နှစ်ယောက်စလုံးဟာ ဒဏ်ရာ ပြသနာတွေ ကိုယ်စီနဲ့ ရုန်းကန်နေရတာ ဖြစ်ပြီး ၊ အချိန်မီ ပြန်လည် သက်သာလာခြင်း မရှိတာကြောင့် အခုလို လွဲချော်သွားတော့မှာ ဖြစ်ပါတယ်။ နေမာ ဟာလဲ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ရမှာ ဖြစ်လို့ ၊ ပီအက်စ်ဂျီ တိုက်စစ်ကို ကစားသမားသစ် အီကာဒီ က ဦးဆောင်လာဖွယ် ရှိနေပါတယ်။

• ကော်တင်ဟို ကတော့ ဘိုင်ယန် မြူးနစ်ဟာ သူ ကစားခဲ့ဖူးတဲ့ ယခင် ကလပ်တွေထက် ပိုပြီး မိသားစုဆန်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူဟာ ဘာစီလိုနာ ကနေ ဘိုင်ယန်မြူးနစ် ထံ အငှားနဲ့ လာရောက် ကစားပေးနေတာ ဖြစ်ပါတယ်။

• ရီးရဲ နောက်တန်း ကစားသမား မာဆယ်လို ဟာ ဒဏ်ရာ ပြသနာကြောင့် ပီအက်စ်ဂျီ နဲ့ ပွဲကို လွဲချော်မှာ ဖြစ်ကြောင်း ကလပ် အသင်းဘက်က အတည်ပြုထားပြီးပြီ ဖြစ်ပါတယ်။ လက်ရှိ ရီးရဲ မက်ဒရစ် ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာတော့ ဗယ်ဗာဒီ ၊ အစ္စကို ၊ မိုဒရစ် ၊ အဆန်စီယို နဲ့ မာဆယ်လို တို့ ရှိနေပါတယ်။ ဒါကြောင့် ဇီဒန်းဟာ ဘယ်နောက်ခံလူ နေရာအတွက် လီယွန် ကနေ ခေါ်ယူထားတဲ့ မန်ဒီ ကို ပွဲထွက် ကစားသမား စာရင်းမှာ အသုံးပြုလာဖွယ် ရှိနေပါတယ်။

SPORTS MYANMAR