အသင္း နဲ့ အတူ ကာလ ရွည္ စာခ်ဳပ္ ခ်ဳပ္ဆုိ ခဲ့တဲ့ ေနာက္ စပိန္ လက္ေရြးစင္ အသင္း ရဲ့ ဂိုးသမား ျဖစ္သူ ေဒးဗစ္ ဒီဂီယာ ဆီ က အေကာင္းဆံုး စြမ္းေဆာင္ရည္ ေတြ ျမင္ေတြ့ ရဖုိ႔ ေမ်ွာ္လင့္ ေနေၾကာင္း ယူနုိက္တက္ အသင္း ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း ျဖစ္သူ ဂယ္ရီ နဗီးလ္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

2011 တုန္းက မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဆီ ဆာ အဲလပ္စ္ ဖာဂူဆန္ ရဲ့ ေခၚယူ မွဳေၾကာင့္ ေရာက္ရွိ လာ ခဲ့တဲ့ ဒီဂီယာ ဟာ အသင္း အတြက္ စုစုေပါင္း ပြဲ 350 ေက်ာ္ ကစား ေပးထား ခဲ့ ပါျပီ ။ အဆုိပါ အခ်ိန္ ကာလ အတြင္း သူဟာ အသင္း နဲ့ အတူ ပရီးမီယား လိဂ္ ၊ ယူရို ပါလိဂ္ ၊ FA ဖလား နဲ့ လိဂ္ ဖလား ေတြကို ရယူ ဆြတ္ခူး နုိင္ခဲ့ ပါတယ္ ။

အခုေတာ့ အသင္း နဲ့ စာခ်ဳပ္ သက္တမ္း ကုန္ဆံုး ေတာ့မယ့္ အားထား ရတဲ့ ဂိုးသမား ျဖစ္သူ ဒီဂီယာ ကို ယူနုိက္တက္ တု႔ိ 2023 အထိ အသင္း မွာ ရွိေန ေစဖုိ႔ အတြက္ ကာလရွည္ စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆုိ နုိင္ခဲ့ ၾကပါျပီ ။

အခုေတာ့ Sky Sports မွ သတင္း သံုးသပ္ သူေတြ ျဖစ္ၾကတဲ့ ဂယ္ရီ နဗီးလ္ နဲ့ ေဂ်မီ ကာေရဂါ တုိ့က ဒါဟာ ယူနုိက္တက္ အတြက္ အထူး အေပါင္း လကၡဏာ ေဆာင္တဲ့ အရာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဒါဟာ တစ္ကယ့္ သတင္းေကာင္း တစ္ခု ပါပဲ ။ သူဟာ ပရီးမီးယား လိဂ္မွာ ခက္ခဲ တဲ့ အခ်ိန္ တစ္ခု ပိုင္ဆုိင္ ခဲ့ ပါတယ္ ။ ကစားသမား ေတြဟာ စိတ္ အာရံု ပ်ံ့လြင့္ ေနၾကတဲ့ အခ်ိန္ ေတြမွာ ဒါဟာ အသင္း အတြက္ မေကာင္းမြန္ ပါဘူး ”

” သူဟာ နုိင္ငံ့ အသင္း မွာ ပြဲထြက္ ခြင့္ေတြ ဆံုးရွံဳး ခဲ့ရ သလုိ ကလပ္ အသင္း မွာလည္း အမွား ေတြ မ်ားခဲ့ ပါတယ္ ။ အခု ေတာ့ သူဟာ အသင္း နဲ့ စာခ်ဳပ္ သစ္ တစ္ရပ္ ခ်ဳပ္ဆုိ လိုက္ ပါျပီ ။ အခုေတာ့ သူဟာ အသင္း မွာ ဆက္လက္ ရွိေန ေတာ့မွာ ေသခ်ာ သြားတဲ့ အတြက္ စြမ္းေဆာင္ရည္ ေတြ တုိးတက္ လာဖုိ႔ ေမ်ွာ္လင့္ ေန ပါတယ္ ”

” ယူနုိက္တက္ မွာ ေကာင္းမြန္ လွတဲ့ ေက်ာရိုး တစ္ခု လိုအပ္ ေန ပါတယ္ ။ သူတုိ႔ ေတြဟာ ေကာင္းမြန္ တဲ့ ေက်ာရိုး တစ္ခု မပိုင္ဆုိင္ ထားၾက ပါဘူး ။ ဒါကို ဒီဂီယာ က အစျပဳ ေပးနုိင္ ပါတယ္ ။ ဒါေပမယ့္ မၾကာေသးခင္ က သူ့ရဲ့ အေနအထား ေတြက ေကာင္းမြန္ျခင္း မရွိ ခဲ့ဘူး ေလ ” လို့ ဂယ္ရီ နဗီးလ္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ျဖစ္သူ အိုလီ ဂန္နား ဆုိးလ္ရွား ကလည္း အသင္း ရဲ့ နံပါတ္ တစ္ ဂိုးသမား ျဖစ္သူ ကို စာခ်ဳပ္ သစ္ ခ်ဳပ္ဆုိ နုိင္ ခဲ့တဲ့ အတြက္ အထူး ေက်နပ္ ဝမ္းေျမာက္ မိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ ပါ ေသးတယ္ ။

” ေဒးဗစ္ ဟာ အသင္း မွာ ကာလ ရွည္ၾကာ စြာ ဆက္လက္ ရွိနုိင္ ဖုိ႔ အတြက္ ဆံုးျဖတ္ ခဲ့တဲ့ အတြက္ က်ြန္ေတာ္ တစ္ကယ္ ပဲ ေပ်ာ္ရႊင္ ေက်နပ္ မိ ပါတယ္ ”

” လြန္ခဲ့တဲ့ ႏွစ္ အနည္းငယ္ အတြင္း ေဒးဗစ္က သူဟာ ကမ႓႓ာ့ အေကာင္းဆံုး ဂိုး သမား တစ္ဦး ျဖစ္ေၾကာင္း သက္ေသ ျပနိုင္ ခဲ့ ပါတယ္ ။ ယူနုိက္တက္ တုိ့ ရွိေန သင့္တဲ့ ေနရာ တစ္ခု ဆီကို သြားေရာက္ ေရးမွာ သူဟာ အေရး ပါတဲ့ အစိတ္အပိုင္း တစ္ခု ျဖစ္လာ ပါ လိမ့္မယ္ ” လို့ ဆုိးလ္ရွား က ေျပာၾကား သြားခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

အသင်းနဲ့ အတူ ကာလရှည် စာချုပ် ချုပ်ဆို နိုင်ခဲ့တဲ့ ဒီဂီယာ နဲ့ ပတ်သက်လို့ မှတ်ချက် ကိုယ်စီ ပေးသွားကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ဆိုးလ်ရှား

================

အသင်း နဲ့ အတူ ကာလ ရှည် စာချုပ် ချုပ်ဆို ခဲ့တဲ့ နောက် စပိန် လက်ရွေးစင် အသင်း ရဲ့ ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဆီ က အကောင်းဆုံး စွမ်းဆောင်ရည် တွေ မြင်တွေ့ ရဖို့ မျှော်လင့် နေကြောင်း ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

2011 တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ဆာ အဲလပ်စ် ဖာဂူဆန် ရဲ့ ခေါ်ယူ မှုကြောင့် ရောက်ရှိ လာ ခဲ့တဲ့ ဒီဂီယာ ဟာ အသင်း အတွက် စုစုပေါင်း ပွဲ 350 ကျော် ကစား ပေးထား ခဲ့ ပါပြီ ။ အဆိုပါ အချိန် ကာလ အတွင်း သူဟာ အသင်း နဲ့ အတူ ပရီးမီယား လိဂ် ၊ ယူရို ပါလိဂ် ၊ FA ဖလား နဲ့ လိဂ် ဖလား တွေကို ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

အခုတော့ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် အားထား ရတဲ့ ဂိုးသမား ဖြစ်သူ ဒီဂီယာ ကို ယူနိုက်တက် တို့ 2023 အထိ အသင်း မှာ ရှိနေ စေဖို့ အတွက် ကာလရှည် စာချုပ်သစ် တစ်ရပ် ချုပ်ဆို နိုင်ခဲ့ ကြပါပြီ ။

အခုတော့ Sky Sports မှ သတင်း သုံးသပ် သူတွေ ဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ဂျေမီ ကာရေဂါ တို့က ဒါဟာ ယူနိုက်တက် အတွက် အထူး အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ တစ်ကယ့် သတင်းကောင်း တစ်ခု ပါပဲ ။ သူဟာ ပရီးမီးယား လိဂ်မှာ ခက်ခဲ တဲ့ အချိန် တစ်ခု ပိုင်ဆိုင် ခဲ့ ပါတယ် ။ ကစားသမား တွေဟာ စိတ် အာရုံ ပျံ့လွင့် နေကြတဲ့ အချိန် တွေမှာ ဒါဟာ အသင်း အတွက် မကောင်းမွန် ပါဘူး ”

” သူဟာ နိုင်ငံ့ အသင်း မှာ ပွဲထွက် ခွင့်တွေ ဆုံးရှုံး ခဲ့ရ သလို ကလပ် အသင်း မှာလည်း အမှား တွေ များခဲ့ ပါတယ် ။ အခု တော့ သူဟာ အသင်း နဲ့ စာချုပ် သစ် တစ်ရပ် ချုပ်ဆို လိုက် ပါပြီ ။ အခုတော့ သူဟာ အသင်း မှာ ဆက်လက် ရှိနေ တော့မှာ သေချာ သွားတဲ့ အတွက် စွမ်းဆောင်ရည် တွေ တိုးတက် လာဖို့ မျှော်လင့် နေ ပါတယ် ”

” ယူနိုက်တက် မှာ ကောင်းမွန် လှတဲ့ ကျောရိုး တစ်ခု လိုအပ် နေ ပါတယ် ။ သူတို့ တွေဟာ ကောင်းမွန် တဲ့ ကျောရိုး တစ်ခု မပိုင်ဆိုင် ထားကြ ပါဘူး ။ ဒါကို ဒီဂီယာ က အစပြု ပေးနိုင် ပါတယ် ။ ဒါပေမယ့် မကြာသေးခင် က သူ့ရဲ့ အနေအထား တွေက ကောင်းမွန်ခြင်း မရှိ ခဲ့ဘူး လေ ” လို့ ဂယ်ရီ နဗီးလ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ကလည်း အသင်း ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ကို စာချုပ် သစ် ချုပ်ဆို နိုင် ခဲ့တဲ့ အတွက် အထူး ကျေနပ် ဝမ်းမြောက် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါ သေးတယ် ။

” ဒေးဗစ် ဟာ အသင်း မှာ ကာလ ရှည်ကြာ စွာ ဆက်လက် ရှိနိုင် ဖို့ အတွက် ဆုံးဖြတ် ခဲ့တဲ့ အတွက် ကျွန်တော် တစ်ကယ် ပဲ ပျော်ရွှင် ကျေနပ် မိ ပါတယ် ”

” လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း ဒေးဗစ်က သူဟာ ကမ႓႓ာ့ အကောင်းဆုံး ဂိုး သမား တစ်ဦး ဖြစ်ကြောင်း သက်သေ ပြနိုင် ခဲ့ ပါတယ် ။ ယူနိုက်တက် တို့ ရှိနေ သင့်တဲ့ နေရာ တစ်ခု ဆီကို သွားရောက် ရေးမှာ သူဟာ အရေး ပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာ ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar