မန္ခ်က္စတာ ယူနုိက္တက္ အသင္းရဲ့ နည္းျပ ေဟာင္း ျဖစ္သူ လူးဝစ္ ဗန္ဂါးလ္ က အသင္း မွာ ေနာက္ဆံုး ကစား ခဲ့တဲ့ အခ်ိန္ ကာလ အတြင္း ေရာ္ဘင္ ဗန္ပါစီ ဟာ အိုးလ္ ထရပ္ဖို့ဒ္ မွာ ဆက္လက္ ကစား ဖုိ့ သင့္တင့္ တဲ့ ေျခစြမ္း ေကာင္းမြန္ ျခင္း မရွိ ခဲ့ဘူး လို့ ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ဗန္ပါစီ ဟာ အာဆင္နယ္ မွ ယူနုိက္တက္ ဆီ ေပါင္ 24 သန္း နဲ့ ေျပာင္းေရႊ့ ေရာက္ရွိ လာသူ ျဖစ္ခဲ့ ျပီး ယူနုိက္တက္ တုိ့ ေနာက္ဆံုး ပရီးမီးယား လိဂ္ ဆြတ္ခူး ခဲ့တဲ့ 2012 – 13 ရာသီ မွာ အသင္း အတြက္ အထူး ေျခစြမ္း ေကာင္း ျပသ ရင္း 26 အထိ သြင္းယူ ေပးထား နုိင္ခဲ့ ပါတယ္ ။

အိုးလ္ ထရပ္ဖုိ့ဒ္ မွာ အက္စတြန္ ဗီလာ အသင္း နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ အတြင္း သြင္းယူ ခဲ့တဲ့ ေရာ္ဘင္ ဗန္ပါစီ ရဲ့ ဟတ္ထရစ္ က ယူနုိက္တက္ တုိ့ကို အၾကိမ္ 20 ေျမာက္ ပရီးမီးယား လိဂ္ ဖလား ကို ရရွိ ေစခဲ့ ပါတယ္ ။

အ့ဒီ ေနာက္ အသင္း ကို နည္းျပ သစ္ ေဒးဗစ္ မိုယက္စ္ ကိုင္တြယ္ ခဲ့တဲ့ ရာသီ မွာ ဗန္ပါစီ ဟာ အသင္း အတြက္ 18 ဂိုး ထိ သြင္းယူ ေပးနုိင္ ခဲ့ျပန္ ပါတယ္ ။ အဆုိပါ ရာသီ မွာေတာ့ ယူနိုက္တက္ ဟာ အဆင့္ 7 အျဖစ္ နဲ့သာ ရာသီ ကုန္ဆံုး နုိင္ခဲ့ ပါတယ္ ။

အဲ့ဒီ ေနာက္ေတာ့ ယူနုိက္တက္ ဆီကို လူးဝစ္ ဗန္ဂါးလ္ က နည္းျပ သစ္ အျဖစ္ ေရာက္ရွိ လာ ခဲ့ ပါတယ္ ။ အဲ့ဒီ ရာသီ မွာေတာ့ ဗန္ပါစီ ဟာ ယူနုိက္တက္ ရဲ့ အသင္း ေခါင္းေဆာင္ ျဖစ္ဖုိ့ ေရပန္း အစား ဆံုး ျဖစ္ခဲ့ ေပမဲ့ ဗန္ဂါးလ္ က ရြန္းနီ ကို အဆုိပါ ရာထူး ေပးသြား ခဲ့ ပါတယ္ ။

အဲ့ဒီ 2014 – 15 ရာသီ မွာေတာ့ ဗန္ပါစီ ဟာ အသင္း အတြက္ 10 ဂိုးသာ သြင္းယူ ထားနုိင္ ခဲ့ျပီး အဆုိပါ ရာသီ က သူ့ရဲ့ ယူနုိက္တက္ ကစားသမား ဘဝ ေနာက္ဆံုး ေဘာလံုး ရာသီ ျဖစ္ခဲ့ ရ ပါတယ္ ။ ဗန္ဂါးလ္ ရဲ့ ခံစစ္ နဲ့ ကြင္းလယ္ မွာပဲ ေဘာလံုး ကိုင္ ကစား ခဲ့ ရတဲ့ ကစား ကြက္ ဟာ ဗန္ပါစီ အတြက္ ေတာ့ အက်ိဳး မျဖစ္ ခဲ့ ပါဘူး ။

အခု ေတာ့ သူဟာ အဂၤလန္ မွာ ခံစစ္ ကစား ကြက္ ခင္းက်င္း ခဲ့တာ လား လို့ အေမး ခံလိုက္ ရတဲ့ အခါ မွာေတာ့ ဗန္ဂါးလ္ က …

” အဲ့တာ အမွန္ မဟုတ္ ပါဘူး ။ ခင္ဗ်ား တုိ့က အဲ့တာ ဟာ ပ်င္းရိဖြယ္ ေကာင္းတယ္ လို့ ဆုိၾက တယ္ ။ ဘာျဖစ္ လို့ ပ်င္းရိ စရာ ျဖစ္ေန ခဲ့ ရတာ လဲ ? ဒါဟာ တုိက္စစ္ ကစား ဟန္ အရ ပ်င္းရိဖြယ္ ေကာင္းတ့ဲ ကစား ကြက္ ျဖစ္ေကာင္း ျဖစ္ေန ပါ လိမ့္မယ္ ။ အဲ့တာ ကလည္း ျပိဳင္ဖက္ က ခံစစ္ ပိတ္ေဆာ့ ေနလို့ ပဲေလ ”

” အဲ့ဒီ လုိ အခ်ိန္ မ်ိဳးမွာ က်ြန္ေတာ္ တုိ့က အရွိန္ျမွင့္ ကစား ၾက ရမွာ ပါပဲ ။ အဲ့ဒီ လို အေနအထား က တစ္ကယ့္ တမ္း မွာေတာ့ ခက္ခဲ လွ ပါတယ္ ။ အဲ့တာ ျပီးရင္ ေတာ့ က်ြန္ေတာ္ တု့ိ အသင္း မွာ ဘယ္လို ကစားသမား ေတြ ရွိေန ၾက သလဲ ဆုိတာ ၾကည့္ရ ပါ့မယ္ ”

” ရြန္းနီ က နံပါတ္ 10 ကစားသမား ပါ ။ ဒါေပမဲ့ ေရာ္ဘင္ ဗန္ပါစီ က က်ြန္ေတာ္ တုိ့ အသင္း မွာ ေကာင္းမြန္စြာ အံဝင္ တဲ့သူ မဟုတ္ ပါဘူး ။ ဒါ့ေၾကာင့္ က်ြန္ေတာ္ တုိ့ တုိက္စစ္ အတြက္ ဝိန္း တစ္ဦး တည္းသာ အေကာင္းဆံုး အျဖစ္ ရွိေန ပါ ေတာ့တယ္ ။ ယူနုိက္တက္ မွာ ကမ႓ာ့ အေကာင္းဆံုး တုိက္စစ္ မွဴး တစ္ဦး လိုအပ္ ေန ခဲ့တယ္ ” လို့ ဗန္ဂါးလ္ က ဖြင့္ဟ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ဗန်ပါစီဟာ ယူနိုက်တက် မှာ ကစားဖို့ အတွက် အံဝင်တဲ့သူ မဖြစ်ခဲ့ဘူးလို့ အံ့အားသင့်ဖွယ် ဖွင့်ဟလိုက်တဲ့ #ဗန်ဟားလ်

=================

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဟောင်း ဖြစ်သူ လူးဝစ် ဗန်ဂါးလ် က အသင်း မှာ နောက်ဆုံး ကစား ခဲ့တဲ့ အချိန် ကာလ အတွင်း ရော်ဘင် ဗန်ပါစီ ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ဆက်လက် ကစား ဖို့ သင့်တင့် တဲ့ ခြေစွမ်း ကောင်းမွန် ခြင်း မရှိ ခဲ့ဘူး လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဗန်ပါစီ ဟာ အာဆင်နယ် မှ ယူနိုက်တက် ဆီ ပေါင် 24 သန်း နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာသူ ဖြစ်ခဲ့ ပြီး ယူနိုက်တက် တို့ နောက်ဆုံး ပရီးမီးယား လိဂ် ဆွတ်ခူး ခဲ့တဲ့ 2012 – 13 ရာသီ မှာ အသင်း အတွက် အထူး ခြေစွမ်း ကောင်း ပြသ ရင်း 26 အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

အိုးလ် ထရပ်ဖို့ဒ် မှာ အက်စတွန် ဗီလာ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း သွင်းယူ ခဲ့တဲ့ ရော်ဘင် ဗန်ပါစီ ရဲ့ ဟတ်ထရစ် က ယူနိုက်တက် တို့ကို အကြိမ် 20 မြောက် ပရီးမီးယား လိဂ် ဖလား ကို ရရှိ စေခဲ့ ပါတယ် ။

အ့ဒီ နောက် အသင်း ကို နည်းပြ သစ် ဒေးဗစ် မိုယက်စ် ကိုင်တွယ် ခဲ့တဲ့ ရာသီ မှာ ဗန်ပါစီ ဟာ အသင်း အတွက် 18 ဂိုး ထိ သွင်းယူ ပေးနိုင် ခဲ့ပြန် ပါတယ် ။ အဆိုပါ ရာသီ မှာတော့ ယူနိုက်တက် ဟာ အဆင့် 7 အဖြစ် နဲ့သာ ရာသီ ကုန်ဆုံး နိုင်ခဲ့ ပါတယ် ။

အဲ့ဒီ နောက်တော့ ယူနိုက်တက် ဆီကို လူးဝစ် ဗန်ဂါးလ် က နည်းပြ သစ် အဖြစ် ရောက်ရှိ လာ ခဲ့ ပါတယ် ။ အဲ့ဒီ ရာသီ မှာတော့ ဗန်ပါစီ ဟာ ယူနိုက်တက် ရဲ့ အသင်း ခေါင်းဆောင် ဖြစ်ဖို့ ရေပန်း အစား ဆုံး ဖြစ်ခဲ့ ပေမဲ့ ဗန်ဂါးလ် က ရွန်းနီ ကို အဆိုပါ ရာထူး ပေးသွား ခဲ့ ပါတယ် ။

အဲ့ဒီ 2014 – 15 ရာသီ မှာတော့ ဗန်ပါစီ ဟာ အသင်း အတွက် 10 ဂိုးသာ သွင်းယူ ထားနိုင် ခဲ့ပြီး အဆိုပါ ရာသီ က သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ နောက်ဆုံး ဘောလုံး ရာသီ ဖြစ်ခဲ့ ရ ပါတယ် ။ ဗန်ဂါးလ် ရဲ့ ခံစစ် နဲ့ ကွင်းလယ် မှာပဲ ဘောလုံး ကိုင် ကစား ခဲ့ ရတဲ့ ကစား ကွက် ဟာ ဗန်ပါစီ အတွက် တော့ အကျိုး မဖြစ် ခဲ့ ပါဘူး ။

အခု တော့ သူဟာ အင်္ဂလန် မှာ ခံစစ် ကစား ကွက် ခင်းကျင်း ခဲ့တာ လား လို့ အမေး ခံလိုက် ရတဲ့ အခါ မှာတော့ ဗန်ဂါးလ် က …

” အဲ့တာ အမှန် မဟုတ် ပါဘူး ။ ခင်ဗျား တို့က အဲ့တာ ဟာ ပျင်းရိဖွယ် ကောင်းတယ် လို့ ဆိုကြ တယ် ။ ဘာဖြစ် လို့ ပျင်းရိ စရာ ဖြစ်နေ ခဲ့ ရတာ လဲ ? ဒါဟာ တိုက်စစ် ကစား ဟန် အရ ပျင်းရိဖွယ် ကောင်းတဲ့ ကစား ကွက် ဖြစ်ကောင်း ဖြစ်နေ ပါ လိမ့်မယ် ။ အဲ့တာ ကလည်း ပြိုင်ဖက် က ခံစစ် ပိတ်ဆော့ နေလို့ ပဲလေ ”

” အဲ့ဒီ လို အချိန် မျိုးမှာ ကျွန်တော် တို့က အရှိန်မြှင့် ကစား ကြ ရမှာ ပါပဲ ။ အဲ့ဒီ လို အနေအထား က တစ်ကယ့် တမ်း မှာတော့ ခက်ခဲ လှ ပါတယ် ။ အဲ့တာ ပြီးရင် တော့ ကျွန်တော် တို့ အသင်း မှာ ဘယ်လို ကစားသမား တွေ ရှိနေ ကြ သလဲ ဆိုတာ ကြည့်ရ ပါ့မယ် ”

” ရွန်းနီ က နံပါတ် 10 ကစားသမား ပါ ။ ဒါပေမဲ့ ရော်ဘင် ဗန်ပါစီ က ကျွန်တော် တို့ အသင်း မှာ ကောင်းမွန်စွာ အံဝင် တဲ့သူ မဟုတ် ပါဘူး ။ ဒါ့ကြောင့် ကျွန်တော် တို့ တိုက်စစ် အတွက် ဝိန်း တစ်ဦး တည်းသာ အကောင်းဆုံး အဖြစ် ရှိနေ ပါ တော့တယ် ။ ယူနိုက်တက် မှာ ကမ႓ာ့ အကောင်းဆုံး တိုက်စစ် မှူး တစ်ဦး လိုအပ် နေ ခဲ့တယ် ” လို့ ဗန်ဂါးလ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar