လီဗာပူး နဲ႕ နာပိုလီ တုိ႕ဟာ ယေန႕ည မွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲစဥ္ အျဖစ္ ေနပယ္မွာ ယွဥ္ျပိဳင္ ကစား သြားၾကမွာ ျဖစ္ျပီး အလက္ဇန္းဒါးအာႏုိး က ျပိဳင္ဘက္ ေတာင္ပံ တုိက္စစ္ ကစားသမား ေလာ္ရန္ဇုိ အင္ဆစ္နီ ရဲ႕ ျခိမ္းေျခာက္ နုိင္စြမ္း အေပၚ သတိၾကီးၾကီး ထားရမယ္္လို႕ ၀န္ခံ သြားပါတယ္။ လီဗာပူး ရဲ႕ ဥေရာပ ဖလား ကာကြယ္မွဳ လမ္းေၾကာင္းဟာ ယေန႕ညမွာ စတင္ ရမွာ ျဖစ္ျပီး တစ္ဖက္ အသင္းကလည္း စီးရီးေအရဲ႕ ဒုတိယ ဆုရွင္ ျဖစ္ပါတယ္။

 

အဆုိပါ ႏွစ္သင္းဟာ ျပီးခဲ့တဲ့ႏွစ္ ေအာက္တုိဘာလက ေနပယ္မွာ ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္ကုိ ကစား ခဲ့ၾကျပီး အဆိုပါ ပြဲမွာ အိမ္ရွင္ နာပိုလီ အသင္းဟာ လီဗာပူးကို ေျခစြမ္း အသာစီးနဲ႕ ကစားကာ ပြဲျပီးခါနီး အင္ဆစ္နီ ရဲ႕ ဂိုးနဲ႕ ၁-၀ နဲ႕ အႏုိင္ ရခဲ့ါတယ္။ အီတလီ လက္ေရြးစင္ဟာ ဒီေန႕ည မွာလည္း ကာလို အန္ဆယ္ေလာ့တီ အသင္းရဲ႕ အဓိက ကစားသမား အျဖစ္ အသံုးေတာ္ ခံသြားဖို႕ ရွိေနျပီး ျပီးခဲ့တဲ့ ဇူလိုင္လက နာပိုလီ တုိ႕ အီဒင္ဘက္မွာ လီဗာပူးကို ၃ – ၀ နဲ႕ ႏုိင္ခဲ့တဲ့ ေျခစမ္းပြဲမွာလည္း အင္ဆစ္နီ ဟာ အလက္ဇန္းဒါးအာႏိုး ကို ၾကီးမားတဲ့ ျပသနာေတြ ေပးစြမ္း ခဲ့ျပီး ဂိုးလည္း သြင္းယူ ခဲ့ပါတယ္။

ဒ့ါေၾကာင့္လည္း လီဗာပူး ညာေနာက္ခံလူဟာ ယေန႕မွာ ခက္ခဲတဲ့ စမ္းသပ္မွဳကုိ ေမွ်ာ္လင့္ ထားပါတယ္။

အလက္ဇန္းဒါးအာႏုိး က “ သူဟာ တကယ္ေကာင္းတဲ့ ကစားသမား တစ္ဦး ျဖစ္တာ ထင္ရွား ပါတယ္။ သူဟာ နာပိုလီ အသင္း အေကာင္းဆံုး ကစား ႏုိင္ေအာင္ တကယ္ ကူညီ ေပးႏုိင္သူ ျဖစ္ျပီး အသင္း ဘယ္လို ကစား ခ်င္သလဲ ဆုိတာ ေကာင္းေကာင္း နားလည္ သူပါ။ သူဟာ အသင္းရဲ႕ ကစားဟန္ကို တုိးတက္ ေစသူပါ။ အသင္းေဖာ္ေတြ အေနနဲ႕ သူ႕ဆီ ပံုစံ မ်ိဳးစံုနဲ႕ ေဘာလံုးေပးပို႕ကာ တည္ကစား ႏုိင္ျပီး သူဟာ ေဘာလံုးကို ေကာင္းေကာင္း ကိုင္ကစား ႏုိင္စြမ္း ရွိပါတယ္။

သူဟာ ထိန္းခ်ဳပ္ရ ခက္ခဲတဲ့ ကစားသမား ျဖစ္ျပီး ၊ တကယ္ သန္မာတယ္ ၊ ျမန္ဆန္တယ္ ၊ ေဘာလံုးဥာဏ္ ေကာင္းမြန္တဲ့ သူပါ။ သူဟာ အီဒင္ဟာဇက္ လို ကစားသမားမ်ိဳးလို႕ ကၽြန္ေတာ္ ေျပာခ်င္ ပါတယ္။ ဒီလို ကစားသမားမ်ိဳးဟာ လူကပ္ ကစား ရတာ ခက္ခဲ ပါတယ္။ သူနဲ႕ ရင္ဆုိင္ ရတဲ့ အခါတုိင္း အျမဲတမ္း ခက္ခဲတဲ့ စမ္းသပ္မွဳနဲ႕ ရင္ဆုိင္ ရပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ မွာလည္း ဒီလို အရာေတြ ေမွ်ာ္လင့္ ထားရမွာပါ။

သူဟာ ၾကီးၾကယ္တဲ့ ကစားသမား ျဖစ္ပါတယ္။ ေလးစားမွဳ အပိုင္း နဲ႕ ခ်ီးက်ဴး ခံရမွဳ အပိုင္းေတြမွာ သူဟာ အနည္းငယ္ underrated ျဖစ္ေနပါတယ္။ ဒါေပမယ့္ သူဟာ အရမ္း ေကာင္းတဲ့ ကစားသမားပါ။ ကၽြန္ေတာ္ ကေတာ့ သူ႕အသင္းေဖာ္ေတြလည္း ဒီလိုမ်ိဳးလို႕ ထင္ပါတယ္။ သူနဲ႕ ရင္ဆုိင္ ခဲ့ဖူးတဲ့ လူတုိင္းက အင္ဆစ္နီဟာ ထိန္းခ်ဳပ္ ကစားရ ဘယ္ေလာက္ ခက္ခဲ သလဲ ဆုိတာ ေျပာေန ၾကမွာ ေသခ်ာ ပါတယ္။ သူဟာ ကစားသမားေကာင္း တစ္ဦးပါ။ သူတုိ႕မွာ ဒီလို ကစားသမားေကာင္းေတြ အမ်ားၾကီး ရွိပါတယ္။ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ဒီအတြက္ အဆင္သင့္ ျဖစ္ေန ရပါမယ္။” လို႕ ဆုိသြား ပါတယ္။

ျပီးခဲ့တဲ့ ရာသီက လီဗာပူး အသင္း ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူး ခဲ့ျပီးေနာက္ အလက္ဇန္းဒါးအာႏုိး က သူတုိ႕ အေနနဲ႕ သက္ေသ ျပစရာ တစ္ခ်ိဳ႕ ရွိေနတယ္လို႕ ၀န္ခံ လိုက္ပါတယ္။ အသက္ ၂၀ အရြယ္ ကစားသမားက ျပိဳင္ဘက္ အသင္း ေတာ္ေတာ္ မ်ားမ်ား ဟာ သူတုိ႕ကို အႏိုင္ယူခ်င္ ၾကလိမ့္မယ္လို႕ ယူဆ ထားျပီး ယာဂန္ကေလာ့ ရဲ႕ အသင္း အေနနဲ႕ ဒါေတြကို ေျဖရွင္း သြားဖို႕ အဆင္သင့္ ျဖစ္ေန ရမယ္လို႕ ဆုိလိုက္ ပါတယ္။

အလက္ဇန္းဒါးအာႏုိး က “ကၽြန္ေတာ္တုိ႕ ပိုင္ဆုိင္ ထားတဲ့ ကစားသမား ေတာ္ေတာ္မ်ားမ်ားဟာ ကမာၻ႕အဆင့္ ေတြပါ။ သူတုိ႕ဟာ ႏုိင္ပြဲေတြ ရေအာင္ ဘယ္လို လုပ္ရမလဲ ဘယ္လို ေအာင္ျမင္ေအာင္ လုပ္ရမလဲ ဆုိတာ သိထား ၾကပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တုိ႕ဟာ အသင္း တစ္သင္း အေနနဲ႕ ေကာင္းမြန္တဲ့ ေပါင္းစည္းမွဳ ရွိေနပါတယ္။

ကၽြန္ေတာ္တုိ႕ ဒီရာသီ လိဂ္ျပိဳင္ပြဲမွာ ေကာင္းေကာင္း လုပ္ထားတယ္လို႕ ထင္ပါတယ္။ ျပီးခဲ့တဲ့ ရာသီက ကၽြန္ေတာ္တုိ႕ အေကာင္းဆံုး လုပ္ခဲ့တယ္ ဆုိတာ ေကာင္းေကာင္း သိပါတယ္။ ဒါ့ေၾကာင့္ ဒီရာသီ ကၽြန္ေတာ္တုိ႕ ေနာက္တစ္ၾကိမ္ ထပ္လုပ္ ျပရ ပါမယ္။ အသင္းေတာ္ေတာ္ မ်ားမ်ား အန္ဖီးကို လာျပီး ကၽြန္ေတာ္တုိ႕ကို အႏုိင္ယူ ခ်င္ၾက မွာပါ။ ဒါဟာ ကၽြန္ေတ္ာတို႕ အတြက္ စမ္းသပ္မွဳ ဆုိတာ သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတ္ာတုိ႕ စမ္းသပ္မွဳ အားလံုး အတြက္ အဆင္သင့္ ျဖစ္ေနဖို႕ လိုအပ္ပါတယ္။

Clean sheet ရဖို႕နဲ႕ အေ၀းကြင္း ေတြမွာ အႏုိင္ရဖို႕ဟာ ဘယ္ေလာက္ အေရးၾကီး သလဲ ဆုိတာ ကၽြန္ေတာ္တုိ႕ ေကာင္းေကာင္း သိပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္ ပြဲေတြမွာ ျဖစ္ပါတယ္။ ျပိဳင္ဘက္ ေတြကို အႏုိင္ယူဖို႕ အတြက္ အခြင့္အေရး တစ္ၾကိမ္ ႏွစ္ၾကိမ္ ေလာက္ပဲ ရတဲ့ အခါေတြ ရွိေကာင္း ရွိႏုိင္ ပါတယ္။ ဥေရာပရဲ႕ အျမင့္ဆံုး ျပိဳင္ပြဲမွာ ကစားတ့ဲ အခါ ပရီးမီးယားလိဂ္ မွာ ထက္ေတာ့ အခြင့္အေရး ရတာ နည္းသြား မွာပါ။ ဒါ့ေၾကာင့္ အေ၇းၾကီးဆံုးက အခြင့္အေရးေတြကို အပိုင္ အသံုး ခ်ႏုိင္ ဖို႕နဲ႕ ျပိဳင္ဘက္ကို အခြင့္အေရး အနည္းဆံုး ေပးသြားဖို႕ပါ။” လို႕ ဆုိလိုက္ ပါတယ္။

SM

Unicode

ပြိုင်ဘက် နာပိုလီ ကစားသမား တစ်ဦးကို ဟာဇက်နဲ့ နှိုင်းယှဉ်ကာ ချီးကျူး လိုက်တဲ့ အလက်ဇန်းဒါးအာနိုး

လီဗာပူး နဲ့ နာပိုလီ တို့ဟာ ယနေ့ည မှာတော့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ် အဖြစ် နေပယ်မှာ ယှဉ်ပြိုင် ကစား သွားကြမှာ ဖြစ်ပြီး အလက်ဇန်းဒါးအာနိုး က ပြိုင်ဘက် တောင်ပံ တိုက်စစ် ကစားသမား လော်ရန်ဇို အင်ဆစ်နီ ရဲ့ ခြိမ်းခြောက် နိုင်စွမ်း အပေါ် သတိကြီးကြီး ထားရမယ််လို့ ၀န်ခံ သွားပါတယ်။ လီဗာပူး ရဲ့ ဥရောပ ဖလား ကာကွယ်မှု လမ်းကြောင်းဟာ ယနေ့ညမှာ စတင် ရမှာ ဖြစ်ပြီး တစ်ဖက် အသင်းကလည်း စီးရီးအေရဲ့ ဒုတိယ ဆုရှင် ဖြစ်ပါတယ်။

အဆိုပါ နှစ်သင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နေပယ်မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်ကို ကစား ခဲ့ကြပြီး အဆိုပါ ပွဲမှာ အိမ်ရှင် နာပိုလီ အသင်းဟာ လီဗာပူးကို ခြေစွမ်း အသာစီးနဲ့ ကစားကာ ပွဲပြီးခါနီး အင်ဆစ်နီ ရဲ့ ဂိုးနဲ့ ၁-၀ နဲ့ အနိုင် ရခဲ့ါတယ်။ အီတလီ လက်ရွေးစင်ဟာ ဒီနေ့ည မှာလည်း ကာလို အန်ဆယ်လော့တီ အသင်းရဲ့ အဓိက ကစားသမား အဖြစ် အသုံးတော် ခံသွားဖို့ ရှိနေပြီး ပြီးခဲ့တဲ့ ဇူလိုင်လက နာပိုလီ တို့ အီဒင်ဘက်မှာ လီဗာပူးကို ၃ – ၀ နဲ့ နိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း အင်ဆစ်နီ ဟာ အလက်ဇန်းဒါးအာနိုး ကို ကြီးမားတဲ့ ပြသနာတွေ ပေးစွမ်း ခဲ့ပြီး ဂိုးလည်း သွင်းယူ ခဲ့ပါတယ်။

ဒ့ါကြောင့်လည်း လီဗာပူး ညာနောက်ခံလူဟာ ယနေ့မှာ ခက်ခဲတဲ့ စမ်းသပ်မှုကို မျှော်လင့် ထားပါတယ်။

အလက်ဇန်းဒါးအာနိုး က “ သူဟာ တကယ်ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တာ ထင်ရှား ပါတယ်။ သူဟာ နာပိုလီ အသင်း အကောင်းဆုံး ကစား နိုင်အောင် တကယ် ကူညီ ပေးနိုင်သူ ဖြစ်ပြီး အသင်း ဘယ်လို ကစား ချင်သလဲ ဆိုတာ ကောင်းကောင်း နားလည် သူပါ။ သူဟာ အသင်းရဲ့ ကစားဟန်ကို တိုးတက် စေသူပါ။ အသင်းဖော်တွေ အနေနဲ့ သူ့ဆီ ပုံစံ မျိုးစုံနဲ့ ဘောလုံးပေးပို့ကာ တည်ကစား နိုင်ပြီး သူဟာ ဘောလုံးကို ကောင်းကောင်း ကိုင်ကစား နိုင်စွမ်း ရှိပါတယ်။

သူဟာ ထိန်းချုပ်ရ ခက်ခဲတဲ့ ကစားသမား ဖြစ်ပြီး ၊ တကယ် သန်မာတယ် ၊ မြန်ဆန်တယ် ၊ ဘောလုံးဉာဏ် ကောင်းမွန်တဲ့ သူပါ။ သူဟာ အီဒင်ဟာဇက် လို ကစားသမားမျိုးလို့ ကျွန်တော် ပြောချင် ပါတယ်။ ဒီလို ကစားသမားမျိုးဟာ လူကပ် ကစား ရတာ ခက်ခဲ ပါတယ်။ သူနဲ့ ရင်ဆိုင် ရတဲ့ အခါတိုင်း အမြဲတမ်း ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင် ရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် မှာလည်း ဒီလို အရာတွေ မျှော်လင့် ထားရမှာပါ။

သူဟာ ကြီးကြယ်တဲ့ ကစားသမား ဖြစ်ပါတယ်။ လေးစားမှု အပိုင်း နဲ့ ချီးကျူး ခံရမှု အပိုင်းတွေမှာ သူဟာ အနည်းငယ် underrated ဖြစ်နေပါတယ်။ ဒါပေမယ့် သူဟာ အရမ်း ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော် ကတော့ သူ့အသင်းဖော်တွေလည်း ဒီလိုမျိုးလို့ ထင်ပါတယ်။ သူနဲ့ ရင်ဆိုင် ခဲ့ဖူးတဲ့ လူတိုင်းက အင်ဆစ်နီဟာ ထိန်းချုပ် ကစားရ ဘယ်လောက် ခက်ခဲ သလဲ ဆိုတာ ပြောနေ ကြမှာ သေချာ ပါတယ်။ သူဟာ ကစားသမားကောင်း တစ်ဦးပါ။ သူတို့မှာ ဒီလို ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအတွက် အဆင်သင့် ဖြစ်နေ ရပါမယ်။” လို့ ဆိုသွား ပါတယ်။

ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်း ချန်ပီယံလိဂ် ဖလား ဆွတ်ခူး ခဲ့ပြီးနောက် အလက်ဇန်းဒါးအာနိုး က သူတို့ အနေနဲ့ သက်သေ ပြစရာ တစ်ချို့ ရှိနေတယ်လို့ ၀န်ခံ လိုက်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားက ပြိုင်ဘက် အသင်း တော်တော် များများ ဟာ သူတို့ကို အနိုင်ယူချင် ကြလိမ့်မယ်လို့ ယူဆ ထားပြီး ယာဂန်ကလော့ ရဲ့ အသင်း အနေနဲ့ ဒါတွေကို ဖြေရှင်း သွားဖို့ အဆင်သင့် ဖြစ်နေ ရမယ်လို့ ဆိုလိုက် ပါတယ်။

အလက်ဇန်းဒါးအာနိုး က “ကျွန်တော်တို့ ပိုင်ဆိုင် ထားတဲ့ ကစားသမား တော်တော်များများဟာ ကမ္ဘာ့အဆင့် တွေပါ။ သူတို့ဟာ နိုင်ပွဲတွေ ရအောင် ဘယ်လို လုပ်ရမလဲ ဘယ်လို အောင်မြင်အောင် လုပ်ရမလဲ ဆိုတာ သိထား ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အသင်း တစ်သင်း အနေနဲ့ ကောင်းမွန်တဲ့ ပေါင်းစည်းမှု ရှိနေပါတယ်။

ကျွန်တော်တို့ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ကောင်းကောင်း လုပ်ထားတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အကောင်းဆုံး လုပ်ခဲ့တယ် ဆိုတာ ကောင်းကောင်း သိပါတယ်။ ဒါ့ကြောင့် ဒီရာသီ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်လုပ် ပြရ ပါမယ်။ အသင်းတော်တော် များများ အန်ဖီးကို လာပြီး ကျွန်တော်တို့ကို အနိုင်ယူ ချင်ကြ မှာပါ။ ဒါဟာ ကျွန်တေ်ာတို့ အတွက် စမ်းသပ်မှု ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့ စမ်းသပ်မှု အားလုံး အတွက် အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။

Clean sheet ရဖို့နဲ့ အဝေးကွင်း တွေမှာ အနိုင်ရဖို့ဟာ ဘယ်လောက် အရေးကြီး သလဲ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ် ပွဲတွေမှာ ဖြစ်ပါတယ်။ ပြိုင်ဘက် တွေကို အနိုင်ယူဖို့ အတွက် အခွင့်အရေး တစ်ကြိမ် နှစ်ကြိမ် လောက်ပဲ ရတဲ့ အခါတွေ ရှိကောင်း ရှိနိုင် ပါတယ်။ ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲမှာ ကစားတဲ့ အခါ ပရီးမီးယားလိဂ် မှာ ထက်တော့ အခွင့်အရေး ရတာ နည်းသွား မှာပါ။ ဒါ့ကြောင့် အရေးကြီးဆုံးက အခွင့်အရေးတွေကို အပိုင် အသုံး ချနိုင် ဖို့နဲ့ ပြိုင်ဘက်ကို အခွင့်အရေး အနည်းဆုံး ပေးသွားဖို့ပါ။” လို့ ဆိုလိုက် ပါတယ်။

SM