Messi

၂၀၁၉-၂၀ ေဘာလံုးရာသီခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕ အုပ္စုအဆင့္ ပြဲစဥ္ေတြကို ယေန႔ ညဥ္႔နက္ပိုင္းမွာစတင္ျပီး ကစားသြားျကေတာ့မွာျဖစ္ပါတယ္။ပြဲျကီးပြဲေကာင္းေတြအမ်ားအျပားကိုျကည့္ရွဳရဖို႔ရွိေနျပီးဂ်ာမန္ ကလပ္ ေဒ့ါမြန္နဲ႔ စပိန္ ထိပ္သီး ဘာစီလိုနာ တို႔ရဲ႕ ပြဲစဥ္လည္း ပါဝင္ေနတာျဖစ္ပါတယ္။

ေဒါ့မြန္ အသင္းေခါင္းေဆာင္ မာကိုရူးစ္ကေတာ့ ယေန႔ည ပြဲစဥ္ရဲ႕ ဘာစီလိုနာ အသင္းလူစာရင္းမွာ တိုက္စစ္မွဴးမက္ဆီ ပါဝင္လာဖို႔ ေမ်ွာ္လင့္ေနပါတယ္။ဒီအာဂ်င္တီးနားသားျကီးဟာ ေျခသလံုးသားဒဏ္ရာေျကာင့္ ရာသီသစ္ လာလီဂါအဖြင့္ ၄ပြဲလံုးကို လြဲေခ်ာ္ထားခဲ႔တာျဖစ္ျပီး ခ်န္ပီယံလိဂ္ပြဲစဥ္ေတြအတြက္လူစာရင္းမွာေတာ့ နည္းျပဗယ္ဗာဒီက သူ႔ကိုထည့္သြင္းထားတာျဖစ္ပါတယ္။

မက္ဆီ ပြဲထြက္ႏိုင္ဖို႔ရွိ မရွိကို ေစာင့္ျကည့္သြားရဦးမွာျဖစ္ေပမယ့္ မာကိုရူးစ္ကေတာ့ ဘာစီလိုနာအသင္းရဲ႕အဆိုပါအဓိက ကစားသမားကို ပါဝင္ေစခ်င္ေနတာျဖစ္ပါတယ္။အေျကာင္းကေတာ့ ေဒါ့မြန္္အသင္းဟာ ဥေရာပရဲ႕ အေကာင္းဆံုး အသင္းနဲ႔ အစမ္းစပ္ခံဖို႕ ဆႏၵရွိေနနာေျကာင့္ျဖစ္တယ္လို႔ သိရပါတယ္။

တနလၤာေန႔မွာ ျပဳလုပ္ခဲ႔တဲ႕ ပြဲျကို မီဒီယာေတြ႔ဆံုပြဲမွာ မာကိုရူးစ္က – ” က်ြန္ေတာ္တို႔ကေတာ့ ဒီပြဲမွာမက္ဆီကို ပါဝင္ေစခ်င္ျကပါတယ္။ဒါေပမယ့္ မနက္ျဖန္မွာကစားမယ့္ပြဲမွာ ဘာေတြ ျဖစ္လာဖို႔ဆိုျပီး ေတာ့လုပ္လို႔ေတာ့မရပါဘူး။

က်ြန္ေတာ္တို႔ဟာ ျပိဳင္ဘက္ အသင္းရဲ႕ အေျကာင္းကို လည္း အမ်ားျကီးမေျပာခ်င္ျကပါဘူး။သူဟာ အေကာင္းဆံုး ကစားသမားတဦးျဖစ္တယ္ဆိုတာကို လူတိုင္းက သိျကပါတယ္။ဒါေပမယ့္ လည္းက်ြန္ေတာ္တို႔က အိမ္ကြင္းမွာကစားရတာျဖစ္ျပီး ဒီပြဲကိုအႏိုင္ရခ်င္ပါတယ္။

ခက္ခဲတဲ႕ ပြဲတပြဲက က်ြန္ေတာ္တို႔ရဲ႕ အေရွ႕ မွာရွိေနတာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ ဒီပြဲမွာ သူတို႔ရဲ႕ ဒုကၡေပးမွဳေတြကို အမ်ားအျပားခံရဖို႔ရွိေနျပီး သတိထားကစားသြားဖို႔လိုပါတယ္။က်ြန္ေတာ္တို႔ဟာ သတိၲရွိရွိနဲ႔ ကိုယ့္ရဲ႕ ပြဲကို ကစားသြားဖို႕လည္းလိုပါတယ္။

ရဲရဲရင့္ရင့္ တိုက္စစ္ဆင္သြားမွာျဖစ္ျပီးအဲ႔ဒီေနာက္မွာ ဂိုးေတြ လည္းသြင္းယူသြားႏိုင္မယ္ လို႕ ေမ်ွာ္လင့္ မိပါတယ္ ” လို႔ ေျပာသြားခဲ႔တာျဖစ္ပါတယ္။ယေန႔ ညပြဲစဥ္မွာ ေဒါ့မြန္အသင္းရဲ႕အဓိက ကစားသမား ျဖစ္လာဖို႔ရွိေနတာကေတာ့တိုက္စစ္မွဴး အယ္ကာဆာျဖစ္ပါတယ္။

ဒီစပိန္သားဟာ ဘာစီလိုနာ အသင္းမွာ ခက္ခဲတဲ႔ ရာသီ ၂ခုကို ျဖတ္သန္းထားအျပီးမွာ ေဒါ့မြန္ အသင္းကို ေရာက္ရွိေနခဲ႔တာ ျဖစ္ပါတယ္။သူဟာ ဂ်ာမန္ေျမမွာေတာ့ ဂိုးသြင္းေျခစြမ္းေကာင္းျပသေနျပီး အဖြင့္ရာသီမွာ လိဂ္ပြဲ ၂၆ပြဲကစား ၁၈ ဂိုးအထိသြင္းယူႏိုင္ခဲ႔သလို အခုရာသီသစ္မွာလည္း လိဂ္ပြဲေလးပြဲကစား ၅ဂိုးသြင္းယူေပးထားႏိုင္ခဲ႔ပါတယ္။

မာကိုရူးစ္ကေတာ့ အယ္ကာဆာဟာ သူ႔အသင္းေဟာင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲမွာ ေက်နပ္စရာေျခစြမ္းမ်ိဳးျပသသြားႏိုင္မယ္လို႔ ေထာက္ခံေျပာဆိုသြားခဲ႔ပါတယ္။ရူးစ္က ဆက္လက္ျပီး – ” က်ြန္ေတာ္သူနဲ႔ အျကိမ္အနည္းငယ္ေလာက္ စကားေတြေျပာခဲ႔ဖူးပါတယ္။သူဟာတကယ္ကို ေအးေဆးတည္ျငိမ္သူျဖစ္ပါတယ္။

သူဟာဘာစီလိုနာမွာ ပြဲေတြ မ်ားမ်ားစာစား ပါဝင္ခဲ႔ရျခင္းမရွိေပမယ့္ ေကာင္းမြန္တဲ႔ အမွတ္တရေတြရွိထားခဲ႔တာျဖစ္လို႔ ဒီပြဲကို ကစားခ်င္ေနျပီဆိုတာေသခ်ာပါတယ္။ဒီပြဲမွာ သူက က်ြန္ေတာ္တို႔႔ကို ကူညီေပးႏိုင္မယ္လို႔လည္း ေမ်ွာ္လင့္ပါတယ္။

သူဟာအေရးပါတဲ႔ ကစားသမားတဦးျဖစ္ပါတယ္။သူဟာ ပြဲအတြင္းပုံစံတက်ကစားတတ္သူျဖစ္ျပီး ေနာက္ထပ္ျပိဳင္ဘက္ ကစားသမားက ဘယ္ေနရာမွာရွိေနတယ္ဆိုတာကိုလည္းသိပါတယ္။
သူဟာဂိုးသြင္းႏိုင္ဖို႔အတြက္ အခြင့္အေရးေတြအမ်ားျကီးမလိုတဲ႔ ကုိလူေအး တေယာက္ျဖစ္ပါတယ္။

သူ႔ရဲ႕ အခ်က္အလက္ မွတ္တမ္းေတြက လည္း တကယ့္ကို အံ့မခန္းေျပာင္ေျမာက္လြန္းပါတယ္။ဒါေပမယ့္သူဟာ အျခားသူေတြလိုပဲ တိုးတက္ဖို႔ လိုတာေတာ့ရွိေနေသးတာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတာျဖစ္ပါတယ္။

SM

Unicode

ဒေါ့မွန်အသင်းဟာမက်ဆီပါတဲ့ဘာစီလိုနာအသင်းနဲ့ဘာကြောင့်ရင်ဆိုင်ချင်တယ်ဆိုတာပြောပြလိုက်တဲ့#မာကိုရူးစ်
=====================================

၂၀၁၉-၂၀ ဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေကို ယနေ့ ညဉ့်နက်ပိုင်းမှာစတင်ပြီး ကစားသွားကြတော့မှာဖြစ်ပါတယ်။ပွဲကြီးပွဲကောင်းတွေအများအပြားကိုကြည့်ရှုရဖို့ရှိနေပြီးဂျာမန် ကလပ် ဒေ့ါမွန်နဲ့ စပိန် ထိပ်သီး ဘာစီလိုနာ တို့ရဲ့ ပွဲစဉ်လည်း ပါဝင်နေတာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းခေါင်းဆောင် မာကိုရူးစ်ကတော့ ယနေ့ည ပွဲစဉ်ရဲ့ ဘာစီလိုနာ အသင်းလူစာရင်းမှာ တိုက်စစ်မှူးမက်ဆီ ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။ဒီအာဂျင်တီးနားသားကြီးဟာ ခြေသလုံးသားဒဏ်ရာကြောင့် ရာသီသစ် လာလီဂါအဖွင့် ၄ပွဲလုံးကို လွဲချော်ထားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက်လူစာရင်းမှာတော့ နည်းပြဗယ်ဗာဒီက သူ့ကိုထည့်သွင်းထားတာဖြစ်ပါတယ်။

မက်ဆီ ပွဲထွက်နိုင်ဖို့ရှိ မရှိကို စောင့်ကြည့်သွားရဦးမှာဖြစ်ပေမယ့် မာကိုရူးစ်ကတော့ ဘာစီလိုနာအသင်းရဲ့အဆိုပါအဓိက ကစားသမားကို ပါဝင်စေချင်နေတာဖြစ်ပါတယ်။အကြောင်းကတော့ ဒေါ့မွန််အသင်းဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းနဲ့ အစမ်းစပ်ခံဖို့ ဆန္ဒရှိနေနာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ ပွဲကြို မီဒီယာတွေ့ဆုံပွဲမှာ မာကိုရူးစ်က – ” ကျွန်တော်တို့ကတော့ ဒီပွဲမှာမက်ဆီကို ပါဝင်စေချင်ကြပါတယ်။ဒါပေမယ့် မနက်ဖြန်မှာကစားမယ့်ပွဲမှာ ဘာတွေ ဖြစ်လာဖို့ဆိုပြီး တော့လုပ်လို့တော့မရပါဘူး။

ကျွန်တော်တို့ဟာ ပြိုင်ဘက် အသင်းရဲ့ အကြောင်းကို လည်း အများကြီးမပြောချင်ကြပါဘူး။သူဟာ အကောင်းဆုံး ကစားသမားတဦးဖြစ်တယ်ဆိုတာကို လူတိုင်းက သိကြပါတယ်။ဒါပေမယ့် လည်းကျွန်တော်တို့က အိမ်ကွင်းမှာကစားရတာဖြစ်ပြီး ဒီပွဲကိုအနိုင်ရချင်ပါတယ်။

ခက်ခဲတဲ့ ပွဲတပွဲက ကျွန်တော်တို့ရဲ့ အရှေ့ မှာရှိနေတာဖြစ်ပါတယ်။ကျွန်တော်တို့ ဒီပွဲမှာ သူတို့ရဲ့ ဒုက္ခပေးမှုတွေကို အများအပြားခံရဖို့ရှိနေပြီး သတိထားကစားသွားဖို့လိုပါတယ်။ကျွန်တော်တို့ဟာ သတ္တိရှိရှိနဲ့ ကိုယ့်ရဲ့ ပွဲကို ကစားသွားဖို့လည်းလိုပါတယ်။

ရဲရဲရင့်ရင့် တိုက်စစ်ဆင်သွားမှာဖြစ်ပြီးအဲ့ဒီနောက်မှာ ဂိုးတွေ လည်းသွင်းယူသွားနိုင်မယ် လို့ မျှော်လင့် မိပါတယ် ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ယနေ့ ညပွဲစဉ်မှာ ဒေါ့မွန်အသင်းရဲ့အဓိက ကစားသမား ဖြစ်လာဖို့ရှိနေတာကတော့တိုက်စစ်မှူး အယ်ကာဆာဖြစ်ပါတယ်။

ဒီစပိန်သားဟာ ဘာစီလိုနာ အသင်းမှာ ခက်ခဲတဲ့ ရာသီ ၂ခုကို ဖြတ်သန်းထားအပြီးမှာ ဒေါ့မွန် အသင်းကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။သူဟာ ဂျာမန်မြေမှာတော့ ဂိုးသွင်းခြေစွမ်းကောင်းပြသနေပြီး အဖွင့်ရာသီမှာ လိဂ်ပွဲ ၂၆ပွဲကစား ၁၈ ဂိုးအထိသွင်းယူနိုင်ခဲ့သလို အခုရာသီသစ်မှာလည်း လိဂ်ပွဲလေးပွဲကစား ၅ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

မာကိုရူးစ်ကတော့ အယ်ကာဆာဟာ သူ့အသင်းဟောင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ကျေနပ်စရာခြေစွမ်းမျိုးပြသသွားနိုင်မယ်လို့ ထောက်ခံပြောဆိုသွားခဲ့ပါတယ်။ရူးစ်က ဆက်လက်ပြီး – ” ကျွန်တော်သူနဲ့ အကြိမ်အနည်းငယ်လောက် စကားတွေပြောခဲ့ဖူးပါတယ်။သူဟာတကယ်ကို အေးဆေးတည်ငြိမ်သူဖြစ်ပါတယ်။

သူဟာဘာစီလိုနာမှာ ပွဲတွေ များများစာစား ပါဝင်ခဲ့ရခြင်းမရှိပေမယ့် ကောင်းမွန်တဲ့ အမှတ်တရတွေရှိထားခဲ့တာဖြစ်လို့ ဒီပွဲကို ကစားချင်နေပြီဆိုတာသေချာပါတယ်။ဒီပွဲမှာ သူက ကျွန်တော်တို့့ကို ကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

သူဟာအရေးပါတဲ့ ကစားသမားတဦးဖြစ်ပါတယ်။သူဟာ ပွဲအတွင်းပုံစံတကျကစားတတ်သူဖြစ်ပြီး နောက်ထပ်ပြိုင်ဘက် ကစားသမားက ဘယ်နေရာမှာရှိနေတယ်ဆိုတာကိုလည်းသိပါတယ်။
သူဟာဂိုးသွင်းနိုင်ဖို့အတွက် အခွင့်အရေးတွေအများကြီးမလိုတဲ့ ကိုလူအေး တယောက်ဖြစ်ပါတယ်။

သူ့ရဲ့ အချက်အလက် မှတ်တမ်းတွေက လည်း တကယ့်ကို အံ့မခန်းပြောင်မြောက်လွန်းပါတယ်။ဒါပေမယ့်သူဟာ အခြားသူတွေလိုပဲ တိုးတက်ဖို့ လိုတာတော့ရှိနေသေးတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတာဖြစ်ပါတယ်။

SM