Napoli

ကာလို အန္ဆယ္ေလာ့တီက သူ႕ရဲ႕ နာပိုလိီ အသင္းဟာ တုိးတက္ လာခဲ့တယ္လို႕ လီဗာပူးအသင္းကို သတိေပး လိုက္ျပီး မႏွစ္ကလို ရလဒ္မ်ိဳး ထပ္မံ လုပ္ျပဖို႕ အားခဲ ေနၾကတယ္လို႕ ယေန႕ည ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲစဥ္ မတုိင္မီ သတိေပး သြားခဲ့ ပါတယ္။ နာပိုလီ ဟာ လီဗာပူး ကုိ ျပီးခဲ့တဲ့ ရာသီ ေနပယ္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ပြဲစဥ္မွာ ၁ – ၀ နဲ႕ အႏုိင္ယူ ခဲ့ျပီး ဒါဟာ ျပီးခဲ့တဲ့ ရာသီက လီဗာပူးအသင္းရဲ႕ ပထမဦးဆံုး ရွံဳးပြဲ ျဖစ္ခဲ့ ပါတယ္။

ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ ရာသီက အုပ္စု အဆင့္မွာ အေ၀းကြင္း ၃ ပြဲစလံုးကို ရွံဳးနိမ့္ ခဲ့ျပီး အိမ္ကြင္း ပြဲစဥ္ေတြမွာ ရလဒ္ေကာင္း ခဲ့တာေၾကာင့္သာ ေနာက္တဆင့္ ကို တက္ေရာက္ ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ စီးရီးေအ ကလပ္ဟာ အုပ္စု ေနာက္ဆံုး ပြဲစဥ္မွာ လီဗာပူးကို ၁-၀ နဲ႕ ရွံဳးခဲ့တာေၾကာင့္ ယူရုိပါလိဂ္ ကို ဆင္းကန္ ခဲ့ရျပီး လီဗာပူး ကေတာ့ ဇြန္လမွာ က်င္းပခဲ့တဲ့ မက္ဒရစ္ဖိုင္နယ္ထိ တက္ေရာက္ ႏုိင္ခဲ့ျပီး ဖို္္င္နယ္မွာ ေတာ့တင္ဟမ္ကို ႏုိင္ကာ ဥေရာပ ခ်န္ပီယံ ျဖစ္ခဲ့ပါတယ္။

အန္ဆယ္ေလာ့တီ က “လီဗာပူးဟာ ရင့္က်က္ လာခဲ့ပါတယ္။ ဘာလို႕လဲ ဆုိေတာ့ ျပီးခဲ့တဲ့ ရာသီဟာ သူတုိ႕ကို အမ်ားၾကီး သိနားလည္ ေစခဲ့ ပါတယ္။ အျခား တစ္ဖက္ မွာလည္း ကၽြန္ေတာ္တုိ႕လည္း ရင့္က်က္ လာခဲ့ ပါတယ္။ ဘာလို႕လဲ ဆုိေတာ့ ကၽြန္ေတာ္တုိ႕ဟာ အသင္းကို အရည္အေသြးျမင့္ ကစားသမားေတြ ထပ္ျပီး ျဖည့္တင္း ႏုိင္ခဲ့ လို႕ပါ။ ခက္ခဲ ၾကမ္းတမ္းတဲ့ ပြဲစဥ္ တစ္ပြဲ ျဖစ္လာ ႏုိင္ျပီး ကၽြန္ေတာ္တုိ႕ဟာ ဥေရာပရဲ႕ အေကာင္းဆံုး အသင္းနဲ႕ ရင္ဆုိင္ ရမွာပါ။ ကၽြန္ေတာ္တုိ႕ ျပီးခဲ့တဲ့ ရာသီကလို ရလဒ္မ်ိဳး ထပ္ရဖို႕ ေမွ်ာ္လင့္ ထားပါတယ္။” လို႕ ဆုိသြား ပါတယ္။

ျပီးခဲ့တဲ့ ရာသီက ေနပယ္မွာ လီဗာပူးရဲ႕ ေျခစြမ္းဟာ ေလ်ာ့တိေလ်ာ့ရဲ႕ ျဖစ္ေနခဲ့တဲ့ အျပင္ ပံုမွန္ ေျခစြမ္းေအာက္ကို ေရာက္ေနခဲ့ျပီး နာပိုလီ အသင္းရဲ႕ လႊမ္းမိုး ကစားမွဳကို ခံခဲ့ ရကာ ဂိုးသမား အလီဆြန္ လက္စြမ္းျပ ခဲ့တာေၾကာင့္သာ ပြဲအတြင္းမွာ ဆက္ရွိ ေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီဗာပူး ဟာ အဆုိပါ ရွံဳးပြဲ ကေန ေကာင္းေကာင္း သင္ခန္းစာ ရယူ ႏုိင္ခဲ့ျပီး တစ္ရာသီလံုး အေကာင္းဆံုး ေျခစြမ္းနဲ႕ အတူ ဥေရာပ ခ်န္ပီယံ ျဖစ္ခဲ့တဲ့ အျပင္ လိဂ္ျပိဳင္ပြဲမွာလည္း ကလပ္ စံခ်ိန္တင္ ရမွတ္ ၉၇ မွတ္ထိ ရယူ ႏုိင္ခဲ့ပါတယ္။

လီဗာပူးဟာ ဒီရာသီမွာလည္း ျပီးခဲ့တဲ့ ႏွစ္ရဲ႕ ပံုစံေကာင္းကို ဆက္လက္ ထိန္းသိမ္း ႏုိင္ခဲ့ကာ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ ၅ ပြဲမွာ ရာႏွဳန္းျပည့္ ႏုိင္ပြဲ ရထား ခဲ့ပါတယ္။ ဒါေပမယ့္လည္း အန္ဆယ္ေလာ့တီ သူ႕အသင္းရဲ႕ game plan ကို အေျပာင္းအလဲ လုပ္သြားမွာ မဟုတ္ဘူးလို႕ ဆိုလိုက္ပါတယ္။

နာပိုလီ နည္းျပ က “ကၽြန္ေတာ္တုိ႕ အေနနဲ႕ ကိုယ္ရဲ႕ ကုိယ္ပိုင္ ကစားဟန္ နဲ႕ ေဘာလံုး အိုင္ဒီယာ ေတြကို စြန္႕လႊတ္ သြားလို႕ မရပါဘူး။ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ကိုယ္ေကာင္းေကာင္း လုပ္ခဲ့တဲ့ အရာေတြနဲ႕ ကုိယ္ရင္ဆိုင္ ၾကံဳေတြ႕ ခဲ့ရတဲ့ ျပသာနာေတြကို သိနားလည္ဖို႕ လိုပါတယ္။

ကၽြန္ေတ္ာတုိ႕ ျပီးခဲ့တဲ့ ရာသီက သူတို႕နဲ႕ ရင္ဆို္င္ရာမွာ ခံစစ္ ကစားဟန္ ေကာင္းမြန္ခဲ့ျပီး ခံစစ္ပုိင္းဟာ ဒီလို ပြဲမ်ိဳးမွာ အရမ္းကို အေရးပါပါတယ္။ အသင္း အေနနဲ႕ လိုအပ္တဲ့ အခါ ခံစစ္ကို ေကာင္းေကာင္း ကစား ႏုိင္ဖို႕ ၊ အခြင့္အေရးေတြ ရလာတဲ့ အခါ တုိက္စစ္ဆင္ဖို႕ နဲ႕ ေဘာလံုးကုိ လိုအပ္ရင္ ထိန္းခ်ဳပ္ ကစား ႏုိင္ဖို႕ ကၽြန္ေတာ္ ေမွ်ာ္လင့္ ထားပါတယ္။ ကၽြန္ေတာ္တုိ႕ ျပီးျပည့္စံုစြာ ကစားဖို႕ လိုအပ္ပါတယ္။” လို႕ ဆုိလိုက္ ပါတယ္။

ျပီးခဲ့တဲ့ အေျပာင္းအေရြ႕က နာပိုလီ ကို ေျပာင္းလာခဲ့တဲ့ ေတာ့တင္ဟမ္ တုိက္စစ္မွဳးေဟာင္း လိုရန္တီ ကလည္း ျပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ဖို္င္နယ္ ရွံဳးပြဲ အတြက္ လီဗာပူးကို ျပန္္လည္ လက္တုန္႕ျပန္ရန္ ဆႏၵ ျပင္းျပ ေနပါတယ္။

လိုရန္တီက “ဖို္င္နယ္ပြဲစဥ္ကုိ ရွံဳးနိမ့္ ခဲ့တာဟာ နာက်င္စရာ ေကာင္းပါတယ္။ ဒါဟာ ေသခ်ာေပါက္ လက္တုန္႕ျပန္ ရမယ့္ ပြဲပါ။ ဒါေပမယ့္ ဒီထက္ပိုတဲ့ အရာကေတာ့ ဒီပြဲဟာ ကၽြန္ေတာ္တုိ႕ သူတုိ႕နဲ႕ ယွဥ္ႏုိင္တယ္ ဆုိတာ ျပသသြားဖို႕ အခြင့္အေရးပါ။” လို႕ ဆုိလိုက္ပါတယ္။

SM

Unicode

နေပယ်မှာ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် အတွက် လီဗာပူး ကို သတိပေးသွားခဲ့တဲ့ အန်ဆယ်လော့တီ နဲ့ လိုရန်တီ

ကာလို အန်ဆယ်လော့တီက သူ့ရဲ့ နာပိုလိီ အသင်းဟာ တိုးတက် လာခဲ့တယ်လို့ လီဗာပူးအသင်းကို သတိပေး လိုက်ပြီး မနှစ်ကလို ရလဒ်မျိုး ထပ်မံ လုပ်ပြဖို့ အားခဲ နေကြတယ်လို့ ယနေ့ည ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ် မတိုင်မီ သတိပေး သွားခဲ့ ပါတယ်။ နာပိုလီ ဟာ လီဗာပူး ကို ပြီးခဲ့တဲ့ ရာသီ နေပယ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ်မှာ ၁ – ၀ နဲ့ အနိုင်ယူ ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးအသင်းရဲ့ ပထမဦးဆုံး ရှုံးပွဲ ဖြစ်ခဲ့ ပါတယ်။

ယာဂန်ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အုပ်စု အဆင့်မှာ အဝေးကွင်း ၃ ပွဲစလုံးကို ရှံုးနိမ့် ခဲ့ပြီး အိမ်ကွင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်း ခဲ့တာကြောင့်သာ နောက်တဆင့် ကို တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ လီဗာပူးကို ၁-၀ နဲ့ ရှံုးခဲ့တာကြောင့် ယူရိုပါလိဂ် ကို ဆင်းကန် ခဲ့ရပြီး လီဗာပူး ကတော့ ဇွန်လမှာ ကျင်းပခဲ့တဲ့ မက်ဒရစ်ဖိုင်နယ်ထိ တက်ရောက် နိုင်ခဲ့ပြီး ဖို််င်နယ်မှာ တော့တင်ဟမ်ကို နိုင်ကာ ဥရောပ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အန်ဆယ်လော့တီ က “လီဗာပူးဟာ ရင့်ကျက် လာခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ရာသီဟာ သူတို့ကို အများကြီး သိနားလည် စေခဲ့ ပါတယ်။ အခြား တစ်ဖက် မှာလည်း ကျွန်တော်တို့လည်း ရင့်ကျက် လာခဲ့ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ အသင်းကို အရည်အသွေးမြင့် ကစားသမားတွေ ထပ်ပြီး ဖြည့်တင်း နိုင်ခဲ့ လို့ပါ။ ခက်ခဲ ကြမ်းတမ်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာ နိုင်ပြီး ကျွန်တော်တို့ဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင် ရမှာပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီကလို ရလဒ်မျိုး ထပ်ရဖို့ မျှော်လင့် ထားပါတယ်။” လို့ ဆိုသွား ပါတယ်။

ပြီးခဲ့တဲ့ ရာသီက နေပယ်မှာ လီဗာပူးရဲ့ ခြေစွမ်းဟာ လျော့တိလျော့ရဲ့ ဖြစ်နေခဲ့တဲ့ အပြင် ပုံမှန် ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး နာပိုလီ အသင်းရဲ့ လွှမ်းမိုး ကစားမှုကို ခံခဲ့ ရကာ ဂိုးသမား အလီဆွန် လက်စွမ်းပြ ခဲ့တာကြောင့်သာ ပွဲအတွင်းမှာ ဆက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဟာ အဆိုပါ ရှံုးပွဲ ကနေ ကောင်းကောင်း သင်ခန်းစာ ရယူ နိုင်ခဲ့ပြီး တစ်ရာသီလုံး အကောင်းဆုံး ခြေစွမ်းနဲ့ အတူ ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ အပြင် လိဂ်ပြိုင်ပွဲမှာလည်း ကလပ် စံချိန်တင် ရမှတ် ၉၇ မှတ်ထိ ရယူ နိုင်ခဲ့ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာလည်း ပြီးခဲ့တဲ့ နှစ်ရဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ကာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၅ ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲ ရထား ခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီ သူ့အသင်းရဲ့ game plan ကို အပြောင်းအလဲ လုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

နာပိုလီ နည်းပြ က “ကျွန်တော်တို့ အနေနဲ့ ကိုယ်ရဲ့ ကိုယ်ပိုင် ကစားဟန် နဲ့ ဘောလုံး အိုင်ဒီယာ တွေကို စွန့်လွှတ် သွားလို့ မရပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကိုယ်ကောင်းကောင်း လုပ်ခဲ့တဲ့ အရာတွေနဲ့ ကိုယ်ရင်ဆိုင် ကြံုတွေ့ ခဲ့ရတဲ့ ပြသာနာတွေကို သိနားလည်ဖို့ လိုပါတယ်။

ကျွန်တေ်ာတို့ ပြီးခဲ့တဲ့ ရာသီက သူတို့နဲ့ ရင်ဆို်င်ရာမှာ ခံစစ် ကစားဟန် ကောင်းမွန်ခဲ့ပြီး ခံစစ်ပိုင်းဟာ ဒီလို ပွဲမျိုးမှာ အရမ်းကို အရေးပါပါတယ်။ အသင်း အနေနဲ့ လိုအပ်တဲ့ အခါ ခံစစ်ကို ကောင်းကောင်း ကစား နိုင်ဖို့ ၊ အခွင့်အရေးတွေ ရလာတဲ့ အခါ တိုက်စစ်ဆင်ဖို့ နဲ့ ဘောလုံးကို လိုအပ်ရင် ထိန်းချုပ် ကစား နိုင်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ကျွန်တော်တို့ ပြီးပြည့်စုံစွာ ကစားဖို့ လိုအပ်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွေ့က နာပိုလီ ကို ပြောင်းလာခဲ့တဲ့ တော့တင်ဟမ် တိုက်စစ်မှုးဟောင်း လိုရန်တီ ကလည်း ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖို်င်နယ် ရှံုးပွဲ အတွက် လီဗာပူးကို ပြန််လည် လက်တုန့်ပြန်ရန် ဆန္ဒ ပြင်းပြ နေပါတယ်။

လိုရန်တီက “ဖို်င်နယ်ပွဲစဉ်ကို ရှံုးနိမ့် ခဲ့တာဟာ နာကျင်စရာ ကောင်းပါတယ်။ ဒါဟာ သေချာပေါက် လက်တုန့်ပြန် ရမယ့် ပွဲပါ။ ဒါပေမယ့် ဒီထက်ပိုတဲ့ အရာကတော့ ဒီပွဲဟာ ကျွန်တော်တို့ သူတို့နဲ့ ယှဉ်နိုင်တယ် ဆိုတာ ပြသသွားဖို့ အခွင့်အရေးပါ။” လို့ ဆိုလိုက်ပါတယ်။

SM