ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ည ၁နာရီခြဲ အခ်ိန္ မွာ ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ အဖြင့္ ပြဲစဥ္ အျဖစ္ စပိန္ လာလီဂါ ကလပ္ ဗလင္စီယာ အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစား ရမွာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ ႏွစ္ ေဘာလံုး ရာသီ မွာ ယူရိုပါလိဂ္ သာ ကစားခြင့္ ရခဲ့ေပမယ့္ ရာသီကုန္ မွာ ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာ မွာ ရပ္တည္ ခဲ့သလို ၊ ယူရိုပါလိဂ္ ခ်န္ပီယံဆု ကိုပါ ဆြတ္ခူး ခဲ့တာေၾကာင့္ ယခုႏွစ္ မွာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ကို ျပန္လည္ ယွဥ္ျပိဳင္ခြင့္ ရရွိလာတာ ျဖစ္ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွာ ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ခံ ထားရတဲ့ အျပင္ နည္းျပ အေတြ႕အၾကံဳ နည္းေသးတဲ့ ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ဖရန္႕ လမ္းပတ္ ကို ၄င္းတို႕ရဲ႕ မန္ေနဂ်ာသစ္ အျဖစ္ ခန္႕အပ္ထားတာေၾကာင့္ အရင္ႏွစ္ေတြေလာက္ ဆုဖလား ေအာင္ျမင္မႈ မ်ားမ်ားစားစား ေမွ်ာ္လင့္ ထားလို႕ မရေနပါဘူး ။

သို႕ေပမယ့္ လည္း ခ်ယ္လ္ဆီး အသင္း ရဲ႕ လက္ရွိ ကစားပံု နဲ႕ စည္းလံုးမႈ က ထင္ထားတာထက္ ပိုျပီး ေကာင္းမြန္ လာသလို ၊ အဓိက ကစားသမား ေတြ ဒဏ္ရာ ျပႆနာ ၾကံဳေတြ႕ ေနရခ်ိန္ မွာေတာင္ ကစားရခက္တဲ့ ဝုလ္ဗ္ အသင္း ကို အေဝးကြင္း မွာ ၂ – ၅ ဆိုတဲ့ ရလဒ္ နဲ႕ ဂိုးျပတ္ အႏိုင္ ရခဲ့ပါတယ္ ။ ထို႕ အတြက္ေၾကာင့္ စိတ္ဓာတ္ပိုင္း အရ အေတာ္ေလး တက္ၾကြ ေနတဲ့ ခ်ယ္လ္ဆီး အသင္းသား ေတြ ဒီေန႕ည မွာေရာ ဗလင္စီယာ အသင္း ကို အႏိုင္ ကစားသြားမလား ဆိုတာ ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္ ။

မေန႕က ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လမ္းပတ္ က ေလာေလာဆယ္ သူနဲ႕ ခ်ယ္လ္ဆီး အသင္း တို႕ရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ပစ္မွတ္ က အုပ္စု အဆင့္ ကို လြန္ေျမာက္ႏိုင္ဖို႕ ျဖစ္ေၾကာင္း ၊ သို႕ေပမယ့္ လည္း အုပ္စုတြင္း က ခက္ခဲတဲ့ ျပိဳင္ဖက္ ေတြကိုေတာ့ သတိထား ကစား ရမွာ ျဖစ္တယ္ လို႕ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

လမ္းပတ္ က ” အခု လက္ရွိ ကြ်န္ေတာ္ တို႕ရဲ႕ ပစ္မွတ္ က ခ်န္ပီယံလိဂ္ အုပ္စု အဆင့္ ေက်ာ္ျဖတ္ ႏိုင္ဖို႕ ျဖစ္ပါတယ္ ။ လက္ရွိ ကြ်န္ေတာ္ တို႕ က်ေရာက္ ေနတဲ့ အုပ္စု ဟာ အုပ္စုက်ပ္ တခု ျဖစ္ေပမယ့္ ကြ်န္ေတာ္ ဟာ ခ်န္ပီယံလိဂ္ ကစားခဲ့ဖူးတဲ့ စီနီယာ ကစားသမား တခ်ိဳ႕ နဲ႕ အရည္အေသြး ရွိျပီး ပံုစံေကာင္း ရေနတဲ့ လူငယ္ ေျခတက္ ကစားသမားေလး ေတြ အေပၚ ယံုၾကည္မႈ အျပည့္ ရွိပါတယ္ ။ ”

” လက္ရွိ ကြ်န္ေတာ္ တို႕ ရရွိေနတဲ့ ပံုစံေကာင္း ေတြကို ခ်န္ပီယံလိဂ္ မွာလည္း ဆက္လက္ ျပသ သြားႏိုင္ဖို႕ ကြ်န္ေတာ္ ေမွ်ာ္လင့္ မိပါတယ္ ။ ကစားသမား တေယာက္ အေနနဲ႕ ခ်န္ပီယံလိဂ္ ကို အပိုင္း ၂ပြဲ ကြ်န္ေတာ္ ခြဲျပ ခ်င္ပါတယ္ ။ ပထမ တပိုင္း ကေတာ့ ခရစ္စမတ္ မတိုင္မီ က အုပ္စု အဆင့္ ပြဲစဥ္ ေတြပါ ။ အုပ္စု အဆင့္ ပြဲစဥ္ ေတြကို ေက်ာ္ျဖတ္ ႏိုင္ဖို႕ ကြ်န္ေတာ္ တို႕မွာ လံုေလာက္မႈ ရွိတယ္ လို႔ ယံုၾကည္ ထားေပမယ့္ ကိုယ့္ အုပ္စုတြင္း ျပိဳင္ဖက္ ေတြက ခက္ခဲမႈ ရွိတယ္ ဆိုတာကို သိထား ရပါမယ္ ။ ”

” ကြ်န္ေတာ္ တို႕ အုပ္စု အဆင့္ ကို လြန္ေျမာက္ သြားရင္ေတာ့ ဒုတိယ တပိုင္း အေနနဲ႕ ေနာက္ထပ္ အဆင့္ မွာ ဘယ္ေလာက္ ကြ်န္ေတာ္ တို႕ ဆက္ျပီး စြမ္းေဆာင္ ျပႏိုုင္မလဲ ဆိုတာ ေစာင့္ၾကည့္ ရမွာပါ ။ ဒါဟာလည္း ကြ်န္ေတာ္ တို႕ အေပၚမွာပဲ မူတည္ပါတယ္ ။ ေလာေလာဆယ္ ေတာ့ အုပ္စု အဆင့္ အတြက္ ကိုယ့္ အသင္း အေပၚမွာ ယံုၾကည္မႈ အျပည့္ ရွိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဖရန္႕ လမ္းပတ္ ဟာ ကစားသမား ဘဝတုန္းက ခ်ယ္လ္ဆီး အသင္း နဲ႕ အတူ ခ်န္ပီယံလိဂ္ ခ်န္ပီယံဆု ကို ဆြတ္ခူး ႏိုင္ခဲ့သလို ၊ ခ်န္ပီယံလိဂ္ ပြဲေပါင္း မ်ားစြာ ကစားထား ခဲ့ဖူးတာေၾကာင့္ ထို အေတြ႕အၾကံဳ ေတြကို နည္းျပ ဘဝ မွာလည္း ဘယ္လို လက္ေတြ႕ အသံုးခ် သြားမလဲ ဆိုတာ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္ ။

SPORTS MYANMAR

Unicode

ဒီနှစ် ချန်ပီယံလိဂ် မှာ ချယ်လ်ဆီး နဲ့ သူ့ရဲ့ ပထမဆုံး ပစ်မှတ် က ဘာလဲ ဆိုတာ ထုတ်ဖော် ပြောဆို လိုက်တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၁နာရီခွဲ အချိန် မှာ ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့် ပွဲစဉ် အဖြစ် စပိန် လာလီဂါ ကလပ် ဗလင်စီယာ အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ နှစ် ဘောလုံး ရာသီ မှာ ယူရိုပါလိဂ် သာ ကစားခွင့် ရခဲ့ပေမယ့် ရာသီကုန် မှာ ပရီးမီးယားလိဂ် အဆင့် ၃ နေရာ မှာ ရပ်တည် ခဲ့သလို ၊ ယူရိုပါလိဂ် ချန်ပီယံဆု ကိုပါ ဆွတ်ခူး ခဲ့တာကြောင့် ယခုနှစ် မှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ပြန်လည် ယှဉ်ပြိုင်ခွင့် ရရှိလာတာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ အပြင် နည်းပြ အတွေ့အကြုံ နည်းသေးတဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် ကို ၄င်းတို့ရဲ့ မန်နေဂျာသစ် အဖြစ် ခန့်အပ်ထားတာကြောင့် အရင်နှစ်တွေလောက် ဆုဖလား အောင်မြင်မှု များများစားစား မျှော်လင့် ထားလို့ မရနေပါဘူး ။

သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ရဲ့ လက်ရှိ ကစားပုံ နဲ့ စည်းလုံးမှု က ထင်ထားတာထက် ပိုပြီး ကောင်းမွန် လာသလို ၊ အဓိက ကစားသမား တွေ ဒဏ်ရာ ပြဿနာ ကြံုတွေ့ နေရချိန် မှာတောင် ကစားရခက်တဲ့ ဝုလ်ဗ် အသင်း ကို အဝေးကွင်း မှာ ၂ – ၅ ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် စိတ်ဓာတ်ပိုင်း အရ အတော်လေး တက်ကြွ နေတဲ့ ချယ်လ်ဆီး အသင်းသား တွေ ဒီနေ့ည မှာရော ဗလင်စီယာ အသင်း ကို အနိုင် ကစားသွားမလား ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က လောလောဆယ် သူနဲ့ ချယ်လ်ဆီး အသင်း တို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပစ်မှတ် က အုပ်စု အဆင့် ကို လွန်မြောက်နိုင်ဖို့ ဖြစ်ကြောင်း ၊ သို့ပေမယ့် လည်း အုပ်စုတွင်း က ခက်ခဲတဲ့ ပြိုင်ဖက် တွေကိုတော့ သတိထား ကစား ရမှာ ဖြစ်တယ် လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” အခု လက်ရှိ ကျွန်တော် တို့ရဲ့ ပစ်မှတ် က ချန်ပီယံလိဂ် အုပ်စု အဆင့် ကျော်ဖြတ် နိုင်ဖို့ ဖြစ်ပါတယ် ။ လက်ရှိ ကျွန်တော် တို့ ကျရောက် နေတဲ့ အုပ်စု ဟာ အုပ်စုကျပ် တခု ဖြစ်ပေမယ့် ကျွန်တော် ဟာ ချန်ပီယံလိဂ် ကစားခဲ့ဖူးတဲ့ စီနီယာ ကစားသမား တချို့ နဲ့ အရည်အသွေး ရှိပြီး ပုံစံကောင်း ရနေတဲ့ လူငယ် ခြေတက် ကစားသမားလေး တွေ အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ် ။ ”

” လက်ရှိ ကျွန်တော် တို့ ရရှိနေတဲ့ ပုံစံကောင်း တွေကို ချန်ပီယံလိဂ် မှာလည်း ဆက်လက် ပြသ သွားနိုင်ဖို့ ကျွန်တော် မျှော်လင့် မိပါတယ် ။ ကစားသမား တယောက် အနေနဲ့ ချန်ပီယံလိဂ် ကို အပိုင်း ၂ပွဲ ကျွန်တော် ခွဲပြ ချင်ပါတယ် ။ ပထမ တပိုင်း ကတော့ ခရစ်စမတ် မတိုင်မီ က အုပ်စု အဆင့် ပွဲစဉ် တွေပါ ။ အုပ်စု အဆင့် ပွဲစဉ် တွေကို ကျော်ဖြတ် နိုင်ဖို့ ကျွန်တော် တို့မှာ လုံလောက်မှု ရှိတယ် လို့ ယုံကြည် ထားပေမယ့် ကိုယ့် အုပ်စုတွင်း ပြိုင်ဖက် တွေက ခက်ခဲမှု ရှိတယ် ဆိုတာကို သိထား ရပါမယ် ။ ”

” ကျွန်တော် တို့ အုပ်စု အဆင့် ကို လွန်မြောက် သွားရင်တော့ ဒုတိယ တပိုင်း အနေနဲ့ နောက်ထပ် အဆင့် မှာ ဘယ်လောက် ကျွန်တော် တို့ ဆက်ပြီး စွမ်းဆောင် ပြနိုုင်မလဲ ဆိုတာ စောင့်ကြည့် ရမှာပါ ။ ဒါဟာလည်း ကျွန်တော် တို့ အပေါ်မှာပဲ မူတည်ပါတယ် ။ လောလောဆယ် တော့ အုပ်စု အဆင့် အတွက် ကိုယ့် အသင်း အပေါ်မှာ ယုံကြည်မှု အပြည့် ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝတုန်းက ချယ်လ်ဆီး အသင်း နဲ့ အတူ ချန်ပီယံလိဂ် ချန်ပီယံဆု ကို ဆွတ်ခူး နိုင်ခဲ့သလို ၊ ချန်ပီယံလိဂ် ပွဲပေါင်း များစွာ ကစားထား ခဲ့ဖူးတာကြောင့် ထို အတွေ့အကြံု တွေကို နည်းပြ ဘဝ မှာလည်း ဘယ်လို လက်တွေ့ အသုံးချ သွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

SPORTS MYANMAR