မၾကာေသးခင္က ျပဳလုပ္သြားခဲ့တဲ့ အင္တာဗ်ဴး တစ္ခုမွာ ယာဂန္ကေလာ့ပ္ ရဲ႕ ေအးဂ်င့္ ျဖစ္သူ မာ့ ကိုဆစ္ကီ က နည္းျပၾကီးဟာ လီဗာပူး က ရာသီဥတု အေျခအေနေတြေၾကာင့္ ၊ လက္ရွိ စာခ်ဳပ္ သက္တမ္း ကုန္ဆံုးပါက အသင္းကေန ထြက္ခြာသြားႏိုင္တယ္လို႔ ေျပာဆိုခဲ့တာ နဲ႔ပတ္သက္ျပီး ၊ ကမၻာ့မီဒီယာ ေတြရဲ႕ စာမ်က္ႏွာထက္မွာ အက်ယ္တ၀င့္ ေဖာ္ျပခဲ့ၾကပါတယ္။

အခ်ိဳ႕ကေတာ့ လီဗာပူး ကို လမ္းခြဲမယ့္ ကေလာ့ပ္ ရဲ႕ အေၾကာင္းျပခ်က္ဟာ ေတာ္ေတာ္ေလးကို ထူးဆန္းလြန္းတယ္လို႔ေတာင္ မွတ္ခ်က္ေပးေနခဲ့ၾကတာပါ။

DAZN နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ေအးဂ်င့္ မာ့ ကိုဆစ္ကီ က “ ကေလ့ာပ္ ရဲ႕ စာခ်ဳပ္ သက္တမ္းက 2022 ခုႏွစ္ အထိေတာင္ ရွိပါေသးတယ္။ ကလပ္ အသင္းကေတာ့ စာခ်ဳပ္ သက္တမ္းတိုးခ်င္ေနတာ ျဖစ္ေပမယ့္ ၊ ဒိုင္လွ်ိဳေလးပဲ ၾကိဳးစားေနတာပါ။

က်ေနာ္တို႔မွာ ဒီစာခ်ဳပ္ မကုန္ခင္ အခ်ိန္ေတြ က်န္ေနေသးတာမို႔ ၊ ဒီၾကားထဲ ဘယ္လို တုိးတက္မႈေတြ ရွိလာမလဲ ဆိုတာ ဆက္ျပီး ေစာင့္ၾကည့္ၾကတာတာေပါ့ဗ်ာ။ အဂၤလန္ ရဲ႕ ရာသီဥတုကပဲ ပိုေကာင္းတဲ့ဘက္ကို ေျပာင္းလဲ သြားမလား ၊ ဂ်ာမဏီ ရဲ႕ ရာသီဥတု အေနအထားေတြ ကပဲ ပိုေကာင္းမလား ဆိုတာကလဲ စိတ္၀င္စားဖို႔ ေကာင္းတယ္ဗ်။

 

ရာသီ ဥတု အေၾကာင္းကို ေလွ်ာ့တြက္ထားလို႔ မရဘူးေနာ္။ လီဗာပူးဟာ စာခ်ဳပ္ သက္တမ္းတိုးဖို႔ ပထမဆံုး အၾကိမ္ က်ေနာ့္ကို ဆက္သြယ္လာတုန္းက ႏို၀င္ဘာ ၊ ဒီဇင္ဘာလို ကာလၾကီးျဖစ္ေနေတာ့ ၊ က်ေနာ္ က ခဏေစာင့္ပါဦးလို႔ပဲ အေၾကာင္းျပန္လိုက္ရတာပါ။ ဘာလို႔လဲ ဆိုေတာ့ အဲဒီ အခိုက္အတန္႔ေတြမွာ အဂၤလန္ ရဲ႕ ရာသီဥတုက အရမ္းကို ဆိုးလြန္းေနတာေလ ။

ကေလာ့ပ္ရဲ႕ ဇနီး အူလာ ဆိုရင္ မနက္ မိုးလင္းလို႔ အိပ္ယာက ထေပမယ့္ ၊ အျပင္မွာ အံုးမိုင္းမိုင္းပဲ ျဖစ္ေနသလုိ ၊ ညေနဘက္ ကေလာ့ပ္ နဲ႔ ျပန္ေတြ႔ၾကတဲ့ အခ်ိန္မွာလဲ ရာသီဥတုက သာသာယာယာ ျဖစ္မလာေသးပါဘူး။

ဂ်ာမဏီမွာလဲ အဲဒီအခ်ိန္ ဆိုရင္ ရာသီဥတုက ဆိုးပါတယ္။ ဒါေပမယ့္ ကလပ္အသင္းေတြဟာ 2 ပတ္ နားခြင့္ရတာမို႔ ၊ ေနအပူခ်ိန္ ရွိတဲ့ ကမၻာ့ရဲ႕ အျခားေဒသေတြဆီ ခရီးဆက္ျပီး ေလ့က်င့္ခန္း အစီစဥ္ေတြ လုပ္ေဆာင္ၾကတယ္ ၊ ျပီးရင္ေတာ့ ျပန္လာျပီး ေဘာလံုးပြဲေတြ ကစားၾကတယ္ေလ။

အဂၤလန္မွာက အဲဒီအခ်ိန္မွာ ပြဲက်ပ္ 13 ပြဲေလာက္အထိ ဆက္တိုက္ ကစားရတာ ျဖစ္သလုိ ၊ အရမ္းလဲ ပင္းပန္းလြန္းပါတယ္။ ဒီလို အေနအထားေတြက တကယ္ကို မလြယ္တာပါ” လို႔ ေျပာဆုိသြားခဲ့တာ ျဖစ္ပါတယ္။

 

အဲဒီ အေၾကာင္းအရာ နဲ႔ ပတ္သက္ျပီး နာပိုလီ နဲ႔ ပြဲမတိုင္ခင္ သတင္းေထာက္ေတြ က ေမးျမန္းရာမွာေတာ့ ကေလာ့ပ္က သူ႔ရဲ႕ ေအးဂ်င့္ဟာ သူ႔လိုပဲ ဟာသဆန္ဆန္ေလးေတြ ေျပာသြားတာ ျဖစ္တယ္လို႔ ျပန္လည္ ေျဖရွင္းလိုက္ျပီး ၊ မီဒီယာေတြက သူ႔ရဲ႕ ဆုိလိုရင္းကို ထိမိေအာင္ ေရးသားႏုိင္ျခင္း မရွိခဲ့တာ ျဖစ္တယ္လို႔ ရွင္းလင္း သြားခဲ့ပါတယ္။

“ ခင္ဗ်ားတို႔ မီဒီယာေတြ ေရးတဲ့ အေၾကာင္းေတြ က်ေနာ္ ဖတ္ရပါတယ္ ။ ေတာ္ေတာ္ေလးလဲ ျပံဳးေနမိခဲ့တယ္ဗ်။ ဘာလို႔လဲ ဆိုေတာ့ သူက ဟာသ လုပ္ျပီး ေျပာတာကို ၊ သတင္းသမားေတြက သတိမထားမိခဲ့ၾကဘူးေလ။

ဒါေၾကာင့္မို႔ ေလာေလာဆယ္မွာေတာ့ က်ေနာ္လဲ အဲဒီအေၾကာင္းအရင္းကို အေလးအနက္ထားျပီး ျပန္ရွင္းရပါေတာ့မယ္။

သူေျပာသြားတာ က ဂ်ာမန္လို ဟာသလုပ္ျပီး ေျပာတာဗ် ။ ဒါေပမယ့္ ဘာသာျပန္ၾကေတာ့ ဘယ္သူကမွ ထိမိေအာင္ မေရးႏိုင္လိုက္ပါဘူး။ က်ေနာ္က လီဗာပူး က ရာသီဥတုနဲ႔ ပတ္သက္လို႔ ေအးေဆးပါ။ ဘာျပသနာမွ မရိွိပါဘူး။

ေျပာရရင္ ရာသီဥတု ကို ၾကည့္ျပီး ငါက ဘယ္ကလပ္ ကိုင္တြယ္သင့္တယ္ ၊ ဘယ္ေနရာ သြားျပီး အလုပ္လုပ္သင့္တယ္ ဆိုတာမ်ိဳးေတြ က်ေနာ့္မွာ လံုး၀ကို မရွိတာပါ။ ေလာေလာဆယ္ အဂၤလန္ ရဲ႕ ရာသီဥတုကလဲ က်န္းမာေရး အရ အရမ္ကိုး ညီညြတ္ပါတယ္။

လံုေလာက္တဲ့ မိုးရြာသြန္းမႈ ရွိတယ္ ၊ ေအးတယ္ ၊ ေလလဲ တိုက္တယ္ေလ။ ဒါေၾကာင့္မို႔ ရာသီဥတု အေၾကာင္းျပခ်က္မ်ိဳးနဲ႔ေတာ့ အသင္းကေန ထြက္ခြာမွာ မဟုတ္ပါဘူး” လုိ႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

ယာဂန် ကလော့ပ်ရဲ့ အေးဂျင့်က ဟာသလုပ်ပြောတာကို ထိမိအောင် ရေးသားနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ ကမ္ဘာ့မီဒီယာများ
******************************************

မကြာသေးခင်က ပြုလုပ်သွားခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ယာဂန်ကလော့ပ် ရဲ့ အေးဂျင့် ဖြစ်သူ မာ့ ကိုဆစ်ကီ က နည်းပြကြီးဟာ လီဗာပူး က ရာသီဥတု အခြေအနေတွေကြောင့် ၊ လက်ရှိ စာချုပ် သက်တမ်း ကုန်ဆုံးပါက အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ ပြောဆိုခဲ့တာ နဲ့ပတ်သက်ပြီး ၊ ကမ္ဘာ့မီဒီယာ တွေရဲ့ စာမျက်နှာထက်မှာ အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။

အချို့ကတော့ လီဗာပူး ကို လမ်းခွဲမယ့် ကလော့ပ် ရဲ့ အကြောင်းပြချက်ဟာ တော်တော်လေးကို ထူးဆန်းလွန်းတယ်လို့တောင် မှတ်ချက်ပေးနေခဲ့ကြတာပါ။

DAZN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အေးဂျင့် မာ့ ကိုဆစ်ကီ က “ ကလေ့ာပ် ရဲ့ စာချုပ် သက်တမ်းက 2022 ခုနှစ် အထိတောင် ရှိပါသေးတယ်။ ကလပ် အသင်းကတော့ စာချုပ် သက်တမ်းတိုးချင်နေတာ ဖြစ်ပေမယ့် ၊ ဒိုင်လျှိုလေးပဲ ကြိုးစားနေတာပါ။

ကျနော်တို့မှာ ဒီစာချုပ် မကုန်ခင် အချိန်တွေ ကျန်နေသေးတာမို့ ၊ ဒီကြားထဲ ဘယ်လို တိုးတက်မှုတွေ ရှိလာမလဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်ကြတာတာပေါ့ဗျာ။ အင်္ဂလန် ရဲ့ ရာသီဥတုကပဲ ပိုကောင်းတဲ့ဘက်ကို ပြောင်းလဲ သွားမလား ၊ ဂျာမဏီ ရဲ့ ရာသီဥတု အနေအထားတွေ ကပဲ ပိုကောင်းမလား ဆိုတာကလဲ စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။

ရာသီ ဥတု အကြောင်းကို လျှော့တွက်ထားလို့ မရဘူးနော်။ လီဗာပူးဟာ စာချုပ် သက်တမ်းတိုးဖို့ ပထမဆုံး အကြိမ် ကျနော့်ကို ဆက်သွယ်လာတုန်းက နိုဝင်ဘာ ၊ ဒီဇင်ဘာလို ကာလကြီးဖြစ်နေတော့ ၊ ကျနော် က ခဏစောင့်ပါဦးလို့ပဲ အကြောင်းပြန်လိုက်ရတာပါ။ ဘာလို့လဲ ဆိုတော့ အဲဒီ အခိုက်အတန့်တွေမှာ အင်္ဂလန် ရဲ့ ရာသီဥတုက အရမ်းကို ဆိုးလွန်းနေတာလေ ။

ကလော့ပ်ရဲ့ ဇနီး အူလာ ဆိုရင် မနက် မိုးလင်းလို့ အိပ်ယာက ထပေမယ့် ၊ အပြင်မှာ အုံးမိုင်းမိုင်းပဲ ဖြစ်နေသလို ၊ ညနေဘက် ကလော့ပ် နဲ့ ပြန်တွေ့ကြတဲ့ အချိန်မှာလဲ ရာသီဥတုက သာသာယာယာ ဖြစ်မလာသေးပါဘူး။

ဂျာမဏီမှာလဲ အဲဒီအချိန် ဆိုရင် ရာသီဥတုက ဆိုးပါတယ်။ ဒါပေမယ့် ကလပ်အသင်းတွေဟာ 2 ပတ် နားခွင့်ရတာမို့ ၊ နေအပူချိန် ရှိတဲ့ ကမ္ဘာ့ရဲ့ အခြားဒေသတွေဆီ ခရီးဆက်ပြီး လေ့ကျင့်ခန်း အစီစဉ်တွေ လုပ်ဆောင်ကြတယ် ၊ ပြီးရင်တော့ ပြန်လာပြီး ဘောလုံးပွဲတွေ ကစားကြတယ်လေ။

အင်္ဂလန်မှာက အဲဒီအချိန်မှာ ပွဲကျပ် 13 ပွဲလောက်အထိ ဆက်တိုက် ကစားရတာ ဖြစ်သလို ၊ အရမ်းလဲ ပင်းပန်းလွန်းပါတယ်။ ဒီလို အနေအထားတွေက တကယ်ကို မလွယ်တာပါ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး နာပိုလီ နဲ့ ပွဲမတိုင်ခင် သတင်းထောက်တွေ က မေးမြန်းရာမှာတော့ ကလော့ပ်က သူ့ရဲ့ အေးဂျင့်ဟာ သူ့လိုပဲ ဟာသဆန်ဆန်လေးတွေ ပြောသွားတာ ဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းလိုက်ပြီး ၊ မီဒီယာတွေက သူ့ရဲ့ ဆိုလိုရင်းကို ထိမိအောင် ရေးသားနိုင်ခြင်း မရှိခဲ့တာ ဖြစ်တယ်လို့ ရှင်းလင်း သွားခဲ့ပါတယ်။

“ ခင်ဗျားတို့ မီဒီယာတွေ ရေးတဲ့ အကြောင်းတွေ ကျနော် ဖတ်ရပါတယ် ။ တော်တော်လေးလဲ ပြုံးနေမိခဲ့တယ်ဗျ။ ဘာလို့လဲ ဆိုတော့ သူက ဟာသ လုပ်ပြီး ပြောတာကို ၊ သတင်းသမားတွေက သတိမထားမိခဲ့ကြဘူးလေ။

ဒါကြောင့်မို့ လောလောဆယ်မှာတော့ ကျနော်လဲ အဲဒီအကြောင်းအရင်းကို အလေးအနက်ထားပြီး ပြန်ရှင်းရပါတော့မယ်။

သူပြောသွားတာ က ဂျာမန်လို ဟာသလုပ်ပြီး ပြောတာဗျ ။ ဒါပေမယ့် ဘာသာပြန်ကြတော့ ဘယ်သူကမှ ထိမိအောင် မရေးနိုင်လိုက်ပါဘူး။ ကျနော်က လီဗာပူး က ရာသီဥတုနဲ့ ပတ်သက်လို့ အေးဆေးပါ။ ဘာပြသနာမှ မရှိိပါဘူး။

ပြောရရင် ရာသီဥတု ကို ကြည့်ပြီး ငါက ဘယ်ကလပ် ကိုင်တွယ်သင့်တယ် ၊ ဘယ်နေရာ သွားပြီး အလုပ်လုပ်သင့်တယ် ဆိုတာမျိုးတွေ ကျနော့်မှာ လုံးဝကို မရှိတာပါ။ လောလောဆယ် အင်္ဂလန် ရဲ့ ရာသီဥတုကလဲ ကျန်းမာရေး အရ အရမ်ကိုး ညီညွတ်ပါတယ်။

လုံလောက်တဲ့ မိုးရွာသွန်းမှု ရှိတယ် ၊ အေးတယ် ၊ လေလဲ တိုက်တယ်လေ။ ဒါကြောင့်မို့ ရာသီဥတု အကြောင်းပြချက်မျိုးနဲ့တော့ အသင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

SPORTS MYANMAR