မိုက္ကယ္အိုဝင္ က လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္က လီဗာပူးမွ ရီးရဲယ္မက္ဒရစ္ အသင္းကို ေျပာင္းေရြ႔ရင္ ေကာင္းလား မေကာင္းဘူး ဆိုတာ ခ်ီတံုခ်တံု ျဖစ္ခဲ့မိေၾကာင္း ဝန္ခံသြား ခဲ့ၿပီး ေနာက္ဆံုး မွာေတာ့ သူဟာ ဒီအခြင့္အေရးကို မပယ္ခ် ႏိုင္ခဲ့ဘူးလို႔ ဆိုသြား ခဲ့ပါတယ္။
မိုက္ကယ္အိုဝင္ ဟာ စပိန္ အင္အားႀကီးကလပ္ ရဲ႕ ကမ္းလွမ္းမႈကို ရ႐ွိ ခဲ့တဲ့ အခ်ိန္မွာ လီဗာပူး နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့ၿပီး အဲဒီ ေႏြရာသီ မွာ လီဗာပူး အသင္းဟာ အေျပာင္းအလဲေတြ ျဖစ္ခဲ့ၿပီး အန္ဖီးမွာ ဂ်ရတ္ဟူလီယာဟာ ရာထူးမွ ထုတ္ပယ္ခံ ခဲ့ရၿပီး ၎ရဲ႕ ေနရာကို ရာေဖးဘင္နီတက္ဇ္က အစားထိုး ဝင္ေရာက္ လာခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း လီဗာပူး မွ ေနရာေပ်ာက္ ႏိုင္ေျခ ႐ွိတဲ့ အေျခအေန နဲ႔ ရီးရဲယ္ လို အသင္းႀကီးရဲ႕ ကမ္းလွမ္းလာမႈကို ၎အေနနဲ႔ မပယ္ခ် ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
မၾကာမီ သူ႔ရဲ႕ ကစားသမား ဘဝ အေၾကာင္း ျဖစ္တဲ့ tell-all book ဆိုတဲ့ စာအုပ္ကို ထုတ္ေဝ ေတာ့မယ့္ အိုဝင္က ရီးရဲယ္မက္ဒရစ္ ကို မေျပာင္းေရြ႔မီ ဂ်ဴဗင္တပ္ မွ လီဗာပူး ကို အီရန္႐ွပ္ ထြက္ခြာသြား ခဲ့တဲ့ ပံုစံမ်ိဳး လုပ္ရန္ သူ႔ရဲ႕ ေခါင္းထဲမွာ ႐ွိေနခဲ့ၿပီး ျဖစ္တယ္လို႔ ဆိုသြားပါတယ္။
အိုဝင္က “အဲဒီတုန္းက ဘယ္လို ျဖစ္ခဲ့မွန္းကို မသိေတာ့ ပါဘူးဗ်ာ။ အကယ္၍ ကြၽန္ေတာ္သာ ရီးရဲယ္မက္ဒရစ္ အသင္းရဲ႕ ကမ္းလွမ္းလာမႈကို ျငင္းပယ္ ခဲ့မယ္ ဆိုရင္ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကို ခြင့္လႊတ္ ႏိုင္မွာ မဟုတ္ပါဘူး ။ ကြၽန္ေတာ္ကေတာ့ အီရန္ရပ္႐ွ္ ကို အျပစ္တင္ ပါတယ္ ။ ကြၽန္ေတာ္ သူ႔ကို ၾကည့္ၿပီး `သူဟာ ဂ်ဴဗီ ကို တစ္ႏွစ္ သြားကစား ခဲ့ၿပီး လီဗာပူး ကို ျပန္လာခဲ့တယ္။ ဒါဟာ အရမ္းကို ၿပီးျပည့္စံုတယ္´ ကြၽန္ေတာ္ ကိုယ္တိုင္လည္း အဲဒီမွာ တစ္ႏွစ္ ႏွစ္ႏွစ္ သြားကစားၿပီး ျပန္လာႏိုင္မယ္လို႔ ထင္ခဲ့ မိပါတယ္။
ဒီလိုနဲ႔ပဲ ကြၽန္ေတာ္ ေနာက္ဆံုး မွာ ဆံုးျဖတ္ခ်က္ ခ်ႏိုင္ခဲ့ ပါတယ္။ ကြၽန္ေတာ္ဟာ ေယာင္လည္လည္ ျဖစ္ေန ခဲ့ၿပီး ဘယ္ဘက္ကို လွည့္ရမလဲ ဆိုတာ မသိ ျဖစ္ေန ခဲ့ပါတယ္။ အဲဒီအခ်ိန္က ရီးရဲယ္မက္ဒရစ္ ရဲ႕ ႀကီးၾကယ္တဲ့ ကစားသမားေတြ ၊ သူတို႔ရဲ႕ ကြင္း ၊ ဘာသာစကားသစ္ ၊ ႏိုင္ငံသစ္ ေဘာလံုးကစားဟန္ အသစ္ ေတြကိုပဲ ကြၽန္ေတာ္ ေတြးပါတယ္။ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ မိသားစု ဟာ ႏိုင္ငံရပ္ျခားကို သြားၿပီး အေတြ႔အၾကံဳ ယူၾကည့္ခ်င္ ခဲ့ပါတယ္။ အနည္းဆံုးေတာ့ ကြၽန္ေတာ္ ဒါကို ႀကိဳးစား ၾကည့္ခ်င္ၿပီး ဒီကို ျပန္လာတဲ့ အခါမွာ ကြၽန္ေတာ္ လုပ္ႏိုင္ ခဲ့တယ္ ဆိုတာကို အျမဲ ေျပာႏိုင္ေအာင္ပါ။
အကယ္၍ ကြၽန္ေတာ္သာ အဲဒီကုိ မေျပာင္းျဖစ္ ခဲ့ဘူးဆုိရင္ ဇနက္ဒင္းဇိဒန္း ၊ ဖီဂို ၊ ကားလို႔စ္ ၊ ေရာ္နယ္ဒုိ ၊ ရာအူး တို႔ရဲ႕ ၾကယ္စင္စု အသင္း အေၾကာင္း အေမးခံရတာပဲ ျဖစ္ျဖစ္ ဒီအသင္း အေၾကာင္းကို ေျပာတာပဲ ျဖစ္ျဖစ္ ဟိုမသိ ဒီမသိ ျဖစ္ေနမွာပါ။ ဒါ့ေၾကာင့္ ကြၽန္ေတာ္ဟာ ဒါဟာ မွန္ကန္တဲ့ အရာ ျဖစ္တယ္ဆိုၿပီး ကိုယ့္ကိုယ္ကို အားေမြး ခဲ့ပါတယ္။ ဒါဟာ ဘယ္ေတာ့မွ ျပန္ရႏိုင္မယ့္ အခြင့္အေရး မဟုတ္ပါဘူး။” လို႔ ေျပာသြားပါတယ္။
အိုဝင္ဟာ ရီးရဲယ္မက္ဒရစ္ မွာ တစ္ရာသီ သာ ကစားခဲ့ၿပီး ၿပိဳင္ပြဲစံု ၄၅ ပြဲ မွာ ၁၆ ဂိုးသြင္းၿပီးေနာက္ နယူးကာဆယ္ ကို ေျပာင္းေရြ႔ ခဲ့ပါတယ္။
SM
Unicode
လီဗာပူးမှ ရီးရဲယ်မက်ဒရစ် အသင်းကို မထွက်ခွာမီ သူ့စိတ်ထဲမှာ ဘယ်လို ကသောင်းကနင်းတွေ ဖြစ်ခဲ့သလဲဆိုတာ ထုတ်ဖော်ခဲ့တဲ့ မိုက်ကယ်အိုဝင်
မိုက်ကယ်အိုဝင် က လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က လီဗာပူးမှ ရီးရဲယ်မက်ဒရစ် အသင်းကို ပြောင်းရွေ့ရင် ကောင်းလား မကောင်းဘူး ဆိုတာ ချီတုံချတုံ ဖြစ်ခဲ့မိကြောင်း ဝန်ခံသွား ခဲ့ပြီး နောက်ဆုံး မှာတော့ သူဟာ ဒီအခွင့်အရေးကို မပယ်ချ နိုင်ခဲ့ဘူးလို့ ဆိုသွား ခဲ့ပါတယ်။
မိုက်ကယ်အိုဝင် ဟာ စပိန် အင်အားကြီးကလပ် ရဲ့ ကမ်းလှမ်းမှုကို ရရှိ ခဲ့တဲ့ အချိန်မှာ လီဗာပူး နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့ပြီး အဲဒီ နွေရာသီ မှာ လီဗာပူး အသင်းဟာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး အန်ဖီးမှာ ဂျရတ်ဟူလီယာဟာ ရာထူးမှ ထုတ်ပယ်ခံ ခဲ့ရပြီး ၎င်းရဲ့ နေရာကို ရာဖေးဘင်နီတက်ဇ်က အစားထိုး ဝင်ရောက် လာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူး မှ နေရာပျောက် နိုင်ခြေ ရှိတဲ့ အခြေအနေ နဲ့ ရီးရဲယ် လို အသင်းကြီးရဲ့ ကမ်းလှမ်းလာမှုကို ၎င်းအနေနဲ့ မပယ်ချ နိုင်ခဲ့တာ ဖြစ်ပါတယ်။
မကြာမီ သူ့ရဲ့ ကစားသမား ဘဝ အကြောင်း ဖြစ်တဲ့ tell-all book ဆိုတဲ့ စာအုပ်ကို ထုတ်ဝေ တော့မယ့် အိုဝင်က ရီးရဲယ်မက်ဒရစ် ကို မပြောင်းရွေ့မီ ဂျူဗင်တပ် မှ လီဗာပူး ကို အီရန်ရှပ် ထွက်ခွာသွား ခဲ့တဲ့ ပုံစံမျိုး လုပ်ရန် သူ့ရဲ့ ခေါင်းထဲမှာ ရှိနေခဲ့ပြီး ဖြစ်တယ်လို့ ဆိုသွားပါတယ်။
အိုဝင်က “အဲဒီတုန်းက ဘယ်လို ဖြစ်ခဲ့မှန်းကို မသိတော့ ပါဘူးဗျာ။ အကယ်၍ ကျွန်တော်သာ ရီးရဲယ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းလာမှုကို ငြင်းပယ် ခဲ့မယ် ဆိုရင် ကျွန်တော် ကိုယ့်ကိုယ်ကို ခွင့်လွှတ် နိုင်မှာ မဟုတ်ပါဘူး ။ ကျွန်တော်ကတော့ အီရန်ရပ်ရှ် ကို အပြစ်တင် ပါတယ် ။ ကျွန်တော် သူ့ကို ကြည့်ပြီး `သူဟာ ဂျူဗီ ကို တစ်နှစ် သွားကစား ခဲ့ပြီး လီဗာပူး ကို ပြန်လာခဲ့တယ်။ ဒါဟာ အရမ်းကို ပြီးပြည့်စုံတယ်´ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီမှာ တစ်နှစ် နှစ်နှစ် သွားကစားပြီး ပြန်လာနိုင်မယ်လို့ ထင်ခဲ့ မိပါတယ်။
ဒီလိုနဲ့ပဲ ကျွန်တော် နောက်ဆုံး မှာ ဆုံးဖြတ်ချက် ချနိုင်ခဲ့ ပါတယ်။ ကျွန်တော်ဟာ ယောင်လည်လည် ဖြစ်နေ ခဲ့ပြီး ဘယ်ဘက်ကို လှည့်ရမလဲ ဆိုတာ မသိ ဖြစ်နေ ခဲ့ပါတယ်။ အဲဒီအချိန်က ရီးရဲယ်မက်ဒရစ် ရဲ့ ကြီးကြယ်တဲ့ ကစားသမားတွေ ၊ သူတို့ရဲ့ ကွင်း ၊ ဘာသာစကားသစ် ၊ နိုင်ငံသစ် ဘောလုံးကစားဟန် အသစ် တွေကိုပဲ ကျွန်တော် တွေးပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု ဟာ နိုင်ငံရပ်ခြားကို သွားပြီး အတွေ့အကြုံ ယူကြည့်ချင် ခဲ့ပါတယ်။ အနည်းဆုံးတော့ ကျွန်တော် ဒါကို ကြိုးစား ကြည့်ချင်ပြီး ဒီကို ပြန်လာတဲ့ အခါမှာ ကျွန်တော် လုပ်နိုင် ခဲ့တယ် ဆိုတာကို အမြဲ ပြောနိုင်အောင်ပါ။
အကယ်၍ ကျွန်တော်သာ အဲဒီကို မပြောင်းဖြစ် ခဲ့ဘူးဆိုရင် ဇနက်ဒင်းဇိဒန်း ၊ ဖီဂို ၊ ကားလို့စ် ၊ ရော်နယ်ဒို ၊ ရာအူး တို့ရဲ့ ကြယ်စင်စု အသင်း အကြောင်း အမေးခံရတာပဲ ဖြစ်ဖြစ် ဒီအသင်း အကြောင်းကို ပြောတာပဲ ဖြစ်ဖြစ် ဟိုမသိ ဒီမသိ ဖြစ်နေမှာပါ။ ဒါ့ကြောင့် ကျွန်တော်ဟာ ဒါဟာ မှန်ကန်တဲ့ အရာ ဖြစ်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို အားမွေး ခဲ့ပါတယ်။ ဒါဟာ ဘယ်တော့မှ ပြန်ရနိုင်မယ့် အခွင့်အရေး မဟုတ်ပါဘူး။” လို့ ပြောသွားပါတယ်။
အိုဝင်ဟာ ရီးရဲယ်မက်ဒရစ် မှာ တစ်ရာသီ သာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲ မှာ ၁၆ ဂိုးသွင်းပြီးနောက် နယူးကာဆယ် ကို ပြောင်းရွေ့ ခဲ့ပါတယ်။
SM