မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ေနာက္ခံလူ ေဟာင္း ဂယ္ရီ နဗီးလ္ က လက္ရွိ ယူႏုိက္တက္ အသင္း နည္းျပ အိုလီ ဂန္နာ ဆုိးရွား အေနျဖင့္ လီဗာပူး နည္းျပ ယာဂင္ ကေလာ့ လုပ္ေဆာင္ ခဲ့တဲ့ လမ္းစဥ္ ကို လုိက္ၿပီး လုပ္ေဆာင္ သင့္တယ္လို႔ တုိက္တြန္း ေျပာဆို သြားခဲ့ ပါတယ္ ။ လီဗာပူး ဟာ ယာဂင္ ကေလာ့ နည္းျပ အၿပီး ၄ ႏွစ္ အၾကာ မွာ ဥေရာပ ခ်န္ပီယံ ျဖစ္လာ ခဲ့သလုိ ပရီးမီးယားလိဂ္ မွာလည္း ဗိုလ္စြဲဖို႔ အေလးေပး ခံရတဲ့ အသင္း တစ္သင္း ျဖစ္လာခဲ့ ပါတယ္

ဒီလို ျဖစ္လာ ဖို႔ အတြက္ ယာဂင္ ကေလာ့ ဟာ အသင္း ကို အလံုးစံု ျပဳျပင္ ေျပာင္းလဲ ခဲ့ရၿပီး သူ႔ရဲ႕ ကစားကြက္ နဲ႔ အဆင္ ေျပ ကိုက္ညီမယ့္ ကစား သမားေတြ ကို ရွာေဖြ ၀ယ္ယူ ခဲ့ရ ပါတယ္ ။ လက္ရွိ မန္ခ်က္ စတာ ယူႏုိက္တက္ မွာ ေတာ့ နည္းျပ ဖာဂူဆန္ လက္ထက္ က ကစား သမားေတြ ပါ၀င္ ေနဆဲ ျဖစ္ၿပီး နည္းျပ သစ္ ဆုိးရွား လက္ထက္ ေခၚယူ ထားသူ ၃ ဦး သာ ရွိေန ခဲ့ ပါတယ္ ။

ယူႏုိက္တက္ အသင္း ေခါင္းေဆာင္ တစ္ဦး အျဖစ္ နဲ႔ ေအာင္ပြဲ ေပါင္း မ်ားစြာ ရယူ ခဲ့ဖူးတဲ့ နဗီးလ္ က ေတာ့ လက္ရွိ အသင္း က လူငယ္ ကစား သမား ေတြ ဟာ အနာဂါတ္ ေကာင္းေတြ ပုိင္ဆုိင္ ထားသူ ေတြ ျဖစ္ၿပီး လိုအပ္ ေနတဲ့ ေနရာ ေတြကို ေတာ့ ေငြေၾကး အသံုးျပဳၿပီး ျဖည့္တင္း သြားရ မယ္လို႔ Monday Night Football အစီအစဥ္ မွာ ထုတ္ေဖာ္ ေျပာဆို သြား ခဲ့ ပါတယ္ ။

“ခ်န္ပီယံ အသင္း တုိင္း မွာ တကယ္ ေကာင္းတဲ့ ကစား သမားေတြ ရွိ ပါတယ္ ။ ဒီ ကစား သမားေတြ က အလကား မရ ပါဘူး ။ ထုိက္တန္ တဲ့ ေၾကး ကို ေပးရ ပါတယ္ ။ လီဗာပူး ဆုိရင္ ဗာဂ်ယ္ ဗန္ဒိုက္ ကို ေပါင္ ၇၅ သန္း အကုန္ ခံၿပီး ၀ယ္ခဲ့ သလုိ ဖာမီႏို ၊ အဲလစ္ဆြန္ ၊ ဖာဘင္ဟို တို႔ကို လည္း ၀ယ္ၿပီး သံုးခဲ့ ရတာပါ”

“သူတို႔ ကို ၀ယ္ၿပီးတဲ့ ေနာက္ မွာ လီဗာပူး ဟာ အခု ျမင္ေန ရတဲ့ အတုိင္း ျဖစ္လာ ေတာ့ တာ ပါပဲ ။ မန္ခ်က္ စတာ ယူႏုိက္တက္ လည္း လက္ရွိ အေန အထား အရ ေနာက္ထပ္ ၃ ေယာက္ ေလာက္ ၀ယ္ၿပီး ရင္ ခ်န္ပီယံ ဆု ကို စိန္ေခၚတဲ့ အသင္း တစ္သင္း အျဖစ္ ျပန္ေရာက္ လာမွာပါ”

“ဒီဂီယာ ၊ မက္ဂြဲယား ၊ လင္ဒီေလာ့ဖ္ တုိ႔ ဟာ အသင္း ရဲ႕ အဓိက ေထာက္တုိင္ ေတြ ျဖစ္လာ ပါမယ္ ၊ လူငယ္ ေတြ ကေတာ့ အနာဂါတ္ေကာင္းေတြ ပုိင္ဆိုင္ ထား ပါတယ္ ။ အဓိက လုိအပ္ ခ်က္ က ၃ ေယာက္ ေလာက္ ပါပဲ ။ ဒါကို ျဖည့္ဆည္းေပး ဖို႔ အိုလီ ကို အခ်ိန္ ေပးရပါမယ္” လုိ႔ ဂယ္ရီ နဗီးလ္ က ေျပာဆို သြားခဲ့ ပါတယ္ ။

ဆက္လက္ၿပီး ဂယ္ရီ နဗီးလ္ က လြန္ ခဲ့တဲ့ ႏွစ္ အနည္းငယ္ ခန္႔က မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း ရဲ႕ အေျပာင္း အေရႊ႕ စီမံကိန္း ေတြ ဟာ အက်ဳိး မရွိ ျဖစ္ခဲ့ ေၾကာင္း နဲ႔ ဆုိးရွား လက္ထက္ ေခၚယူ ခဲ့သူေတြ သာ အသင္း နဲ႔ အံ့၀င္ ကိုက္ညီမႈ ရွိ ေသးေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

“အခု ဆုိရင္ ယူႏုိက္တက္ ရဲ႕ ပ်မ္းမွ် အသက္ က ၂၄ ႏွစ္ အထိ ျပန္ က်လာခဲ့ ပါၿပီ ။ အသင္း မွာ အကယ္ ဒမီ ထြက္ ကစား သမား ၈ ေယာက္ အထိ ရွိ လာပါတယ္ ။ အခု ေျခစြမ္း က အက် ဘက္ ေရာက္ ေနသလိုမ်ဳိး လူေတြ ခံစား မိၾကမွာပါ ။ ဒါေပမယ့္ ဒါဟာ တိုးတက္ လာဖို႔ ေနာက္တစ္လွမ္း ဆုတ္တဲ့ သေဘာ ပါပဲ”

 

“ဖယ္ကာအို ၊ ဒီမာရီယာ ၊ ရွ၀ိန္း စတိုင္ဂါ ၊ ဆန္းခ်က္ တို႔ အတြက္ ေပါင္ သန္း ခ်ီၿပီး နစ္နာ ခဲ့ရ ပါတယ္ ။ ဒါေတြ ကို ရပ္တန္႔ ဖို႔ လိုအပ္ေန ပါၿပီ ။ အခု ဆုိးရွား သြား ေနတဲ့ ပံုစံ က အသင္း အတြက္ အမွန္ကန္ ဆံုးပါပဲ ။ ေနာက္ထပ္ အေျပာင္း အေရႊ႕ ၃ ခု ေလာက္ၿပီးသြား တဲ့ အခါ မွာ အသင္း က အျမင့္ကို ျပန္ေရာက္ လာမွာပါ” လုိ႔ ဂယ္ရီ နဗီးလ္ က ေျပာဆို သံုးသပ္ သြားခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

လီဗာပူး တို့ရဲ့ လမ်းစဉ်ကို လိုက်ဖို့ ဆိုးရှား ကို အကြံပေးလိုက်တဲ့ ဂယ်ရီ နဗီးလ်

============================================

မန်ချက် စတာ ယူနိုက်တက် အသင်း နောက်ခံလူ ဟောင်း ဂယ်ရီ နဗီးလ် က လက်ရှိ ယူနိုက်တက် အသင်း နည်းပြ အိုလီ ဂန်နာ ဆိုးရှား အနေဖြင့် လီဗာပူး နည်းပြ ယာဂင် ကလော့ လုပ်ဆောင် ခဲ့တဲ့ လမ်းစဉ် ကို လိုက်ပြီး လုပ်ဆောင် သင့်တယ်လို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။ လီဗာပူး ဟာ ယာဂင် ကလော့ နည်းပြ အပြီး ၄ နှစ် အကြာ မှာ ဥရောပ ချန်ပီယံ ဖြစ်လာ ခဲ့သလို ပရီးမီးယားလိဂ် မှာလည်း ဗိုလ်စွဲဖို့ အလေးပေး ခံရတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့ ပါတယ်

ဒီလို ဖြစ်လာ ဖို့ အတွက် ယာဂင် ကလော့ ဟာ အသင်း ကို အလုံးစုံ ပြုပြင် ပြောင်းလဲ ခဲ့ရပြီး သူ့ရဲ့ ကစားကွက် နဲ့ အဆင် ပြေ ကိုက်ညီမယ့် ကစား သမားတွေ ကို ရှာဖွေ ၀ယ်ယူ ခဲ့ရ ပါတယ် ။ လက်ရှိ မန်ချက် စတာ ယူနိုက်တက် မှာ တော့ နည်းပြ ဖာဂူဆန် လက်ထက် က ကစား သမားတွေ ပါ၀င် နေဆဲ ဖြစ်ပြီး နည်းပြ သစ် ဆိုးရှား လက်ထက် ခေါ်ယူ ထားသူ ၃ ဦး သာ ရှိနေ ခဲ့ ပါတယ် ။

ယူနိုက်တက် အသင်း ခေါင်းဆောင် တစ်ဦး အဖြစ် နဲ့ အောင်ပွဲ ပေါင်း များစွာ ရယူ ခဲ့ဖူးတဲ့ နဗီးလ် က တော့ လက်ရှိ အသင်း က လူငယ် ကစား သမား တွေ ဟာ အနာဂါတ် ကောင်းတွေ ပိုင်ဆိုင် ထားသူ တွေ ဖြစ်ပြီး လိုအပ် နေတဲ့ နေရာ တွေကို တော့ ငွေကြေး အသုံးပြုပြီး ဖြည့်တင်း သွားရ မယ်လို့ Monday Night Football အစီအစဉ် မှာ ထုတ်ဖော် ပြောဆို သွား ခဲ့ ပါတယ် ။

“ချန်ပီယံ အသင်း တိုင်း မှာ တကယ် ကောင်းတဲ့ ကစား သမားတွေ ရှိ ပါတယ် ။ ဒီ ကစား သမားတွေ က အလကား မရ ပါဘူး ။ ထိုက်တန် တဲ့ ကြေး ကို ပေးရ ပါတယ် ။ လီဗာပူး ဆိုရင် ဗာဂျယ် ဗန်ဒိုက် ကို ပေါင် ရ၅ သန်း အကုန် ခံပြီး ၀ယ်ခဲ့ သလို ဖာမီနို ၊ အဲလစ်ဆွန် ၊ ဖာဘင်ဟို တို့ကို လည်း ၀ယ်ပြီး သုံးခဲ့ ရတာပါ”

“သူတို့ ကို ၀ယ်ပြီးတဲ့ နောက် မှာ လီဗာပူး ဟာ အခု မြင်နေ ရတဲ့ အတိုင်း ဖြစ်လာ တော့ တာ ပါပဲ ။ မန်ချက် စတာ ယူနိုက်တက် လည်း လက်ရှိ အနေ အထား အရ နောက်ထပ် ၃ ယောက် လောက် ၀ယ်ပြီး ရင် ချန်ပီယံ ဆု ကို စိန်ခေါ်တဲ့ အသင်း တစ်သင်း အဖြစ် ပြန်ရောက် လာမှာပါ”

“ဒီဂီယာ ၊ မက်ဂွဲယား ၊ လင်ဒီလော့ဖ် တို့ ဟာ အသင်း ရဲ့ အဓိက ထောက်တိုင် တွေ ဖြစ်လာ ပါမယ် ၊ လူငယ် တွေ ကတော့ အနာဂါတ်ကောင်းတွေ ပိုင်ဆိုင် ထား ပါတယ် ။ အဓိက လိုအပ် ချက် က ၃ ယောက် လောက် ပါပဲ ။ ဒါကို ဖြည့်ဆည်းပေး ဖို့ အိုလီ ကို အချိန် ပေးရပါမယ်” လို့ ဂယ်ရီ နဗီးလ် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဂယ်ရီ နဗီးလ် က လွန် ခဲ့တဲ့ နှစ် အနည်းငယ် ခန့်က မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ အပြောင်း အရွှေ့ စီမံကိန်း တွေ ဟာ အကျိုး မရှိ ဖြစ်ခဲ့ ကြောင်း နဲ့ ဆိုးရှား လက်ထက် ခေါ်ယူ ခဲ့သူတွေ သာ အသင်း နဲ့ အံ့ဝင် ကိုက်ညီမှု ရှိ သေးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“အခု ဆိုရင် ယူနိုက်တက် ရဲ့ ပျမ်းမျှ အသက် က ၂၄ နှစ် အထိ ပြန် ကျလာခဲ့ ပါပြီ ။ အသင်း မှာ အကယ် ဒမီ ထွက် ကစား သမား ၈ ယောက် အထိ ရှိ လာပါတယ် ။ အခု ခြေစွမ်း က အကျ ဘက် ရောက် နေသလိုမျိုး လူတွေ ခံစား မိကြမှာပါ ။ ဒါပေမယ့် ဒါဟာ တိုးတက် လာဖို့ နောက်တစ်လှမ်း ဆုတ်တဲ့ သဘော ပါပဲ”

“ဖယ်ကာအို ၊ ဒီမာရီယာ ၊ ရှဝိန်း စတိုင်ဂါ ၊ ဆန်းချက် တို့ အတွက် ပေါင် သန်း ချီပြီး နစ်နာ ခဲ့ရ ပါတယ် ။ ဒါတွေ ကို ရပ်တန့် ဖို့ လိုအပ်နေ ပါပြီ ။ အခု ဆိုးရှား သွား နေတဲ့ ပုံစံ က အသင်း အတွက် အမှန်ကန် ဆုံးပါပဲ ။ နောက်ထပ် အပြောင်း အရွှေ့ ၃ ခု လောက်ပြီးသွား တဲ့ အခါ မှာ အသင်း က အမြင့်ကို ပြန်ရောက် လာမှာပါ” လို့ ဂယ်ရီ နဗီးလ် က ပြောဆို သုံးသပ် သွားခဲ့ ပါတယ် ။

SPORTS MYANMAR