ဂ်ဴဗီ အသင္းရဲ႕ ဒါရိုက္တာေဟာင္းတဦးျဖစ္တဲ႔ ေမာ့ဂီက လက္ရွိ ဂ်ဴဗီ နည္းျပျကီး ဆာရီဟာေဘာလံုး ေလာကအတြက္ ေကာင္းတဲ႔ လူတေယာက္မဟုတ္ဘူးလို႔ ေဝဖန္လိုက္ပါတယ္။ဂ်ဴဗီ အသင္းဟာ အခုအပတ္ စီးရီးေအ ပြဲစဥ္မွာ ဖီအိုရင္တီးနားကို ဂိုးမရွိသေရသာကစားႏိုင္ခဲ႔ျပီး ဆာရီရဲ႕ အေျကာင္းျပခ်က္ေတြ ေစာဒကတက္မွဳေတြ ထြက္ေပၚလာခဲ႔ပါေသးတယ္။

ဖီအိုရင္တီးနား အသင္းဟာ ရာသီသစ္ စီးရီးေအ မွာႏိုင္ပြဲမရေသးတဲ႔ အသင္းတသင္းျဖစ္ျပီး ဒီလို အသင္းကို အႏိုင္မရခဲ႔တာဟာ ပြဲကစားခ်ိန္ နဲ႔ ျမင့္မားလြန္းတဲ႔အပူရွိန္ ေတြေျကာင့္ျဖစ္တယ္ လို႔ ဆာရီက အေျကာင္းျပခဲ႔ပါတယ္။ဒါေပမယ့္ ေမာ့ဂီကေတာ့ ဆာရီအေနနဲ႔ သူ႔ကုိယ္သူပဲအျပစ္တင္သင့္တယ္လို႔ ဆိုပါတယ္။

ဆာရီဟာ သူကိုင္တြယ္ခဲ႔တဲ႔ အသင္းေတြ ျဖစ္တဲ႔ နာပိုလီ ၊ ခ်ဲဆီးလ္ အစရွိတဲ႔ အသင္း ေတြမွာကတည္းက မျကာခဏဆိုသိလုိ ဆင္ေျခေတြ ေပးထားခဲ႔ဖူးတာျဖစ္ပါတယ္။ေမာ့ဂီကေတာ့ ဆာရီဟာ ဘယ္ေနရာေရာက္ေရာက္ ဒါမ်ိဳးကို အျမဲလုပ္တတ္တဲ႔ အက်င့္ရွိတယ္ လို႔ ေဝဖန္သြားခဲ႔ပါတယ္။

Punto Nuovo နဲ႔ အင္တာဗ်ဴးမွာ ေမာ့ဂီက – ” ဆာရီဟာ ဆင္ေျခေပးဖို႔ အေျကာင္းေတြအျမဲရွာေနတတ္သူျဖစ္ပါတယ္။သူဟာဘယ္ေနရာသြားသြားဒါကို လုပ္တတ္တဲ႔ အက်င့္ဆိုးရွိပါတယ္။ဒါဟာေဘာလံုး ေလာကအတြက္ မေကာင္းပါဘူး။

ကြန္တီကေတာ့ ဒီေနရာမွာ သင့္ေတာ္မွန္ကန္သူျဖစ္ပါတယ္။က်ြန္ေတာ္အျမဲတမ္း ေတြးထားခဲ႔ဖူးတာတခုရွိပါတယ္။ပြဲရဲ႕ အေျခအေနေပၚမူတည္ျပီး နည္းစနစ္နဲ႔ ကစားသမားေတြကို အေျပာင္းအလဲလုပ္ေဆာင္ဖို႕ ျဖစ္ပါတယ္။ဒါေပမယ့္ ဆာရီကေတာ့ ဒါကို မလုပ္ခဲ႔ပါဘူး။

ဂ်ဴဗီဆိုတာ ပြဲတိုင္းကိုဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ အႏိုင္ရေအာင္ကစားႏိုင္တဲ႔ ကစားသမားေတြကိုပိုင္ဆိုင္ထားတဲ႔ အံ့မခန္းအသင္းျကီးတသင္းျဖစ္ပါတယ္။ဒါေပမယ့္ လည္းသူတို႔ဟာဒီပြဲမွာပြဲရဲ႕ ပံုစံကို အေျပာင္းအလဲမလုပ္ခဲ႔ျကပါဘူး ” လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

နာပိုလီ အသင္းမွာ ရွိေနစဥ္ ‘ Sarri ball ‘ လို႔ အမည္ရတဲ႔ အ့ံမခန္း ကစားကြက္နဲ႔ အတူေက်ာ္ျကားခဲ႔တဲ႔ ဆာရီဟာျပီးခဲ႔တဲ႔ ရာသီမွာ ခ်ဲဆီးလ္အသင္းကို သြားေရာက္ကိုင္တြယ္ထားခဲ႔ျပီး ယူရိုပါလိဂ္ခ်န္ပီယံဆုျကီးကို ဆြတ္ခူးေပးထားႏိုင္ခဲ႔ပါတယ္။

ဒါေပမယ့္ အဂၤလန္ ေျမမွာ တရာသီေလာက္သာ ရွိေနခဲ႔ျပီး ခ်ဲဆီးလ္ အသင္းနဲ႔ လမ္းခြဲလိုက္ရတာျဖစ္ပါတယ္။အဲ႔ဒီေနာက္မွာေတာ့ သူ႔ကို စီးစီးေအ ထိပ္သီး ဂ်ဴဗီ အသင္းက နည္းျပေဟာင္းကြန္တီ ရဲ႕ အစားထိုးမွဳ အျဖစ္ ေခၚယူထားခဲ႔တာ ျဖစ္ပါတယ္။

ဂ်ဴဗီ အသင္းဟာ စီးရီးေအမွာ တေကာင္တည္းေျပးေနခဲ႔တာ ကာလတခုျကာေနျပီျဖစ္ျပီး ေနာက္ဆံုး ၈ျကိမ္ဆက္ စတူဒက္တိုခ်န္ပီယံ ဆုျကီးကို ကိုင္ေျမာက္ထားႏိုင္ခဲ႕ပါတယ္။ဒါေပမယ့္ သူတို႔ ဟာအခုႏွစ္မွာ ေတာ့ ျပီးခဲ႔တဲ႔ ႏွစ္ေတြကထက္ ပိုတဲ႕ ခက္ခဲမွဳေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိေနတာျဖစ္ပါတယ္။

နာပိုလီ၊ အင္တာမီလန္၊ ရိုးမား အစရွိတဲ႔ အသင္းေတြက ေႏြရာသီမွာ အင္အားျဖည့္တင္းမွဳေတြ ေကာင္းေကာင္းလုပ္ေဆာင္ထားခဲ႔ျကျပီး လတ္တေလာမွာလည္း ေျခစြမ္းေကာင္းေတြျပသေနတာေျကာင့္ျဖစ္ပါတယ္။ဂ်ဴဗီအသင္းကေတာ့ဖီအိုရင္တီးနားအသင္းကို အႏိုင္မရခဲ႔လို႔ အမွတ္ေပူဇယား တတိယေနရာကို ဆင္းေပးခဲ႔ရပါတယ္။

SM

Unicode

ဂျူဗီ နည်းပြသစ် ဆာရီကို ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန် လိုက်တဲ့ #လူစီယာနိုမော့ဂီ
==================================

ဂျူဗီ အသင်းရဲ့ ဒါရိုက်တာဟောင်းတဦးဖြစ်တဲ့ မော့ဂီက လက်ရှိ ဂျူဗီ နည်းပြကြီး ဆာရီဟာဘောလုံး လောကအတွက် ကောင်းတဲ့ လူတယောက်မဟုတ်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ဂျူဗီ အသင်းဟာ အခုအပတ် စီးရီးအေ ပွဲစဉ်မှာ ဖီအိုရင်တီးနားကို ဂိုးမရှိသရေသာကစားနိုင်ခဲ့ပြီး ဆာရီရဲ့ အကြောင်းပြချက်တွေ စောဒကတက်မှုတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဖီအိုရင်တီးနား အသင်းဟာ ရာသီသစ် စီးရီးအေ မှာနိုင်ပွဲမရသေးတဲ့ အသင်းတသင်းဖြစ်ပြီး ဒီလို အသင်းကို အနိုင်မရခဲ့တာဟာ ပွဲကစားချိန် နဲ့ မြင့်မားလွန်းတဲ့အပူရှိန် တွေကြောင့်ဖြစ်တယ် လို့ ဆာရီက အကြောင်းပြခဲ့ပါတယ်။ဒါပေမယ့် မော့ဂီကတော့ ဆာရီအနေနဲ့ သူ့ကိုယ်သူပဲအပြစ်တင်သင့်တယ်လို့ ဆိုပါတယ်။

ဆာရီဟာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေ ဖြစ်တဲ့ နာပိုလီ ၊ ချဲဆီးလ် အစရှိတဲ့ အသင်း တွေမှာကတည်းက မကြာခဏဆိုသိလို ဆင်ခြေတွေ ပေးထားခဲ့ဖူးတာဖြစ်ပါတယ်။မော့ဂီကတော့ ဆာရီဟာ ဘယ်နေရာရောက်ရောက် ဒါမျိုးကို အမြဲလုပ်တတ်တဲ့ အကျင့်ရှိတယ် လို့ ဝေဖန်သွားခဲ့ပါတယ်။

Punto Nuovo နဲ့ အင်တာဗျူးမှာ မော့ဂီက – ” ဆာရီဟာ ဆင်ခြေပေးဖို့ အကြောင်းတွေအမြဲရှာနေတတ်သူဖြစ်ပါတယ်။သူဟာဘယ်နေရာသွားသွားဒါကို လုပ်တတ်တဲ့ အကျင့်ဆိုးရှိပါတယ်။ဒါဟာဘောလုံး လောကအတွက် မကောင်းပါဘူး။

ကွန်တီကတော့ ဒီနေရာမှာ သင့်တော်မှန်ကန်သူဖြစ်ပါတယ်။ကျွန်တော်အမြဲတမ်း တွေးထားခဲ့ဖူးတာတခုရှိပါတယ်။ပွဲရဲ့ အခြေအနေပေါ်မူတည်ပြီး နည်းစနစ်နဲ့ ကစားသမားတွေကို အပြောင်းအလဲလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ဒါပေမယ့် ဆာရီကတော့ ဒါကို မလုပ်ခဲ့ပါဘူး။

ဂျူဗီဆိုတာ ပွဲတိုင်းကိုဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အနိုင်ရအောင်ကစားနိုင်တဲ့ ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့ အံ့မခန်းအသင်းကြီးတသင်းဖြစ်ပါတယ်။ဒါပေမယ့် လည်းသူတို့ဟာဒီပွဲမှာပွဲရဲ့ ပုံစံကို အပြောင်းအလဲမလုပ်ခဲ့ကြပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

နာပိုလီ အသင်းမှာ ရှိနေစဉ် ‘ Sarri ball ‘ လို့ အမည်ရတဲ့ အ့ံမခန်း ကစားကွက်နဲ့ အတူကျော်ကြားခဲ့တဲ့ ဆာရီဟာပြီးခဲ့တဲ့ ရာသီမှာ ချဲဆီးလ်အသင်းကို သွားရောက်ကိုင်တွယ်ထားခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံဆုကြီးကို ဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန် မြေမှာ တရာသီလောက်သာ ရှိနေခဲ့ပြီး ချဲဆီးလ် အသင်းနဲ့ လမ်းခွဲလိုက်ရတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ သူ့ကို စီးစီးအေ ထိပ်သီး ဂျူဗီ အသင်းက နည်းပြဟောင်းကွန်တီ ရဲ့ အစားထိုးမှု အဖြစ် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဂျူဗီ အသင်းဟာ စီးရီးအေမှာ တကောင်တည်းပြေးနေခဲ့တာ ကာလတခုကြာနေပြီဖြစ်ပြီး နောက်ဆုံး ၈ကြိမ်ဆက် စတူဒက်တိုချန်ပီယံ ဆုကြီးကို ကိုင်မြောက်ထားနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူတို့ ဟာအခုနှစ်မှာ တော့ ပြီးခဲ့တဲ့ နှစ်တွေကထက် ပိုတဲ့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

နာပိုလီ၊ အင်တာမီလန်၊ ရိုးမား အစရှိတဲ့ အသင်းတွေက နွေရာသီမှာ အင်အားဖြည့်တင်းမှုတွေ ကောင်းကောင်းလုပ်ဆောင်ထားခဲ့ကြပြီး လတ်တလောမှာလည်း ခြေစွမ်းကောင်းတွေပြသနေတာကြောင့်ဖြစ်ပါတယ်။ဂျူဗီအသင်းကတော့ဖီအိုရင်တီးနားအသင်းကို အနိုင်မရခဲ့လို့ အမှတ်ပေူဇယား တတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။

SM