လီဗာပူး နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္ ေနာက္ခံလူေဟာင္းေတြ ျဖစ္ၾကတဲ့ ကာေရဂါ နဲ႔ ဂယ္ရီ နဗီးလ္ တို႔ ဟာ မန္ခ်က္စတာ စီးတီး အသင္း ရဲ႕ ေနာက္ခံလူ ၂ ဦး ျဖစ္တဲ့ ဂြ်န္ စတုန္း နဲ႔ နီကိုလပ္စ္ ေအာ္တာမန္ဒီ တို႔ ကို ေ၀ဖန္ ေျပာဆို ခ့ဲၾကၿပီး သူတို႔ ၂ ဦး ကို အားကိုး ေနရ သေရြ႕ မန္စီးတီး ဒီႏွစ္ မွာ ခ်န္ပီယံ ျဖစ္လာ ဖို႔ မရွိ ဘူးလို႔ ေျပာဆို သြား ခဲ့ၾက ပါတယ္ ။

 

မန္စီးတီး မွာ အားထား ရတဲ့ ခံစစ္မႈး လာေပၚေတး ဒဏ္ရာေၾကာင့္ မကစား ႏုိင္တဲ့ အတြက္ ဂြ်န္ စတုန္း နဲ႔ ေအာ္တာမန္ဒီ တို႔ အတြဲ ကို အသံုးျပဳ ခဲ့ရ ပါတယ္ ။ ဒီ ခံစစ္ အတြဲ ရဲ႕ အားနည္းမႈ ေတြ ေၾကာင့္ ေနာ၀ွစ္ခ်္ အသင္း နဲ႔ ပြဲ မွာ မေပးသင့္ တဲ့ ဂုိးေတြ ခြင့္ျပဳ ခဲ့ရ ၿပီး ပြဲစဥ္ ၅ အၿပီး မွာ တင္ လီဗာပူး နဲ႔ ၅ မွတ္ အကြာ ကို ေရာက္သြား ခဲ့ရၿပီ ျဖစ္ပါတယ္ ။

ယမန္ေန႔ ညက Monday Night Football အစီအစဥ္ မွာ ပါ၀င္ ခဲ့တဲ့ ေဂ်မီ ကာေရဂါ နဲ႔ ဂယ္ရီ နဗီးလ္ တုိ႔ ကေတာ့ ေနာ၀ွစ္ခ်္ နဲ႔ ပြဲက စတုန္း – ေအာ္တာမန္ဒီ ခံစစ္ ရဲ႕ အားနည္းခ်က္ ေတြကို သံုးသပ္ ေျပာဆို ခဲ့ၾကၿပီး သူတုိ႔ နဲ႔ စီးတီး တို႔ ခ်န္ပီယံ ျဖစ္မွာ မဟုတ္ဘူး လို႔ ေျပာဆို ေ၀ဖန္ သြားခဲ့ ၾကပါတယ္ ။

“တကယ္လုိ႔ သူတို႔ ၂ ေယာက္ သာ စီးတီး ခံစစ္ ကို ဦးေဆာင္ ေနမယ္ ဆုိရင္ေတာ့ ဒီရာသီ မွာ စီးတီး တို႔ ဘာ မွ ေအာင္ျမင္ႏိုင္ မွာ မဟုတ္ ပါဘူး ။ ေနာ၀ွစ္ခ်္ ရဲ႕ ဒုတိယ ဂုိး မွာ စတုန္း ရဲ႕ အျပစ္ လံုး၀ ရွိ ပါတယ္ ။ ေဘာလံုး လာေတာ့ မွာ ကို သူ ႀကဳိျမင္ ႏိုင္ ရမွာပါ ။ ရွိသင့္ ရွိ ထိုက္တဲ့ ေနရာ ကို သူ အခ်ိန္ မီ ေရာက္ ေန ရမွာပါ”

“ေအာ့တာမန္ဒီ ကုိေတာ့ ေစာင့္ၾကည့္ ေနတာ ၾကာပါၿပီ ။ သူ က မန္ခ်က္ စတာ စီးတီး လို အသင္းမ်ဳိး နဲ႔ ကိုက္ညီ တဲ့ အရည္ အေသြး ကို မပိုင္ဆုိင္ ထားတဲ့ ကစား သမား ပါပဲ ။ ကြန္ပနီ ရဲ႕ ေနရာကို ျဖည့္ဖို႔ မလုိဘူး လုိ႔ ဂြာဒီယိုလာ ထင္ခဲ့ ပါတယ္ ။ အခု လာေပၚေတး နာသြား ခ်ိန္ မွာေတာ့ ဒါဟာ သိပ္ကို သိသာသြား ခဲ့ရ ပါၿပီ” လုိ႔ ကာေရဂါ က ေျပာဆို သြားခဲ့ ပါတယ္ ။

ဂယ္ရီ နဗီးလ္ ကလည္း “စတုန္း ဟာ ေနာက္ ၃-၄ လ ေလာက္ အတြင္း ကို သူ႔ရဲ႕ ဘ၀ အတြက္ အဆံုး အျဖတ္ အေနနဲ႔ ကစား ရေတာ့ မွာပါ ။ စီးတီး ဂုိးေတြ ေပးေန ရသေရြ႕ သူ႔ မွာ တာ၀န္ ကင္းမွာ မဟုတ္ ပါဘူး ။ ဇန္န၀ါရီ အေျပာင္း အေရႊ႕ က လိုပါေသးတယ္ ။ စတုန္း သာ ေနာ၀ွစ္ခ်္ နဲ႔ ပြဲ က ေျခစြမ္းမ်ဳိး နဲ႔ ဆုိရင္ေတာ့ ဂြာဒီယိုလာ ျပႆနာ အႀကီးႀကီး တက္ေတာ့ မွာ ေသခ်ာ ပါတယ္” လို႔ ေျပာဆို ေ၀ဖန္ သြားခဲ့ ပါတယ္ ။

မန္စီးတီး ဟာ လက္ရွိ မွာ အဆင့္ ၂ ေနရာ ကို ေရာက္ေနၿပီး အဆင့္ ၁ က လီဗာပူး နဲ႔ ၅ မွတ္ အထိ ကြာ ေန သလို ေနာက္က အသင္း ေတြ နဲ႔ လည္း ၂ မွတ္သာ ကြာဟတဲ့ အတြက္ အထူး သတိထား ရေတာ့ မွာ ျဖစ္ ပါတယ္ ။ ဒါ့အျပင္ ခ်န္ပီယံ လိဂ္ ပြဲစဥ္ေတြ ေရာက္ရွိ လာၿပီ ျဖစ္တာ ေၾကာင့္ ဗဟို ခံစစ္မႈး အင္အား နည္းပါး သြားတဲ့ ျပႆနာ ကို ဂြာဒီယိုလာ ဘယ္လို ေျဖရွင္း မလဲ ဆုိတာ စိတ္၀င္စား ဖုိ႔ ေကာင္း လာခဲ့ၿပီပဲ ျဖစ္ ပါတယ္

SPORTS MYANMAR

Unicode

မန်စီးတီး တို့ ချန်ပီယံ မဖြစ်နိုင်တဲ့ အကြောင်းအရင်း ကို ကာရေဂါ နဲ့ ဂယ်ရီ နဗီးလ် တို့ ထောက်ပြပြောဆို

========================================

လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းတွေ ဖြစ်ကြတဲ့ ကာရေဂါ နဲ့ ဂယ်ရီ နဗီးလ် တို့ ဟာ မန်ချက်စတာ စီးတီး အသင်း ရဲ့ နောက်ခံလူ ၂ ဦး ဖြစ်တဲ့ ဂျွန် စတုန်း နဲ့ နီကိုလပ်စ် အော်တာမန်ဒီ တို့ ကို ဝေဖန် ပြောဆို ခဲ့ကြပြီး သူတို့ ၂ ဦး ကို အားကိုး နေရ သရွေ့ မန်စီးတီး ဒီနှစ် မှာ ချန်ပီယံ ဖြစ်လာ ဖို့ မရှိ ဘူးလို့ ပြောဆို သွား ခဲ့ကြ ပါတယ် ။

မန်စီးတီး မှာ အားထား ရတဲ့ ခံစစ်မှုး လာပေါ်တေး ဒဏ်ရာကြောင့် မကစား နိုင်တဲ့ အတွက် ဂျွန် စတုန်း နဲ့ အော်တာမန်ဒီ တို့ အတွဲ ကို အသုံးပြု ခဲ့ရ ပါတယ် ။ ဒီ ခံစစ် အတွဲ ရဲ့ အားနည်းမှု တွေ ကြောင့် နောဝှစ်ချ် အသင်း နဲ့ ပွဲ မှာ မပေးသင့် တဲ့ ဂိုးတွေ ခွင့်ပြု ခဲ့ရ ပြီး ပွဲစဉ် ၅ အပြီး မှာ တင် လီဗာပူး နဲ့ ၅ မှတ် အကွာ ကို ရောက်သွား ခဲ့ရပြီ ဖြစ်ပါတယ် ။

ယမန်နေ့ ညက Monday Night Football အစီအစဉ် မှာ ပါ၀င် ခဲ့တဲ့ ဂျေမီ ကာရေဂါ နဲ့ ဂယ်ရီ နဗီးလ် တို့ ကတော့ နောဝှစ်ချ် နဲ့ ပွဲက စတုန်း – အော်တာမန်ဒီ ခံစစ် ရဲ့ အားနည်းချက် တွေကို သုံးသပ် ပြောဆို ခဲ့ကြပြီး သူတို့ နဲ့ စီးတီး တို့ ချန်ပီယံ ဖြစ်မှာ မဟုတ်ဘူး လို့ ပြောဆို ဝေဖန် သွားခဲ့ ကြပါတယ် ။

“တကယ်လို့ သူတို့ ၂ ယောက် သာ စီးတီး ခံစစ် ကို ဦးဆောင် နေမယ် ဆိုရင်တော့ ဒီရာသီ မှာ စီးတီး တို့ ဘာ မှ အောင်မြင်နိုင် မှာ မဟုတ် ပါဘူး ။ နောဝှစ်ချ် ရဲ့ ဒုတိယ ဂိုး မှာ စတုန်း ရဲ့ အပြစ် လုံးဝ ရှိ ပါတယ် ။ ဘောလုံး လာတော့ မှာ ကို သူ ကြိုမြင် နိုင် ရမှာပါ ။ ရှိသင့် ရှိ ထိုက်တဲ့ နေရာ ကို သူ အချိန် မီ ရောက် နေ ရမှာပါ”

“အော့တာမန်ဒီ ကိုတော့ စောင့်ကြည့် နေတာ ကြာပါပြီ ။ သူ က မန်ချက် စတာ စီးတီး လို အသင်းမျိုး နဲ့ ကိုက်ညီ တဲ့ အရည် အသွေး ကို မပိုင်ဆိုင် ထားတဲ့ ကစား သမား ပါပဲ ။ ကွန်ပနီ ရဲ့ နေရာကို ဖြည့်ဖို့ မလိုဘူး လို့ ဂွာဒီယိုလာ ထင်ခဲ့ ပါတယ် ။ အခု လာပေါ်တေး နာသွား ချိန် မှာတော့ ဒါဟာ သိပ်ကို သိသာသွား ခဲ့ရ ပါပြီ” လို့ ကာရေဂါ က ပြောဆို သွားခဲ့ ပါတယ် ။

ဂယ်ရီ နဗီးလ် ကလည်း “စတုန်း ဟာ နောက် ၃-၄ လ လောက် အတွင်း ကို သူ့ရဲ့ ဘဝ အတွက် အဆုံး အဖြတ် အနေနဲ့ ကစား ရတော့ မှာပါ ။ စီးတီး ဂိုးတွေ ပေးနေ ရသရွေ့ သူ့ မှာ တာဝန် ကင်းမှာ မဟုတ် ပါဘူး ။ ဇန်နဝါရီ အပြောင်း အရွှေ့ က လိုပါသေးတယ် ။ စတုန်း သာ နောဝှစ်ချ် နဲ့ ပွဲ က ခြေစွမ်းမျိုး နဲ့ ဆိုရင်တော့ ဂွာဒီယိုလာ ပြဿနာ အကြီးကြီး တက်တော့ မှာ သေချာ ပါတယ်” လို့ ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ လက်ရှိ မှာ အဆင့် ၂ နေရာ ကို ရောက်နေပြီး အဆင့် ၁ က လီဗာပူး နဲ့ ၅ မှတ် အထိ ကွာ နေ သလို နောက်က အသင်း တွေ နဲ့ လည်း ၂ မှတ်သာ ကွာဟတဲ့ အတွက် အထူး သတိထား ရတော့ မှာ ဖြစ် ပါတယ် ။ ဒါ့အပြင် ချန်ပီယံ လိဂ် ပွဲစဉ်တွေ ရောက်ရှိ လာပြီ ဖြစ်တာ ကြောင့် ဗဟို ခံစစ်မှုး အင်အား နည်းပါး သွားတဲ့ ပြဿနာ ကို ဂွာဒီယိုလာ ဘယ်လို ဖြေရှင်း မလဲ ဆိုတာ စိတ်ဝင်စား ဖို့ ကောင်း လာခဲ့ပြီပဲ ဖြစ် ပါတယ်

SPORTS MYANMAR