မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီ ရာသီ အတြင္း ပရီးမီးယား လိဂ္ ထိပ္သီး ေလးသင္း စာရင္း မဝင္ေရာက္ နုိင္ခဲ့ ပါက ( သုိ႔ ) ယူရို ပါလိဂ္ ဖလား မဆြတ္ခူး နုိင္ခဲ့ ပါက ၾကီးမား တဲ့ ဆံုးရွံဳး မွဳ ေတြကို ရင္ဆုိင္ သြား ရဖုိ႔ ရွိ ေနတယ္ လို့ သိရွိ လိုက္ရ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ယခင္ တုန္းက ဂ်ာစီ စပြန္ဆာ ျဖစ္တဲ့ Nike နဲ့ 13 ႏွစ္ေလာက္ အတူ လက္တြဲ ခဲ့ျပီး ေနာက္ လမ္းခဲြ ခဲ့ျပီး 2015 ခုႏွစ္ မွာ Adidas နဲ့ ေပါင္ 750 သန္း အထိ တန္ေၾကး ရွိတဲ့ 10 နွစ္တာ ဂ်ာစီ စပြန္ဆာ ကို ခ်ဳပ္ဆုိ ခဲ့သူ ပဲ ျဖစ္ပါတယ္ ။

ဒါ့ေၾကာင့္ ယူနုိက္တက္ တုိ့ရဲ့ ဘ႑ာေရး အင္အား ကို အထူး ေတာင့္တင္း ေစ ခဲ့တဲ့ အေၾကာင္း ျပခ်က္ တစ္ခု က Adidas ရဲ့ ဒီ ကာလ ရွည္ စပြန္ဆာ လည္း ျဖစ္ခဲ့ ရ ပါတယ္ ။ ဒါေပမယ့္ အဲ့ဒီ ထဲမွာ ထည့္သြင္း ထားတဲ့ သေဘာ တူညီ မွဳ တစ္ရပ္ ကေတာ့ ယူနုိက္တက္ ကို ဖိအား ေတြေအာက္ က်ေရာက္ သြားေစ နုိင္ ပါတယ္ ။

Adidas နဲ့ ခ်ဳပ္ဆုိ ခဲ့တဲ့ အဆုိပါ စာခ်ဳပ္ ပါ သေဘာ တူညီခ်က္ တစ္ခု အရ အကယ္လို့ ယူနုိက္တက္ အသင္း ဖက္မွ 2 နွစ္ ဆက္တုိက္ ခ်န္ပီယံ လိဂ္ ဝင္ခြင့္ ေပ်ာက္ဆံုး သြားမယ္ ဆုိရင္ ယူနုိက္တက္ ကို Adidas မွ လက္ရွိ ေပးေန တဲ့ ေငြေၾကး ရဲ့ 30 % ကို ေလ်ာ့ေပး သြားဖုိ႔ ရွိ ေနတယ္ လို့ သိရွိ လိုက္ရ ပါတယ္ ။

ယူနုိက္တက္ အသင္း ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ အဆင့္ 6 ေနရာ နဲ့သာ ရာသီ ကုန္ဆံုး ခဲ့ ရတဲ့ အတြက္ ဒီ ရာသီ မွာ ယူရို ပါလိဂ္ ျပိဳင္ပြဲ ကိုသာ ပါဝင္ ဆင္ႏႊဲ ရပါ ေတာ့မယ္ ။ ဒါ့ေၾကာင့္ ယူနုိက္တက္ တုိ႔ Adidas နဲ့ သေဘာ တူညီခ်က္ အရ ဒီရာသီ အတြင္း ခ်န္ပီယံ လိဂ္ ဝင္ေရာက္ ခြင့္ ဆံုးရွံဳး သြားလို့ မရ တဲ့ အေနအထား ကို ပိုင္ဆုိင္ ေန ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ 2015 – 16 ေဘာလံုး ရာသီ တုန္းက လည္း ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ အဆင့္ 5 အျဖစ္ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္း ရဲ့ေနာက္ ဂိုးျခားနား ခ်က္နဲ့ ရပ္တည္ ခဲ့ရ ေသးတဲ့ အတြက္ ဒီလို အျဖစ္ မ်ိဳးနဲ့ ၾကံဳေတြ့ ရဖုိ့ နီးစပ္ ခဲ့ပါ ေသးတယ္ ။

ဒါေပမယ့္ ေနာက္ ရာသီ မွာေတာ့ သူတုိ႔ ေတြဟာ ဟိုေဆး ေမာ္ရင္ဟို နဲ့ အတူ ယူရုိ ပါလိဂ္ ဖလား ဆြတ္ခူူ နုိင္ခဲ့ သလို ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာပါ ထိပ္သီး ေလးသင္း စာရင္း ဝင္ေရာက္ နုိင္ ခဲ့တဲ့ အတြက္ Adidas ရဲ့ စာခ်ဳပ္ပါ ျပသနာ ကို ေရွာင္လႊား နုိင္ခဲ့ ၾက ပါတယ္ ။

အျခား တစ္ဖက္ ကို ၾကည့္လိုက္ မယ္ ဆုိရင္ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ ကုိ ဝင္ေရာက္ နုိင္ျခင္း မရွိ တဲ့ အခ်ိန္ ေတြမွာ ယူနုိက္တက္ ဟာ ရုပ္သံ ဝင္ေငြ ေတြကို လည္း ဆံုးရွံဳး ရတာ မ်ိဳဳး ၾကံဳေတြ့ ရနုိင္ ပါတယ္ ။ ဘာျဖစ္ လို့လဲ ဆုိေတာ့ ယူရို ပါလိဂ္ ပဲြစဥ္ ေတြကို ၾကည့္ရွဳ သူ ပရိသတ္ ပိုမို နည္းပါး လို့ ပါပဲ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ခ်န္ပီယံလိဂ္ 16 သင္း ရွံဳးထြက္ အဆင့္ အထိ ကစား ခဲဲရ တဲ့ အခ်ိန္ ရုပ္သံ ဝင္ေငြ ေပါင္ 45.9 သန္း အထိ ရရွိ ခဲ့ ေပမယ့္ ယူရို ပါလိဂ္ ဖလား ဆြတ္ခူး နုိင္ ခဲ့တဲ့ ရာသီ မွာေတာ့ ရုပ္သံ ဝင္ေငြ 48.5 သန္းသာ ရရွိ နုိင္ခဲ့ ပါတယ္ ။

ဒါကို ၾကည့္ျခင္း အားျဖင့္ ယူနုိက္တက္ ဟာ ယူရို ပါလိဂ္ ဖုိင္နယ္ အထိ တက္ေရာက္ ခဲ့တဲ့ အထိ ပြဲစဥ္ ေတြ မ်ားစြာ ကစား ခဲ့ရ ေပမယ့္ ခ်န္ပီယံ လိဂ္ 16 သင္း အဆင့္ အထိ သာ ကစား ခဲ့တဲ့ ေဘာလံုး ရာသီ ထက္ ရုပ္သံ အျမတ္ ေငြ 2.6 မ်ွသာ ပိုျပီး စုေဆာင္း နုိင္ခဲ့ တာကို ေတြ့ရွိ ခဲ့ရ ပါတယ္ ။

ဒါ့အျပင္ အျခား ဆုိးက်ိဳးေတြ ကေတာ့ အသင္း ရဲ့ အမာခံ ပရိသတ္ ေတြဟာ လည္း ယူရို ပါလိဂ္ ျပိဳင္ပြဲ ၾကည့္ရွဳ ရဖုိ႔ ခရီး အေဝးၾကီး ထိ သြားေရာက္ လိုျခင္း မရွိ ၾကတဲ့ အတြက္ အသင္း ဖက္မွ အေဝး ကြင္း ပြဲစဥ္ ေတြ အတြင္း နစ္နာ မွဳ အခ်ိဳ့ ရွိလာ နုိင္ ပါတယ္ ။

#Sports_Myanmar

Unicode

ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိခဲ့ ပါက ဆုံးရှုံးမှု များစွာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်

================

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း ပရီးမီးယား လိဂ် ထိပ်သီး လေးသင်း စာရင်း မဝင်ရောက် နိုင်ခဲ့ ပါက ( သို့ ) ယူရို ပါလိဂ် ဖလား မဆွတ်ခူး နိုင်ခဲ့ ပါက ကြီးမား တဲ့ ဆုံးရှံုး မှု တွေကို ရင်ဆိုင် သွား ရဖို့ ရှိ နေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ယခင် တုန်းက ဂျာစီ စပွန်ဆာ ဖြစ်တဲ့ Nike နဲ့ 13 နှစ်လောက် အတူ လက်တွဲ ခဲ့ပြီး နောက် လမ်းခွဲ ခဲ့ပြီး 2015 ခုနှစ် မှာ Adidas နဲ့ ပေါင် 750 သန်း အထိ တန်ကြေး ရှိတဲ့ 10 နှစ်တာ ဂျာစီ စပွန်ဆာ ကို ချုပ်ဆို ခဲ့သူ ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် တို့ရဲ့ ဘဏ္ဍာရေး အင်အား ကို အထူး တောင့်တင်း စေ ခဲ့တဲ့ အကြောင်း ပြချက် တစ်ခု က Adidas ရဲ့ ဒီ ကာလ ရှည် စပွန်ဆာ လည်း ဖြစ်ခဲ့ ရ ပါတယ် ။ ဒါပေမယ့် အဲ့ဒီ ထဲမှာ ထည့်သွင်း ထားတဲ့ သဘော တူညီ မှု တစ်ရပ် ကတော့ ယူနိုက်တက် ကို ဖိအား တွေအောက် ကျရောက် သွားစေ နိုင် ပါတယ် ။

Adidas နဲ့ ချုပ်ဆို ခဲ့တဲ့ အဆိုပါ စာချုပ် ပါ သဘော တူညီချက် တစ်ခု အရ အကယ်လို့ ယူနိုက်တက် အသင်း ဖက်မှ 2 နှစ် ဆက်တိုက် ချန်ပီယံ လိဂ် ဝင်ခွင့် ပျောက်ဆုံး သွားမယ် ဆိုရင် ယူနိုက်တက် ကို Adidas မှ လက်ရှိ ပေးနေ တဲ့ ငွေကြေး ရဲ့ 30 % ကို လျော့ပေး သွားဖို့ ရှိ နေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ အဆင့် 6 နေရာ နဲ့သာ ရာသီ ကုန်ဆုံး ခဲ့ ရတဲ့ အတွက် ဒီ ရာသီ မှာ ယူရို ပါလိဂ် ပြိုင်ပွဲ ကိုသာ ပါဝင် ဆင်နွှဲ ရပါ တော့မယ် ။ ဒါ့ကြောင့် ယူနိုက်တက် တို့ Adidas နဲ့ သဘော တူညီချက် အရ ဒီရာသီ အတွင်း ချန်ပီယံ လိဂ် ဝင်ရောက် ခွင့် ဆုံးရှံုး သွားလို့ မရ တဲ့ အနေအထား ကို ပိုင်ဆိုင် နေ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2015 – 16 ဘောလုံး ရာသီ တုန်းက လည်း ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ အဆင့် 5 အဖြစ် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့နောက် ဂိုးခြားနား ချက်နဲ့ ရပ်တည် ခဲ့ရ သေးတဲ့ အတွက် ဒီလို အဖြစ် မျိုးနဲ့ ကြံုတွေ့ ရဖို့ နီးစပ် ခဲ့ပါ သေးတယ် ။

ဒါပေမယ့် နောက် ရာသီ မှာတော့ သူတို့ တွေဟာ ဟိုဆေး မော်ရင်ဟို နဲ့ အတူ ယူရို ပါလိဂ် ဖလား ဆွတ်ခူူ နိုင်ခဲ့ သလို ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာပါ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင် ခဲ့တဲ့ အတွက် Adidas ရဲ့ စာချုပ်ပါ ပြသနာ ကို ရှောင်လွှား နိုင်ခဲ့ ကြ ပါတယ် ။

အခြား တစ်ဖက် ကို ကြည့်လိုက် မယ် ဆိုရင် ချန်ပီယံ လိဂ် ပြိုင်ပွဲ ကို ဝင်ရောက် နိုင်ခြင်း မရှိ တဲ့ အချိန် တွေမှာ ယူနိုက်တက် ဟာ ရုပ်သံ ဝင်ငွေ တွေကို လည်း ဆုံးရှံုး ရတာ မျိုုး ကြံုတွေ့ ရနိုင် ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ယူရို ပါလိဂ် ပွဲစဉ် တွေကို ကြည့်ရှု သူ ပရိသတ် ပိုမို နည်းပါး လို့ ပါပဲ ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ချန်ပီယံလိဂ် 16 သင်း ရှံုးထွက် အဆင့် အထိ ကစား ခဲဲရ တဲ့ အချိန် ရုပ်သံ ဝင်ငွေ ပေါင် 45.9 သန်း အထိ ရရှိ ခဲ့ ပေမယ့် ယူရို ပါလိဂ် ဖလား ဆွတ်ခူး နိုင် ခဲ့တဲ့ ရာသီ မှာတော့ ရုပ်သံ ဝင်ငွေ 48.5 သန်းသာ ရရှိ နိုင်ခဲ့ ပါတယ် ။

ဒါကို ကြည့်ခြင်း အားဖြင့် ယူနိုက်တက် ဟာ ယူရို ပါလိဂ် ဖိုင်နယ် အထိ တက်ရောက် ခဲ့တဲ့ အထိ ပွဲစဉ် တွေ များစွာ ကစား ခဲ့ရ ပေမယ့် ချန်ပီယံ လိဂ် 16 သင်း အဆင့် အထိ သာ ကစား ခဲ့တဲ့ ဘောလုံး ရာသီ ထက် ရုပ်သံ အမြတ် ငွေ 2.6 မျှသာ ပိုပြီး စုဆောင်း နိုင်ခဲ့ တာကို တွေ့ရှိ ခဲ့ရ ပါတယ် ။

ဒါ့အပြင် အခြား ဆိုးကျိုးတွေ ကတော့ အသင်း ရဲ့ အမာခံ ပရိသတ် တွေဟာ လည်း ယူရို ပါလိဂ် ပြိုင်ပွဲ ကြည့်ရှု ရဖို့ ခရီး အဝေးကြီး ထိ သွားရောက် လိုခြင်း မရှိ ကြတဲ့ အတွက် အသင်း ဖက်မှ အဝေး ကွင်း ပွဲစဉ် တွေ အတွင်း နစ်နာ မှု အချို့ ရှိလာ နိုင် ပါတယ် ။

#Sports_Myanmar