#Sports_Myanmar
Unicode
အသင်းကို မော်ရင်ဟို ကိုင်တွယ်လိမ့်မယ်ဆိုတဲ့ သတင်းအပေါ် ဘယ်သူမှ ထင်မှတ်မထားတဲ့ အံ့အားသင့်ဖွယ် တုန့်ပြန်မှုမျိုး ပြုလုပ်လိုက်တဲ့ လိုင်ယွန်နည်းပြ #ဂျီနီစီယို
================
ပြီး ခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှ ထုတ်ပယ် ခံလိုက် ရတဲ့ နောက် ပေါ်တူဂီ သား နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ မြက်ခင်း စိမ်း တွေနဲ့ ကင်းကွာ နေသူ ပဲ ဖြစ် ပါတယ် ။ ဒါပေမဲ့ သူဟာ ပြင်သစ် မြေကို ပြောင်း ရွှေ့ နိုင်ဖွယ် ရှိကြောင်း တော့ ဝန်ခံ ခဲ့ဖူး ပါတယ် ။
ထို့ အတူ ပြင်သစ် အခြေစိုက် နာမည် ကြီး သတင်း စာ တစ်ခု ဖြစ်တဲ့ L’ Equipe က ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟာ လာမဲ့ နွေ ရာသီ မှာ လီဂူး ကလပ် တွေ ဖြစ်ကြ တဲ့ လိုင်ယွန် ( သို့မဟုတ် ) မိုနာကို အသင်း ကို ကိုင်တွယ် ဖို့ စိတ် ဝင်စား မှု ရှိတယ် လို့ ဖော်ပြ သွားခဲ့ ပါ သေးတယ် ။
အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက် ပြီး လိုင်ယွန် အသင်း နည်းပြ ဖြစ်သူ ဘရူနို ဂျီနီစီယို က အကယ်လို့ သူ့ရဲ့ နေရာ ကို ပေါ်တူဂီ သား မော်ရင်ဟို ကသာ လာရောက် ကိုင်တွယ် လိမ့်မယ် ဆိုရင် တော့ ဒါဟာ သူ့ အတွက် ‘ ဂုဏ်ယူ စရာ ‘ ပါပဲ လို့ အံ့အား သင့်ဖွယ် ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။
ဂျီနီစီယို ဟာ ဒီ ရာသီ ကုန်ဆုံး သွားတဲ့ အခါ လိုင်ယွန် အသင်း နဲ့ ချုပ်ဆို ထား ခဲ့တဲ့ 3 နှစ်တာ စာချုပ် သက်တမ်း ဟာ ကုန်ဆုံး သွားဖို့ ရှိနေ ပါတယ် ။ သူဟာ အသင်း ကို ချန်ပီယံ လိဂ် 16 သင်း ရှုံး ထွက် အဆင့် အထိ ခေါ်ဆောင် သွားနိုင် ခဲ့သူ ဖြစ်ပြီး စပိန် ထိပ်သီး ဘာစီလိုနာ နဲ့ တွေ့ဆုံ ခဲ့ ရတာ ကြောင့် နှစ်ကျော့ ပေါင်း 5 – 1 ဆိုတဲ့ ရလဒ်နဲ့ ထွက်ခွာ လာခဲ့ ရတာ ပဲ ဖြစ် ပါတယ် ။
ဒါ့အပြင် သူဟာ ဒီ ရာသီ အသင်း ကို လီဂူး 1 ရဲ့ အမှတ်ပေး ဇယား အဆင့် 3 နေရာ ကို ရောက်ရှိ အောင် ဦးဆောင် ပေးထား နိုင်ခဲ့ ပေမဲ့ အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဂျင်းန် မစ်ချယ် အူးလပ်စ် က သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက် ပြီး ထူးခြား တဲ့ အမူအရာ ပြသ ထား သေးခြင်း မရှိ ခဲ့ ပါဘူး ။
ဒါ့ကြောင့် သူသာ အသင်း ရဲ့ နည်းပြ အဖြစ် ဆက်လက် မရှိ နေ ခဲ့ရင် ဒီ ရာထူး အတွက် ဟိုဆေး မော်ရင်ဟို ကို နွေးထွေး စွာ ကြိုဆို သွားမှာ ဖြစ်ကြောင်း အံ့အား သင့်ဖွယ် ဖွင့်ဟ ဝန်ခံ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။
” ကျွန်တော် တို့ဟာ မော်ရင်ဟို တစ်ဦး တည်း ကိုပဲ လေးစား မှု တွေ ပေးနိုင် ပါတယ် ။ သူ ( ဟုုိဆေး ) ဟာ သူ ရှိနေ ခဲ့တဲ့ နေရာ တိုင်းမှာ အောင်မြင် မှုတွေ ရယူ ထားနိုင် ခဲ့သူ တစ်ဦး ပါ ”
” ကျွန်တော် ပုဂ္ဂိုလ်ရေး အရ သူ့ကို ဒီလို ပြောဆို နေသူ တစ်ဦး မဟုတ် ပါဘူး ။ ကျွန်တော် က ဘောလုံး လောက မှာ သူ ရရှိ ခဲ့တဲ့ မှတ်တမ်း တွေ ၊ စံချိန် တွေကို အထူး လေးစား တဲ့ အနေနဲ့ အခု လို ပြောကြား နေတာ ပါ ။ သူဟာ အရာရာ တိုင်းကို အောင်မြင် နိုင်ခဲ့ ပါတယ် ”
” နေရာ တိုင်းမှာ ဟိုဆေး ဟာ အနည်းဆုံး ဆု ဖလား တစ်ခု လောက်တော့ ဆွတ်ခူး ပြထား နိုင်ခဲ့ ပါတယ် ။ သူဟာ ချန်ပီယံ လိဂ် ဖလား လည်း ဆွတ်ခူး ပြထား နိုင်ခဲ့ ပါတယ် ။ သူဟာ ခမ်းနား တဲ့ နည်းပြ တစ်ဦး ဖြစ်တယ် ဆိုတာ သိပ်ကို သိသား ထင်ရှား လွန်းလှ ပါတယ် ”
” ဒါ့ကြောင့် သူသာ ကျွန်တော့် နေရာ ကို ရောက်ရှိ လာမယ် ဆိုရင် ဒါဟာ ကျွန်တော့် အတွက် တစ်ကယ့် ကို ဂုဏ်ယူ စရာ ပါပဲ ” လို့ ဂျီနီစီယို က သူ့ရဲ့ စိတ်ရင်း အမှန် အတိုင်း ဖွင့်ဟ ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
တစ်ကယ် တမ်း မှာတော့ ကိုယ့် နေရာ ကို အခြား တစ်ယောက် လာယူ မယ် ဆိုရင် အဲ့ဒီ လူ အပေါ် အနည်း နဲ့ အများ မကျေနပ် တဲ့ စိတ်ဓါတ် မျိုး လူတွေ အတော် များများ မြင်တွေ့ ရ ပါတယ် ။ ဒါပေမဲ့ ဂျီနီစီယို ကတော့ မတူ ထူးခြား တဲ့ သူ့ရဲ့ အတွေး မျိုး ကို အတု ယူဖွယ် ချပြ သွားခဲ့ ပါတယ် ။
ပေါ်တူဂီ သားဟာ သူးရဲ့ နည်းပြ သက်တမ်း တစ်လျောက် အတွင်း ပေါ်တူဂီ ၊ အင်္ဂလန် ၊ စပိန် နဲ့ အီတလီ မြေတွေ မှာ နည်း ပြ ခဲ့သူ ဖြစ်ပြီး အောင်မြင် မှုတွေ ရယူ ပြနိုင် ခဲ့ ပါတယ် ။ ဒါ့ကြောင့် အခု တော့ သူဟာ ပဥ္စမ မြောက် လိဂ် တစ်ခု မှာ အောင်မြင် မှု အလံ ထူ သွားဖို့ အတွက် စိတ်အား ထက်သန် နေခဲ့ တာပဲ ဖြစ် ပါတယ် ။
#Sports_Myanmar