ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲမွာ ခ်ယ္လ္ဆီး အသင္း နဲ႕ ရင္ဆိုင္ ကစား ရမယ့္ ဗလင္စီယာ အသင္း ရဲ႕ ကစားသမား ေတြဟာ ကလပ္ အတြင္းေရး မတည္ျငိမ္မႈ ေၾကာင့္ မေန႕က ျပဳလုပ္ ခဲ့တဲ့ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ ကို တက္ေရာက္ဖို႕ ျငင္းဆန္ ခဲ့ျပီး နည္းျပသစ္ ျဖစ္သူ အဲလ္ဘတ္တို ဆီလာဒက္စ္ တဦးသာ ထို သတင္းစာ ရွင္းလင္းပြဲ ကို တက္ေရာက္ ခဲ့တာ ျဖစ္ပါတယ္ ။

မၾကာေသးခင္ ကမွ မန္ေနဂ်ာ အေျပာင္းအလဲ ျဖစ္ေပၚ ခဲ့တဲ့ ဗလင္စီယာ အသင္း ဟာ ၄င္းတို႕ကို ျပီးခဲ့တဲ့ ေဘာလံုး ရာသီ အကုန္ မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ အျပင္ စပိန္ ဘုရင့္ဖလား ခ်န္ပီယံဆု ကိုပါ ဆြတ္ခူး ေပးႏိုင္ ခဲ့တဲ့ နည္းျပ မာဆယ္လီႏို ကို ထုတ္ပယ္ ခဲ့ျပီး ရီးရဲလ္ မက္ဒရစ္ အသင္း ရဲ႕ လက္ေထာက္ နည္းျပေဟာင္း တဦး ျဖစ္သူ အဲလ္ဘတ္တို ဆီလာဒက္စ္ ကို ၄င္းတို႕ရဲ႕ နည္းျပသစ္ အျဖစ္ ခန္႕အပ္ ခဲ့ပါတယ္ ။

ဗလင္စီယာ အသင္းသား ေတြဟာ ၄င္းတို႕ရဲ႕ နည္းျပေဟာင္း မာဆယ္လီႏို ကို ထုတ္ပယ္ျပီး ေနာက္ထပ္ နည္းျပ တဦး ကိုပါ အတင္းအၾကပ္ ခန္႕အပ္ ခဲ့တာေၾကာင့္ အေတာ္ေလး မေက်မနပ္ ျဖစ္ေနၾကတယ္ လို႕ သိရပါတယ္ ။ မေန႕က သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ဆီလာဒက္စ္ က အသင္းသား တဦး သတင္းစာ ရွင္းလင္းပြဲ ကို မတက္ေရာက္တာဟာ ျပႆနာ မဟုတ္ေၾကာင္း ျငင္းဆန္လိုက္သလို ၊ ကစားသမား ေတြ အားလံုး ဟာ ခ်ယ္လ္ဆီး အသင္း ကို ရင္ဆိုင္ဖို႕ အသင့္ ျဖစ္ေနၾကတယ္ လို႕ တုန္႕ျပန္ ေျပာဆို လိုက္ပါတယ္ ။

ဆီလာဒက္စ္ က ” အမွန္အတိုင္း ေျပာရရင္ ဒီ အေျခအေန က ကစားရမယ့္ ပြဲအတြက္ သိပ္ျပီး အေလးထားစရာ မရွိတဲ့ အေနအထားပါ ။ သတင္းစာ ရွင္းလင္းပြဲ ကို မတက္ေရာက္ဖို႕ ဆိုတာ ကစားသမား အားလံုး ရဲ႕ ဆံုးျဖတ္ခ်က္ ျဖစ္ပါတယ္ ။ ဒါနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ့ ဖက္က ဘာမွ ျငင္းဆန္ပိုင္ခြင့္ မရွိပါဘူး ။ ကြ်န္ေတာ္ ဟာ အသင္းသား ေတြ အားလံုး ကို ေန႕စဥ္ေန႕တိုင္း စကားေျပာျဖစ္ပါတယ္ ။ ”

” သူတို႕ဟာ ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္ တခုကို ျပတ္ျပတ္သားသား ခ်မွတ္ ခဲ့တာပါ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ အၾကားမွာ အခ်င္းခ်င္း ဆက္သြယ္ ေျပာဆို ေနၾကစျမဲပါ ။ ကစားသမား ေတြဖက္က ကြ်န္ေတာ့ အေပၚ တုန္႕ျပန္မႈ ေတြက ေကာင္းစျမဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္မို႕ အသင္းလိုက္ ဆက္ျပီး တိုးတက္ လာဦးမယ္ လို႕ ကြ်န္ေတာ္ ယံုၾကည္ ေနပါတယ္ ။ အသင္းသား ေတြရဲ႕ စိတ္ဓာတ္ပိုင္း က ပံုစံေကာင္းမွာ ရွိေနပါတယ္ ။ ”

” မနက္ျဖန္ ဆိုရင္ ကလပ္ အသင္း အဆင့္ မွာ အျမင့္မားဆံုး ျပိဳင္ပြဲ ျဖစ္တဲ့ ခ်န္ပီယံလိဂ္ ဟာ စတင္ေတာ့မွာ ျဖစ္ပါတယ္ ။ ဒါဟာ ကြ်န္ေတာ့ ကစားသမား ေတြကို အသင္း အတြက္ အေကာင္းဆံုး ေပးဆပ္ ကစားႏိုင္ဖို႕ တြန္းအား တခု ျဖစ္လာမွာပါ ။ သူတို႕ ေတြဟာ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ ရဲ႕ အရသာ ကို ကိုယ္တိုင္ ထိေတြ႕ ခံစားလို ၾကမွာ ျဖစ္သလို ပြဲထြက္ခြင့္ အတြက္လည္း အၾကိတ္အနယ္ ၾကိဳးစား ၾကဦးမွာပါ ။ ”

” ဘယ္သူမွ ဒီလုိ ပြဲမ်ိဳး ကို အလြတ္ခံခ်င္မွာ မဟုတ္ပါဘူး ။ ဒါက အေရးၾကီးဆံုး အရာပါပဲ ။ ခ်ယ္လ္ဆီး လို အသင္းမ်ိဳး နဲဲ႕ ရင္ဆိုင္ ရတာ ကြ်န္ေတာ္ တို႕ အတြက္ေတာ့ ၾကီးမားတဲ့ စိန္ေခၚမႈ တရပ္ ျဖစ္သလို ၊ တဖက္ မွာလည္း အရမ္း စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ ခံစားခ်က္ ကို ေပးစြမ္းမွာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ကြ်န္ေတာ္ တို႕ အသင္း ကို ဒုကၡ ေကာင္းေကာင္းေပးမယ္ ဆိုတာ ေသခ်ာပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕ဟာ အဲ့ဒီ ပြဲအတြက္ တတ္ႏိုင္သမွ် အေကာင္းဆံုး ျပင္ဆင္ ၾကိဳးစား သြားမွာျဖစ္သလို ရလဒ္ေကာင္း ထြက္ႏိုင္ဖို႕လည္း လုပ္ေဆာင္ သြားမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဆီလာဒက္စ္ ဟာ ျပီးခဲ့တဲ့ စေနေန႕ ညက ပထမဆံုး ပြဲဦးထြက္ အျဖစ္ ဘာစီလိုနာ အသင္း ကို ၅ – ၂ နဲ႕ ဂိုးျပတ္ ရႈံးနိမ့္ ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ချယ်လ်ဆီး နဲ့ ပွဲ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ကို တက်ရောက်ဖို့ ငြင်းဆန် ခဲ့တဲ့ #ဗလင်စီယာ အသင်းသားများ

ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ချယ်လ်ဆီး အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ဗလင်စီယာ အသင်း ရဲ့ ကစားသမား တွေဟာ ကလပ် အတွင်းရေး မတည်ငြိမ်မှု ကြောင့် မနေ့က ပြုလုပ် ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ကို တက်ရောက်ဖို့ ငြင်းဆန် ခဲ့ပြီး နည်းပြသစ် ဖြစ်သူ အဲလ်ဘတ်တို ဆီလာဒက်စ် တဦးသာ ထို သတင်းစာ ရှင်းလင်းပွဲ ကို တက်ရောက် ခဲ့တာ ဖြစ်ပါတယ် ။

မကြာသေးခင် ကမှ မန်နေဂျာ အပြောင်းအလဲ ဖြစ်ပေါ် ခဲ့တဲ့ ဗလင်စီယာ အသင်း ဟာ ၄င်းတို့ကို ပြီးခဲ့တဲ့ ဘောလုံး ရာသီ အကုန် မှာ ချန်ပီယံလိဂ် ဝင်ခွင့် အပြင် စပိန် ဘုရင့်ဖလား ချန်ပီယံဆု ကိုပါ ဆွတ်ခူး ပေးနိုင် ခဲ့တဲ့ နည်းပြ မာဆယ်လီနို ကို ထုတ်ပယ် ခဲ့ပြီး ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ လက်ထောက် နည်းပြဟောင်း တဦး ဖြစ်သူ အဲလ်ဘတ်တို ဆီလာဒက်စ် ကို ၄င်းတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

ဗလင်စီယာ အသင်းသား တွေဟာ ၄င်းတို့ရဲ့ နည်းပြဟောင်း မာဆယ်လီနို ကို ထုတ်ပယ်ပြီး နောက်ထပ် နည်းပြ တဦး ကိုပါ အတင်းအကြပ် ခန့်အပ် ခဲ့တာကြောင့် အတော်လေး မကျေမနပ် ဖြစ်နေကြတယ် လို့ သိရပါတယ် ။ မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဆီလာဒက်စ် က အသင်းသား တဦး သတင်းစာ ရှင်းလင်းပွဲ ကို မတက်ရောက်တာဟာ ပြဿနာ မဟုတ်ကြောင်း ငြင်းဆန်လိုက်သလို ၊ ကစားသမား တွေ အားလုံး ဟာ ချယ်လ်ဆီး အသင်း ကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေကြတယ် လို့ တုန့်ပြန် ပြောဆို လိုက်ပါတယ် ။

ဆီလာဒက်စ် က ” အမှန်အတိုင်း ပြောရရင် ဒီ အခြေအနေ က ကစားရမယ့် ပွဲအတွက် သိပ်ပြီး အလေးထားစရာ မရှိတဲ့ အနေအထားပါ ။ သတင်းစာ ရှင်းလင်းပွဲ ကို မတက်ရောက်ဖို့ ဆိုတာ ကစားသမား အားလုံး ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့ ဖက်က ဘာမှ ငြင်းဆန်ပိုင်ခွင့် မရှိပါဘူး ။ ကျွန်တော် ဟာ အသင်းသား တွေ အားလုံး ကို နေ့စဉ်နေ့တိုင်း စကားပြောဖြစ်ပါတယ် ။ ”

” သူတို့ဟာ ကိုယ်ပိုင် ဆုံးဖြတ်ချက် တခုကို ပြတ်ပြတ်သားသား ချမှတ် ခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော် တို့ အကြားမှာ အချင်းချင်း ဆက်သွယ် ပြောဆို နေကြစမြဲပါ ။ ကစားသမား တွေဖက်က ကျွန်တော့ အပေါ် တုန့်ပြန်မှု တွေက ကောင်းစမြဲ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ အသင်းလိုက် ဆက်ပြီး တိုးတက် လာဦးမယ် လို့ ကျွန်တော် ယုံကြည် နေပါတယ် ။ အသင်းသား တွေရဲ့ စိတ်ဓာတ်ပိုင်း က ပုံစံကောင်းမှာ ရှိနေပါတယ် ။ ”

” မနက်ဖြန် ဆိုရင် ကလပ် အသင်း အဆင့် မှာ အမြင့်မားဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ဟာ စတင်တော့မှာ ဖြစ်ပါတယ် ။ ဒါဟာ ကျွန်တော့ ကစားသမား တွေကို အသင်း အတွက် အကောင်းဆုံး ပေးဆပ် ကစားနိုင်ဖို့ တွန်းအား တခု ဖြစ်လာမှာပါ ။ သူတို့ တွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ အရသာ ကို ကိုယ်တိုင် ထိတွေ့ ခံစားလို ကြမှာ ဖြစ်သလို ပွဲထွက်ခွင့် အတွက်လည်း အကြိတ်အနယ် ကြိုးစား ကြဦးမှာပါ ။ ”

” ဘယ်သူမှ ဒီလို ပွဲမျိုး ကို အလွတ်ခံချင်မှာ မဟုတ်ပါဘူး ။ ဒါက အရေးကြီးဆုံး အရာပါပဲ ။ ချယ်လ်ဆီး လို အသင်းမျိုး နဲဲ့ ရင်ဆိုင် ရတာ ကျွန်တော် တို့ အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှု တရပ် ဖြစ်သလို ၊ တဖက် မှာလည်း အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခံစားချက် ကို ပေးစွမ်းမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ကျွန်တော် တို့ အသင်း ကို ဒုက္ခ ကောင်းကောင်းပေးမယ် ဆိုတာ သေချာပါတယ် ။ ”

” ကျွန်တော် တို့ဟာ အဲ့ဒီ ပွဲအတွက် တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင် ကြိုးစား သွားမှာဖြစ်သလို ရလဒ်ကောင်း ထွက်နိုင်ဖို့လည်း လုပ်ဆောင် သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆီလာဒက်စ် ဟာ ပြီးခဲ့တဲ့ စနေနေ့ ညက ပထမဆုံး ပွဲဦးထွက် အဖြစ် ဘာစီလိုနာ အသင်း ကို ၅ – ၂ နဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့ပါတယ် ။

SPORTS MYANMAR